← Chapters

နွေးထွေးသောညတစ်ည။

Vol. 7 Ch. 93

နွေးထွေးသောညတစ်ည။

Vol. 7 Ch. 93

ဟေးချမ်နှင့်စကားပြောပြီးနောက်လင်းဖန်သည်ကျန်ပေ့တက္ကသိုလ်သို့မောင်းလာလိုက်သည်။

လင်းဖန်သည် စာသင်ခန်းထဲသို့ လျှောက်သွားသောအခါ အတန်းဖော်များစွာ၏ မျက်လုံးများက သူ့ကို စူးစိုက်ကြည့်နေကြသည်။

ဒါကိုလင်းဖန်သိပေမဲ့ဂရုမစိုက်ဘဲ ထိုင်နေလိုက်သည်။

ဇောင်ချင်းဘို က “အစ်ကို လင်း၊ မင်းဇောင်ရဲ့ ထင်မြင်ယူဆချက်ကို ဖြေရှင်းရုံသာမက မနေ့က အမွှာ အနှစ်သာရကိုပါဖြေရှင်းခဲ့တယ်ဆိုတာငါကြားတယ်။အဲ့ဒါအမှန်လား။”

မနေ့က အစီရင်ခံစာသည် အလွန်မြင့်မားသော သတ်မှတ်ချက်များ ရှိသောကြောင့်သာမာန်ဆရာတွေတောင်မှ လာခွင့်မရှိပေ။ဇောင်ချင်းဘိုတို့လိုကျောင်းသားတွေကိုတော့မပြောနဲ့တော့။

ဇောင်ချင်းဘို နဲ့ တခြားသူတွေကမသွားရသောလဲသတင်းတွေကိုတော့ကြားရသည်။

လင်းဖန် က “ဟုတ်တယ်၊အဲ့ဒါအမှန်ပဲ”

သူ့လေသံက အရမ်းအေးဆေးနေပြီး အသေးအဖွဲအရာတစ်ခုကို လုပ်လိုက်သလိုပင်ဖြစ်သည်။

ဒါပေမယ့် လူတိုင်းရဲ့နားထဲမှာ မိုးခြိမ်းသံတစ်ခုလိုကျယ်လောင်နေသည်။

အားလုံးက လင်းဖန်ကိုလေးစားသောမျက်လုံးများဖြင့်ကြည့်နေကြသည်။

“အစ်ကို လင်း မင်းအတွက် ဒူးထောက်ပါရစေ!” ဇောင်ချင်းဘို၊ စုရီ နှင့် မူဇောင် တို့က တညီတညွတ်တည်း အော်​ပြောလိုက်ကြသည်။

တကယ်တော့ ဇောင်ချင်းဘိုတို့သာမကအတန်းထဲက ကျောင်းသားအားလုံးလဲဒူးထောက်ချင်နေကြသည်။

အဲ့ဒါ ဇောင် ရဲ့ ထင်မြင်ယူဆချက် နဲ့ အမွှာ အနှစ်သာရ ပါ။

လူအများစုက အဖြေအကြောင်း မပြောခင်၊ကြည့်လိုက်ရင်တောင်ဦးနှောက်ခြောက်ပြီးရူးသွားနိုင်သည်။

လင်းဖန်သည်သူတို့ပုံစံကိုကြည့်ပြီးရယ်လိုက်သည်။

ထို့နောက် ဇောင်ချင်းဘိုသည် မှတ်စုစာအုပ်ငယ်ကို အမြန်ထုတ်ကာ “အစ်ကို လင်း၊ ကျေးဇူးပြုပြီးလက်မှတ်ရနိုင်မလား!”

လင်းဖန်သည် ဘောပင်ကိုယူကာ သူ့နာမည်ကို ပေါ့ပေါ့ဆဆ ရေးထိုးခဲ့သည်။

စုရီ၊ မူဇောင် နဲ့ အတန်းထဲက အတန်းဖော်တွေအားလုံးက စာအုပ်တွေကိုင်ပြီး လက်မှတ်တွေတောင်းပြီး တစ်ယောက်နဲ့တစ်ယောက်ကိုလင်းဖန်ကထိုးပေးနေသည်။

လင်းဖန် သည် မဖြေရှင်းနိုင်သော သင်္ချာဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်ပုစ္ဆာနှစ်ခုကို ဖြေရှင်းနိုင်ခဲ့သည် ။

သူ၏ လက်မှတ်သည် အနာဂတ်တွင် လုံးဝရှားပါးပေမည်ဖြစ်သည်။

“ဒေါင်!”

အတန်းခေါင်းလောင်းသံ မြည်လာပြီးနောက်တွင် သူတို့အားလုံးသည် ပြန်ထိုင်ပြီးငြိမ်ငြိမ်နေလိုက်သည်။

ပါမောက္ခဟောင်းသည်အခန်းထဲဝင်လာပြီးနောက်သူ၏ သင်ကြားရေးနည်းလမ်းမှာအမြဲတမ်းနှေးကွေးနေပြီး လင်းဖန်းကို ချော့သိပ်နေသလိုဖြစ်သောကြောင့်လင်းဖန်သည်အမြန်အိပ်ပျော်သွားခဲ့သည်။

ပါမောက္ခဟောင်းက အတန်းထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ အတန်းစည်းကမ်းကို ဂရုမစိုက်ဘူးလို့ မထင်ပါနဲ့။

သူသည်ကျောင်းသားများ၏ စွမ်းဆောင်မှုသည် သူ့မျက်လုံးနှင့် သူ့နှလုံးသားထဲတွင် အမှန်တကယ်မှတ်ထားသည်။

စာသင်ခန်းထဲမှာ အိပ်တယ်၊မိုဘိုင်းလ်ဖုန်းနဲ့ ကစားလေ့ရှိတဲ့ ကျောင်းသားတွေကို ပါမောက္ခဟောင်းရဲ့ မှတ်စုစာအုပ်မှာ ဟိုးအရင်ကတည်းက နာမည်ပေးထားပြီး နောက်ဆုံးစာမေးပွဲကျရင် အောင်ယုံသာပေးမည်​ဖြစ်သည်။

နေ့တိုင်းအိပ်နေတဲ့ လင်းဖန်ကို ပါမောက္ခဟောင်းကလုံးဝအကျထဲသို့မှတ်ထားလိုက်သည်။

သို့သော် ယခုချိန်တွင် ပါမောက္ခဟောင်းက လင်းဖန်အား ကြည့်နေပြီး သူ့မျက်လုံးများသည် လေးမြတ်မှုအပြည့်ရှိသည်။

သူ့စိတ်ထဲတွင် - သူသည် ဇောင်၏ ထင်မြင်ယူဆချက်နှင့် အမွှာအနှစ်သာရကို ဖြေရှင်းရန် ညမအိပ်ဘဲဖြစ်သောကြောင့်ယခုချိန်မှာအိပိ့ငိုက်တာကိုမထိန်းချုပ်နိုင်သောကြောင့်အိပ်​ပျော်သွားသည်ဟုထင်လိုက်သည်။

ဒါကိုတွေးပြီး ပါမောက္ခဟောင်းက စင်ပေါ်ကနေ ဖြည်းညှင်းစွာ ဆင်းလာပြီး သူ့အင်္ကျီကို ချွတ်ကာ လင်းဖန်ကိုခြုံပေးလိုက်သည်။

သင်္ချာဘာသာရပ်အတွက် အသဲအသန်လုပ်နေတဲ့ဒီလိုလူမျိုးကို ချမ်းမနေသင့်ပေ။

…………

…………

လင်းဖန်သည်ဆရာဟောင်းမည်သို့တွေးသည်ကို သဘာဝကျကျ မသိပေ။

ဒီနေ့သည်ခါတိုင်းထက် ပိုပြီး သက်တောင့်သက်သာ အိပ်ပျော်တယ်လို့သူထင်သည်။

ကျောင်းဆင်းသောအခါ လင်းဖန်သည်ဇောင်ချင်းဘိုနှင့် အခြားသူတို့က သူတို့ကို နှုတ်ဆက်ပြီး ရီကေသို့သွားလိုက်သည်။

လင်းဖန်သည် ထုံးစံအတိုင်း အခန်း ၂၅၀၁ တံခါးကို ဖွင့်လိုက်သည်။

“ဗွမ်း!”

“ဗွမ်း!”

ထိုအချိန်တွင် လင်းဖန်၏ ခေါင်းထက်တွင် မီးရှူးမီးပန်းနှစ်စင်း ရုတ်တရက် ပေါက်ကွဲသွားပြီး နှင်းပွင့်များကဲ့သို့ တောက်ပသော အနီရောင် ဖဲကြိုးများသည် တဖြည်းဖြည်း ပြိုကျလာသည်။

ချူစီရှင်းနှင့်​ဟေးလင်းတို့က တညီတညွတ်တည်း ‘’ဇောင်၏ ထင်မြင်ယူဆချက်နှင့် အမွှာအနှစ်သာရကို ဖြေရှင်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်!”

ချူစီရှင်း နှင့် ​ဟေးလင်းတို့သည် လင်းဖန်ကို ချစ်ခင်မြတ်နိုးမှုအပြင် လေးစားစိတ်များဖြင့်ကြည့်နေသည်။

သူတို့၏နှလုံးသားထဲတွင် အဆင့်မြင့်ပညာရေးဖလား ကိုအနိုင်ရခြင်းသည် နတ်ဘုရားအဆင့်ရှိပြီးသားဖြစ်သည်ဟုသူမတို့နှလုံးသားတွင်မှတ်ထားသည်။

လင်းဖန်သည် အဆင့်မြင့်ပညာရေးဖလားကို ဆွတ်ခူးရုံသာမက ကမ္ဘာ့သင်္ချာဘာသာရပ်တွင် အဖြေမရသော မေးခွန်းနှစ်ခုကိုလည်း ဖြေနိုင်ခဲ့သည်။

ဒါက .. သူမတို့ စိတ်ကူးတောင်မယဉ်နိုင်တဲ့ ဖြစ်တည်မှုတစ်ခုပါ။

အဲဒီည။

ရီကေအခန်း 2501၊ သည်တစ်ညလုံးနွေးထွေးသောအခန်းဖြစ်ခဲ့သည်။

…………

ဝမ်ကျင်းဟန်ဖူသည် ကျန်​ပေ့တွင်စျေးအကြီးဆုံးကျောင်းခရိုင်အခန်းဖြစ်သည်။

တင်းဒန်သည် ကျန်ပေ့မြို့၏ဗဟိုတွင်စျေးအကြီးဆုံးလူနေအဆောက်အအုံဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တင်းဒန်ဥယျာဉ်သည် ကောင်းမွန်သောတည်နေရာတွင်သာမက အထပ်မြင့်အဆောက်အအုံများနှင့် မြေအောက်ရထားများပါရှိသောကြောင့်ဖြစ်သည်။

ရပ်ကွက်ပတ်ဝန်းကျင်ကလည်း ကောင်း၊ဥရောပစတိုင် ပန်းခြံတစ်ခုလုံး၏ ရှုခင်းသည်ခမ်းနားလှပပြီး ပန်းခြံထဲတွင် ရှိနေသကဲ့သို့ပင်ဖြစ်သည်။

ထိုအချိန်တွင် ဟန်တီသည် မီနီ ကားကို မောင်းနှင်ပြီး တင်းဒန်ကို အလွန်ကျွမ်းကျင်စွာ မောင်းနှင်ခဲ့သည်။

“ဒင်ဒေါင်!”

သာယာသောအသံနှင့်အတူ ၂၃ ထပ်၏တံခါးသည် ဖြည်းညှင်းစွာပွင့်လာသည်။

အနက်ရောင် ဂါဝန်ရှည်၊ ဖြူဖွေးသော အသားအရည်နှင့် ချောမောလှပသော အမျိုးသမီးတစ်ဦး အတွင်းမှထွက်လာသည်။

ထိုလူသည် ဟန်တီပင်ဖြစ်သည်။ဟန်တီသည်ဓာတ်လှေကားမှထွက်လာပြီးနောက်အခန်းတစ်ခန်းတစ်ခန်း၏တံခါးကိုခေါက်လိုက်သည်။တံခါးခေါက်ပြီးနောက်မကြာမီပင်အလှလေးတစ်ဦးထွက်လာခဲ့သည်။

အလှလေးသည်ဟန်တီကိုမြင်ပြီးနောက်သူမ၏လှပသော မျက်နှာပေါ်တွင် ဖုံးကွယ်နိုင်သော အပြုံးဖြင့် ဟန်တီကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။

အလှလေးသည်ဟန်တီကိုအိမ်ထဲသို့ခေါ်ပြီးနောက်တံခါးကိုပိတ်ကာ အလှလေးသည် သူမ၏လက်များဖြင့်ဟန်တီကိုဖက်ရင်း “ဟန်တီငါမင်းကို စောင့်နေတာကြာပြီ” လို့ ဝမ်းသာအားရ ပြောလိုက်သည်။

ဒါပေမယ့် မကြာခင်မှာပဲ အလှတရားက မူမမှန်တာကို သတိထားမိလိုက်သည်။

အလှလေးကသံသယစိတ်ဖြင့် “ဟန်တီ၊ ဒီနေ့ မင်း နည်းနည်းထူးဆန်းနေပုံရတယ်၊ ဘာဖြစ်တာလဲ”ဟုမေးလိုက်သည်။

ဟန်တီသည်ခဏလောက် တုံ့ဆိုင်းသွားပြီး နောက် “ငါမင်းကို ပြောစရာရှိတယ်။ ငါကြိုက်တဲ့လူကို တွေ့ပြီ” လို့ပြောလိုက်သည်။

တစ်အိမ်လုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။

…ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters