သူအိပ့်နေတာကိုမနှောင့်ယှက်ပါနဲ့
Vol. 7 Ch. 103
လင်းဖန်နှင့်စုရီတို့ အိပ်ဆောင်ထဲသို့ဝင်ပြီးနောက်ဘယ်သူမှမရှိဘူးဆိုတာတွေ့လိုက်သည်။
စုရီ “ဒီနေ့အတန်းကဆရာမဟန်တီအတန်းမဟုတ်ဘူးလား”
ပြောပြီးသည်နှင့် ရေချိုးခန်းထဲသို့ အမြန်ပြေးသွားခဲ့သည်။
ခဏကြာတော့ ရေချိုးခန်းထဲမှာဘုန်းဘုန်းအသံခုထွက်လာသည်။
စုရီ သည် ချွေးနံ့ဆိုးဖြင့် ဆရာမဟန်တီအတန်းကိုမသွားချင်ပေ။
လင်းဖန်သည် ဆရာမ ဟန်တီဟုကြားလိုက်ရသော အရင်ကဟန်တီအိမ်သို့သွားသည့် မြင်ကွင်းကို လင်းဖန်က တွေးမိပြီးသူ၏ နှလုံးခုန်သံ အနည်းငယ် မြန်လာသည်။
ခဏကြာတော့ သူက “ စိတ်လျှော့...စိတ်လျှော့” လို့ ပြောလိုက်သည်။
စုရီ ရေချိုးပြီး အဝတ်အစားလဲတာလင်းဖန်နှင့်အတူအတန်းထဲသို့ရောက်လာကြသည်။
ဆရာမဟန်တီ ၏အတန်းအားလုံးသည် အလွန်ပြည့်နှက်နေသည်။
ယနေ့တွင်လည်း ခြွင်းချက်မဟုတ်ပေ။
ဇောင်ချင်းဘို နှင့် မူဇောင် တို့သည် အလွန်အားကိုးအားထားပြုနေကြဆဲဖြစ်ပြီး လင်းဖန်တို့ထိုင်ရန်ထိုင်ခုံများကို စောစီးစွာ ကူပေးခဲ့သည်။
စုရီနှင့် လင်းဖန် တို့သည် ထိုင်လိုက်ကြသည်နှင့်တပြိုင်နက်ကျန်ပေ့တက္ကသိုလ်ဝန်းအတွင်း ကျယ်လောင်သောခေါင်းလောင်းသံထွက်လာသည်။
ထို့နောက်ဟန်တီ သည် ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။
ချက်ခြင်းပင် စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ဟန်တီ၏ ဟောပြောချက်ကိုနားထောင်လာသည်နှင့်အမျှ ကျောင်းသားများ၏ စိတ်ဓာတ်သည်လည်း တောက်ပလာခဲ့သည်။
ကျောင်းသားများ အားလုံး၏ မျက်လုံးများတွင် ဟန်တီသည် ကောင်းကင်တွင် တောက်ပနေသောနေမင်းကြီးပမာပင်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ မနက်ပိုင်းအတန်းအချိန်ပြီးဆုံးသွားတော့သည်။
ကျောင်းသားများသည် ဆက်၍နေချင်သေးသောလဲဆရာမဟန်တီမရှိသောကြောင့် ဖြည်းညှင်းစွာ ထွက်ခွာသွားကြသည်။
ဒီနေ့ ကော်ဖီဆိုင်က ခါတိုင်းလို ပြည့်နေသည်။
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်း အနည်းငယ် တုန်ခါသွားသည်။
12:00!
စာအိတ်အနီပေါ်လာတော့သည်။
“ဒင်း! ဂုဏ်ယူပါတယ် ယွမ် 100 ရယူခဲ့သည်။”
“ဒင်း၊ ဂုဏ်ယူပါတယ်၊ မင်း ကျွမ်းကျင်တဲ့ အင်္ဂလိပ်စာ အတွေ့အကြုံကို ရရှိသည်။”
……
“ဒင်း! ဂုဏ်ယူပါတယ် မင်း 1 ယွမ်ရခဲ့သည်။”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် ၁၀၀၀ ရခဲ့သည်။”
……
ဒီတစ်ကြိမ်စာအိတ်နီဖွင့်ရာတွင်လင်းဖန် ဟာ ယွမ် 30211 ရရှိခဲ့သည်။
လင်းဖန်သည်၎င်းကို ဂရုမစိုက်ဘဲ ပရော်ဖက်ရှင်နယ်အဆင့် အင်္ဂလိပ်စာ အတွေ့အကြုံကို တိုက်ရိုက်အာရုံစိုက်ခဲ့သည်။
【ကျွမ်းကျင်သောအင်္ဂလိပ်စာအတွေ့အကြုံ။ နားထောင်ခြင်း၊ စာရေးခြင်း၊ စာဖတ်ခြင်း သို့မဟုတ် သီချင်းဆိုသည်ဖြစ်စေ ကျွမ်းကျင်အဆင့် အင်္ဂလိပ်စာနှင့်ပတ်သက်သောစကားများအားလုံးကိုနားလည်နိုင်ပြီး ၎င်း၏ကျက်သရေကိုပြသနိုင်သည်။ 】
လင်းဖန်က သူ့စိတ်ထဲမှာ အထက်တန်းကျောင်းမှာတုန်းက ဒီအရည်အချင်းရှိရင် ကောင်းမယ်။ဟုရေရွတ်လိုက်သည်။
ဒီနေ့ နေ့လည်က ပါမောက္ခဟောင်း အတန်းပင်ဖြစ်သ
မနေ့ညက လင်းဖန် က တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ ဒါက ဟန်တီ ရဲ့ မနက်ပိုင်း အတန်းမို့ တစ်ချိန်လုံး မအိပ့်ခဲ့ပေ ။
ထိုအချိန်တွင် ပရော်ဖက်ဆာအိုကြီး ပြောပြီးသည်နှင့် လင်းဖန်သည် မျက်လုံးမှိတ်ကာ အိပ်ပျော်သွားသည်။
ဒါတောင် သူကဟောက်ပြီးအိပ်နေသည်။
စာသင်ခန်းထဲမှာ အိပ်နေတာ ဘာမှမဟုတ်ပေ။
ဒါပေမယ့် လင်းဖန်လို ဟောက်ပြီးအိပ့်တဲ့လူတွေကို မတွေ့ရပေ။
ဒီလိုနဲ့ စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်း၏ မျက်လုံးများသည် လင်းဖန်ကိုထူးဆန်းသော အမူအရာဖြင့်ကြည့်နေကြသည်။
လူတိုင်း၏အကြည့်အောက်တွင် ပရော်ဖက်ဆာအိုကြီးသည် စင်မြင့်မှ ဖြည်းညှင်းစွာ ဆင်းလာပြီး လင်းဖန်ထံသို့ ရောက်လာသည်။
လူတိုင်းက လင်းဖန်ကံဆိုးတော့မယ်ဟုထင်လိုက်သည်။
စုရီ၊ ဇောင်ချင်းဘို နှင့် မူဇောင်တို့သည် လင်းဖန် ကို နှိုးလိုသော်လည်း ဘာမှမလုပ်နိုင်ပဲ ထိုင်နေကြသည်။
သို့သော် ပါမောက္ခအိုကြီး၏လုပ်ရပ်ကြောင့်အကုန်လုံးကြောင်အသွားသည်။
ပါမောက္ခဟောင်းက သူ့အင်္ကျီကို ချွတ်ပြီး လင်းဖန်အပေါ်တင်လိုက်တယ်။
ပါမောက္ခဟောင်းက ၊ လင်းဖန်ကညဘက်တွင်မအိပ့်ဘဲစာလုပ်နေသောကြောင့်ယခုအိပ့်နေသည်မှာသာဘာဝပင်ဟုတွေးလိုက်သည်။
ထို့နောက် ပါမောက္ခဟောင်းက “ငါတို့ ဒီအတန်းအတွက် စာသင်ခန်းနောက်တစ်ခန်းပြောင်းရအောင်။အားလုံးအပြင်ထွက်တဲ့အခါ တိတ်တိတ်ဆိတ်ဆိတ်နဲ့ထွက်ပါ၊လင်းဖန်ရဲ့ အိပ်တာကို မနှောင့်ယှက်ပါနဲ့” လို့ တိုးတိုးလေးပြောလိုက်သည်။
ကျောင်းသားများသည်ဤစကားကိုကြားတော့ တုန် လှုပ်သွားသည် ။
အတန်းဖော်တွေ အိပ်နေတာကို မနှောင့်ယှက်နဲ့လား။
၊ ဆရာပြောတာ တကယ်ရောဟုတ်လား။
မကြာမီ စာသင်ခန်းတစ်ခုလုံးတွင် လင်းဖန်တစ်ယောက်သာ ကျန်တော့သည်။
…………
ပြတင်းပေါက်ကနေတဆင့် လင်းဖန်ရဲ့မျက်နှာပေါ် ကျရောက်လာတဲ့ နေရောင်ခြည်ကြောင့် မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူက သူ့ကိုဝိုင်းကြည့်နေတဲ့ မူဇောင်၊ စုရီနဲ့ ဇောင်ချင်းဘိုတို့ ကိုကြည့်ပြီး “မင်းတို့ငါ့ကို ဘာလို့ဒီလိုကြည့်နေတာလဲ”ဟုမေးလိုက်သည်။
ဇောင်ချင်းဘိုက “အစ်ကို လင်း၊ မင်းက ပရော်ဖက်ဆာ လီ(လီဟောင်း) ရဲ့တရားမဝင်သားလား။”
ပါမောက္ခ လီသည် နေ့လည်ပိုင်းတွင် အတန်းထဲတွင် ပါမောက္ခဟောင်းပင်ဖြစ်သည်။
တကယ်တော့ ဒါက သူတို့သုံးယောက်ကို သံသယရှိရုံမက အတန်းထဲက လူတော်တော်များများက လဲသံသယရှိနေကြသည်။
လင်းဖန်က “တရားမဝင်တဲ့ကလေး ဘာလဲ၊ သူ့မျိုးရိုးက လီ ဖြစ်ပြီး၊ ငါ့မျိုးရိုးက လင်းလေ” လို့ ထူးဆန်းစွာ ပြောလိုက်သည်။
“ဒါဆို ပရော်ဖက်ဆာလီ က မင်းကို ဘာလို့ ဒီလောက်ကောင်းကောင်းဆက်ဆံရတာလဲ” ဇောင်ချင်းဘို က ပြောသည်။
လင်းဖန်သည် သူ့ကိုယ်ပေါ်ရှိ အင်္ကျာီကို ကြည့်ကာ သုံးယောက်သား ပြောလိုက်သည်ကို ချက်ချင်း သဘောပေါက်သွားသည်။
လင်းဖန်က “ငါကချောလို့လေ။”ဟုပြုံးပြီးပြောလိုက်သည်။
“ဒင်!”
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်း အနည်းငယ် တုန်ခါသွားသည်။
ဆရာမဟန်တီ ပေးပို့သော WeChat မက်ဆေ့ချ်တစ်ခု ဖြစ်သည်။
ဟန်တီ: လင်းဖန်အားလား။အားရင် ငါ့ရုံးခန်းကို လာလို့ရလား။
လင်းဖန်က သူ့ဖုန်းကို မြှောက်လိုက်ပြီး ပြုံးကာ “ကြည့်စမ်း၊ ငါက ချောတယ် လို့ ပြောတယ်မလား၊ ဆရာမဟန်တီကအခုငါ့ကိုရှာနေပြီ။”
ဇောင်ချင်းဘို၊ စုရီ နှင့် မူဇောင် တို့သည် လင်းဖန်၏ WeChat မက်ဆေ့ချ်ကို မြင်ပြီးနောက် သူတို့မျက်လုံးတွေနီရဲသွားကြသည်။
ထို့နောက်သူတို့အားလုံးက “အစ်ကို လင်း၊ ငါတို့မင်းအတွက် ဒူးထောက်ခွင်ပြုပါ”
လင်ဖန်းသည် သူတို့သုံးယောက်၏ ထူးဆန်းသောအသွင်အပြင်ကို ကြည့်ကာရယ်လိုက်သည်။
……
လင်းဖန်သည် ဟန်တီ ၏ရုံးခန်းသို့ အကြိမ်များစွာ ရောက်ဖူးသည်။
ယခုအချိန်တွင် ဟန်တီသည် ရုံးတွင် တစ်ဦးတည်းသာရှိသည်။
လေထဲတွင် သာယာပြီး မွှေးကြိုင်သော ရနံ့တစ်ခုရှိသည်။
လင်းဖန်က သူ့နှလုံးသားထဲမှာ - ဟုတ်ပးတယ်၊ ဆရာမဟန်တီက ပန်းပင်ရေမွှေးကိုသုံရတာကြိုတယ်ဟုတွေးလိုက်သည်။
ထိုအချိန်တွင် စားပွဲပေါ်တွင် စာရေးနေသော ဟန်တီ သည် လင်းဖန်ကို သတိထားမိသည်။
သူမ ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူ့မဘေးက လက်ဖက်ရည်ကို ညွှန်ပြပြီး “လက်ဖက်ရည် အရင်သောက်ပါ” လို့ပြောလိုက်သည်။
လင်းဖန် က “ကျွန်တော် နည်းနည်း ရေငတ်နေတာနဲ့အတော်ပဲ’’
ထို့နောက် သူသည် ခွက်ကို တိုက်ရိုက် ကောက်ယူပြီး တစ်လုတ်ထဲသောက်လိုက်သည်။
လက်ဖက်ရည်၏ အပူချိန်သည် မှန်ကန်ပါသည်။ နှင်းဆီပန်း၊ စံပယ်၊ ပျားရည် နှင့် သကြား အနည်းငယ် ပါရှိပါသည်။ ၎င်းသည်ချိုမြိန်မှုကိုပေးပြွးအလွန်အရသာရှိသည်။
“ဒီနေရာကို ဘယ်လိုတွက်တာလဲ။” ဟန်တီ ကရှုပ်ထွေးနေတဲ့ တွက်ချက်မှုကို ထုတ်ပြပြီး ပြောလိုက်သည်။
လင်းဖန်ကို ကြည့်လိုက်တော့ ဟောပြောပွဲမှာ သူကိုယ်တိုင်ရေးထားတဲ့ အမွှာအနှစ်သာရဆိုတာသိလိုက်သည်။
နည်းနည်းစဉ်းစားပြီးတာနဲ့ သူက ဗလာစာရွက်ကြမ်းကိုထုတ်ပြီး အသေးစိတ်အဆင့်တွေကို မြန်မြန်ရေးလိုက်သည်။
12(1+2+3+……N)-12(1+2+3+……+(N-1)=(6N^2+6N)-{6(N-1)^2+6( N-1)}=12N
…………
……
တွက်ချက်မှုများနှင့် ဖော်မြူလာများကို ရေးသားသည့်အခါတွင်ပင် လင်းဖန် ၏ လက်ရေးသည် အလွန်ပြေပြစ်ပြီး လှပသည်။
ဟန်တီသည် နှစ်သက်ဖွယ်ကောင်းသော လက်ရေးနှင့် လင်းဖန်၏ လေးနက်သော အသွင်အပြင်ကို ကြည့်ပြီး သူမရင်ခုန်လာခဲ့သည်။
ဟန်တီ ၏မျက်လုံးများတွင် လင်းဖန်သည် တွက်ချက်နေတာမဟုတ်ဘဲ၊လှပသောနတ်နန်းတော် တိမ်တိုက်ထိပ်မှာတည်ဆောက်နေသကဲ့ပင်ဖြစ်သည်။
ယခုအချိန်တွင် လင်းဖန်၏ပုံစံမှာဟန်တီ၏အမြင်တွင် အလွန်စွဲမက်ဖွယ်ကောင်းနေသည်။
ဟန်တီ သည် လင်ဖန်းထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လိုက်ပြီးနမ်းလိုက်ပြီးလင်းဖန်ရင်ခွင့်ထံသို့ဝင်လိုက်သည်။
( ̄ε ̄)
…………
……
ယနေ့ညတွင် လင်းဖန်သည် ဆရာမဟန်တီ ၏အိမ်သို့ ထပ်မံရောက်ရှိလာသည်။
တစ်ညလုံး ဆရာမဟန်တီကိုထရိန်နင်ဆင်းပြီးနွေးထွေးပြီးသာယာသောညတစ်ညပင်ဖြစ်သည်။!
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး