← Chapters

အင်တာဗျူးရန် ငြင်းဆိုခြင်း။

Vol. 7 Ch. 92

အင်တာဗျူးရန် ငြင်းဆိုခြင်း။

Vol. 7 Ch. 92

လင်းဖန်နှင့်ဟန်တီတို့အချိန်တော်တော်ကြာအောင်စိုက်ကြည့်နေပြီးဟန်တီ က”လင်းဖန်၊ ဒီနေ့ပွဲမှာ မင်းက အဓိဇာတ်ဆောင်လေ၊ဘာလို့ ဒီလောက်စောစောထွက်လာတာလဲ။”

လင်းဖန်က”ခဏနေရင် သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ထင်ပါတယ်၊ဒါကြောင့်ကျနော်ထွက်လာလိုက်တာ။”

သူသတင်းစာရှင်းလင်းပွဲလုပ်ရင်သူထင်ပေါ်​ကျော်ကြားလာမည်ဖြစ်သည်။လင်းဖန်ကဒါကိုမကြိုက်ပေ။လင်းဖန်သည် နိမ့်ကျသော ပုံစံကိုသာနှစ်သက်သည်။

ဟန်တီက ပြုံးလိုက်ပြီး”. မင်းကနာမည်ကြီးတာကို ကြိုက်တဲ့လူမဟုတ်ဘူးဆိုတာငါအစကတည်းကသိတယ်”ဟုပြုံးပြီးပြောလိုက်သည်။

“ဟန်တီကလဲနောက်နေပြန်ပြီ” လင်းဖန်က ပြောလိုက်သည်။

နှစ်ယောက်သား လမ်းလျှောက်ရင်းစိတ်အေးလက်အေး စကားပြောနေကြသည်။

လမ်းလျှောက်နေရင်းဟန်တီသည် ရှေ့ခြေလှမ်း လှမ်းရာတွင်မမျှော်လင့်ဘဲ ချော်လဲသွားမလိုဖြစ်သွားခဲ့သည်။

လင်းဖန်သည်ဟန်တီချော်လဲသည်ကိုမြင်တာနဲ့ ဟန်တီ၏ သွယ်လျသောခါးကို ကိုင်ပြီးဖေးမပေးလိုက်သည်။

လင်းဖန်နှင့်ဟန်တီတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

လင်းဖန်သည်ဟန်တီ၏ဆွဲဆောင်မှုရှိသောနှုတ်ခမ်းကိုကြည့်ပြီး​မနေနိုင်ဘဲနမ်းလိုက်သည်။

( ̄ε ̄)

မွ...မွ....မွ....ရှလွတ်...ရှလွတ်........ရှလွတ်

…………

သူတို့နမ်းပြီးနောက်လင်းဖန်ကို ဟန်တီကသူမ ရဲ့အိမ်ကို ခေါ်လာခဲ့သည်။

ဟန်တီနှင့် လင်းဖန်တို့အတွက်ပျော်ရွှင်စရာညတစ်ညပင်ဖြစ်လေတော့သည်။

…………

……

...

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့မနက်ကိုရောက်ရှိသွားခဲ့သည်။

လင်းဖန်သည် ကြောင်ကလေးကဲ့သို့ ကုတင်ပေါ်တွင် လဲလျောင်းနေသော ဟန်တီ ကိုကြည့်ကာ သူ့အနည်းငယ်ပြုံးလိုက်သည်။

ထို့နောက် ဟန်တီကိုအမှန်မျက်လုံးဖြင့် ကြည့်လိုက်သည်။

[မျက်နှာတန်ဖိုး- 98]

【အကြိုက်ဆုံးအဆင့်သတ်မှတ်ချက်- 95】

လင်းဖန်ကဒါကိုကြည့်ပြီးနောက် ချက်ချင်း သဘောပေါက်သွားခဲ့သည်။

မနေ့က 【ဒင်း! စွဲမက်ဖွယ် ရောင်ဝါ၊ မမေ့နိုင်သော အစပျိုး။ 】တာဆရာမဟန်တီဖြစ်နေတာကိုး။

“ကျိ...ကျိ”

ထိုအချိန်တွင် ပြတင်းပေါက်အပြင်ဘက်ရှိ စာငှက်ငယ်လေးသည် ကြည်နူးစွာ အော်ဟစ်လိုက်ရာ နောက်ဆုံးတွင် ဟန်တီသည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

လင်းဖန်က ပြုံးပြီး “နိုးပြီလား”

“အင်း” ဟန်တီက ပြောလိုက်သည်။

“ဒါဆိုထရအောင်၊ပြီးရင်မနက်စာသွားစားမယ်။” လင်းဖန်က ပြောသည်။

ဟန်တီကလဲခေါင်းညိတ်ပြလိုက်သည်။

ခဏအကြာ ရေချိုးပြီးနောက် နှစ်ယောက်သား စားသောက်ဆိုင်တစ်ဆိုင်သို့ရောက်ရှိလာကြသည်။

ဆိုင်ထဲဝင်ပြီးနောက်လင်းဖန်သည်မနက်စာတစ်ချို့ကိုမှာလိုက်သည်။ခဏအကြာတွင်မှာထားအစားအစာများအားကိုလာချပေးလေသည်။

ဟန်တီသည်ခေါက်ဆွဲစားရင်း “ဟိုအရင်နေ့တွေက မင်းကို ဘာလို့ တမင်ရှောင်ခဲ့တာလဲတာ၊နည်းနည်းထူးဆန်းနေတယ်မလား။’’

လင်းဖန်က ဒီအပေါ်မှာ ခံစားချက်တစ်ချို့ရှိသည်။

သင်္ချာမော်ဒယ်ပြိုင်ပွဲကို နမူနာအဖြစ် ယူရမည်ဖြစ်သည်။

ဟန်တီသည် သင်္ချာမော်ဒယ်ပြိုင်ပွဲတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း ပြိုင်ပွဲအတွက်လေ့ကျင့်ရေးတွင် ဇောင်ရီကို အကူအညီတောင်းခဲ့သည်။

အဲ့ဒီနောက်မှာတော့ လင်းဖန် က ဟန်တီကို ထပ်မတွေ့ရတော့ပေ။

လင်းဖန်က ခေါင်းညိတ်ပြီး “နည်းနည်းတော့ ထူးဆန်းတယ်” လို့ ပြောလိုက်သည်။

“တကယ်တော့ငါ့မှာအမတစ်ယောက်ရှိလို့ပါ။” ဟန်တီ က ပြောလိုက်သည်။

“အမလား?”

လင်းဖန်သည် သိသိသာသာ အံ့သြသွားသည်။

ဟန်တီ က သက်ပြင်းတစ်ချက်ချကာ “သူမနဲ့ ငါတို့နှစ်ယောက်လုံး အိမ်ထောင်မပြုဘဲနေမယ်လို့ဆုံးဖြတ်ထားတယ်။မင်းနဲ့မတွေ့ခင်အချိန်ထိပဲ”

“မင်းကိုမြင်လိုက်တိုင်းငါ့စိတ်တွေကအရမ်းလှုပ်ရှားပြီးမနေနိုင်မထိုင်နိုင်ဖြစ်နေတယ်။ဒါကြောင့်ငါမင်းကို​မတွေ့ဘဲနေလိုက်ရင်မေ့သွားမယ်လို့ထင်လိုက်ပြီးငါရှောင်နေလိုက်တယ်။”

လင်းဖန်ကဟန်တီကိုစိုက်ကြည့်ပြီး “ဒါဆို ဒီနေ့ဘာလို့ ထပ်မရှောင်တော့လဲ” လို့ မေးလိုက်သည်။

“ဘာလို့လဲဆိုတော့၊ ငါ့ကိုယ်​ငါ ထပ်ပြီးမထိန်းနိုင်​​တော့ဘူး!” ​ဟန်တီက ပြုံးပြီးပြောလိုက်သည်။

လင်းဖန်သည် ဟန်တီအဖြေစကားကိုကြားပြီးနောက်ပြုံးလိုက်သည်။

ဟန်တီ၏အိမ်မှထွက်ခွာပြီးနောက်လင်းဖန် သည် Pagani Fengshen (ပြိုင်ကား)ထဲသို့ရောက်ရှိနေပြီဖြစ်သည်။

ထိုအချိန်တွင် သူ့ဖုန်းသည် အနည်းငယ်တုန်ခါသွားခဲ့သည်။

12:00!

စာအိတ်အနီပေါ်လာခဲ့သည်။

“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်။’’

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ယွမ် 10,000 ရသည်။”

……

၁ မိနစ်ကြာပြီးနောက်တွင်လင်းဖန် သည် စုစုပေါင်း ယွမ် ၃၄,၅၁၁ ရရှိခဲ့သည်။

လင်းဖန်က “ဒီရက်ပိုင်းတွေမှယ အနီရောင်စာအိတ်တွေကပိုက်ဆံပဲပါလို့ရနေတာလဲ”

ပြောပြီးသည်နဲ့ စနစ်ကို အာရုံစိုက်လိုက်သည်။

[ငွေရောင်စာအိတ် ၅ အိတ်ကို သင်ဖွင့်ပါသလား။ 】

“သာမန်စာအိတ်အနီတွေနဲ့ ဘာမှမရဘူးဆိုတော့။ငွေရောင်စာအိတ်တွေကိုပဲ ဖွင့်ကြည့်လိုက်ရအောင်” လင်းဖန်က ပြောသည်။

【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 700,000 ရခဲ့သည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် ၊ မင်း 800,000 ယွမ်ကို လက်ခံရရှိခဲ့သည်။ 】

【ဒင်း! ဂုဏ်ယူပါတယ်၊ သုံးစွဲမှု ၁၀ ​​ကြိမ် ပြန်အမ်းငွေကတ်ကို ရရှိခဲ့သည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် ၊ ကျွမ်းကျင်သော လက်ဖက်ရည်အတွေ့အကြုံကိုရရှိခဲ့သည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် ၊ သင် ယွမ် 500,000 လက်ခံရရှိသည်။ 】

ငွေရောင်စာအိတ် ၅ အိတ်ဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် ၂ သန်းနှင့် သုံးစွဲမှု ၁၀ ​​ကြိမ် ပြန်အမ်းငွေကတ်ကိုရရှိခဲ့သည်။

ဒါတွေကိုလင်းဖန် က ဂရုမစိုက်ပေ။

သူသည် ကျွမ်းကျင်သော လက်ဖက်ရည်ပွဲ အတွေ့အကြုံကို တိုက်ရိုက်အာရုံစိုက်ခဲ့သည်။

【ကျွမ်းကျင်သောလက်ဖက်ရည်အတွေ့အကြုံ

အရသာရှိသော လက်ဖက်ရည်ပြုလုပ်ရာတွင် လုပ်ဆောင်ချက်တိုင်းသည် စံချိန်စံညွှန်းနှင့် အံဝင်ခွင်ကျဖြစ်ပြီး အကန့်အသတ်မရှိ ကျက်သရေရှိစေပါသည်။ 】

လင်းဖန်သည် ဒါကိုကြည့်ပြီးနောက်နှုတ်ခမ်းကို ကွေးကာ “ဒါက လက်ဖက်ရည်သောက်တဲ့ အတတ်ပညာပဲ” ဟု ကူကယ်ရာမဲ့ ပြောလိုက်သည်။

ထို့နောက်၊ သူသည် Pagani Fengshen(ပြိုင်ကား)ကိုမောင်းဖို့လုပ်လိုက်သည်။

“ဂလင်.....ကလင်”

ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာမြည်လာခဲ့သည်။

ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်သောအခါ ဟေးချမ်ခေါ်တာကိုသိလိုက်သည်။

ထို့ကြောင့် လင်းဖန်သည် ဖုန်းကို ကိုင်ပြီးအဖြေခလုတ်ကိုနှိပ်လိုက်သည်။

“”လင်းဖန်အားလား” ဟေးချမ်က မေးလိုက်သည်။

သူ့လေသံထဲတွင် ဖုံးကွယ်၍မရသော ပျော်ရွှင်မှုတစ်ခုရှိသည်။

ဟေးချမ် သည် အလွန်ပျော်နေသည်မှာ ထင်ရှားသည်။

ဒါကလည်း ပုံမှန်ပါပဲ...

ဟေးချမ်သည် ကျတ်ပေ့တက္ကသိုလ်ရှိ သင်္ချာကျောင်း၏ ဌာနမှူးဖြစ်သည်။

သင်္ချာအကယ်ဒမီတွင် တစ်စုံတစ်ယောက်သည် ဇောင်၏ ထင်မြင်ယူဆချက်နှင့် အမွှာယူဆချက်ကိုဖြေရှင်းခဲ့သည်။

ဒါကသူ့လိုဌာနမှူးအတွက် အများကြီး အကျိုးရှိသည်။

လက်းဖန် က “ဘာကိစ္စရှိလို့လဲ?”

“ဒီလိုပါပဲ၊ တီဗွီဌာနက တစ်ယောက်က မင်းကို အင်တာဗျူးချင်လို့...”

ဟေးချမ်စကားမဆုံးခင်လင်းဖန် က “အင်တာဗျူးတွေကို ငါစိတ်မဝင်စားဘူး။ မင်းအဆင်ပြေသလိုလုပ်ပေးဖို့ကိုအကူအညီတောင်းပါတယ်”

လူတော်တော်များများက တီဗီမှာပါရတာကိုကြိုက်သည်။ဘာလို့လဲဆိုတော့ သူတို့ကတီဗီပေါ်မီာပါတာနဲ့နာမည်ကြီးပြီး ငွေရှာရတာ ပိုလွယ်တာကြောင့်ပင်ဖြစ်သည်။

ဒါပေမယ့် လင်းဖန် က ဒါကို မကြိုက်ပေ။

ပိုက်ဆံရှာမလို့လား။ လင်းဖန်သည်ပိုက်ဆံရှာစရာတောင်မလိုပေ။အိပ်လိုက်စားလိုက်လုပ်တာနဲ့တင်ပိုက်ဆံရနေပြီိဖြစ်သည်။အဲ့ဒါကိုဘာလို့အပင်ပန်းခံရမှာလဲ။

ဖုန်းထဲမှာ ခဏတာ ဘာသံမှ မထွက်လာခဲ့ပေ။

လင်းဖန်၏အဖြေသည် ဟေးချမ် ၏မျှော်လင့်ချက်ထက် လုံးဝကျော်လွန်သွားသည်မှာ ထင်ရှားသည်။

အဲဒါ တီဗီဌာနက အင်တာဗျူးတစ်ခုပါ။

တီဗီမှာ ပါခဲ့ရင် ဂုဏ်ယူနေတဲ့သူတွေ ဘယ်လောက်ရှိလဲ မသိပေ။

ဒါကိုလင်းဖန်က ငြင်းလိုက်တာလား။

ခဏအကြာမှဟေးချမ်က “အိုး... ကောင်းပြီ”

ဟေးချမ်သည် လင်းဖန် ကို အလွန်အမင်း ဖျောင်းဖျရန် မရွေးချယ်ခဲ့ပေ။

လင်းဖန်သည် သူ့ကိုယ်ပိုင် စိတ်ကူးစိတ်သန်းရှိပြီး ချုပ်တည်းမှုကို မကြိုက်သူဖြစ်ကြောင်းကိုလည်း သူနားလည်သည်။

သူ့ရဲ့ ဆွဲဆောင်မှုကြောင့် လင်းဖန်ဟာ ရွံရှာသွားပြီး ကျန်ပေ့တက္ကသိုလ်ကနေ တိုက်ရိုက်ထွက်ခွာသွားခဲ့ရင်ပြောရတာနဲ့တကယ်မတန်ပေ။

ဟေးချမ်ကခဏလောက်စဉ်းစားပြီး “သတင်းစာမှာ... မင်းရဲ့သတင်းကို တင်ပြနိုင်တယ်မလား.....”

လင်းဖန်က “အင်တာဗျူးဖြေဖို့ မလိုဘူး မဟုတ်လား”

“ဟုတ်ပါတယ်။မလိုပါဘူး။” ဟေးချမ်က ကမန်းကတန်းပြောလိုက်သည်။

“ဒါဆိုရတယ်။” လင်းဖန် က ခေါင်းညိတ်ပြီး “ဒါဆိုငါ ဖုန်းချလိုက်မယ်”

“ကောင်းပြီ။” ဟေးချမ်က “မင်းအင်တာဗျူးတာကို မကြိုက်ရင် နောင်မှာ မင်းကို သတင်းမီဒီယာတွေ အနှောက်အယှက်မဖြစ်အောင် ငါအစွမ်းကုန်ကြိုးစားပေးမယ်”

လင်းဖန်က “ဒါဆို ဒုက္ခပေးမိပြီ”

ပြောပြီးတာနဲ့ ဖကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters