ကျန်ပေ့ဟိုတယ်၊
Vol. 7 Ch. 98
ခဏအကြာတွင်ရွှေရောင်မျက်မှန်တပ်ထားသော ရှေ့ကရပ်နေတဲ့ လူလတ်ပိုင်းအမျိုးသားက “အို ကျူ၊ တောင်းပန်ပါတယ်... မင်းဒီကိုလာခဲ့ပေမဲ့ ငါတို့က မင်းကို အချိန်မီ မနှုတ်ဆက်နိုင်ခဲ့ဘူး”(ကျူဝမ်မင်ရဲ့အိမ်ကတစ်ခြားမြို့မှာပါ။ဒါပေမဲ့ကျန်ပေ့မှာလဲအိမ်ရှိပါတယ်။)
ကျူဝမ်မင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “မင်းက ရှောင်ဟောင် လား?”
“ဟုတ်ပါတယ်၊ လွန်ခဲ့တဲ့ လေးနှစ်က အဖေနဲ့ ကျွန်တော် ဘေဂျင်းကို သွားတုန်းကတွေ့ဖူးတယ်လေ” ရှောင်ဟောင်က ပြောလိုက်သည်။
“အို..ငါမှတ်မိပြီ” ကျူဝမ်မင် က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
ရှောင်ဟောင်က “အဘိုးကို မတွေ့တာ လေးနှစ်လောက်ရှိပြီ ဆိုပေမယ့်အရင်တုန်းကနဲ့ အတူတူပါပဲ၊အဘိုးက လုံးဝမပြောင်းလဲဘူးပဲ”
“မင်းကျီးကျူးလွန်းနေပါပြီ” ကျူဝမ်မင်က ပြောသည်။
နှစ်ယောက်သား စကားစမြည်ပြောကြရင်း အငွေ့အသက်က သက်သောက်သက်သာရှိလှသည်။
ဒီအချိန်မှာ ရှောင်ဟောင်က “ အဘိုးကျူအဘိုးကို ချန် ခရိုင်ကနေကြိုဆိုတဲ့အနေတဲ့ထမင်းဖိတ်ကျွေးလို့ရမလား “
ကျူဝမ်မင် က သူ့ဗိုက်ကို ကိုင်လိုက်ပြီး “ငါလဲဗိုက်ဆာနေတာနဲ့အတော်ပဲ၊ သွားကြရအောင်!”
နေရာမှာရှိတဲ့လူတိုင်းကဒါကို ကြားသိရပြီး ဝမ်းသာသွားကြသည်။ ဘာလို့ဆိုကျူဝမ်မင်နဲ့ အတူစားရတာ ဂုဏ်ယူစရာမလို့ပင်ဖြစ်သည်။
…………
မကြာခင်မှာပဲ ကျူဝမ်မင် နဲ့ တခြားသူတွေက ကျန်ပေ့ဟိုတယ်သို့ရောက်ရှိလာကြသည်။
ကျန်ပေ့ဟိုတယ်သည် ချန်ပြည်နယ်(ခရိုင်)ရှိ ဇိမ်ခံဟိုတယ်ကြီး မဟုတ်ပေ။
သို့သော်၊ ၎င်းသည် ချန်ပြည်နယ်(ခရိုင်)တွင်အကောင်ကြီးကြီးနောက်ခံရှိသည့် စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်သည်။
ချမ်းသာတဲ့ လူတွေကချန်ပြည်နယ်ကို ရောက်တိုင်း ကျန်ပေ့ဟိုတယ်မှာ စားဖို့ကိုရွေးချယ်ကြသည်။(ချန်ဆိုတာခရိုင်၊မြို့ကကျန်ပေ့မြို့ပါ။သူ့တို့အခုရှိနေတာက ကျန်ပေ့ပါ။ဖက်ရတာထောင့်မှာဆိုးလို့)
ဘာလို့လဲဆိုတော့ကျန်ပေ့ဟိုတယ်၏အစားအသောက်များသည်လက်ဆတ်ရုံသာမကချက်သောသူများကလည်းထိပ်တန်းစာဖိုးမှူးများဖြစ်သောကြောင့်အစားအသောက်များသည်အရသာရှိရုံမက ကျန်မာရေးကိုလဲမထိုခိုက်စေသောကြောင့်ပင်ဖြစ်သည်။
သာမာန်လူတွေက သူတို့မှာ ပိုက်ဆံအလုံအလောက်ရှိတာနဲ့ကျန်ပေ့ဟိုတယ်ကိုအပြေးအလွှားသွားကြသည်။
ယခုအချိန်တွင် ကြီးမားအခန်းထဲရှိစားပွဲပေါ်တွင်ဟင်းပွဲများစွာရှိသည်။
ကျူဝမ်မင်ကတော့ ထိပ်ဆုံးမှာ ထိုင်နေမည်မှာ သေချာသည်။
ကျူဝမ်မင်က “လင်းဖန်၊ မင်းငါ့ဘေးမှာလာထိုင်” လို့ပြောလိုက်သည်။
လင်းဖန်သည် မယဉ်ကျေးတော့ဘဲဝင်ထိုင်လိုက်သည်။
လင်းဖန်အမြင်အရတော့ ဘယ်နေရာထိုင်ထိုင်စားရမှာကစားရမှာဖြစ်သောကြောင့်ဖြစ်သည်။
ဤအရာကို မြင်လိုက်သောအခါတွင် အားလုံး၏ မျက်နှာများတွင် အံ့အားသင့်သောအမူအရာပေါ်လာကြသည်။
အရင်ကတော့သူတို့ကလင်းဖန်ဟာ ကျူဝမ်မင် ရဲ့ လက်အောက်ငယ်သားပဲလို့ အမြဲတွေးခဲ့သည်။
အခုတော့မရိုးရှင်းတော့ပေ။
ရှောင်ဟောင် က သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး “အရင်တုန်းက ကျူသည် ချန်ပြည်နယ်ကို ကာကွယ်ဖို့ အရာအားလုံးကို လုပ်ခဲ့တယ်၊ ချန်ပြည်နယ် ကြီးပွားချမ်းသာလာရတဲ့ အကြောင်းအရင်းက ကျူရဲ့ ကျေးဇူးကြောင့်လို့ ပြောလို့ရတယ်။”
“ဒီပထမဆုံး ဝိုင်တစ်ခွက်၊ သူ့ရဲ့ ပေးဆပ်မှုအတွက် ကျူကို ကျေးဇူးတင်ပါ၊ တစ်ချိန်တည်းမှာပဲ ကျူ ကိုချန်ပြည်နယ်ကနေကြိုဆိုလိုက်ရအောင်!” ရှောင်ဟိုင် က ပြောလိုက်သည်။
“ကျူ ရဲ့ ပေးဆပ်မှုအတွက် ကျေးဇူးတင်ပြီး ကျူကို ချန်ပြည်နယ်ကနေ ကြိုဆိုပါတယ်။” ကျန်တဲ့ လူတွေက တညီတညွတ်တည်း ပြောလိုက်ကြသည်။
ထို့နောက် လူတိုင်းသည် ခွက်ကိုမြောက်ကာ ပါးစပ်ထဲသို့ တိုက်ရိုက်လောင်းချလိုက်ကြသည်။
ကျူဝမ်မင်ကလဲ ခေါင်းညိတ်လိုက်ပြီး သူလဲသောက်လိုက်သည်။
သို့သော်လည်း လူတိုင်းသည်ကျူဝမ်မင်သောက်လိုက်သောကြောင့် စိတ်လှုပ်ရှား နေကြသည်။
အားလုံးပျော်နေကြချိန်မှာ ကျူဝမ်မင်က ဖန်ခွက်ကိုကိုင်ပြီး “လင်းဖန်၊ ငါမင်းကိုလေးစားပါတယ်၊ ငါ့ရဲ့ဟန်အာ ကို ကယ်တင်ခဲ့တဲ့အတွက်လဲကျေးဇူးတင်ပါတယ်။”
ရှောင်ဟောင်အပါအဝင် လူတိုင်းက ဒါကို မြင်လိုက်ကြပြီး သူတို့ရဲ့ မျက်နှာတွေက မယုံနိုင်စရာ အမူအရာတွေပေါ်လာခဲ့သည်။
အဘိုးကျူသည် လူငယ်တစ်ဦးကို ချီးယားလုပ်ရန် အမှန်တကယ် အစပြုခဲ့သည် ။ !
အဲဒါ အဘိုးကျူပါ။
ဒီလူငယ်က...ဘယ်သူလဲ။
ထို့နောက်တွင် ချင်ဝမ်းမင်က သူ့မြေး၏ရောဂါကို ကယ်တင်သည့်အတွက် ကျေးဇူးတင်ကြောင်းကို လူတိုင်းသိသွားကြသည်။
လင်းဖန်သည် လုံးဝမစဉ်းစားဘဲ “ဒါဟာ အသေးအမွှားကိစ္စပါပဲ”
နှစ်ယောက်သား ခွက်ကို ပေါ့ပေါ့ပါးပါး တိုက်လိုက်ကြပြီး တချက်တည်း သောက်လိုက်ကြသည် ။
လူတိုင်း အံ့ဩသွားပြန်သည်။
အဘိုးကျူက ဝိုင်တစ်ခွက်အပြည့်သောက်တယ်။
ဒါ……
ဒါ……
ဒီအချိန်မှာ လူတိုင်းက အိပ်မက်တွေမက်နေသလိုခံစားရသည်။
ရှောင်ဟောင်သည် ပထမဆုံး တုံ့ပြန်ခဲ့ပြီးသူက “အဘိုးကျူ၊ ဒီရေဘဝဲစွပ်ပြုတ် ချန်ပြည်နယ်ရဲ့ လက္ခဏာတစ်ခုပါ၊ အရသာတော်တော်ကောင်းပါတယ်။ စားကြည့်ချင်လား”
“ချန် ပြည်နယ်က ရေဘဝဲစွပ်ပြုတ်ကို ငါမစားရတာ နှစ်အတော်ကြာပြီဆိုတော့စားကြည့်အုံးမှပဲ” ကျူဝမ်မင် က ပြောလိုက်သည်။
လင်းဖန်သည် ဤအစားအစာများအတွက် အလွန်ကျေနပ်ခဲ့သည်။ယခင်ကသူသည် အစားအစာများစွာကို စားခဲ့ဖူးသည်။
ဒါပေမယ့် အခုအရသာက အရင်ကဟာထက် ပိုကောင်းသည်။
ဒီအချိန်မှာ ကျူဝမ်မင် က “လင်းဖန် ၊ ငါ့အိမ်က ရှုခင်းနဲ့ ပတ်ဝန်းကျင်က တော်တော်ကောင်းတယ်။ မင်းငါ့အနားမှာ ရက်အနည်းငယ်နေချင်လား”
အခန်းထဲရှိလူများအားလုံးအံသြ သွားကြသည်။
အဘိးကျူကအတူတူနေထိုင်ဖို့ ဖိတ်ခေါ်တာလား။ !
သူ..... ဘယ်သူလဲ... !
လင်းဖန်က ခေါင်းခါပြီး “ငါကျောင်းတက်ရမှာဆိုတော့ ငါအဲဒီမှာမနေနိုင်ဘူး” လို့ပြောလိုက်သည်။
သူ... ငြင်းလိုက်သည်။
ကျောင်းသွားမလို့လား
ကျူဝမ်မင်သည် စိတ်မဆိုးဘဲ ခေါင်းညိတ်ကာ “မင်းတကယ်ပဲ ကျောင်းနေတဲ့အရွယ်ရောက်နေတယ်ဆိုတော့ကောင်းပြီးလေ။ရီဟန်၊ မင်း လင်းဖန်ကို ဘေးကင်းစွာ ကျောင်းပြန်ပို့ပေးလိုက်ပါ”
“ဟုတ်ကဲ့ အလုပ်ပြီးအောင်လုပ်ဖို့ ကတိပေးပါတယ်!” ပခုံးပေါ်တွင် ကြယ်တံဆိပ်ပါသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် အားမတ်တပ်ရပ်ကာ ပြောလိုက်သည်။
လူတိုင်း လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။
လင်းဖန်ကတော့ဒါကိုဂရုမစိုက်ပေ။ ကျန်ပေ့ဟိုတယ်မှ ထွက်ခွာပြီးနောက် စစ်တပ် ယာဉ်တစ်စီးထဲသို့ ဝင်ခဲ့သည်။
10 မိနစ်အတွင်းမှာပဲ ကျန်ပေ့တက္ကသိုလ်ကို အောင်မြင်စွာရောက်ရှိခဲ့ကြသည်။
ကျောင်းပြန်ရောက်ပြီးနောက် လင်းဖန်သည် ယနေ့ တနင်္ဂနွေနေ့ဆိုတော့အတန်းတက်ရန် လုံးဝမလိုအပ်ကြောင်း သတိရလိုက်သည်။
ထို့ကြောင့် လင်းဖန်သည် စာသင်ခန်းသို့ မသွားဘဲ အိပ်ခန်းကိုလဲပြန်မသွားခဲ့ပေ။(😁😁)
အဲဒီအစား ကားပါကင်ကို တိုက်ရိုက်လာခဲ့တယ်။
မနေ့က လင်းဖန် က Pagani Fengshen(ပြိုင်ကား)ကိုမောင်းသွားပြီးရီကေမှာထားခဲ့လိုက်ငည်။
ထို့ကြောင့် ယခုအချိန်တွင် ကားပါကင်နေရာတွင် Lamborghini နှင့် Mercedes-Benz G နှစ်စီးသာ ရှိသည်။
လင်းဖန်သည် Lamborghini တံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်သည်။
ကားမောင်းစက်ကို နင်းပြီးနောက်၊ သူသည် ရှေ့သို့ မောင်းသွားခဲ့သည်။
စနေ၊ တနင်္ဂနွေတွေမှာ ပုံမှန်ထက် ကားအစီးရေ ပိုများသည်။
လင်းဖန်သည် မီးပွိုင့်မိနေသဖြင့် ပတ်ပတ်လည်ကို လိုက်ကြည့်နေသည်။
ထိုအချိန်တွင်၊ ကြီးမားသော LED(တီဗီလိုမျိုးကြေညာတဲ့ဟာ)ကြီးသည် သူ့အမြင်အာရုံတွင် ပေါ်လာသည်။
“နိုင်ငံတကာ ရေမွှေးပြပွဲမှ ကြိုဆိုပါတယ်”
လင်းဖန်က ဒါကိုမြင်တော့ သူ့မျက်လုံးတွေ နည်းနည်းတောက်ပသွားသည်။
ငါ့မှာ ရေမွှေးကျွမ်းကျင်တဲ့ အရည်အချင်းရှိပြီး ရေမွှေးကို တစ်ခါမှ မလေ့လာဖူးဘူးဟုတွေးလိုက်မိသည်။
ထို့အပြင် ချူစီရှင်း နှင့် ဟေးလင်းတို့သည် ရေမွှေးကို အလွန်နှစ်သက်ပုံရပြီး သူတို့အတွက် အနံ့မွှေးတဲ့ရေမွှေးဝယ်ခြင်းသည် မဆိုးလှပေ။
ထို့နောက် လင်းဖန်သည် မကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး