← Chapters

အနက်ရောင်ဆိုင်

Vol. 7 Ch. 99

အနက်ရောင်ဆိုင်

Vol. 7 Ch. 99

ကျန်ပေ့မြို့တော် ကျူရှင်းတွင်တည်ရှိသော နိုင်ငံတကာရေမွှေးပြပွဲ။

လင်းဖန်သည် တံခါးရှေ့တွင် ရပ်ကာ လေထဲရှိ ရနံ့များကို ရှူရှိုက်ရင်း အထဲသို့ဝင်လာခဲ့သည်။

နိုင်ငံတကာ ရေမွှေးပြပွဲများတွင် ပါဝင်သူအများစုမှာ အမျိုးသမီးများဖြစ်ပြီး အမျိုးသမီးများနှင့်အတူဈေးဝယ်ထွက်သည့် အမျိုးသားများဖြစ်သည်။

လင်ဖန်းလို တစ်ယောက်တည်း သမားကရှားသည်။

ဒါပေမယ့် လင်းဖန် ကတော့ ဒါကို သိပ်ဂရုမစိုက်ပေ။လင်းဖန်ရာနှင့်ချီသော ပြခန်းများပါရှိသည့်ဤနိုင်ငံတကာ ရေမွှေးပြပွဲသည် အလွန်ကြီးမားဟုတွေးလိုက်သည်။

ချန်နယ်, ဒယ်ရို့, လင်းခမ်းမ်အစရှိသည့် နိုင်ငံတကာနာမည်ကြီးများစွာကို လဲထားရှိသည်။

အမျိုးသမီး အများအပြားသည် မတူညီသော ပြခန်းများရှေ့တွင် စမ်းကြည့်နေကြပြီး စကားများကိုတိုးတိုးပြောကာ ရံဖန်ရံခါ ရယ်မောနေကြသည်။

ပြပွဲတစ်ခုလုံးရှိလေထုသည် အလွန် သက်ဝင်လှုပ်ရှားနေသည်။

လင်းဖန်သည် အထဲသို့သို့ လျှောက်သွားတိုင်း တံဆိပ်အမျိုးမျိုး၏ ရေမွှေးနံ့ကိုနမူနာအဖြစ်ပေးခဲ့ကြသည်။

ခဏလောက် လမ်းလျှောက်ရင်း လင်းဖန်၏ လက်ထဲတွင် ရေမွှေးနမူနာ တစ်ဒါဇင်ကျော် ရှိလာခဲ့သည်။

လင်းဖန်သည် ရှေ့ကို ဆက်လျှောက်နေသည်။

လင်းဖန်ဟန်စီဒီလို့ ခေါ်တဲ့ ရေမွှေးဆိုင်ကို ရောက်တဲ့အခါ ရပ်သွားခဲ့သည်။

ဤအခန်း၏ဧရိယာသည် ပျမ်းမျှထက် သိသိသာသာကြီးသည်။ ပုံပန်းသဏ္ဍာန် နှင့်ဒီဇိုင်းသည် အလွန်ဖက်ရှင်ကျသည်။ စတိုးဆိုင်တွင် လဲဝန်ထမ်းဦးရေ အများအပြားရှိပြီး ဝန်ဆောင်မှုမှာလဲစိတ်တိုင်းကျပင်ဖြစ်သည်။

ဟန်စီဒီသည် ယနေ့ပြပွဲမှာ အလွန်အရေးကြီးကြောင်း ထင်ရှားသည်။

ဒါတွေကို... လင်းဖန်က ဂရုမစိုက်ပေ။

နိုင်ငံတကာ ရေမွှေး ပြပွဲကို ဝင်ပြီးရင် တခါမှ အနံ့မရဖူးတဲ့ အထူးရနံ့တွေ ဒီတဲကနေရနေပြီး ရင်းနှီးတဲ့ ရနံ့လေးတွေ လဲထွက်နေခဲ့သည်။

လင်းဖန်သည် စူးစမ်းလိုစိတ်ဖြင့် ဆိုင်ခန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

မကြာခင်မှာ မျက်နှာချိုသာတဲ့ စာရေးမလေးက သူ့ကို ပြုံးပြီး “ဟယ်လို၊ ငါ မင်းကို ဘာကူညီပေးရမလဲ” လို့မေးလိုက်သည်။

လင်းဖန်သည် စကားပြောဖို့ပြင်လိုက်သည်။

ဒါပေမဲ့ဒီအချိန်တွင် မကျေနပ်သော အသံတစ်ခုသည် အဝေးမှ ထွက်ပေါ်လာခဲ့သည်။

မိတ်ကပ်ထူထူနဲ့ အမျိုးသမီးတစ်ယောက်က “မင်းငါ့ကို ဘာလုပ်လိုက်တာလဲ၊ ငါဘာလို့ အနံ့အသက်ဆိုးရနေတာလဲ”

“ဒီရေမွှေး ဒါမှမဟုတ် မစင်တွေလား? ဒီကိုဘယ်လို့ လာရောင်းတာလဲ” လို့ ဘေးက မျက်နှာဝိုင်းကလူက ပြောလိုက်သည်။

ဆန့်ကျင်ဘက်တွင်ရပ်နေသော စာရေးသည် ခေါင်းငုံ့ကာ ထိတ်လန့်တကြားပြောသည် “သခင်မလေး၊ ဒါနားလည်မှုလွဲနေတာတော့ ရှိမယ်ထင်တယ်” ဟု ပြောလိုက်သည်။

ဒါကသူမပြောသည်မှာအမှန်ဖြစ်သည်။

ဒါပေမယ့်လဲစာရေးမသည်ပြောသာပြောရတာသူမသည်လဲယုံကြည်မှုမရှိခဲ့သည်။ဘာလို့လဲဆိုတော့စာရေးမကလည်းအနံ့ဆိုးကိုရလို့ပင်ဖြစ်သည်။

မိတ်ကပ်အထူကြီး လိမ်းထားတဲ့အမျိုးသမီးက “ဘာကိုနားလည်မှုလွဲနေတာလဲ။ အဲဒါကို နမ်းကြည့်စမ်းပါအုံး ဒါက ရေမွှေးရနံ့လား၊ မစင်အနံ့လား။ မင်းတို့ဆိုင်ကအနက်ရောင်ဆိုင်လို့ငါထင်တယ်”(အနက်ရောင်ဆိုင်အရည်အသွေးမမှီတဲ့ဟာတွေကိုပြောတာပါ)

ထို့နောက် သူမချက်ချင်းပင်၊ “အားလုံးပဲ ဒီဆိုင်က အနက်ရောင်ဆိုင်ပဲ၊ သူတို့ရေမွှေးကမကောင်းဘူး၊ဒါကြောင့် သူတို့ရေမွှေးကို မသုံးပါနဲ့!”

လူတိုင်းသည်ဒါကိုကြားလိုက်ကြသည်။ဒါကိုကြားသည်နှင့်ရေမွှေးစမ်းမည့်သူအချို့သည် ကပျာကယာဘေးသို့ ထွက်သွားကြသည်။

များမကြာမီပင် ကြီးမားသော ဆိုင်ခန်းကြီးတွင်လူများမရှိသလောက်နီးပါးဖြစ်သွားသည်။ဒါပေမဲ့ဆိုင်အပြင်မှာတော့လူတွေအများကြီးရှိသည်။

ထိုအချိန်တွင် လက်ပတ်နီဝတ်ထားသည့် ပွဲစီစဉ်သူ ဝန်ထမ်းများ ရောက်ရှိလာပြီး “ဒီမှာ ဘာဖြစ်တာလဲ” ဟု မေးလိုက်သည်။

မိတ်ကပ်အထူကြီးလိမ်းထားတဲ့ အမျိုးသမီးက “ဒါက အနက်ရောင်ဆိုင်ပါ။ သူတို့က အရည်အသွေးနိမ့်တဲ့ ရေမွှေးတွေရောင်းနေတယ်၊ ငါလိမ်းလိုက်တာနဲ့ အနံ့အသက်ဆိုးတွေ ထွက်လာတယ်။ မင်းမရုံရင်ငါ့ခန္ဓာကိုယ်ကို အနံ့ခံကြည့်နိုင်တယ်… “

ဝန်ထမ်းသည် အနံ့ပြင်းပြင်းကိုမိတ်ကပ်လိမ်းထားသည့် အမျိုးသမီးထံ မရောက်မီတွင် ဝန်ထမ်းများအားလုံးအဲ့ရနံကိုရကြသည်။ဒါပေမဲ့လဲသူမပြောတဲ့အတိုင်းအနံခံလိုက်တာနဲ့စားထားထားသမျှပြန်အန်​ထွက်တော့မည့်အတိုင်းပင်ဖြစ်သည်။

ဒါကြောင့်ဝန်ထမ်းများသည် လေးလံတဲ့ မိတ်ကပ်လိမ်းခြယ်ထားတဲ့ အမျိုးသမီးနဲ့ နှစ်လှမ်းလှမ်းပြီးနောက်စာရေးမကို’’ဘာဖြစ်နေတာလဲ” လို့ မေးလိုက်သည်။

စာရေးမက”အဲဒါ... နားလည်မှုလွဲတာတော့ ရှိမယ်ထင်တယ်” လို့ ပြောလိုက်သည်။

“ဘာကို၊ နားလည်မှုလွဲတာလဲ!” မျက်နှာဝိုင်းကလူက အော်ပြောလိုက်သည်။

အနီးနားရှိလူအချို့သည် အနံ့အသက်ဆိုးကိုရှူရှိုက်မိသဖြင့်နှာခေါင်းကို အုပ်လိုက် အဝေးလို့လှမ်းဆုတ်လိုက်ကြသည်။

တချို့လူတွေက အဝေးကနေ ဓာတ်ပုံရိုက်ကြသည်။ သေချာသည်မှာ၊ သူတို့သည် အနာဂတ်တွင် ဟန်စီဒီမှ ရေမွှေးကို ဘယ်တော့မှ မဝယ်သင့်ကြောင်း ၎င်းတို့၏ သူငယ်ချင်းများနှင့်မိတ်ဆွေများကို ပြောမလို့ပင်ဖြစ်သည်။

ဒါကိုမြင်တော့ စာရေးမကလဲ အရမ်းစိုးရိမ်သွားခဲ့သည်။

ယနေ့ခေတ်သည် အင်တာနက်ခေတ်ဖြစ်သည်။ တစ်စုံတစ်ဦးကဤအကြောင်းကိုအင်တာနက်ပေါ်တင်လိုက်တာနဲ့သူမတို့၏အမှတ်တံဆိပ်အပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိစေမည်ဖြစ်သည်။

ယနေ့နိုင်ငံတစ်ကာရေမွှေးပြပွဲ တွင် ပါဝင်ရခြင်း၏ အကြောင်းရင်းမှာ ရေမွှေး၏ ပုံသဏ္ဌာန်နှင့် ကျော်ကြားမှုကို မြှင့်တင်ရန်ဖြစ်သည်။

တစ်ချိန်လုံး စကားမပြောတဲ့ လင်းဖန်က “တကယ်တော့ ဒီအမျိုးသမီးရဲ့ ရနံ့ဟာ ဟန်စီဒီရဲ့ရေမွှေးနဲ့ ဘာမှမဆိုင်ဘူး” လို့ ပြောလိုက်သည်။

လေးလံသော မိတ်ကပ်လိမ်းခြယ်ထားသော အမျိုးသမီးသည် သူမ၏အမြီးကို နင်းမိသွားသလိုမျိုးဒေါသထွက်သွားခဲ့သည်။

သူ ဘာကို ဆိုလိုတာလဲ။

ဒီလောက်အနံ့ဆိုးရနေတာတောင်ဒီရေးမွှေးနဲ့မဆိုင်ဘူးလား။

လေးလံသော မိတ်ကပ်လိမ်းခြယ်ထားသော အမျိုးသမီးက “မင်းကဟန်စီဒီကပဲဖြစ်ရမယ်၊ ဒါကြောင့်မင်းကလိမ်ပြောတာပဲဖစ်ရမယ်။သူ့ကို မယုံပါနဲ့!”

လင်းဖန်က မိတ်ကပ်အထူကြီးလိမ်းထားတဲ့ အမျိုးသမီးရဲ့စကားကို လုံးဝပြန်မဖြေဘဲ “မင်းကပန်းပင်ရေမွှေးမလိမ်းခင် ဖူရှောင်၊ ရီယွမ်၊ စီဒ့် နဲ့ တခြားရေမွှေးတွေကို လိမ်းခဲ့တယ်ထင်တယ်”

စကားပြောနေစဉ် လင်းဖန်သည် ပန်းပင်ရေမွှေးပုလင်းကို ကောက်ယူပြီး ပုလင်းအဖုံးကို ဖွင့်လိုက်သည်။

“မင်း တို့ရှူကြည့်မွှေးတဲ့အနံပဲရှိတယ်။အနံဆိုးမရှိဘူး”

ဝန်ထမ်းများသည် နှာခေါင်းကိုပုလင်းဘေးမှာ ကပ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ရှူလိုက်သည်။

အနီးနားရှိ စပ်စုသူများကလည်း အနံ့ခံနေသော်လည်း အမှန်ပင် အနံ့ဆိုးမရှိကြောင်းတွေ့ရှိသွားသည်။

လင်းဖန်သည် ဖူရှောင်၊ ရီယွမ် နှင့် စီဒ့်ရေမွှေးများကို ထုတ်ယူကာ လူများ ကို အနံ့ခံစေခဲ့သည်။သူတို့အားလုံးသည်မွှေးရနံ့ကလွဲပြီးဘာအနံအသက်ဆိုးများမရှိကြောင်းသိလိုက်ကြသည်။

ထို့နောက် လင်းဖန်သည် ပန်းပင်၊ ဖူရှောင်၊ ရီယွမ်နှင့် စီဒ့်ကို အတူတကွ လောင်းထည့်လိုက်သည်။

တခဏအတွင်း နေရာတိုင်းတွင် အနံ့အသက်များ ပျံ့လွင့်လာသည်။

“Fuck! အနံ့အရမ်းဆိုးတယ်!”

“အနံ့အရမ်းဆိုးတာပဲ!”

“အိုး!”

ရုတ်​တရက်​ပင်​ ​အော်​ဟစ်​သံ​များထွက်ပေါ်လာကြသည်​။

ထိုအချိန်တွင်၊ လင်းဖန်၏ပြောဆိုချက်အတိုင်းအရည်အသွေးမမီလို့မဟုတ်ဘဲ ရောစပ်ခြင်းကြောင့် ဖြစ်ပေါ်လာသည်ဟု လူတိုင်းက နောက်ဆုံးတွင် ယုံကြည်သွားကြသည်။

လေးလံသော မိတ်ကပ်လိမ်းခြယ်ထားသော အမျိုးသမီးနှင့် မျက်နှာဝိုင်းစက်သော အမျိုးသားတို့ကလည်း ၎င်းတို့၏အမှားကိုနားလည်သွားကြသည်။

လင်ဖန်းသည် အနံ့နည်းနည်းဆိုးသွားသည်ကိုလည်း ခံစားလိုက်ရပြီး နှာခေါင်းကို လက်ဖြင့် ညင်သာစွာ ပိတ်လိုက်သည်။

ထို့နောက် ပန်းပင်ရေမွှေးအဖုံးကိုဖွင့်၍ တစ်ကိုယ်လုံးကို ပက်ဖြန်းလိုက်သည်။

ခဏအကြာတွင် ပန်းပင်၏ မွှေးပျံ့သောရနံ့သည် အခန်းတစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။

ပတ်​ဝန်းကျင်​ရှိ အနံ့​ဆိုးတွေ​မရှိတော့ပဲပန်းပင်ရေမွှေးရနံသာရှိတော့သည်။

အနံ့ခံမိသည့်လူတိုင်းသည် သဲကန္တာရထဲမှာ ရက်အတော်ကြာ လမ်းလျှောက်ပြီးမှ နောက်ဆုံးမှ ရေကို သောက်လောက်သလိုမျိုး တစ်ကိုယ်လုံး အလွန်သက်တောင့်သက်သာ ရှိလှသည်။

ထို့ကြောင့် တယောက်ပြီး တယောက် ပန်းပင်ရေမွှေး ဆီသို့ စုရုံးသွားကြသည်။

ထိုအချိန်တွင်၊ လင်းဖန်၏ဘေးတွင်သာယာလှပပြီးချိုသာသောအသံတစ်ခုထွက်ပေါ်လာသည်။

“ကျေးဇူးတင်ပါသည်။”

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters