ချမ်ရီရီ၏ ဖိတ်ကြားချက်
Vol. 7 Ch. 104
နောက်တစ်နေ့တွင် ဟန်တီ သည် ဒီနေ့မနက်ပိုင်းတွင်စာမသင်နိုင််တော့ပေ။ဘာလို့လဲဆိုရင်မနေ့ညက အရမ်းပင်ပန်းနေသောကြောင့်ပင်ဖြစ်သည်။ဒါကြောင့်သူမသည်မနက်စာစားပြီးတာနဲ့ အိပ်ရာဝင်ပြီး အိပ်ပျော်သွားခဲ့သည်။
လင်းဖန်သည် ဟန်တီ ကောင်းကောင်းအနားယူနိုင်စေရန် သူမ၏အိမ်တွင် အကြာကြီးမနေဘဲ ကျန်ပေ့တက္ကသိုလ်သို့လာခဲ့သည်။
ကျန်ပေ့မြို့၏မနက်ခင်းမှာ အားလုံးက အလုပ်သွားဖို့အလုပ်သွားဖို့ပြင်ဆင်နေသောကြောင့်ကားလမ်းအနည်းငယ်ပိတ်နေခဲ့သည်။
လင်းဖန်သည် ကျွမ်းကျင်သော ကားမောင်းစွမ်းရည်သည့်တိုင် ကျောင်းသို့ရောက်ရန် နာရီဝက်ကျော်ကြာခဲ့သည်။
နံနက်ခင်းအတန်းထဲတွင် လင်းဖန်သည် စားပွဲပေါ်တွင် တိုက်ရိုက်အိပ်နေလေသည်။
“ကလင်...ကလင်!”
ခေါင်းလောင်းသံကြားပြီးနောက် လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီးနေ့လယ်စာစားဖို့စားသောက်ဆိုင်သို့သွားလိုက်သည်။
ဟားသောက်ဆိုင်မှာ ထမင်းစားနေတုန်း သူ့လက်ကိုင်ဖုန်းက နည်းနည်းလှုပ်သွားခဲ့သည်။
12:00!
စာအိတ်အနီပေါ်လာတော့သည်။
“ဒင်း၊ ဂုဏ်ယူပါတယ်၊ ၂ ယွမ်ယူရခဲ့သည်။။”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 19,999 ယွမ် ရရှိသည်။”
……
“ဒင! ဂုဏ်ယူပါတယ် မင်း ပါမောက္ခအဆင့် ဓာတုဗေဒ အတွေ့အကြုံကို ရသည်။”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရခဲ့သည်”
……
လင်းဖန်သည် စာအိတ်နီဖွင့်ရာတွင်စုစုပေါင်း 50,198 ယွမ် နှင့် ပါမောက္ခအဆင့် ဓာတုဗေဒ အတွေ့အကြုံကို ရရှိခဲ့သည်။
【ပါမောက္ခအဆင့် ဓာတုဗေဒ အတွေ့အကြုံ။ ဟိုက်ဒရိုဂျင်၊ ဟီလီယမ်၊ လီသီယမ်၊ ဘီရီလီယီယမ်၊ ဘိုရွန်၊ ကာဗွန်၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်၊ ဖလိုရင်း၊ နီယွန်... လွန်ကဲသော ဓာတုဗေဒဆိုင်ရာ အသိပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ ပုံမှန်မဟုတ်သော ကျက်သရေကိုပြသနိုင်သည်။ 】
ဒီမှာကြည့်...
လင်းဖန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။
အရင်တုန်းကသူသည်သင်္ချာပညာရှင်အဆင်ကိုရရှိထားပြီးသားဖြစ်သည်။မနေ့ကလဲ ပရော်ဖက်ရှင်နယ်အင်္ဂလိပ်စွမ်းရည်ကို ရခဲသည်။ အခုလဲပါမောက္ခအဆင့် ရူပဗေဒ အတွေ့အကြုံကိုရ ရှိခဲ့သည်။
ဒီစနစ်ကသူ့ကိုသိပ္ပံပညာရှင်ဖြစ်အောင်လုပ်ပေးနေသလားလို့ထင်ရသည်။
“ဒင်ဒေါင်!”
လင်းဖန်သည် အိပ်ဆောင်ဆီသို့ လျှောက်နေရင်းသူ့ဖုန်းက အနည်းငယ်တုန်ခါသွားခဲ့သည်။
ဟန်စီဒီ တည်ထောင်သူ ချမ်ရီရီ ထံမှမက်ဆေ့ပင်ဖြစ်သည်။
ချမ်ရီရီ- လင်းဖန်၊ ငါတို့ ဟန်စီဒီကရေမွှေးအသစ်ကို တီထွင်ခဲ့တယ်။ မင်းမှာ အချိန်ရှိလျှင် ငါ့ကုမ္ပဏီကိုလာပြီးမှတ်ချက်လာပေးလို့ရမလား။
ဒါကို မြင်လိုက်ရတော့ လင်းဖန်၏ နှလုံးသား အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
သူ့မှာ ရေမွှေးကျွမ်းကျင်တဲ့ အရည်အချင်းရှိသည်။
ရေမွှေးအသစ်ဆိုတော့သေချာပေါက့သေချာစိတ်ဝင်စားသည်။
ထို့အပြင် လင်းဖန်သည် မနေ့ညကပင်ပန်းသောကြောင့်တစ်မနက်လုံးနီးပါး အိပ်ခဲ့သည်။
နေ့ခင်းဘက် တွင်အတန်းတက်ရမလား လို့စဉ်းစားနေသည်။ အခု ဒီစာကိုမြင်ပြီးနောက်သူသည်မတွန့်ဆုတ်တော့ဘဲ မက်ဆေ့ကို တိုက်ရိုက်တုံ့ပြန်လိုက်သည်။
လင်းဖန် : ကောင်းပြီ ငါလာခဲ့မယ်။
လင်းဖန်သည် အခန်းဖော်သုံးယောက်ကို နှုတ်ဆက်ပြီးနောက် ကားပါကင်ဆီသို့ တည့်တည့်လျှောက်သွားခဲ့သည်။
ဇောင်ချင်းဘိုက သက်ပြင်းတစ်ချက်ချလိုက်ပြီး “ကျွန်တော်က အစ်ကိုလင်းလိုမျိုးဖြစ်ရင် သိပ်ကောင်းမှာပဲ”
စုရီ: “အတန်းထဲကိုသွားပါ”
“အဘယ်ကြောင့်?” ဇောင်ချင်းဘို က မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ အတန်းထဲမှာ အိပ်မက်မက်လို့ရလို့။” စုရီကပြုံးပြီး ပြောလိုက်သည်။
ဇောင်ချင်းဘို :...
…………
ဟန်စီဒီ ကုမ္ပဏီသည် ကျန်ပေ့မြို့လယ်ရှိ ဖန်ရီအဆောက်အဦး၏ 17 လွှာတွင် တည်ရှိသည်။
လင်းဖန်သည် ဓါတ်လှေကားပေါ်မှ တက်လာစဉ်အတွင်း သင်းပျံ့သောရနံ့များလင်းဖန်ရခဲ့သည်။
လင်းဖန်သည်၁၇လွှာလို့ရောက်ပြီးနောက်အပေါက်ဝရှေ့စားပွဲမှာ တိတ်ဆိတ်ပြီးထိုင်နေတဲ့ ပုံသဏ္ဍာန် တစ်ခုကိုတွေ့လိုက်သည်။
သူမက ပြုံးပြီး “ ငါ မင်းကို ဘာကူညီပေးရမလဲ?”
လင်းဖန် က “ကျွန်တော် ချမ်ရီရီကိုတွေ့ဖို့လာတာ၊ ကျွန်တော့်နာမည် လင်းဖန် ပါ”
“ဟယ်လို မစ္စတာလင်း၊ ငါတို့ဥက္ကဌက ရှင်လာမယ်ဆိုတာပြေားပြီး၊ကျေးဇူးပြုပြီးလိုက်ခဲ့ပါ’’
စကားပြောပြီးနောက်တစ်ချိန်တည်းမှာပင် သူမသည် ချမ်ရီရီ နှင့်လင်းဖန်တို့အကြောင်းကိူခန့်မှန်းနေပြီးလင်းဖန်ကို တိတ်တဆိတ်ကြည့်နေလိုက်သည်။
ဟန်စီဒိ R&D စင်တာသည် ကုမ္ပဏီဧရိယာ၏ သုံးပုံတစ်ပုံနီးပါးကို သိမ်းပိုက်ထားသည်။
မတူညီသောပုလင်းများစွာရှိပြီး ပုလင်းတစ်ခုစီတွင် မတူညီသောရေမွှေးများပါရှိသည်။
ယခုအချိန်တွင် ချမ်ရီရီနှင့် R&D ဝန်ထမ်းအများအပြားသည် စိတ်အားထက်သန်စွာ ဂရုတစိုက်လေ့လာနေကြသည်။
“ဒေါက်”
အပြင်မှာ တံခါးခေါက်သံထွက်လာသည်။
ချမ်ရီရီသည် သူမလုပ်နေတာတွေကို ရပ်တန့်လိုက်ပြီး “ကျေးဇူးပြုပြီး ဝင်လာပါ” လို့ပြောလိုက်သည်။သူမစကားပြောပြီးနောက်လင်းဖန်ဝင်လာသည်။
လင်းဖန်ကိုမြင်သောအခါ သူမ၏ လှပသောမျက်လုံးများသည် ချက်ချင်းတောက်ပလာပြီး “လင်းဖန်၊ မင်းရောက်ပြီ!”
“လာကြည့်၊ ဒါက ငါတို့ရဲ့ ရေမွှေးအသစ်”
ခဏနေတော့ သူမက “မေ့လိုက်ပါ၊ လာ ကော်ဖီဖြစ်ဖြစ်လက်ဖက်ရည်သောက်ကြရအောင်” လို့ ပြောလိုက်သည်။
ထင်ရှားသည်မှာ၊ ချမ်ရီရီသည် လင်းဖန်ကဧည့်သည်ဖြစ်သောကြောင့်ပထမဆုံး သူ့ကို ကောင်းမွန်စွာ ဆက်ဆံသင့်သည်ဟုသူမထင်သောကြောင့်ပင်ဖြစ်သည်။
လင်းဖန်က ပြုံးပြီး “ရပါတယ်၊ကျနော်လဒမေဆာသေးတော့၊ရေမွှေးကို အရင်ကြည့်ရအောင်”
ထို့နောက် ချမ်ရီရီ ၏လက်ထဲက အဝါရောင်ဖန်ပုလင်းကို ညွှန်ပြရင်း “ဒါက ရေမွှေးအသစ်နှလုံးသားရေမွှေးမဟုတ်လား”
“ဟုတ်တယ်!” ချမ်ရီရီခေါင်းညိတ်လိုက်သည်။
လင်းဖန်သည် ရေတကယ်မသောက်ချင်တော့သည်ကို မြင်လိုက်ရသဖြင့် သူမသည် ထပ်မတောင်းတော့ဘဲ ရေမွှေးအသစ်နှလုံးသားကိုပေးလိုက်သည်။
လင်းဖန်သည် ပုလင်းအဖုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်တစ်ပြိုင်နက် ချိုမြိန်လန်းဆန်းသော ရနံ့လေး ပျံ့လွင့်လာသည်။
လင်းဖန် က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး “ဒေလီနဲ့နဲ့ တစ်ခြားမွှေးကြိုင်တဲ့ဟာတို့ကို ပေါင်းထည့်လိုက်တာက ရေမွှေးကို မွှေးရနံ့သင်းပျံစေသည်” လို့ ပြောလိုက်သည်။
ချမ်ရီရီသည် လင်းဖန် ၏ ထူးခြားသောရေမွှေးစွမ်းရည်ကို မကြာသေးမီက မြင်တွေ့ခဲ့ပြီးဖြစ်သည်။
ဒါပေမယ့် အခုသူမပြန်တွေ့တော့လဲ အံ့သြမိနေပြန်သည်။
လင်းဖန် - “ကံမကောင်းစွာပဲ၊ ရေမွှေးထုတ်လုပ်တဲ့ အဆင့်နဲ့ တိုင်းတာခြင်းနဲ့ ပတ်သက်ပြီး ပြဿနာအချို့ ရှိနေသေးတယ်။ မဟုတ်ရင် ဂတ်စ်လင့် လိုမျိုး အမှတ်တံဆိပ်တွေနဲ့ ယှဉ်နိုင်မှာပါ။”ဟုပြောလိုက်သည်။
ချမ်ရီရီ က “ပြဿနာက ဘယ်မှာလဲ၊ အဲဒါကို ကြည့်ပြီးတော့ ငါ့ ကူညီပေးနိုင်မလား?”
သူမ၏ လေသံသည် စိတ်အားထက်သန်လွန်းသည်။
လင်းဖန်၏စကားအတိုင်း ထိုခံစားချက်မျိုးကိုသူမအမှန်တရားခံစားရသောကြောင့်ပင်ဖြစ်သည်။
ဒါကလည်း ပုံမှန်ပါပဲ...
အဘယ်ကြောင့်ဆိုသော် ချမ်ရီရီသည် အချိန်တိုလေးအတွင်း နှလုံးသားရေမွှေးအသစ်ကို ဖဖော်ထုတ်နိုင်ခဲ့သည့်အကြောင်းရင်းမှာ လင်းဖန် ကရေမွှေးပြပွဲတွင် ပြောတာတွေအပေါ် လုံးဝအခြေခံထားခြင်းဖြစ်သည်။
ထို့နောက် ချမ်ရီရီ က တစ်ခုခုကို သဘောပေါက်သွားပုံရပြီး “ဆောရီး၊ ငါ အခုက နည်းနည်း စိတ်စောသွားတယ်... မင်းမှာ အချိန်မရှိရင် လဲရပါတယ်။...”
လင်းဖန် သည် နည်းပညာဒါရိုက်တာ လုပ်ပြီးဟန်စီဒီဌာနချုပ်ကို လာရန် ငြင်းဆန်ခဲ့သည် ။
လင်းဖန်သည်ရေမွှေးလုပ်ရတာကို အရမ်းစိတ်ဝင်စားနေသည်။
ဒါကြောင့် ပြုံးပြီး “အချိန်တွေအများကြီး ရှိပယတယ်။ အဆင်ပြေရင် မင်းရေမွှေးလုပ်နည်းကို အရင်ကြည့်ပါရစေ’’
ချမ်ရီရီ က “ရပါတယ်၊ ရပါတယ်!”
ထို့နောက် ချမ်ရီရီသည် လင်းဖန်းအား ကြီးမားသော စမ်းသပ်ပလက်ဖောင်းတစ်ခုသို့ ဦးဆောင်ခဲ့သည်။
စမ်းသပ်ပလပ်ဖောင်း၏ထိပ်တွင်၊ ပုံသဏ္ဍာန်ပုလင်းများ၊ U ပုံသဏ္ဌာန်ပြွန်များ၊ အရက်ပျံမီးခွက်များနှင့် အခြားပစ္စည်းများအပြင် ရေမွှေးပြုလုပ်ရန် ကုန်ကြမ်းအမျိုးမျိုးပါရှိသည်။
ချမ်ရီရီ က R&D ဝန်ထမ်းကို “မင်း နှလုံးသားရေမွှေးအသစ်ကို တစ်ခါတည်း အပြီးအပိုင်လုပ်ပြပါ”
ယခုအချိန်တွင် R&D စင်တာတွင် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦးရှိသည်။
သူတို့အထဲမှာ အရပ်ရှည်ပြီး ပိန်တဲ့ ဇောင်ရှင်း က တုံ့ဆိုင်းနေပြီး “ဥက္ကဋ္ဌ၊ နှလုံသားရေမွှေးက ငါတို့ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တစ်ခုလေ...”
သူပြောသည့်အဓိပ္ပါယ်မှာ အလွန်ရှင်းသည်။
လင်းဖန်သည် ကျွန်ုပ်တို့ကုမ္ပဏီ၏ ဝန်ထမ်းမဟုတ်သည့်အပြင် လျှို့ဝှက်ရေးသဘောတူညီချက်ကို လက်မှတ်မထိုးရသေးပါ။ သူ့ဆီက ပေါက်ကြားသွားရင် ငါတို့လုပ်ထားတာတွေကသဲထဲရေသွန်လိုက်သလိုဖြစ်သွားမည်ဖြစ်တယ်ဆိုတာပင်ဖြစ်သည်။
ချမ်ရီရီသည် သူဘာကိုဆိုလိုသည်ကို သိတော့မျက်မှောင်ကြုတ်ကာ တင်းမာစွာဖြင့်” ငါတို့ရဲ့ နှလုံးသားရေမွှေးသစ်က လင်းဖန် အပေါ်မှာ လုံးလုံးလျားလျား မှီခိုနေရတယ်၊ ဒါကြောင့်သူ့ကို လျှို့ဝှက်ထားစရာ မလိုဘူး”
“နှလုံးသားရေမွှေးသစ်ကို လင်းဖန်ရှေ့မှာ တစ်ခါတည်း နဲ့ ပြီးပြည့်စုံအောင်လုပ်နိုင်ဖို့ကိုပဲမင်းပြသဖို့ပဲလိုတယ်”
လင်းဖန် ဟာ သူမကုမ္ပဏီကို ရောက်လာပြီး သူ့မရဲ့ နှလုံးသားရေမွှေးကို တိုးတက်အောင် ကူညီဖို့ ရည်ရွယ်ထားသည်။
ချမ်ရီရီ သည် ဇောင်ရှင်း ၏စကားကြောင့် လင်းဖန်အား စိတ်မချမ်းသာမဖြစ်စေလိုပေ။
ချိဖတို့wowမှာလဲစာအုပ်တွေအားပေးကြပါအုံးဗျ။linkကိုမကြခင်စုပေးပါ့မယ်
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး