← Chapters

ညီအကိုလင်း ?

Vol. 7 Ch. 102

ညီအကိုလင်း ?

Vol. 7 Ch. 102

ထိုအချိန်တွင် စုရီ သည် ဘတ်စကတ်ဘောကို ကိုင်ကာ အဝေးမှ လမ်းလျှောက်လာသည်။

“အစ်ကို လင်း၊ ငါတို့ ဘယ်တော့ ဘတ်စကတ်ဘော ထပ်ကစားမှာလဲ”

လင်းဖန် က “အခွင့်အရေးရရင် နောက်တစ်ကြိမ်ပြန်ကစားရအောင်...”

စုရီက “ဒီစကားတွေကို ငါမှတ်ထားမယ်”

စုရီရဲ့အမြင်မှာတော့လင်းဖန် နဲ့ ဘတ်စကတ်ဘောကစားတာက သက်သက်အနိုင်ကျင့်တာပင်ဖြစ်သည်။

စုရီသည်လင်းဖန်နောက်မှလာသော၊ ဟေးချမ်၊ နှင့် အခြားသူများကို တွေ့လိုက်ရသည်။

“မင်္ဂလာပါ ဟေးချမ်”

ဟေးချမ် ရဲ့ဘေးမှာ ကျောင်းအုပ် ရှန်လင်း ၊ လက်ထောက်ကျောင်းအုပ် ဖန်ဝေ နဲ့ ကျန်ပေ့မြို့ခေါင်းဆောင် ဂျန်ရီတို့ပင်ဖြစ်သည်။

သို့သော် စုရီ သည် ငယ်ရွယ်သောကြောင့်၎င်းတို့ကိုပင် မသိပေ။

စုရီသည် ဟေးချမ်ကို သိရခြင်း အကြောင်းအရင်းမှာ မကြာသေးမီက သူသည် အိပ်ဆောင်ကို ကိုယ်တိုင်သွားရောက်လည်ပတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

လင်းဖန်သည် ဟေးချမ်ကိုကြည့်ပြီးး “ဟေးချမ်မင်းဘာကိစ္စရှိလို့လဲ” လို့မေးလိုက်သည်။

ဟေးချမ်က ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဘာမှ မပြောပေ။

လင်းဖန် က အင်တာဗျူးမဖြေချင်ကြောင်း ကိုရှင်းရှင်းလင်းလင်းပြောခဲ့သည်။

အခု သူ့သည်လင်းဖန် ကို အင်တာဗျူးဖြေခိုင်းလိုက်ရင် လင်းဖန်သည် ကျန်ပေ့ တက္ကသိုလ်မှ ထွက်ခွာခဲ့ရင်သူဘာလုပ်ရမည်နည်း။

လင်းဖန်သည် ကျန်ပေ့တက္ကသိုလ်မှ ကျောင်းသားမဟုတ်ခဲ့။

သူကဲ့သို့ သင်္ချာဉာဏ်ကြီးရှင်သည် မည်သည့်ကျောင်းသို့သွားသည်ဖြစ်စေ သူကိုလက်ခံမည်မှာ သေချာသည်။

သူ့နောက်မှာ ရပ်နေတဲ့ ဒုကျောင်းအုပ် ဖန်ဝေ ကတော့ ဒါကိုသိပ်ပြီး မတွေးပေ။

ဖန်ဝေက “ကျောင်းသား လင်းဖန်၊ ဒါက ငါတို့ ကျန်ပေ့မြို့ရဲ့ ခေါင်းဆောင်ပဲ”

“ခေါင်းဆောင်က အရည်အချင်းတွေကို အရမ်းအလေးထားတယ်။ မင်းအဆင့်မြင့်ပညာရေးဖလားကို ၊ဇောင် ရဲ့ ယူဆချက်နဲ့ အမွှာအနှစ်သာရကိုဖြေနိုင်ခဲ့တာဆိုတာကိုသိသည်။ သူက ကျန်ပေ့ ရုပ်သံဌာနက သတင်းထောက်တစ်ယောက်ကို အင်တာဗျူးပေးဖို့ အထူးခေါ်လာတယ်၊ မင်းအင်တာဗျူးပေးရင်ဘောနပ်စ်လက်ဆောင်ရရှိမီာပင်ဖြစ်သည်။ ကျန်ပေ့ ရဲ့ခေါင်းဆောင်ကို သွားပြီး နှုတ်ဆက်လိုက်ပါ။”

ထိုအချိန်တွင် ဖန်ဝေ ၏ လေသံသည် အထက်စီးလေသံသကဲ့သို့ပင်ဖြစ်သည်။

လင်းဖန်ဘေးမှာ ရပ်နေတဲ့ စုရီက မျက်လုံးတွေ ပြူးကျယ်သွားပြီးအံသြ သွားသည်။

ကျန်ပေ့ မြို့ခေါင်းဆောင်? !

ဒါက သေချာပေါက် သတင်းကြီးပင်ဖြစ်သည်။

ထို့အပြင် ကျန်ပေ့ရုပ်မြင်သံကြားဌာနမှ သတင်းထောက်များအား တွေ့ဆုံမေးမြန်းခြင်းလည်း ရှိပါသည်။

လင်းဖန် က သိပ်စဉ်းစားမနေဘဲ မျက်မှောင်ကြုတ်ကာ “ငါအင်တာဗျူးတွေ ဖြေရတာကို မကြိုက်ဘူး” ဟု ပြောသည်။

ဖန်ဝေက ဒါကိုကြားတော့ သူ့အပြုံးက အနည်းငယ် ဖရိုဖရဲဖြစ်သွားသည်။

ငါပြောခဲ့တာတွေကို မရှင်းတာလား?

သဒါကိုူ တိုက်ရိုက် ငြင်းတာသလား?

ဒါက ခေါင်းဆောင်ကြီးကို မျက်နှာသာမပေးတာမဟုတ်ဘူးလား။

ဒါကိုတွေးပြီး ဖန်ဝေ ရဲ့ မျက်နှာ မည်းမှောင်သွားပြီး တစ်ခုခုပြောဖို့လုပ်လိုက်သည်။

ထိုအချိန်တွင် ခေါင်းဆောင် ဂျန်ရီ “လင်းဖန်က အင်တာဗျူးရတာကို မကြိုက်တဲ့အတွက် အင်တာဗျူးမဖြေပါနဲ့၊ အင်တာဗျူးမဖြေတာ ကလဲမှန်ကန်တဲ့ရွေးချယ်မှုပဲ”

“ဘာလို့ဆိုအင်တာဗျူးဖြေပြီးတာနဲ့ သူ့ဘဝနဲ့ လေ့လာမှုတွေ အများကြီး ထိခိုက်လာလိမ့်မယ်။ ဒါက သူ့အတွက် အရမ်းဆိုးတဲ့ ကိစ္စပဲ”

ဒီထုတ်ပြန်ချက်ထွက်လာတာနဲ့ တပြိုင်နက် ရှိတဲ့သူတွေအားလုံး အံ့ဩသွားကြသည်။

ဂျန်ရီမင်းပြောတော့အင်တာဗျူးဖြေသင့်တယ်ဆို၊အခုကဘာလဲ။

မင်းက သူ့ကို ကျောင်း၊ ကျန်ပေ့ မြို့နဲ့ တစ်နိုင်ငံလုံးအတွက် စံနမူနာပြ ဖြစ်စေချင်တယ်လို့ မင်းပြောနေတာမဟုတ်လား။

အခုအခြေအနေက ဘယ်လိုလဲ။

အင်တာဗျူးမဖြေတာကဘာကြောင့် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်တာလဲ။ အင်တာဗျူးဖြေခြင်းသည် ဘဝနှင့် လေ့လာမှုအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိမည်လား။

ဘာတွေဖြစ်နေတာလဲ?

ဂျန်ရီက ထိတ်လန့်တုန်လှုပ်နေတဲ့ လူအုပ်ကြီးကို လျစ်လျူရှုပြီး အဝေးက သတင်းထောက်တွေကို “ရိုက်နေတာ ရပ်လိုက်စမ်း၊ မင်းတို့လင်းဖန်ရဲ့ပုံကို ရိုက်ထားတယ်ဆိုရင် ချက်ချင်း ဖျက်လိုက်ပါ!”

ဂျန်ရီ ၏ နှလုံးသားထဲတွင် လင်းဖန်၏ နောက်ခံသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။

မကျော်ကြားချင်တဲ့သူကိုကျော်ကြားအောင်လုပ်မိရင်နောက်ဆက်တွဲဆိုးကျိုးတွေက လုံးဝကြောက်စရာကောင်းတယ်။

အဝေးမှ သတင်းထောက်များသည် ထိတ်လန့်တုန်လှုပ်သွားကာ ကင်မရာကို ကမန်းကတန်းဖွင့်ကာ ယခင်ရိုက်ကူးထားသည့် ပုံအားလုံးကို ချက်ချင်းဖျက်ပစ်လိုက်ကြသည်။

ဂျန်ရီဒါကိုမြင်မှပဲအနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။ပြီးနောက်လင်းဖန်ဘက်လှည့်ကာ’’လင်းဖန်ငါအလွန်းကြီးသွားတဲ့အတွက်တောင်းပန်ပါတယ်။’’

ရှိနေတဲ့သူအားလုံး အံ့အားသင့်သွားကြသည်။

အခြေအနေက ဘယ်လိုလဲ။

ကျန်ပေ့ မြို့ ဂုဏ်သိက္ခာရှိသော ခေါင်းဆောင်သည် ကျောင်းသားတစ်ဦးကိုအမှန်တကယ်တောင်းပန်ခဲ့သေးလား။

ဘာတွေဖြစ်နေတာလဲ?

လင်းဖန်သည် ဂျန်ရီ ကို ကြည့်ကာ မနေ့က ကျန်ပေ့တွင် သူတွေ့ခဲ့သည်ကို လျင်မြန်စွာ သတိရလိုက်သည်။

ထို့နောက် သူက ပါးစပ်ကိုဖွင့်ပြီး “ခေါင်းဆောင်က ယဉ်ကျေးလွန်းနေ​ပါပြီ” လို့ ပြောလိုက်သည်။

ဂျန်ရီက “ခေါင်းဆောင်ရဲ့ နာမည်က အရမ်းကောင်းတယ်ဆိုပေမဲ့တစ်မျိုးကြီးဖြစ်နေတယ်။ငါက မင်းထက်အသက်ကြီးတယ်ဆိုတော့ မင်း ငါ့ကို အဘိုးဂျန်လို့ ခေါ်နိုင်တယ်။”

ကျန်ပေ့မြို့ရဲ့ခေါင်းဆောင်ကသး့ကိုယ့်သူအဘိုးဂျန်လို့ခေါ်ခိုင်းတာလား?

လာသမျှလူတိုင်း ပါးစပ်တွေ ကျယ်ကျယ်ဖွင့်ပြီး အံသြ သွားသည်။

လင်းဖန်က ခဏလောက်စဉ်းစားပြီး “ဒါဆို ငါမင်းကို အစ်ကိုဂျန်လို့ပဲ ခေါ်လိုက်မယ်” လို့ပြောလိုက်သည်။

ဂျန်ရီကပျော်ရွှင်သွားပြီး “ဒီလိုဆိုရင် ငါလဲမင်းကို အစ်ကိုလင်းလို့ ခေါ်မယ်” လို့ ပြောလိုက်သည်။

ထို့နောက် သူက “ပထမအနေနဲ့၊ အစ်ကို လင်း ဇောင် ရဲ့ အယူအဆနဲ့ အမွှာအနှစ်သာရကို ဖြေရှင်းပေးတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျန်ပေ့ မြို့မှာ ငါတို့က အပိုဆုကြေးလေးတွေ ပြင်ဆင်ထားပြီး၊ မင်းလက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ပြောပြီးသည်နှင့် လင်းဖန်အား ချက်လက်မှတ်တစ်စောင်ဖြင့်ယွမ် 500,000 ပေးလိုက်သည်။

လင်းဖန်သည် ယခုငွေလောက်က​မပြောပသောလည်း ဤအရာသည် အခြားသူများ၏ ကြင်နာမှုဖြစ်သောကြောင့် ချက်လက်မှတ်ကို တွန့်ဆုတ်စွာ လက်ခံလိုက်ပြီး “အစ်ကို ဂျန်ကျေးဇူး” ဟု ပြောလိုက်သည်။

“ရပါတယ်...ရပါတယ်...” ဂျန်ရီ က ထပ်တလဲလဲ ပြောလိုက်သည် ။

ထို့နောက် ဂျန်ရီသည် အချို့အကြောင်းအရာများကိုဆက်လက်ပြောဆိုခဲ့သည်။

“ဒီး....ဒီး....”

ထိုအချိန်တွင်၊ ဂျန်ရိ ၏ လက်ကိုင်ဖုန်းသည် လျင်မြန်စွာမြည်လာသည်။

အခုအချိန်မှာတော့ ဂျန်ရီ ဟာ ​​Lin Fan နဲ့ အဆက်အသွယ်ရသောကြောင်ဘ သူစိတ်အနှောင့်အယှက်အဖြစ်မခံပေ။

ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းချလိုက်မလို့လုပ်လိုက်သည်။

ဒါပေမယ့် ဖုန်းခေါ်ဆိုမှု အကြောင်းကြားချက်ကို တွေ့ပြီးနောက်မှာ တွန့်ဆုတ်သွားပြီးလင်းဖန်ဘက်သို့လှည့်ပြီး တောင်းပန်ပါတယ် “ညီအကိုလင်း၊ ကျနော်နှုတ်ဆက်ပါတယ်...”ပြောပြီးတာနဲ့အမြန်ထွက်သွားသည်။

ရှင်းပါတယ်၊ သူ့မှာ ကိုင်တွယ်ဖြေရှင်းစရာတွေ ရှိလို့ပင်ဖြစ်သည်။

ကျောင်းအုပ် ရှန်လင်း၊ ဟေးချမ် နှင့် ဒုကျောင်းအုပ် ဖန်ဝေနှင့် အခြားသူများသည် လင်းဖန်ကို လေးလေးနက်နက်ကြည့်ကာ တစ်စုံတစ်ခုမေးလိုသည့်အတိုင်း ပါးစပ်ကိုဖွင့်လိုက်ကြသည်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဘာမှမပြောထွက်ခဲ့ပေ။

နှုတ်ဆက်ပြီး တဖြည်းဖြည်း ထွက်ခွာသွားခဲ့သည်။

မကြာခင်မှာပဲ လင်ဖန်းနဲ့ စုရီတို့ဟာ ကျန်ခဲ့ပါသည်။

လင်းဖန်က စုရီပုခုံးကို ပုတ်ပြီး “မင်းဘာလုပ်နေသေးတာလဲ၊ အိပ့်ဆောင်သွားမယ်!”

စုရီက သူ့အသိစိတ်ပြန်ဝင်လာပြီး “ အစ်ကို လင်း မင်းက ပေကျင်းမှာရှိတဲ့ လူငယ်ဆရာကြီးလား။”

စုရီသည်ခုနကအဖြစ်အပျက်ကိုကွက်ကွက်ကွင်းကွင်းမြင်လိုက်သည်။

ကျန်ပေ့မြို့၏ခေါင်းဆောင်သည် လင်းဖန်အပေါ် အလွန်ယဉ်ကျေးပြီး သူ့ကို ညီအစ်ကိုလင်းဟုပင် ခေါ်ကြသည်။

လင်းဖန် ရဲ့ အမှတ်အသားက ဘယ်လောက်ကြောက်စရာကောင်းလဲ။

စုရီသည် လင်းဖန်းအား ဝတ္ထုအချို့တွင် ဖော်ပြထားသော မြို့တော်၏ သခင်လေးတစ်ဦးဟုထင်လိုက်သည်။

လင်းဖန်က “ဘေဂျင်းရဲ့ သခင်လေးလား။ ငါက ဘေဂျင်းရဲ့ ဘုရင်ပဲ”

“ဟစ်!”

စုရီ ကြားတော့ အသက်ရှုကြပ်သွားခဲ့သည်။

သေချာသည်က သူသည် ၎င်းကို အလေးအနက်ထားတယ်ဆိုတာပင်ဖြစ်သည်။

လင်းဖန်သည်စုရီ ၏ လေးနက်သော အသွင်အပြင်ကို ကြည့်ကာ ရကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters