အက်ဒင့်နောင်တ
Vol. 7 Ch. 94
ပဲရစ်။
လူအရင်မရောက်ပဲရယ်မောမှုက အရင်ရောက်လာသည်။
“ပါမောက္ခ အက်ဒင့်၊ မင်း ဒီတခေါက်တရုတ်၊ကျန်ပေ့ကို မသွားဖြစ်တာ နှမျော်စရာကြီး” ဂျေဖလိမ်းကရယ်ပြီးပြောလိုက်သည်။
အက်ဒင့်က သူ့လက်ထဲက စာအုပ်ကို ချလိုက်ပြီး “ဂျေဖလိမ်း၊ဒီတရုတ်လူက အမွှာအနှစ်သာရကို တကယ်ဖြေရှင်းခဲ့တာလား။”
ဂျေဖလိမ်းက “ဟုတ်တယ်”
“မင်းသိလား မစ္စတာလင်းဖန် က အသက်နှစ်ဆယ်ပဲရှိသေးတယ်!”
“အို ဘုရားသခင်၊ အဲဒီအချိန်တုန်းကဆိုငါကသင်္ချာ ကမ္ဘာကို ရောက်လာပြီလို့ ကျွန်တော် ထင်မှတ်လုနီးပါးပါပဲ။”
ထိုမြင်ကွင်းကို သူတွေးနေရင်းဂျေဖလိမ်းသည်အလွန် စိတ်လှုပ်ရှားလာခဲ့သည်။
အက်ဒင့်ကသက်ပြင်းချလိုက်ပြ “ငါသိပြီ၊ငါအကုန်လုံးကို လက်ထဲချပြီး တရုတ်ပြည်ကို ခရီးထွက်မယ်!”
ခေတ္တနားပြီးနောက် သူက “ဘာဖြစ်လို့လဲ၊ မင်းက မစ္စတာလင်းဖန်နဲ့ဆွေးနွေးဖို့ကိုဘာလို့တရုတ်ပြည်မှာ မနေခဲ့တာလဲ”
ဇောင် ၏ ယူဆချက်နှင့် အမွှာအနှစ်သာရကို တစ်ပြိုင်နက်တည်း ဖြေရှင်းခဲ့သော သင်္ချာပညာရှင်တစ်ယောက်သည် သင်္ချာဘာသာရပ်ကို မည်မျှအထိ လေ့လာခဲ့သည်ကို မည်သူမျှ စိတ်ကူးမယဉ်နိုင်ပေ။
ထိုသို့သောလူများနှင့် သင်္ချာအကြောင်း ဆွေးနွေးခြင်းသည် အလွန်အသုံးဝင်သည်မှာ သေချာပါသည်။
ဂျေဖလိမ “ကျွန်တော် လဲဆွေးနွေး ချင်ပါတယ်… ဒါပေမယ့် သူက အင်္ဂလိပ်လို မပြောတတ်ဘူး၊ ကျွန်တော်ကလဲ… တရုတ်စကားလည်း မပြောတတ်တော့ဆွေးနွေးလို့မရဘူး”
အက်ဒင့်ခေါင်း ညိတ်လိုက်သည်။
ဘာသာစကားအတားအဆီးသည် ဒါကတကယ်ကိုဒုက္ခပေးတဲ့အရာပင်ဖြစ်သည်။
ဂျေဖလိမ်းက “ငါတရုတ်စကား လေ့လာဖို့ စီစဉ်ထားတယ်။ မစ္စတာလင်းဖန်ကို နောက်တစ်ကြိမ်တွေ့ရင် သူနဲ့ ဆက်သွယ်ပြီး ဆွေးနွေးနိုင်လို့ရအောင်”
ထို့နောက် သူက “ပါမောက္ခ အက်ဒငွ မင်းလဲ အတူတူတက်ချင်လား။”
အက်ဒင့်က သူ့ပါးစပ်ကို ဖွင့်လိုက်သည်။
နောက်ဆုံးတွင် ကူကယ်ရာမဲ့သက်ပြင်းချလိုက်ပြီး “မေ့လိုက်ပါ၊ တရုတ်ဟာ ကမ္ဘာပေါ်မှာ ကျွမ်းကျင်ဖို့အခက်ခဲဆုံးဘာသာစကားတွေထဲကတစ်ခုပဲ’’လို့ပြောလိုက်သည်။
“ငါလဲအသက်ကြီးနေပါပြီ၊ အခု ကျွမ်းကျင်ဖို့ ခွန်အားမရှိမှာကို ငါကြောက်တယ်”
“လင်းဖန် က ငယ်ပါသေးတယ်၊ သူ အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့ မကြာခင် အချိန်အတွင်းမှာ ဖြစ်နိုင်ပါတယ်။”
…………
နောက်တစ်နေ့။
အခန်းထဲကို ပူနွေးသော နေရောင်ခြည်တစ်ခု ကျရောက်သောအခါ လင်းဖန်၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူ့ဖုန်းကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်တော့ စာသားမက်ဆေ့ခ်ျက စခရင်မှာ ပေါ်လာနေပြီဖြစ်သည်။
“၀:၀၀ နာရီမှာ တရုတ်ဘဏ်က ယွမ် ၁၄၁၀,၀၀၀ ကို ရရှိသည်။”
ထို့နောက် လင်းဖန်သည် ဖြည်းညှင်းစွာထကာ အပြင်သို့ ထွက်လာခဲ့သည်။
ထိုအချိန်တွင် ခေါက်ဆွဲကျော်၊ ကြက်ဥ၊ နို့၊ ကြက်ဥမုန့်နှင့် အခြားအစားအစာများ စားပွဲပေါ်တွင် ရှိနေပြီဖြစ်သည်။
မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့ ချူစီရှင်းက ပြုံးပြီး “ခင်ပွန်း၊ နိုးပြီလား။ မြန်မြန် တစ်ခုခု စားပါ”
“မင်း စားကောင်းလား၊မကောင်းလားဆိုတာမြည်းကြည့်” ဟေးလင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
လင်းဖန်က ခေါက်ဆွဲတစ်ကိုက်စာယူပြီးပါးစပ်ထဲထည့်ကာ “စားလို့ကောင်းတယ်!”ဟုပြောလိုက်သည်။
ဤစကားများသည်ဟေးလင်း နှင့် ချူစီရှင်း သည် သကြားလုံးသီးများကို စားသလိုမျိုး သူမတို့၏ နှလုံးသားများ ချိုမြိန်သွားစေသည်။
မနက်စာစားပြီးနောက်ချူစီရှင်း က “ခင်ပွန်း၊ သူရဲကောင်းတောင်ပေါ်ရှိ ပန်း ဘုရားကျောင်းမှာ ဒီနေ့ အခမ်းအနား အကြီးစားတစ်ခု ပြုလုပ်ထားတယ်လို့ ကြားတယ်။ အမွှေးတိုင်သွားပူဇော်ရအောင်”(သူရဲကောင်းတောင်ကတောင်ပေါ်မှာရှိတာမဟုတ်ပါဘူး။နေရာကိုပြောတာပါ။)
ဟေးလင်းလဲဒါကိုကြားတော့ လင်းဖန်ကို မျှော်လင့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
သိသာသည်မှာ သူမလည်း သွားချင်တယ်ဆိုတာပင်ဖြစ်သည်။
လင်းဖန်သည် ယနေ့ လူအများစုကဲ့သို့နတ် ဘုရားနှင့် ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ မယုံကြည်ပေ။
သို့သော် ယနေ့တွင် ချူစီရှင်း နှင့် ဟေးလင်းတို့နှင့်အတူ အပြင်ထွက်ရသည်မှာ ရွားရွားပါးပါး ပိတ်ရက်ဖြစ်ပြီး စိတ်လှုပ်ရှားစရာလည်း ကောင်းပါသည်။
ထို့ကြောင့် ခေါင်းညိတ်ပြီး ကောင်းပြီ၊ အမွှေးတိုင်ပူဇော်ဖို့ ဘုရားကျောင်းကို သွားကြမယ် လို့ပြောလိုက်သည်။
ချူစီရှင်းနှင့် ဟေးလင်းတို့သည် ဒါကိုကြားပြီးနောက်ပျော်ရွှင်သွားတော့သည်။
Pagani Fengshen (ပြိုင်ကား)က လူနှစ်ယောက်ပဲ သယ်နိုင်တာမို့ ဒီနေ့ ချူစီရှင်းရဲ့ မီနီကားကို မောင်းခဲ့သည်။
ပန်ဘုရားကျောင်းသည် အတော်လေးဝေးလံသောနေရာဖြစ်သည့် ကျန်ပေ့ ၏ဆင်ခြေဖုံးတွင်တည်ရှိသည်။
သို့သော် လမ်းတစ်လျှောက်ရှိသောသစ်ပင်များနှင့် ပန်းများသည် မျက်စိပသာဒဖြစ်စေသည်။
ပန်းဘုရားကျောင်းအနီးသို့ရောက်သောအခါ၊ အနီးတစ်ဝိုက်တွင် ကားအစီးရေ ပိများလာခဲ့သည်။
တစ်နာရီခန့်အကြာတွင် လင်းဖန်သည် ကားရပ်နားရန်နေရာသို့ ရောက်လာပြီး ပန်းဘုရားကျောင်းဆီသို့ အတူတူ လမ်းလျှောက်လာခဲ့သည်။
ခဏအကြာတွင် လင်းဖန်နှင့် အခြားလူများရှေ့တွင် သူရဲကောင်းရုပ်ထုတစ်ခု ပေါ်လာခဲ့သည်။
ဒီနေရာကို အရင်က သူရဲကောင်းတောင် လို့ မခေါ်ဘူး လို့ ပြောကြသဘ်။ သူရဲကောင်းတစ်ဦးသည် စစ်ပွဲအတွင်း ရွာသားများကိုကာကွယ်ပေးသောကြောင့် အမည်ပြောင်းခဲ့ခြင်းဖြစ်သည်။
ဒီအချိန်မှာ ပတ်ဝန်းကျင်မှာ လူတွေအများကြီးရှိသည်။
သူတို့သည် ဘာသာတရားကိုင်းရှိုင်းပုံရပြီး စကားပြောသည်ဖြစ်စေ ရယ်သည်ဖြစ်စေ ... အားလုံးက ယဉ်ယဉ်ကျေးကျေးပြောနေကြသည်။
ကြီးမားသော ရွှေဘုရားကြီးတစ်ဆူ ထိုင်နေပြီး အောက်ခြေတွင် ရဟန်းတော်များစွာ ထိုင်ကာ ဗုဒ္ဓဘာသာကျမ်းဂန်များကို ရွတ်ဆိုနေကြသည်။
လူများစွာသည် သုံးကြိမ်တိုင်တိုင် ရှီခိုးပြီးနောက် အမွှေးတိုင်ကို ကြီးမားသော အမွှေးတိုင်မီးဖိုထဲသို့ ထည့်လိုက်သည်။
ချူစီရှင်း နှင့် ဟေးလင်းတို့သည် မြင့်မားသောနံသာနှင့်အမွှေးတိုင်များကို ဝယ်ပြီး ပူဇော်ကန်တော့လိုက်ကြသည်။
ထိုအချိန်တွင် ဘေးနားမှ ရင်းနှီးသော အသံတစ်ခုရုတ်တရက် ထွက်ပေါ်လာသည်။
“လင်းဖန်?”
လင်းဖန်သည် ဖြည်းညှင်းစွာ လှည့်ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားပြီး “စုလင်းဟို မင်းနဲ့တွေ့ဖို့ ငါ မမျှော်လင့်ထားဘူး”
စုလင်းဟို က ပြုံးပြီး “ငါလည်း မင်းကိုတွေ့ဖို့ကိုမမျှော်လင့်ထားဘူး!”
စုလင်းဟို ၏လက်မောင်းကို ကိုင်ထားပြီး ဂုဏ်သိက္ခာရှိပြီး လှပသောမိန်းကလေးက “လငိးဟို၊ ဒါက...”
“အင်း ဒါ လင်းဖန် မင်းကို နောက်ဆုံး အကြိမ် ပြောဖူးတယ် လေ” စုလင်းဟို က “လင်းဖန်၊ ဒါက ငါ့ရည်းစား ဖန်ရှောင်ဝေ”
ဖန်ရှောင်ဝေ သည် သူမမျက်နှာတွင် စူးစမ်းလိုစိတ်များ ဖြင့်လင်းဖန်ကိုအပေါ်မှအောက်သို့ အကဲခတ်လိုက်သည်။
“ဒါဆို မင်းက လင်းဖန် လား လင်းဟိုက မင်းအကြောင်းမကြာခဏ ပြောဖူးတယ်” ဖန်ရှောင်ဝေက ပြုံးပြီးပြောလိုက်သည်။
လင်းဖန်က ပြုံးလိုက်ပြီး “ဟယ်လို ငါက လင်းဖန်” လို့ပြောလိုက်သည်။
ခေတ္တနားပြီးနောက် သူက ချူစီရှင်း နှင့် ဟေးလင်းတို့ကို မိတ်ဆက်ပေးရန်လိုပ်လိုက်သည်။
ဒါပေမယ့် အချိန်အတော်ကြာအောင် ဘယ်လိုမိတ်ဆက်ပေးရမှန်းမသိဖြစ်နေသည်။
သူတို့တွေက ငါ့ရဲ့မိန်းမတွေ လို့တိုက်ရိုက်ပြောလိုက်ရမလား။
ချူစီရှင်းနှင့် ဟေးလင်းတို့သည် လင်းဖန်အခက်တွေ့နေတယ်ဆိုတာသိလိုက်သည်။
ဒါကြောင့် သူ့မကိုယ်သူမတို့မိတ်ဆက်ဖို့ အစပျိုးလိုက်သည်။
“ကျွန်မက လင်းဖန် ရဲ့ သူငယ်ချင်း
ဟေးလင်း ပါ။”
“ကျွန်မက ချူစီရှင်း ပါ။”
မိတ်ဆက်စကားပြောပြီးတာနဲ့နောက်တွင် လူအများအပြားက စကားပြောကာ ရယ်မောကြပြီး လေထုသည် အလွန်နွေးထွေးလာသည်။
ပန်းဘုရားကျောငရဲ့ နံဘေးမှာ ခရီးသွားတွေ ရေးထားတဲ့ ဆန္ဒကတ်တွေနဲ့ ပြည့်နေတဲ့ ရှည်လျားတဲ့စင်္ကြံတစ်ခု ရှိသည်။
လူတော်တော်များများက ဆန္ဒကတ်တွေဝယ်ပြီး သူတို့ရဲ့ဆန္ဒကို ရေးကြသည်။
ချူစီရှင်း - ငါချစ်တဲ့လူတွေနဲ့ ငါ့ကိုချစ်တဲ့သူတွေ အမြဲတမ်းဘေးကင်းပြီး ကျန်းမာနေမယ်လို့ ငါမျှော်လင့်တယ်။
ဟေးလင်း: ငါတို့အားလုံး ပျော်ရွှင်မယ်လို့ မျှော်လင့်ပါတယ်။
လင်းဖန်သည် ဘောပင်ကိုကိုင်ကာ ခဏလောက်စဉ်းစားကာ စာကြောင်းတစ်ကြောင်းရေးခဲ့သည်- လူတို့သည် ထာဝရအသက်ရှည်မည်ဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာ တိုင်အောင်သာယာဝပြောလာမည်ဟု မျှော်လင့်ပါသည်။
ထိုအချိန်တွင် သူ့ဘေးနားမှ ပြင်းထန်သောအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်- “ကောင်းတယ်”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး