ခေါင်းဆောင်ကျူ
Vol. 7 Ch. 96
လင်းဖန်သည် မြင်တဲ့လူတိုင်းလိုက်ကယ်မည့်သူတော်စင်မဟုတ်ပေ။
ဒါပေမယ့်…
သူရောက်လာသည်နှင့် အဘိုးကြီးနှင့် စကားစမြည်ပြောဆိုရင်း အဖိုးအိုထံမှ ရင်းနှီးတဲ့ခံစားချက်ကို ခံစားရလေသည်။
ဒုတိယအနေဖြင့်၊ ချူစီရှင်းသည် ကလေးလေးအတွက် အလွန်စိတ်မကောင်းဖြစ်နေသောကြောင့်ဖြစ်သည်။
ထို့ကြောင့် လင်းဖန် က ကူညီဖို့ကိုရွေးချယ်ခဲ့သည်။
အစမှအဆုံးဘာမှပြောသော စုလင်းဟိုသည်ဘေးတွင်ရပ်နေသော သူ့မျက်နှာသည် သိသိသာသာပြောင်းလဲသွားသည်။
လင်းဖန်ကို တစ်ခုခုသတိပေးချင်သလိုမျိုး သူ့ပါးစပ်ကိုဖွင့်ထားသော်လည်း ဘာအသံမထွက်ခဲ့ပေ။
စုလင်းဟိုသည် အဖိုးအို၏ လက္ခဏာကို သိပြီး သူ့ရှေ့တွင် ကောင်လေးက သူ့မြေးဖြစ်သည်။
ကုသမှုပြီးသွားပါပြီ၊ ဒါ အရမ်းကောင်းတဲ့အရာပင်ဖြစ်သည်။
ဒါပေမယ့် ကောင်လေးသာတစ်ခုခုဖြစ်သွားခဲ့ရင်.......
အကျိုးဆက်တွေက အရမ်းကြောက်စရာကောင်းတယ်။
လင်းဖန်သည် ကျန်ပေ့တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သည်။
အခု ကလေးလေးရဲ့ အခြေအနေက အရမ်းဆိုးနေပြီးအဘိုးကြီးနဲ့ နီးစပ်တဲ့ ဆရာဝန်တောင်မှ အဲဒါကို ဘာမှ မလုပ်နိုင်ပေ။
ဒါကိုလင်းဖနကဘယ်လိုကုသလို့ရမလဲ။
စုလင်းဟို၏အမြင်တွင် လင်းဖန်သည် တကယ်ကို မဆင်မခြင်ဆန်နိုင်လွန်းသည်။
အဘိုးအိုသည် အဆုံးမဲ့ကောင်းကင်ကြီးကို မော့ကြည့်ပြီးနောက် သူ့မျက်နှာမှာပို၍ ရုပ်ဆိုးလာပြီးသူ့မြေးကို ကြည့်လိုက်သည်။
နောက်ဆုံးတွင် လင်းဖန်ကိုကြည့်လိုက်သည်။
သာမာန်လူသာဆိုအဘိုးအိုက ဒီလို စိုက်ကြည့်မိရင် ထိတ်လန့်တုန်လှုပ်နေမှာ သေချာသည်။
သို့သော် လင်းဖန်သည် အမြဲတမ်း တည်ငြိမ်နေသည်။
အဘိုးအိုက အသက်ပြင်းပြင်းရှူပြီး “မင်း ကုသလို့ ရပါတယ်၊ တစ်ခုခု မှားသွားရင်တောင် ငါ မင်းကို အပြစ်မတင်ဘူး!”
လင်းဖန်နှင့် အဘိုးအိုသည် ပထမဆုံးအကြိမ် တွေ့ဆုံဖူးပြီး လင်းဖန်သည်လဲအလွန်ငယ်သေးသည်။
ဒါကိုလက်ခံတာလား။
လင်းဖန်သည်လဲအဘိုးအိုစကားကြောင့်အံ့အားသင့်သွားသည်။
ထိုအချိန်တွင် ကလေးလေးအား ကုသနေသော ဆရာဝန်က လင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
လင်းဖန်၏အသွင်အပြင်က ငယ်လွန်းသည်။
ဆရာဝန်ပညာသည် အလွန်အဆင့်မြင့်သော အသိပညာဖြစ်သည်။
အချို့သောအောင်မြင်မှုများရရှိရန် ၎င်းသည် နှစ်ပေါင်းများစွာ လေ့လာမှုနှင့် လေ့ကျင့်မှုတို့လိုအပ်သည်။
လင်းဖန်သည် ဤအခြေအနေမျိုး လုံးဝမရှိသည်မှာ ထင်ရှားသည်။
ဒါပေမယ့် ဆရာဝန်က အဘိုးအိုရဲ့ တောင်းဆိုမှုကြောင့်”လူနာရဲ့အခြေအနေကို အရင်ပြောပြမယ်...”ဟုပြောလိုက်သည်။
လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ပြောစရာမလိုဘူး” ဟုဆိုလိုက်သည်။
ထို့နောက် စနစ်မှ ဆေးရေတစ်ပုလင်းကိုဝယ်ရန် ယွမ် ၁၀ သန်းကို က တိုက်ရိုက်သုံးစွဲခဲ့ပြီးကောင်လေး၏ပါးစပ်ထားသို့လောင်းထည့်လိုက်သည်။
ဆရာဝန်က “ဒါက ဘာဆေးလဲ” လို့ မေးသည်။
ကလေးလေးရဲ့ လက်ရှိအခြေအနေက အရမ်းအန္တရာယ်များတယ်ဆိုတာ သိလား။
အနည်းငယ်သော အမှားအယွင်းတစ်ခုခုကြောင့် သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။
လင်းဖန်သည် ငယ်ရွယ်သော်လည်း ကောင်လေး၏ အကြောင်းရင်း သို့မဟုတ် အခြေအနေများကို လုံးဝမမေးခဲ့ပေ။
ဒါတောင်ဆေးတိုက်ရိုက်တိုက်လိုက်တာလား။။
လင်းဖန်က ဘာမှပြန်မဖြေဘဲ အဘိုးကြီးကို ပြန်ကြည့်လိုက်သည်။
အဘိုးအိုက မျက်မှောင်ကြုတ်ကာ “ဒေါက်တာ ဟွမ်၊ မင်းမှာ တခြားနည်းလမ်းရှိလား၊မရှိရင် သူ့ကို ကုသခွင့်ပေးလိုက်ပါ!”
သံသယမရှိစွာဖြင့်အဘိုးအိုက လင်းဖန်ကို ကုသခွင့်ပေးရန် သဘောတူလိုက်သည်။
ဆရာဝန်၏ နှလုံးသားသည် တုန်လှုပ်သွားပြီး လင်းဖန်ကိုမတားတော့ပေ။
လင်းဖန်သည်လှုပ်ရှားမှုများ မရပ်တန့်ဘဲ ကလေး၏ ပါးစပ်ထဲသို့ ဆေးရေများကို ဆက်လက်လောင်းထည့်လိုက်သည်။
ရုတ်တရက်ဆိုသလိုပင် အခင်းဖြစ်ပွားရာနေရာရှိလူတိုင်းက ကောင်လေးကို အာရုံစိုက်လာကြသည်။
အဘိုးအို၊ ချူစီရှင်းနှင့် အခြားသူများကလဲ စိုးရိမ်ပူပန်နေကြသည်။
ကောင်လေး ပြန်ကောင်းနိုင်ဖို့ ကိုအားလုံးကမျှော်လင့်နေကြသည်။
စုလင်းဟိုကကောင်လေးရဲ့အခြေအနေကနောက်တစ်ခါထပ်ဆိုးသွားမှာကိုကြောက်သည်။
“အဟော့......အဟော့....!”
ကောင်လေးက ချောင်းဆိုးလိုက်ပြီးနောက် တွင်ကောင်လေး၏ အသက်ရှူခြင်းနှင့် နှလုံးခုန်သံများ ပြန်တည်ငြိမ်လာသည်။
လူတိုင်းသည်ပျော်ရွှင်သွားတော့သည်။
အဘိုးအိုက “ဟန်အာရဲ့ အခြေအနေ ဘယ်လိုလဲ။”
ဆရာဝန်က ကမန်းကတန်း စစ်ဆေးပြီး “အန္တရာယ် မရှိတော့ဘူး” ဟု ပြောသည်။
ပြောပြီးတာနဲ့ ဆရာဝန်က လင်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေလိုက်သည်။
အဘိုးအိုရဲ့ ကိုယ်ရေးကိုယ်တာ ဆရာဝန်တစ်ယောက်အနေနဲ့ ကောင်လေးရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ဘယ်လောက်ဆိုးလဲဆိုတာ သူ အတိအကျ သိသည်။
အထူးသဖြင့် နောက်တစက္ကန့်မှာ ကလေးလေး အသက်ရှုရပ်သွားရင်သွားမလိုဖြစ်နေတဲ့အချိန်မှာငူ့လိုဆရာဝန်တောင်ဘာမှမလုပ်နိုင်ပေ။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးတစ်ပုလင်းကြောင့် သက်သာသွားတာလား။
ဒါက လုံးဝကိုမှော်ဆေးတစ်ပုလင်းပါ။
ဆရာဝန်က ပါးစပ်ကိုဖွင့်ပြီး လင်းဖန်ကို ဘာဆေးလဲလို့ မေးချင်ပေမယ့် မပေးတော့ပေ။
ဒါက လင်းဖန်ရဲ့ လျှို့ဝှက်ချက်ဆိုတာကိုအားလုံးက နားလည်သည်။
“ဟန်အာကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်!” အဘိုးအိုက လေးနက်စွာပြောသည်။
ဆရာဝန်၊ ထွားကြိုင်းသော လူလေးယောက်နှင့် သူ့ဘေးနားရှိ စုလင်းဟိုတို့ အားလုံး အံ့သြသွားကြသည်။
အဘိုးအိုက...လူတွေကို ကျေးဇူးတင်တယ်!
ဒါ ဂုဏ်ယူစရာပဲ! ?
လင်းဖန်က သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းပြီး “ငါနည်းနည်းလေး ပါးပါးကူညီလိုက်တာပါ” လို့ပြောလိုက်သည်။
ထိုအချိန်တွင် ကောင်လေးသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူ့မျက်လုံးတွေကို လက်နဲ့အရင်ပိတ်ပြီးမှ ထထိုင်ဖို့ လုပ်လိုက်သည်။
ဘေးက ဆရာဝန်က ကမန်းကတန်းဖြင့်ကောင်းလေးကိုဖေးမပေးလိုက်သည်။
ကောင်လေးက ဟိုဟိုဒီဒီကြည့်ရင်း သူ့မျက်လုံးတွေက အရင်ကလို မှိုင်းမှိုင်းမဟုတ်တော့ဘဲသိချင်စိတ်တွေအပြည့်ရှိသည်။
နောက်ဆုံးတွင်၊ ကလေးလေး၏အကြည့်သည် ရှေ့မှအဘိုးအိုထံ ကျရောက်လာပြီး “အဘိုး၊ ငါတို့ ဘယ်မှာလဲ” ဟု မေးလိုက်သည်။
အဖိုး!
တကယ် သူ့ကိုယ်သူ အဘိုးလို့ခေါ်တယ်။
လွန်ခဲ့တဲ့တစ်နှစ်လောက်က သူဖျားပြီးကတည်းက သူ့ကိုယ်သူ အဘိုးလို့ ဘယ်တုန်းကမှ မခေါ်ခဲ့ဖူးပေ။
သူ... ကောင်းပြီ!
အဘိုးအို၏ မျက်နှာဟောင်းသည် နီရဲနေပြီးပျော်ရွှင်ပြီးစိတ်လှုပ်ရှားသောအမူအရာပေါ်လာသည်။
မြေးဖြစ်သူ ရုတ်တရက်ဖျားသောအခါ အဘိုးအိုသည် မရေမတွက်နိုင်သော ဆရာဝန်များကို ရှာဖွေခဲ့သည်။ဒါပေမယ့် လုံးဝသက်ရောက်မှုမရှိခဲ့ပေ။
အဖိုးအိုသည် သူ့မြေး၏ရောဂါအတွက် အလွန်စိုးရိမ်နေပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့မွေးရပ်ဇာတိရှိ ပန်းဘုရားကျောင်းတွင် မြတ်စွာဘုရား ပေါ်လာပြီး မြေးဖြစ်သူရောဂါ ပျောက်ကင်းကြောင်း ရုတ်တရက် အိပ်မက်မက်ခဲ့သည်။
ဒါကြောင့်သူသည်လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းကကျန်ပေ့ပန်းဘုရားကျောင်းကိုရောက်ရှိခဲ့သည်။ဒါပေမဲ့လဲဘာမှမထူးခြားပေ။
ဒီရက်ပြီးရင်သူ့မြေးနဲ့သူအိမ်မှာအေးအေးဆေးဆေးအပန်းဖြေမယ်လို့စိတ်ကူးထားသည်။
“ကောင်းတယ်ကောင်းတယ်!” အဘိုးအိုက စိတ်လှုပ်ရှားစွာနဲ့ “ဟန်အာ၊ မင်းနေကောင်းသွားပြီ!”
စကားပြီးတာနဲ့ သူက လင်းဖန်ကို စိုက်ကြည့်လိုက်ပြီး “ငါက ငါ့ကိုယ်ငါ မမိတ်ဆက်သေးဘူး၊ ငါ့နာမည် ကျူဝမ်မင်ပါ အစ်ကို၊ မင်းနာမည်ဘယ်လိုခေါ်လဲ?”
အနီးနားရှိလူတိုင်း အံ့သြသွားပြန်သည်။
ကျူဝမ်မင် က လူငယ်တစ်ယောက်ကို သူ့ကိုယ်သူ မိတ်ဆက်ဖို့ အစပြုခဲ့တာလား။ !
ဒါ....…
ဒါ…
စုလင်းဟို သည် လင်ဖန်အား မနာလိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ အနာဂတ်တွင် လင်းဖန် နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန် ကြိုးစားရမည်ဟု စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ခဲ့သည်။
ကျူဝမ်မင် ?
လင်းဖန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခု ရှိနေသည်။
ပန်းဘုရားကျောင်းသို့သွားရာလမ်းတွင် သူရဲကောင်းများ၏ အထိမ်းအမှတ်တစ်ခုရှိသည်ကို သူ ယောင်ဝါးဝါး သတိရမိသည်။
သူရဲကောင်း အထိမ်းအမှတ် အဆောက်အအုံရဲ့ နာမည်ကတော့ ကျူဝမ်မင်ဖြစ်ပုံရသည်။
“ငါ့နာမည် လင်းဖန်”
“ဂျမ်း.....ဂျမ်း....ဝူး...ဝူး...”
ထိုအချိန်တွင် စစ်စိမ်းရောင် ရဟတ်ယာဉ်တစ်စီး ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်လာခဲ့သည်။
ကလေးငယ်ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ကြည့်ရှုသူပရိသတ်များက မြင်ခဲ့ကြပြီးနောက်ဖြည်းညှင်းစွာ လူစုခွဲရန် လုပ်လိုက်သည်။
အခုတော့ ကောင်းကင်မှာ ရဟတ်ယာဉ်တစ်စီး ရုတ်တရက် ပေါ်လာတာကို တွေ့လိုက်ရတော့ ရပ်ပြီး ကြည့်လိုက်သည်။
ရဟတ်ယာဉ်သည် သူတို့အနှီးနားမှာလာရပ်သည်ကိုမြင်သောအခါ အားလုံး ဝေးဝေးသို့ဆုတ်သွားကြသည်။
မကြာခင်မှာ အရပ်မြင့်ပြီး ပုခုံးပေါ်မှာ ဆုတံဆိပ်တွေ တပ်ဆောင်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက် သည်ရဟတ်ယာဉ်ပေါ်ကနေ ဆင်းလာခဲ့သည်။
သူတို့သည် ကျူဝမ်မင်ထံသို့ အလျင်အမြန်ရောက်လာပြီး အာရုံစိုက်ကာ ရပ်ကာ အလေးပြုကာ ‘’ကြီးမြတ်သော ခေါင်းဆောင်ကျူ”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး