← Chapters

ဂျန်ရီအံသြခြင်း

Vol. 7 Ch. 101

ဂျန်ရီအံသြခြင်း

Vol. 7 Ch. 101

လင်းဖန်သည် ရီကေသို့ရောက်သောအခါ ရေမွှေးပုလင်းနှစ်ပုလင်းကို တိုက်ရိုက်ထုတ်ပြီးမိန်းကလေးနှစ်ယောက်ကိုပေးလိုက်သည်။

ချူစီရှင်းက ရေမွှေးအဖုံးကိုဖွင့်ပြီးရှူရှိုက်ရင်း “အရမ်း အနံ့ ကောင်းတယ်၊ ခင်ပွန်း၊ ဒါက ငါတို့အတွက်လား။”

လင်းဖန်က ပြုံးပြီး “မင်းတို့ကိုမပေးရင် ဘယ်သူ့ကို ပေးရမှာလဲ”ဟုပြောလိုက်သည်။

လင်းဖန်” အနီရောင်ပုလင်းက ချူစီရှင်းဟာ အဝါပုလင်းက ဟေးလင်းအတွက် ပါ။”

“ကျေးဇူး” ချူစီရှင်းနှင့် ဟေးလင်းတို့ နှစ်ယောက်လုံး အလွန်ပျော်ရွှင်သွားကြသည်။

မကြာမီ အခန်း 2501 တွင်ပျော်ရွှင်စရာညတစ်ညဖြစ်လေသည်။

…………

……

နောက်တစ်နေ့တွင် နေသည်အရှ့ဘက်မှထွက်လာခဲ့သည်။

လင်းဖန်သည် နံနက်စာစားပြီးနောက် ကျန်ပေ့တက္ကသိုလ်ဆီသို့ လာခဲ့သည်။

ထိုအချိန်တွင် ကျန်ပေ့တက္ကသိုလ်တွင်ကျန်ပေ့မြို့တော်၏ခေါင်းဆောင် ဂျန်းရီနှင့် အခြားသူများကလဲကျန်ပေ့တက္ကသိုလ်သို့ ရောက်ခဲ့သည်။သူတို့နောက်မှာသတင်းထောက်တွေလဲပါတာပေါ့။

ထိုအချိန်တွင်၊ ဂျန်ရီက” မကြာသေးမီက ကျန်ပေ့တက္ကသိုလ်တွင် သင်္ချာဉာဏ်ကြီးရှင်တစ်ဦး ပေါ်လာခဲ့ကြောင်း ကြားသိခဲ့ရပါသည်။ သူသည် အဆင့်မြင့်ပညာရေးဖလားကို ဆွတ်ခူးရုံသာမက ဇောင်၏ယူဆချက်နှင့် အမွှာအနှစ်သာရကိုအဖြေရှင်းနိုင်ခဲ့တယ်’’

“သူသည် ကျန်ပေ့တက္ကသိုလ်နှင့် ကျန်ပေ့မြို့အတွက် ဂုဏ်ကျက်သရေကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် သူ့ကို ကောင်းကောင်း ချီးမွမ်းရအောင်!” ဂျန်ရီ က ဝမ်းသာအားရ ပြောလိုက်သည်။

ရှန်လင်း က “မင်းပြောတာမှန်တယ်... ငါတို့ကျောင်းက ဘောနပ်စ် ယွမ် 500,000 ကို နောက်မှ သူ့ကို ပေးလိုက်မယ်။”

“နောက်မှပေးမလို့လား?” ဂျန်ရီ က မျက်မှောင်ကြုတ်ပြီး “သတင်းထောက်တွေကို အင်တာဗျူးဖို့နဲ့ ဆုပေးပွဲ အခမ်းအနား မရှိဘူးလား။”

မင်းသိထားရမှာက... ဇောင် ရဲ့ ထင်မြင်ယူဆချက် နှင့်အမွှာအနှစ်သာရနှစ်ခုလုံးဟာ ကမ္ဘာ့အဆင့်မီ ပြဿနာတွေပင်ဖြစ်သည်။

ယခုတွင် ကျောင်းသားတစ်ယောက်က ၎င်းကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သဖြင့် ဤသည်မှာ ကျောင်းကို အဆင့်မြှင့်တင်ရန်နှင့် ၎င်း၏ ခွန်အားကို ပြသရန် သေချာပေါက် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။

ဂျန်ရီ ၏အမြင်အရ၊ ဆုချီးမြှင့်ပွဲသည် ၎င်းကိုမြှင့်တင်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

သူ့ဘေးမှာရှိတဲ့ဟေးချမ်က“ဒီကျောင်းသားက ထင်ပေါ်ကျော်ကြားတာကို မကြိုက်တဲ့အတွက် ဒီလှုပ်ရှားမှုတွေကို ဖျက်သိမ်းလိုက်တာ” လို့ ရှင်းပြလိုက်သည်။

ဂျန်ရီက မျက်မှောင်ကြုတ်ပြီး “မင်း ဂုဏ်ပြုခံရရင် ကြေငြာသင့်တယ်လေ။ တိတ်တိတ်လေးပဲ ဆုယူလိုက်တာက ဘယ်လောက်အသုံးဝင်လို့လဲ”

“ငါတို့က သူ့ကို ကျောင်းအတွက် စံပြဖြစ်အောင်လုပ်ပြီးကျန်ပေ့ နဲ့ တစ်တိုင်းပြည်လုံးအတွက်စန်ပြဖြစ်အောင်လုပ်လို့ရတယ်။!အဲ့ဒါမှမရေမတွက်နိုင်တဲ့သူတွေကငါ့တို့ကျောင်းကိုအသဲအသန်ဝင်ချင်ကြလိမ့်မယ်။”

“ကျောင်းသားတွေက ထင်ပေါ်ကျော်ကြားတာကိုမကြိုက်ဘူးလို့ပြောလိုက်တာနဲ့လိုက်လုပ်အပေးမလို့လား။ မင်းတို့အားလုံးက ဆရာ၊ ပါမောက္ခတွေဖြစ်တဲ့အတွက်သူ့ကိုအင််တာ​ဗျူးခိုင်းရင် သူ့အတွက် တောင်ကောင်းအုံးမယ်မဟုတ်လား”

သူ့၏ဘေးရှိ လက်ထောက်ကျောင်းအုပ် ဖန်ဝေက “ခေါင်းဆောင်ကြီးပြောတာ ကျိုးကြောင်းဆီလျော်လွန်းတယ်ဘညအရင်တုန်းက ကျောင်းသားက ကင်မရာပေါ်မတက်ချင်ဘူးလို့ ပြောတဲ့အတွက် ငါတို့က သူပြောတဲ့အတိုင်းလက်ခံမိလိုက်တယ်။ ဒါက ငါတို့အမှားပါ”

အစတွင်၊ ဖန်ဝေသည် လင်းဖန်သည်

ဇောင်၏ယူဆချက်နှင့် အမွှာအနှစ်သာရကို ဖြေရှင်းခဲ့ကြောင်း သိလိုက်ရသည်။

ပထမဆုံး အကြံဥာဏ်မှာ သတင်းထောက် အများအပြားကို ကျောင်းသို့ခေါ်ပြီးပုဂ္ဂိုလ်ရေး အင်တာဗျူးများ၊ ကိုယ်တိုင် မီဒီယာ အစီရင်ခံစာများ၊ သတင်းစာ ရှင်းလင်းပွဲများကိုလင်းဖန်အားပြုလုပ်ခိုင်းပြီးကျန့်ပေ တက္ကသိုလ်၏ကျော်ကြားမှုနှင့်သြဇာလွှမ်းမိုးမှုကိုချဲ့ထွင်ရန်ဤအခွင့်အရေးကိုယူမလို့ပင်ဖြစ်သည်။

သို့သော်လည်း လင်းဖန် သည် ထင်ပေါ်ကျော်ကြားတာကို မကြိုက်သောကြောင်းကိုဟေးချမ်ကပြောသောကြောင့်ပယ်ချခဲ့သည်။

ဖန်ဝေသည်အဲ့ဒါကို အရမ်းစိတ်မကောင်းဖြစ်နေခဲ့သည်။

ယခု၊ ကျန်ပေ့တက္ကသိုလ်မှ ခေါင်းဆောင်များသည် အင်တာဗျူးအကြောင်းပြောသောအခါ၊ ဖန်ဝေ သည် သဘာဝအတိုင်း လိုက်နာခဲ့သည်။

ဂျန်ရီသည် ဖန်ဝေဘက်သို့ တစ်ချက်ကြည့်လိုက်သည်။

ပြီးနောက်သူက ‘’ဒီတခေါက် ကျန်ပေ့ တက္ကသိုလ်ကို ရောက်တုန်း သူ့ကို ဘောနပ်စ် ယွမ် 500,000 ချီးမြှင့်မယ်...”

“ငါကအရည်အချင်းရှိတဲ့သူကိုအမြဲအလေးထားတယ်။”

တကယ်တော့ ဒါက ဂျန်ရီ ဒီနေ့ ဂျန်ပေ့ တက္ကသိုလ်ကို လာရောက်ဖို့ ရွေးချယ်ခဲ့တဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်သည်။

ဖန်ဝေက စိတ်လှုပ်ရှားစွာဖြင့်”ကျွန်တော် သူ့ကိုယ့်စားခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်။”

သူ့နောက်ကွယ်မှ သတင်းထောက်များ သည် ထိုစကားကိုကြားတော့ ဝမ်းသာအားရသောအမူအရာသူတို့မျက်နှာပေါ်တွင် ပေါ်လာသည်။

ကျန်ပေ့တက္ကသိုလ်မှ ကျောင်းသားသည် ကမ္ဘာ့ပြဿနာနှစ်ရပ်ကို ဖြေရှင်းနိုင်ခဲ့ကြောင်း သတင်းထောက်များသည် အချိန်အတော်ကြာကတည်းက သိခဲ့ကြပြီး ၎င်းတို့သည် အင်တာဗျူးလုပ်လျင်နေသည်မှာကြာမြင့်နေပြီဖြစ်သည်။

သို့သော် ကျောင်းက အင်တာဗျူးခွင့်ကိုမပေးခဲ့သည်။

ကျန်ပေ့တက္ကသိုလ်က မီဒီယာတွေကို ပိတ်ပင်ထားတာကြောင့် လင်းဖန် ကို ဘယ်မီဒီယာကမှ အင်တာဗျူးမ​ မမေးဖူးပေ။

သို့သော် ယနေ့တွင် အခွင့်အရေးရမည်ဟု သူတို့မထင်ခဲ့ပေ။

ဒါက ပထမဆုံးအင်တာဗျူးလို့ ပြောလို့ရသည်။

ဂျန်ရီ က “အဲဒီကျောင်းသားက ဘယ်မှာလဲ?”

ဖန်ဝေခဏလောက်စဉ်းစားပြီး “အခု စာသင်ခန်းထဲမှာ ရှိသင့်တယ်... ခေါင်းဆောင်ကြီး၊ ကျေးဇူးပြုပြီး လက်ဖက်ရည်သောက်ပြီးအစည်းအဝေးခန်းကို သွားပြီး ခဏလောက် အနားယူပါ သူ ဒီကို မကြာခင် ရောက်မှာပါ”

ဟေးချမ်သည်ဒါကိုဆန့်ကျင်ချင်ပေမဲ့ဘာမှမကန့်ကွက်နိုင်ပေ။

အားလုံးတိတ်ဆိတ်စွာနဲ့ အစည်းအဝေးခန်းမဆီကိုလျှောက်သွားခဲ့သည်။

အားလုံးစည်းအဝေးခန်းသို့မရောက်ခင်မှာအရပ်ရှည်တဲ့ အသွင်အပြင် ရုတ်တရက်ပေါ်လာခဲ့သည်။

ဟေးချမ်၏ မျက်လုံးများ အနည်းငယ်တောက်ပသွားပြီး “ လင်းဖန်၊ ခဏစောင့်ပါအုံး” လို့ အော်ပြောလိုက်သည်။

မဝေးလှသော နေရာတွင်လမ်းလျှောက်နေသော လင်းဖန်သည် ထိုစကားကြားပြီးနောက်ရပ်တန့်သွားသည်။

လင်းဖန်?

ရှေ့တွင်ရပ်နေသော ကျန်ပေ့မြို့ခေါင်းဆောင် ဂျန်ရီသည် လင်းဖန်၏နာမည်ကို တစ်နေရာရာမှာကြားခဲ့ရသလို ဖြစ်ပြီးရင်းနှီးနေပုံရသည်ဟု ယောင်ဝါးဝါးခံစားမိသည်။

ဟေးချမ် လှမ်းခေါ်တဲ့ လမ်းကြောင်းကို သူ ကြည့်လိုက်တော့လင်းဖန်၏ နောက်ကျောကို သူမြင်လိုက်ရသည် ။ ဒီနောက်ကျောကို လဲပဲသူ...ရင်းနှီးနေသလိုပဲ ခံစားရသည်။

နောက်ဆုံးတွင် လင်းဖန်သည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

လင်းဖန်ကိုမြင်ပြီးနောက်ဂျန်ရီ ၏ မျက်လုံးများ ဝိုင်းစက်သွားသည်။

သူ!

သူပဲ။

သူဖြစ်လာခဲ့သည်!

မနေ့က ဂျန်ရီသည် ချန်ပြည်နယ်ခေါင်းဆောင်များနှင့် အခြားခေါင်းဆောင်များနောက်သို့ လိုက်သွားခဲ့သည်။ ကျူဝမ်မင် နှင့် ဟန်အာတို့သည် ကျန့်ပေ့ သို့ ရောက်လာကြောင်း သိရှိပြီးနောက် သည်ချက်ချင်းသူ့ကို ကြိုဖို့သွားခဲ့သည်။

ဂျန်ရီသည် လင်ဖန်အပေါ် ကျူဝမ်မင်ကယဉ်ကျေးသိမ်မွေ့သည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

လင်းဖန်ကို သူ့ဘေးမှာ ထိုင်ခိုင်းစေသည်။

နောက်ဆုံးတွင် လင်းဖန်အား လိုက်ပို့ပေးရန်ကြယ်တံဆိပ်ပါသော လူကြီးကို အမိန့်ပေးခဲ့သည်။

ဂျန်ရီနှင့် တက်ရောက်သူအားလုံးသည်လင်းဖန်၏အမည်ကို လျှို့ဝှက်စွာ ခန့်မှန်းခဲ့ကြသော်လည်း ဘာမှ သဲလွန်စမရှိခဲ့ပေ။

အခု သူ့ကို ကျန်ပေ့တက္ကသိုလ်မှာ တကယ်တွေ့ခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters