← Chapters

လျှော့ဖြစ်သွားသောကလေး

Vol. 7 Ch. 95

လျှော့ဖြစ်သွားသောကလေး

Vol. 7 Ch. 95

လင်းဖန်သည်အသံထွက်လာသည့်နေရာကို လှည့်ကြည့်လိုက်သည်။

သူသည်အသက် ရှစ်ဆယ်ကျော်ရှိတဲ့ဆံပင်ဖြူ အဘိုးအိုကိုတွေ့လိုက်သည်။အဘိုးအိုကလဲလင်းဖန်ကိုစိုက်ကြည့်နေသည်။

အဘိုးအိုသည်သာမန်အရပ်သားပုံစံသာရှိသည်။ဒါပေမဲ့အဘိုးအိုရဲ့မျက်လုံးတွေက ကျားတစ်ကောင်မျိုးစူးရှနေတယ်၊ ဖြောင့်စင်းသောခါးနှင့် ဘုန်းအာနုဘော်တို့ သည် တစ်ကိုယ်လုံးပြည့်နေသည်။

လင်းဖန်သည် အဘိုးကြီးလက်ထဲက ဆန္ဒကတ်ပြားကို လှမ်းကြည့်လိုက်သည်- ကျန်းမာခြင်းသည် ပျော်ရွှင်မှု၏အဓိကအချက်ဖြစ်သည်။

လင်းဖန်သည် အဖိုးအိုနှင့်သူ ရင်းနှီးတယ်လို့ခံစားလိုက်ရသည်။

လင်းဖန်”အဖိုးအိုက ကျန်ပေ့ဇာတိမဖြစ်သင့်ဘူး။ အဘိုးကျန်ပေ့ကိုလာလည်တာလား” ဟုမေးသည်။

အဘိုးအိုက အဝေးကို လှမ်းကြည့်ရင်း “ငါက ခရီးသွားတစ်ယောက်ပါ၊ ဒါပေမယ့် ငါက

ကျန်ပေ့ဇာတိပါ။”

လင်းဖန်သည် ထိုစကားကြားရသည်မှာ အနည်းငယ် ထူးဆန်းသွားသည်။

လင်းဖန်က ခဏလောက်စဉ်းစားပြီး “အဘိုးရဲ့ဇာတိက ကျန်ပေ့?”

“ဟုတ်တယ်၊ ငါဒီကိုပြန်မလာတာ ဆယ်စုနှစ်နဲ့ချီရှိနေပြီ၊ အရာရာကအရင်ကနဲ့မတူဘူးပြောင်းလဲသွားပြီ။ “ အဘိုးကြီးက ပြောလိုက်သည်။

စုလင်းဟိုနှင့် ဖန်ရှောင်ဝေတို့သည် ၎င်းတို့၏ ဆန္ဒကတ်များကို ချိတ်ဆွဲထားလိုက်ပြီးအသံကြားတဲ့နေရာကိုဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

သူတို့တွေ့လိုက်တာကအဘိုးအိုတစ်ဦးကိုဘေးကလူလေးယောက်က ကာကွယ်ထားသည်ကိုတွေ့လိုက်သည်။

စုလင်းဟိုနှင့် ဖန်ရှောင်ဝေတို့နှစ်ဦးစလုံးသည် မိသားစုကြီးများမှ ဆင်းသက်လာကြသဖြင့် ဒီလူလေးယောက်က လုံးဝကို ထူးထူးခြားခြား ဖြစ်နေတာကို သိလိုက်ပြီး အံသြ သွားကြသညည်။(တိုက်ပွဲပေါင်းများကိုတိုက်ခိုက်တဲ့လူတွေမှာပဲရှိတဲ့အရှိန်အဝါ)

ထို့နောက် လင်းဖန်နှင့် အဖိုးအိုတို့ကိုသေချာကြည့်လိုက်သည်။

အဘိုးအိုကို စုလင်းဟိုမြင်သောအခါသူ၏ မျက်လုံးများပြူးကျယ်လာပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်သောအမူအရာတစ်ခု ပေါ်လာသည်။

စုလင်းဟိုသည် ဟန်ချူးတက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။

လွန်ခဲ့သော လအနည်းငယ်က ဟန်ချူးတက္ကသိုလ်သည် ၎င်း၏ နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ဤအဘိုးအိုထံမှ ဂုဏ်ပြုခြင်းဗီဒီယိုကို ပြသခဲ့သည်။

သူသည် တရုတ်ပြည်၏ကျော်အမော်တစ်ယောက်ဖြစ်သည်။

အခု ငါ့ရှေ့မှာ တကယ်ပေါ်လာတာလား?

အံ့သြစရာမဟုတ်ပါ၊ ထွားကြိုင်းသော အမျိုးသားလေးဦးသည် အဘိုးကြီး၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်နေတယ်ဆိုတာ။

စုလင်းဟိုကတစ်တွေး မျိုချလိုက်ပြီး သူဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

ချူစီရှင်း၊ ဟေးလင်းနှင့် အခြားသူများသည် စုလင်းဟို၏ပြောင်းလဲမှုများကို လုံးဝသတိမထားမိခဲ့ကြပေ။

သူတို့သည်အဘိုးအို၏ပေါင်ကို ကိုင်ထားသည့် ဆယ်နှစ်ခန့် ကောင်လေးကို ကြည့်လိုက်ကြသည်။

ကောင်လေး၏ ရှည်လျားသော မျက်ခုံးမွှေးများသည် လှပပြီး အဘိုးကြီးနှင့်တူသည်။ ထင်ရှားသည်မှာဤသည်မှာဒီအဘိုးကြီးမြေးဆိုတာပင်ဖြစ်သည်။

ချူစီရှင်းသည် ကောင်လေးသည် လူကြောက်နေပုံရသည်ကို မြင်လိုက်ရသောကြောင့် ခေါင်းငုံ့ကာ ပြုံးပြီး “ဟဲလို” ဟု နှုတ်ဆက်လိုက်သည်။

ကောင်လေးက သူ့ခေါင်းကို ကုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ဖြက့်အဘိုးအိုနောက်ကိုဝင်ပုန်းလိုက်သည်။

ထို့နောက် ပါးစပ်ကိုဖွင့်ကာ တံတွေးများ အဆက်မပြတ် ထွက်ကျလာသည်။

ချူစီရှင်း ဒါကိုမြင်ပြီး နက်နဲတဲ့အမှတ်တရတချို့ကို သတိရလာခဲ့သည်။

တစ်ခါက သူ့မှာ ညီလေးတစ်ယောက်ရှိပေမယ့် သူ့မှာ လဲဒီအဘိုးကြီးမြေးလိုရောဂါရှိတယ်။

လူကြောက်တယ်၊ တခြားသူတွေနဲ့ မဆက်သွယ်တတ်ဘူး၊ မှိန်းပြီးနေတတ်တယ်..

သို့သော်လည်း ချူစီရှင်း သည် သူမ၏ ညီငယ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိနေဆဲဖြစ်သည်။ သူ့ညမီလေးကို နေ့တိုင်း သီချင်းဆို ပေးတယ်။ပန်းချီသင်ပေးရတာအရမ်းပျော်စရာကောင်းသည်။

သို့သော် တစ်နေ့တွင် သူ့ညီမလေးသည် အိမ်ထဲမှ အပြင်သို့ထွက်လာခဲ့သည်။

ထိုအချိန်တွင် ထရပ်ကားတစ်စီးလာသဖြင့်တိုက်မိသွားတော့သည်။

ဒါကိုတွေးရင်း ချူစီရှင်း၏ မျက်လုံးများသည် အနည်းငယ်နီလာသည်။

ဘေးနားရှိ ဟေးလင်းက “အဘိုး၊ ကလေးကဘာဖြစ်နေတာလဲ” ဟု မေးလိုက်သည်။

အဘိုးအိုက “လွန်ခဲ့တဲ့တစ်နှစ်လောက်ကရုတ်တရက်ဒီလိုဖြစ်သွားတယ််”

စကားပြောနေစဉ် အဘိုးကြီးသည် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် သူ့မြေးမျက်နှာလေးကို ငုံ့ကြည့်လိုက်သည်။

“ဆေးရုံမပို့ဘူးလား” ဟေးလင်းက ထပ်မေးလိုက်သည်။

“ဆေးရုံတွေ အများကြီးသွားပေမဲ့ရောဂါအကြောင်းရင်းကို မတွေ့ရဘူး။” အဘိုးအိုက ပြောသည်။

ထိုအချိန်တွင် ကလေးလေး၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသည်။

အဘိုးအို၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး “ဟန်အာ ဘယ်လိုနေလဲ လာကြည့်!” လို့ အော်ပြောလိုက်သည်။

သူ့နောက်မှာ ရပ်နေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားက အလျင်အမြန်ရှေ့ကို လှမ်းပြီး “သူ့လက်နဲ့ ခြေကို ကိုင်ထားပါ၊ မလှုပ်စေနဲ့” လို့ ပြောလိုက်သည်။

ထွားကြိုင်းသော လူနှစ်ယောက်သည် ကောင်လေး၏ ခြေလက်များကို လျင်မြန်စွာ ချူပ်လိုက်သည်။

သူတို့ရဲ့ စွမ်းအားက ဘယ်လောက် အစွမ်းထက်လဲဆိုရင်ခြင်္သေ့ကိုဒီအတိုင်း ဖိထားရင်တောင် လှုပ်လို့မရမှာ ကြောက်တယ် ကလေးဆိုပြောနေနဲ့တော့။

ကျန်လူထွားကြီးနှစ်ယောက်က ပတ်ဝန်းကျင်ကို သတိထားပြီး တခြားလူတွေကို မချဉ်းကပ်ဖို့ ကိုတားမြစ်ထားလိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ပိုက်ဆံအိတ်ထဲက ဆေးပြွန်ကို အမြန်ထုတ်ယူပြီး ကောင်လေးရဲ့လက်ထဲကို တိုက်ရိုက်ထိုးသွင်းလိုက်သည်။

ဆေး၏အာနိသင်သည် ချက်ခြင်းပင်ဖြစ်ပြီး ကလေးငယ်သည် လျင်မြန်စွာ လှုပ်ရှားခြင်းကို ရပ်တန့်လိုက်သည်။

ထင်ရှားသည်မှာ လူလတ်ပိုင်းသည် ဆရာဝန်ဖြစ်သည်။

ထိုအချိန်မှာပင် ဆရာဝန်က သက်ပြင်းတစ်ချက်ချလိုက်သည်။

ခဏအကြာတွက်ကောင်လေးရဲ့ ပါးစပ်ထောင့်က အမြှုပ်တွေက လျော့မသွားပဲ။ ဆန့်ကျင်ဘက်ပို၍များလာခဲ့သည်။

ထို့နောက် ကလေးငယ်၏ အသက်ရှုသံများ တဖြည်းဖြည်း နှေးကွေးလာပြီး နှလုံးခုန်သံ သည်လဲတဖြည်းဖြည်း အားနည်းလာသည်...

ဒါကိုမြင်တော့ ဆရာဝန်မျက်နှာက သိသိသာသာ ပြောင်းလဲသွား​တော့သည်။

သူသည် ကလေးငယ်၏ ရင်ဘတ်ကို အလျင်အမြန် ဖိလိုက်ပြီး အခြားဆေးကို ထိုးထည့်လိုက်သည်..။

ဒါပေမယ့် သက်ရောက်မှု လုံးဝမရှိပေ။

​

အချိန်မရွေး ငြိမ်းသွားနိုင်တဲ့ ဖယောင်းတိုင်မီးသကဲ့သို့ကလေးလေးဟာ လဲအားနည်းလာသည်။

ဘေးမှာရပ်နေတဲ့ အဘိုးအိုက “ဟန်အာ ဘယ်လိုနေလဲ” လို့ မေးသည်။

ထိုအချိန်တွင် ဆရာဝန်၏နဖူးမှာ ချွေးများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။

သူ ထိတ်လန့်သွားပြီး “ဟန်အာ ရဲ့ အခြေအနေက အရမ်းဆိုးတယ်။ ငါ့မှာ ဆေးဝါးနဲ့ ကိရိယာတွေ လုံလုံလောက်လောက် မရှိဘူး၊ မဟုတ်ရင် ဆေးရုံကို အမြန်ဆုံး သွားကြည့်တာ အကောင်းဆုံးပဲ...”

သူက တခြားဘာမှ မပြောပေ။

အဘိုးအိုသည် ရုတ်တရက် လှည့်ကြည့်လိုက်ရာလူအုပ်နှင့် ပန်းဘုရားကျောင်းအောက်ရှိ လူစည်ကားသော ကားများကို ကြည့်လိုက်သည်။

ဒီလိုပုံစံနဲ့ တစ်လက်မရွေ့တောင်ကံကောင်းနေပြီဖြစ်သည်။ဒါကြောင့်ကလေးကို ခေါ်ပြီးကားနဲ့မသွားခိုင်းစေချင်တော့ပေ။

အဲဒီအစား သူ့လက်ကိုင်ဖုန်းကို အမြန်ထုတ်ပြီး ဖုန်းခေါ်လိုက်သည်။

“ငါ့မြေး ပန်းဘုရားကျောင်း မှာ နေမကောင်းဖြစ်နေတယ်။ ချက်ချင်း ရဟတ်ယာဉ်ကို လွှတ်လိုက်ပယ”

ပြောပြီးသည်နှင့် သူ တိုက်ရိုက် ဖုန်းချသွားသည်။

ထို့နောက် အဖိုးအိုသည် စိတ်ပူပြီး ဂရုတစိုက်မျက်လုံးဖြင့် ကလေးလေးကို တစ်ဖန်ပြန်ကြည့်သည်။

အခင်းဖြစ်ပွားရာနေရာရှိ လေထုသည် တင်းမာပြီး မှုန်မှိုင်းလာသည်။

အဘိုးကြီးက စကားမပြောပေ။

၎င်းသည် ဆရာဝန်ကို ပို၍ တုန်လှုပ်သွားစေသည်။

သူသည် အဘိုးကြီး၏ လက္ခဏာကို ကောင်းစွာသိပြီး သူ့ရှေ့မှ ကောင်လေးသည် အဘိုးကြီး၏ တစ်ဦးတည်းသော မြေးဖြစ်သည်။

သူ့လက်နဲ့ တစ်ခုခုမှားသွားရင် နောက်ဆက်တွဲဆိုးကျိုးတွေ...

အဲဒါကို တွေးကြည့်ရုံနဲ့ ဆရာဝန်ရဲ့ ကျောကနေ ချွေးတွေထွက်လာသည်။

အဝေးကလူတွေလည်း ဒီအခြေအနေကို သတိထားမိကြသည်။

သို့သော် ၎င်းတို့အား ခြင်္သေ့နှစ်ကောင်က စိုက်ကြည့်နေသကဲ့သို့ ပိန်ပိန်ထွားကျိုင်းသော အမျိုးသားနှစ်ကောင်က ၎င်းတို့အား စိုက်ကြည့်နေလို့ချဉ်းကပ်ဖို့လုံးဝမလုပ်ရဲပေ။

ဆရာဝန်ပြောသည့်အတိုင်း ဤနေရာတွင်ဆေးဝါးနှင့် ကိရိယာများမှာ အလွန်နည်းပါးပါသည်။ဒါကြောင့်ကုသဖို့လုံးဝမဖြစ်နိုင်ပေ။

ထိုအချိန်တွင် ကလေးလေးသည် ရုတ်တရက် မျက်လုံးများ မှိတ်လာကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားလေသည်။

“ဟန်အာ” အဘိုးကြီးကအသဲအသန်အော်လိုက်သည်။

လင်းဖန်ဘေးမှာရပ်နေတဲ့ ချူစီရှင်းလည်း အလားတူခံစားခဲ့ရသဖြင့်မျက်ရည်ကျလာခဲ့သည်။

စကားမပြောရသေးသော လင်းဖန်က “ကျွန်တော် သူ့ကို ကယ်နိုင်တယ်!”ဟုပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters