← Chapters

သူမလုပ်နိုင်တဲ့ဟာရှိလား

Vol. 7 Ch. 97

သူမလုပ်နိုင်တဲ့ဟာရှိလား

Vol. 7 Ch. 97

ကျူဝမ်မင်ကအလေးပြုနေတဲ့သူကိုခေါင်းညိတ်ပြလိုက်သည်။

ကျူဝမ်မင်သည်သူ့မြေးသက်သာသွားသောကြောင့်အတော်ပျော်နေသည်။

ကျူဝမ်မင်သည် ပတ်ဝန်းကျင်ကို လှမ်းကြည့်ရင်း လူများ ပိုများလာပြီးသူ့ကိုကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သူဒီမှာဆက်နေဖို့ မသင့်တော်ဘူးဆိုတာကိုနားလည်လိုက်သည်။

ထို့ကြောင့် သူ့မြေးနှင့်အတူ ရဟတ်ယာဉ်ဆီသို့ ဦးတည်သွားတော့မည်။

ဒါပေမယ့် ကျူဝမ်မင်မသွားခင်မှာ သူက လင်းဖန် ကို “ညီလေး လင်းငါ့နေရာကို လိုက်အုံးမလား။”

ပခုံးပေါ်တွင် ကြယ်တံဆိပ်ပါသော အမျိုးသားနှစ်ဦးသည် ထိုစကားကိုကြားတော့ လင်းဖန်ကိုအံ့သြသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသည်။

လင်းဖန်သည် ရဟတ်ယာဉ်ပေါ် တစ်ခါမှမရောက်ဖူးပေ။ ကျူဝမ်မင်၏ စကားကို ကြားပြီးနောက် အနည်းငယ် တုန်လှုပ်သွားသည်။

သို့သော် သူသည်ချက်ခြင်းပြန်မဖြေခဲ့ပေ။

ယင်းအစား သူသည် ချူစီရှင်းနှင့် ဟေးလင်းတို့ကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။

ချူစီရှင်းက”လင်းဖန် လိုက်သွားလေါ။ ဟေးလင်း နဲ့ ငါတို့ ကားမောင်းပြီးပြန်လိုက်မယ်”

ဟေးလင်းလည်း ထပ်ခါထပ်ခါ ခေါင်းညိတ်ပြသည်။

သူတို့မိုက်မဲနေရင်တောင် ကျူဝမ်မင် ဟာ အလွန်ကြောက်စရာကောင်းတယ်ဆိုတာ သူတို့သိသည်။

အခု လင်းဖန်က သူ့မြေးရဲ့အသက်ကို ကယ်တင်လိုက်ပြီဆိုတော့ ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုပေးရင်ပေးနိုင်သည်။

စုလင်းဟို က “ဟုတ်တယ် လင်းဖန်၊ သွားတော့ မင်းသူငယ်ချင်းနှစ်ယောက်ကို ဘေးကင်းစွာငါ ပြန်ပို့ပေးမယ်!”

ယခု စုလင်းဟို သည် လင်းဖန် နှင့် စကားပြောရန် အခွင့်အရေးရနေသရွေ့ ၎င်းကို လက်လွတ်မည်မဟုတ်ပေ။

လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ” ဟုပြောသည်။

ထို့နောက် လင်းဖန်သည် ရဟတ်ယာဉ်ပေါ်သို့ လိုက်ပါသွားခဲ့သည်။

ရဟတ်ယာဉ်နဲ့ ခရီးသည်တင်လေယာဉ်ကြား ကြီးမားတဲ့ ခြားနားချက် ရှိနေသေးတယ်လို့ ပြောရမည်ဖြစ်သည်။

ထိုင်နေစဉ် နားကြပ်တပ်ထားရမည်ဖြစ်သည်။မဟုတ်ပါက ကျယ်လောင်သောအသံကြောင့်နားစည်ကို ပေါက်သွားနိုင်သည်။

ရဟတ်ယာဉ်ပေါ်မှာ ထိုင်ပြီး အပြင်က ရှုခင်းတွေကို ကြည့်တာက ခရီးသည်တင် လေယာဉ်ထက် ပိုကောင်းသည်။

လင်းဖန်သည် သာယာသော ရှုခင်းများကိုကြည့်ရင်းမကြာမီကျူဝမ်မင်အိမ်သို့ရောက်လာခဲ့သည်။

သူတို့ရောက်ပြီး မကြာခင်မှာပဲ အင်္ကျီဖြူဝတ် ဆရာဝန်အဖွဲ့တစ်ဖွဲ့က ကျူဟန်အာ ကို ဝိုင်းထားပြီး စစ်ဆေးရမည့်အားလုံးကိုစစ်ဆေးလိုက်သည်။

ဆရာဝန်တွေလက်ထဲ စာရွက်စာတမ်းတွေ ပေါ်လာဖို့ အချိန်သိပ်မကြာလိုက်ပေ။

နောက်ဆုံးတွင်၊ ဆံပင်ဖြူသော ဆရာဝန်ဟောင်းက ကျူဝမ်မင်ထံ လှမ်းလာပြီး “ခေါင်းဆောင်ကျူ၊ အာဟာရချို့တဲ့တာကလွဲလို့ ဟန်အာရဲ့ ခန္ဓာကိုယ်က အစစအရာရာ အဆင်ပြေတယ်” လို့ ပြောလိုက်သည်။

ကျူဝမ်မင်အနေဖြင့် သူ့မြေးဖြစ်သူကို ဗိုက်ဆာအောင် မထားဘဲ နေသည်မှာသဘာဝအတိုင်းပင်ဖြစ်သည်။

သို့သော် လွန်ခဲ့သည့်တစ်နှစ်အတွင်း သူ့မြေးဖြစ်သူသည် မကြာခဏ သရေရည်ယိုခြင်း၊ အစာမစားတဲ့အနေအထားတွင် ရှိနေခဲ့သည်... အချိန်အတော်ကြာအောင် ဤအရာက သူ့ကို အာဟာရချို့တဲ့စေသည်။

ထိုအချိန်တွင် ပခုံးပေါ်မှ ကြယ်ပွင့်တံဆိပ်ကို တပ်ဆောင်ထားသည့် အမျိုးသားတစ်ဦး လှမ်းတက်လာပြီး စာရွက်စာတမ်းများကိုပေးလိုက်သည်။

စာရွက်၏ထိပ်တွင် စကားလုံးနှစ်လုံးကို စွဲမက်ဖွယ်ရေးသားထားသည်- လင်းဖန်

ကျူဝမ်မင်က လျင်မြန်စွာကြည့်ရင်း” သင်္ချာပညာရှင် လူငယ်လား? အိုး? နဂါးအဖွဲ့ 10 ရဲ့ ခေါင်းဆောင် သူ့မှာ ဒီလိုစွမ်းရည်တွေ ရှိတာ မဆန်းပါဘူး!”

အချိန်တိုလေးအတွင်းမှာပဲ လင်းဖန် နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လွယ်လွယ်ကူကူ စုဆောင်းနိုင်ခဲ့သည်။

ထိုအချိန်တွင် လင်းဖန်သည် ခြံဝင်းအတွင်းရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်ကာ အဝေးကရှုခင်းများကို ခံစားရင်း အေးအေးဆေးဆေး နေလေသည်။

ကျူဝမ်မင်သည် လင်းဖန် ကို အဝေးမှ လှမ်းကြည့်ကာ မထိန်းနိုင်ဘဲ တိတ်တဆိတ် ခေါင်းညိတ်ကာ စိတ်ထဲမှ ပြောနေသည်- နဂါးအဖွဲ့ 10 ခေါင်းဆောင်၏ မျှော်လင့်ထားသည့်အတိုင်းပါပဲ။

ကျူဝမ်မင်သည်လင်းဖန်နားကို တိုးလာပြီး “အစ်ကိုလင်း၊ ငါ့မြေး အခု အခြေအနေ ဘယ်လိုလဲ” ဟုမေးလိုက်သည်။

လင်းဖန်က “စိတ်မပူပါနဲ့ သူနေကောင်းပါတယ်”

ယခင်က စစ်ဆေးမှုများစွာ ပြုလုပ်ပြီးနောက်တွင် ကျူဟန်အာ ပြန်လည်ကောင်းမွန်လာကြောင်း ဆရာဝန်မှ ပြောကြားခဲ့သည်။

သို့သော်လည်း ကျူဝမ်မင်သည် အနည်းငယ် စိုးရိမ်နေသေးသည်။

ယခုတော့ လင်းဖန်က ကျူဟန်အာကို သွားကြည့်ဖို့တောင် မသွားရသေးဘဲပြောသောကြောင့် ကျူဝမ်မင်လုံးဝ စိတ်သက်သာရာ ရသွားခဲ့သည်။

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ဂလူ....ဗူး...ဗူးး!”

ဒီအချိန်မှာ သူ့ဘေးက ရေဆူပွက်လာခဲ့သည်။

လင်းဖန်သည် ခရမ်းရောင် မြေအိုးပေါ်တွင် ရေနွေးပူပူကို ပထမဆုံးလောင်းချလိုက်သည်။

ပြီးရင် လက်ဖက်ခြောက်ကို ဖြည်းဖြည်းချင်း ထည့်ပြီး အရည်စစ်ထုတ်ဖို့ကိုဘေးနားက ရေနွေးကို ထပ်အသုံးပြုလိုက်သည်။...

ပွက်ပွက်ဆူနေသောရေတွင် ပြုတ်ပြီးနောက်၊ ၎င်းသည် မွှေးကြိုင်သောရနံ့ပျံ့နှံလာသည်။

နောက်ဆုံးတွင် လင်းဖန်က လက်ဖက်ရည်ကို ခွက်ထဲသို့ ထည့်လိုက်ပြီး “ကျေးဇူးပြုပြီး” လို့ပြောလိုက်သည်။

မျက်နှာချင်းဆိုင်ထိုင်နေသောကျူဝမ်မင်သည် ဒါကိုမြင်လိုက်ရပြီး သူ၏ရွှံ့မျက်လုံးများ အနည်းငယ် လင်းလာခဲ့သည်။

ကျူဝမ်မင်က’’ညီလေးလင်းမင်းလက်ရည်ဖျော်တာကိုသိလိမ့်မယ်မထင်ထားဘူး။မင်းရဲ့လက်ဖက်ရည်ဖျော်နည်းကငါ့ထက်တောင်ကျွမ်းနေသေးသည်။’’ဟုပြောလိုက်သည်။

ငယ်ငယ်တုန်းက ကျူဝမ်မင်ဟာ ​​ထက်မြက်ပြီး ပြတ်သားတဲ့သူတစ်ယောက်ပါ။

ဒါပေမယ့် အသက်ကြီးလာတဲ့အခါ ဘိုးဘွားရိပ်သာမှာ နေခဲ့ရပြီး နေတဲ့နေတိုင်းမှာစာရေးတယ်၊ လက်ဖက်ရည်သောက်တယ်၊ စစ်တုရင်ကစားတယ်။

ဒါကလည်း ပုံမှန်ပါပဲ။

တကယ်တော့ ဒီအရာတွေကိုမလုပ်ရင်ကျူဝမ်မင်ဟာနေ့တိုင်း ဘာလုပ်ရမှန်းမသိဖြစ်သွားမည်ဖြစ်သည်။

နှစ်ပေါင်းများစွာ စုဆောင်းထားသောကြောင့် သူသည် လက်ဖက်ရည်နှင့် လက်ရေးလှရေးခြင်းတွင် တိကျသောအမြင်နှင့် အောင်မြင်မှုများ ရရှိစေခဲ့သည်။

ထို့ကြောင့် လင်းဖန် ၏ လုပ်ဆောင်ချက်များကို ရှာဖွေရန် လွယ်ကူသည်။

ကျူဝမ်မင်သည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ ငုံ့သောက်လိုက်ရာ သူ့မျက်နှာမှာ ပျော်ရွှင်မှုအပြည့်ဖြစ်သွားသည်။ ဟန်အာ သည် သူ့အဘိုး ဝမ်းသာအားရ သောက်သုံးနေသည်ကို မြင်လိုက်ရသဖြင့် သူသည်လဲသူ့ပါးစပ်ထဲသို့ လက်ဖက်ရည်တစ်ခွက်ကို လောင်းထည့်လိုက်သည် ။

သို့သော်လည်း ကျူဟန်အာသည် လျင်မြန်စွာ အော့အန်ပြီး “အရမ်းခါးတယ်!”ဟုပြောလိုက်သည်။

လင်းဖန်နှင့် ကျူဝမ်မင်တို့ကချက်ချင်းရယ်လိုက်ကြသည်။

ကျူဝမ်မင်က “ညီလေးလင်း၊ မင်း စစ်တုရင်ကစားတတ်လား” လို့မေးလိုက်သည်။

“နည်းနည်းလေ” လင်းဖန်က ပြောသည်။

“ကောင်းပြီ၊ ဒါဆိုဆော့ကြည့်ရအောင်!” ကျူဝမ်မင် က ပြောသည်။

“ဒေါင့်!”

“ဒေါင့်!”

လင်းဖန်သည် ကျွမ်းကျင်စစ်တုရင်ကျွမ်းကျင်မှုရှိပြီး ကျူဝမ်မင်သည် လဲစစ်တုရင်မှာလဲကျော်ကြားတဲ့သူတစ်ဦးဖြစ်သည်။..

အစပိုင်းတွင် နှစ်ယောက်စလုံး လျင်မြန်စွာ ဆော့နေသည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျူဝမ်မင် ၏ အရှိန်သည် တဖြည်းဖြည်း နှေးကွေးလာပြီး လင်းဖန် ၏ အရှိန်သည် လဲအတူတူပင် ဖြစ်သည်။

“ဗိုလ်ချုပ်!” လင်းဖန်က တစ်ချက်ချပြီး ပြောလိုက်သည် ။

ကျူဝမ်မင်သည် စစ်တုရင်ခုံကို အချိန်အတော်ကြာ စိုက်ကြည့်ကာ “တော်တယ်!”

ရုတ်တရက် လင်းဖန်ကို ကြည့်လေကြည့်လေ လင်းဖန်သည် လင်းဖန်ကိုပို၍လေးစားစေခဲ့သည်။

လက်ဖက်ဖျော်အနုပညာကိုသိသည်သာမက စစ်တုရင်စွမ်းရည်လည်း အရမ်းကောင်းတယ်... သူမလုပ်နိုင်တဲ့ဟာရောရှိသေးလား။

ထိုအချိန်တွင်၊ ပခုံးပေါ်ရှိ ကြယ်တံဆိပ်ကို တပ်ဆောင်ထားသော လူလတ်ပိုင်းအရွယ်က လှမ်း၍ အလေးပြုသည်- “ချန် ပြည်နယ်၏ ခေါင်းဆောင်ကြီးသည် မိဘများနှင့် အရာရှိများကို တောင်ခြေရင်းသို့ ခေါ်ဆောင်လာခဲ့တယ်။သူတို့ကို တွေ့ချင်ပါသလား။ “

ကျူဝမ်မင်က လက်ဖက်ရည်သောက်ပြီး “သူတို့ကိုဒီကိုလာခိုင်းလိုက်ပါ တွေ့ကြတာပေါ့” လို့ ပြောသည်။

“ဟုတ်!” သက်လတ်ပိုင်း ကချက်ချင်းပြန်ပြောလိုက်သည်။

မကြာခင်မှာပဲ အင်္ကျီဖြူဝတ်ထားတဲ့ ယောက်ျား မိန်းမ အုပ်စုကြီးတွေက အလျင်အမြန် လျှောက်လာခဲ့ကြသည်။

ကျူဝမ်မင်ကို တွေ့သောအခါ အားလုံးက လက်ကို ဦးညွှတ်ပြီး “မင်္ဂလာပါ ကျူ!’ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters