လင်းဖန်ကိုရှယ်ယာပေးခြင်း
Vol. 7 Ch. 105
ရောက်ရှိနေသော R&D ဝန်ထမ်းများသည
ချမ်ရီရီ ၏ မကျေမနပ်ဖြစ်သံကိုလည်း ကြားလိုက်သောကြောင့်စကားအများကြီးမပြောတော့ပဲသူမပြောတာကိုလိုက်နာပြီး ရေမွှေးလုပ်ပြတော့သည်။
ပုံမှန်အားဖြင့်၊ ရေမွှေးအချောထည်ပြုလုပ်ရန် ရက်သတ္တပတ်များစွာကြာသည်။
သို့သော် ဟန်စီဒီတွင်အချောထည်လုပ်ရန်အတွက်ပစ္စည်းများရှိသောကြောင့်အချိန်ကုန်သက်သာစေသည်။
နှစ်နာရီအကြာတွင် လင်းဖန်၏ရှေ့တွင် နှလုံးသားအသစ်တစ်ပုလင်း ပေါ်လာသည်။
လင်းဖန်သည် အသစ်ဖွဲ့စည်းထားသော နှလုံးသားရေမွှေးကို အနံ့ခံကာ “ငါလည်း လုပ်ကြည့််မယ်” လို့ပြောလိုက်သည်။
“ဒါဆို ငါမင်းကိုကူညီပေးမယ်။” ချမ်ရီရီက ပြောလိုက်သည်။
လင်းဖန်က ခေါင်းခါပြီး “မဟုတ်ဘူး၊ ငါကိုယ်တိုင် လုပ်နိုင်တယ်”
.
လင်းဖန်သည် စမ်းသပ်ဆဲပလက်ဖောင်းသို့ လျှောက်သွားကာ ပထမဦးစွာ ပုံသဏ္ဍာန်အမျိုးမျိုးဘူး၊ ကရားစသည်ဖြင့် ကိရိယာအားလုံးကို သန့်စင်ပြီး စနစ်တကျ ထားရှိလိုက်သည်။
ထို့နောက် ကုန်ကြမ်းများနှင့် ဖျော်ရည်များကို ဖန်ပုလင်းဝိုင်းထဲသို့ လောင်းချကာ သေးငယ်သော ရေဝဲများဖြစ်လာစေရန် ညင်သာစွာလှုပ်ယမ်းလိုက်သည်။
ဖန်ပြွန်များ၊ မီးစက်များ၊ ပေါင်းခံပုလင်းများနှင့် အခြားစက်ပစ္စည်းများကို ချိတ်ဆက်လိုက်
ပြီးအောက်ခြေပုလင်းဝိုင်းကို အရက်မီးခွက်အောက်မှာ ထားလိုက်သည်...
ယခင်က ချမ်ရီရီမှ ရေမွှေးလုပ်သူ များအား အကူအညီတောင်းရခြင်းအကြောင်းရင်းမှာ လင်းဖန်သည် ရေမွှေးအကြောင်းကိုသာနားလည်ပြီး လက်တွေ့လုပ်ဆောင်မှုတွင် မကျွမ်းကျင်သောကြောင့် သီအိုရီပညာရှင်တစ်ဦးသာဖြစ်ကြောင်း စိုးရိမ်သောကြောင့်ဖြစ်သည်။
ဒါပေမယ့် လင်းဖန် ရဲ့ ထုတ်လုပ်မှုနည်းစနစ်တွေနဲ့ ခြေလှမ်းတွေကို မြင်လိုက်ရတော့ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရသည်။
ရောစပ်ခြင်း၊အပူပေးခြင်း၊ အေးခဲခြင်း၊ စစ်ထုတ်ခြင်း၊ အရောင်ပြုပြင်ခြင်း...
ကျွမ်းကျင်သော လှုပ်ရှားမှုများနှင့် တိကျသော နည်းစနစ်များပင်ဖြစ်သည်။
သူမကိုယ်တိုင်ရောဟန်စီဒီ ရဲ့ ရေမွှေးလုပ်သူတွေအားလုံးတောင် ယှဉ်လို့မရပါဘူး။
အထူးသဖြင့်၊ အမျိုးမျိုးသော စမ်းသပ်ကိရိယာများ၏ လည်ပတ်မှုနှင့် ကျွမ်းကျင်မှုသည် သာမန်အတိုင်းအတာထက်သာလွန်နေသည်။
ချမ်ရီရီ သည် စမ်းသပ်မှုပြုလုပ်ရန်အတွက် တက္ကသိုလ်တစ်ခုမှ ဓာတုဗေဒပါမောက္ခတစ်ဦးကို ဟန်စီဒီ သို့ လာရောက်ရန် တောင်းဆိုခဲ့ဖူးသည်။ သို့သော် ထိုပါမောက္ခပင် လင်းဖန်၏ခြေဖျားပင်မမီဟုသူမထင်လိုက်သည်။
ချမ်ရီရီ ၏မျက်လုံးများတွင် လင်းဖန် သည် ရေမွှေးလုပ်ခြင်းမဟုတ်ဘဲ လက်ရာတစ်ခုကို ပုံဖော်နေပုံရသည်။
သူမ စိတ်ထဲတွင် သက်ပြင်းချရင်း လင်းဖန်၊ မင်းက ဘယ်သူလဲ။
ကျွမ်းကျင်မှု- ရေမွှေးကျွမ်းကျင်သူ၊ ကျက်သ
ဤအခိုက်အတန့်တွင် လန်းဆန်းသောရနံ့သည် ဖြည်းညှင်းစွာပျံ့လွင့်သွားပြီး ချမ်ရီရီ အား လန်းဆန်းစေသည်။
ချက်ချင်းပင် လင်းဖန်သည် အဝါဖျော့ဖျော့ ပုလင်းတစ်လုံးနှင့်အတူ သူ့မရှေ့သို့ ရောက်လာသည်။
ချမ်ရီရီ သည် အချိန်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မိနစ် 90 ဖြစ်သောကြောင့်အံသြ သွားသည်။
ရေမွှေးလုပ်သူ 6 ယောက်တောင်မှအချိန်2 နာရီအပြည့်ယူခဲ့သည်။
လင်းဖန်တစ်ယောက်တည်းလုပ်တာ မိနစ် 90 ပဲကြာတယ်။
ချမ်ရီရီ ၏ လှပသော မျက်နှာသည် ဖုံးကွယ်ရန် ခက်ခဲသော အံ့သြမှုများ ပြည့်နှက်နေသည်။
ထိုအချိန်တွင် လင်းဖန်က ပါးစပ်ကိုဖွင့်ကာ “ဒါက ငါလုပ်ထားတဲ့ နှလုံးသားရေမွှေးအသစ်ပဲ၊ မင်းအရင်ဆုံး အနံ့ခံနိုင်တယ်” လို့ ပြောလိုက်သည်။
“အာ...ဟုတ်။” ချမ်ရီရီသည် သူမ၏ အံ့သြမှုကို အမြန်ဖယ်လိုက်ပြီး ပုလင်းအဖုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
ရုတ်တရက် မပြင်းမထန်ရနံ့တစ်ခု ထွက်ပေါ်လာပြီး လန်းဆန်းသောရနံ့နှင့်အတူ ပန်းဥယာဉ်အလယ်တွင် ရှိနေသကဲ့သို့ လူကို တုနှိုင်းမရတဲ့ ပျော်ရွှင်မှုကိုပေးစွမ်းစေသည်။
အချိန်အတော်ကြာပြီးနောက်၊ ချမ်ရီရီက စိတ်လှုပ်ရှားစွာနဲ့ “မွှေးလိုက်တာ၊ အရမ်းမွှေးတာပဲ၊ ဒါက ငါရဖူးသမျှရနံ့တွေထဲမှာ အကောင်းဆုံးရနံ့ပဲ၊ လင်းဖန် ကျေးဇူးတင်ပါတယ်!”
လင်းဖန် က “ကျွန်တော်ကိုယ်တိုင် တစ်ခါမှရေမွှေးမလုပ်ဖူးဘူး။ ဒီနေ့က ကျနော်ကျပန်းလုပ်လို့ယူဆတဲ့အတွက် အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး”
ချမ်ရီရီ သည် လင်းဖန်ပြောသောစကားလုံးများကို ပြန်စဉ်းစားလိုက်သည်။
ရေမွှေးကို တစ်ခါမှမလုပ်ဖူးဘူး
ကျပန်းဖန်တီးတာ။
ဘယ်လိုဖြစ်နိုင်မှာလဲ!
လင်းဖန်၏ ရေမွှေးပြုလုပ်နည်းသည် ဒီမှာရှိသည့်ရေမွှေးလုပ်သည့်လူထက် ပိုမိုကျွမ်းကျင်ပြီး ပရော်ဖက်ရှင်နယ်ဖြစ်ကြောင်း သင်သိထားရမည်ဖြစ်သည်။
လင်းဖန် “ဘယ်လိုပဲပြောပြော မင်းမှာနှလုံးသား ရေမွှေး 7 လုံးရှိတယ်လို့ မင်းနောက်ဆုံးပြောခဲ့တာလား။
ချမ်ရီရီက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး “ဟုတ်တယ်၊ တခြား စိတ်ကူးယဉ်ရေမွှေး ၆ လုံးကို ယူလာပြမယ်”
မကြာခင်မှာပဲ အနီ၊ အစိမ်း၊ ပန်းရောင်၊ ခရမ်းရောင်၊ အဖြူ၊ မီးခိုးရောင် ရေမွှေးပုလင်း ခြောက်ပုလင်းလုံး လင်းဖန်ရှေ့မှာ ပေါ်လာခဲ့သည်။
လင်းဖန်သည် ရေမွှေး ၆ ပုလင်းကို အလှည့်ကျဖွင့်ကြည့်လိုက်ရာ အနည်းငယ် အနံခံလိုက်ပြီးခေါင်းညိတ်လိုက်သည်။
“ဤရေမွှေးများတွင် ပါဝင်ပစ္စည်းများနှင့် လက်မှုပညာအရ မြှင့်တင်နိုင်သော နယ်ပယ်အချို့ရှိတယ်။” လင်းဖန်ကပြောလိုက်သည်။
ချမ်ရီရီက စိတ်လှုပ်ရှားစွာနဲ့ “တကယ်လား?”
လက်ဖ့်ကာလာ(နှလုံသားရေမွှေးကိုပြောင်းခေါ်တာပါ)သည် ချမ်ရီရီအလွန်ကြိုးစားအားထုတ်ပြီးဖန်တီးထားသော ရေမွှေးတစ်ခုဖြစ်သည်။
လင်းဖန်မှ မြှင့်တင်ထားသော အဝါရောင်ပုလင်းသည် မွှေးရနံ့ သိသိသာသာ မြင့်မားလာသည်။
လင်းဖန် သည် အခြားရနံ့ 6 မျိုးကို ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ပါက၊ ဤအရာသည် လက်ဖ့်ကာလာကိုစတင်ရောင်းချနိုင်ပြီဖြစ်သည်။
လင်းဖန် က ခေါင်းညိတ်ပြီး “ဟုတ်တယ် ဒီနေ့ နည်းနည်းနောက်ကျသွားပြီ။ မနက်ဖြန် မှဟန်စီဒီ ကို ပြန်လာခဲ့မယ်”
ချမ်ရီရီ ၏ လှပသော မျက်နှာတစ်ခုလုံးသည် ဖုံးကွယ်၍မရသော ပျော်ရွှင်မှုကို ထင်ရှားစေပြီးနောက်သူမက”ဒီနေ့ အရမ်းနောက်ကျသွားပြီ လင်းဖန် ၊ ဒီည အတူတူထမင်းစားလို့ရမလားမသိဘူး”
“ကောင်းပြီ။” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
ထို့နောက် နှစ်ယောက်သား အတူ အပြင်သို့ ထွက်လာကြသည်။
ရေမွှေးလုပ်သူဇောင်ရှင်းသည် သူတို့နှစ်ဦး၏ နောက်ကျောကို ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသော အကြည့်တစ်ခု ပေါ်လာသည်။
...
လင်းဖန်နှင့် ချမ်ရီရီ သည် ဖန်ရီ အဆောက်အဦးနှင့် သိပ်မဝေးသော ပရိုတိတ်ကစ်ချမ်း သို့ ရောက်ရှိရန် အချိန်အတော်ကြာခဲ့သည်။
ပရိုတိတ်ကစ်ချမ်းဆိုင်၏ဟင်းပွဲများသည် သပ်ရပ်လှပပြီး အရသာလည်း အရမ်းကောင်းသည်။
လင်းဖန်သည် ကျေနပ်အားရစွာ အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူသည် ဝိုင်တစ်ခွက်ကို လောင်းချလိုက်သည်။
လောင်ထည့်ပြီးသည်နှင့်နည်းနည်းပါးပါးလှုပ်လိုက်သည်။
ထို့နောက် ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။
လင်းဖန်သည် ဝိုင်၏အရသာကို ခံစားရသကဲ့သို့ မျက်လုံးများကို အနည်းငယ်မှိတ်ထားသည်။
သို့သော် ဤလုပ်ဆောင်ချက်သည် အလွန်ရိုးရှင်းပါသည်။
သို့သော်ချမ်ရီရီ၏မျက်လုံးသည်ယခုအချိန်တွင်အလွန်တောက်ပနေသည်။
အဘယ်ကြောင့်ဆိုသော် ချမ်ရီရီ ၏မျက်လုံးထဲတွင် လင်းဖန်သည် မြင့်မြတ်သော ဝတ်စုံကို ၀တ်ဆင်ထားသော မင်းမျိုးမင်းနွယ်တစ်ဦးသည် ရှည်လျားပြီး ဇိမ်ခံရဲတိုက်တစ်ခုတွင် ထိုင်ကာ လွန်ခဲ့သော နှစ်တစ်ရာက သူ့ကိုယ်ပိုင်ဝိုင်စက်ရုံမှ ချက်သည့် ထိပ်တန်းဝိုင်များကို မြည်းစမ်းနေသလိုပင်ဖြစ်သည်။
အရည်အချင်းများ- အရက်သောက်လေလေ အကန့်အသတ်မရှိ ကျက်သရေရှိသည်။
ထိုအချိန်တွင် လင်းဖန်သည် မျက်လုံးများပြန်ဖွင့်လိုက်သည်နှင့်ချမ်ရီရီနှင့်မျက်လုံးချင်းဆုံသွားသည်။
ချမ်ရီရီသည်သူခိုးလူမိသည့်ပုံစံမျိုး သူမ ခေါင်းကို အမြန်ငုံ့ထားရင်း လှပသော မျက်နှာလေး နီရဲနေသည် ။
လင်းဖန် က ဒါကိုဂရုမစိုက်ပဲ“ စပျစ်သီးကို ကောင်းကောင်းသုံးထားပေမယ့် ချက်ဖို့အချိန်က နည်းနည်းလိုနေတာသနားစရာပဲ။”
“မဟုတ်ရင် အရသာက ပိုချိုနိုင်တယ်”
တစ်ချို့လူတွေက သူတို့ရဲ့ အသိပညာတွေကို ထုတ်ဖော်ပြသပြီး အရာရာကို သိတဲ့ပုံစံမျိုး ဟန်ဆောင်ချင်ကြသည်။
သို့သော်လည်း ချမ်ရီရီ သည် လင်းဖန် ၏ လေသံတွင်ဟန်ဆောင်လေသံကို အနည်းငယ်မျှပင်မကြားရပေ။
ချမ်ရီရီ သည် သူမ၏ နှလုံးသားထဲတွင် လင်းဖန် မင်းကရေမွှေးကို နက်နဲစွာ နားလည်ရုံသာမက ဝိုင်အကြောင်းလဲနားလည်တယ်။မင်းမလုပ်နိုင်တာရှိသေးလားဟုပြောနေသည်။
တကယ်ပဲ သူက အသက် 20 အရွယ် လူငယ်တစ်ယောက်ပဲလား။
ထိုအချိန်တွင် ချန်ရီရီ ၏မျက်လုံးများတွင် လင်းဖန်၏တစ်ကိုယ်လုံးသည် ရောင်စုံအလင်းများဖြင့် ဝန်းရံထားနေပုံရသော်လည်း သူ့ကိုမြူထူထပ်ကာ ဖုံးလွှမ်းကွယ်ထားသည်ဟုသူမခံစားရသည်။
အရမ်းဆန်းကြယ်တယ်။
အချိန်အတော်ကြာပြီးနောက်၊ ချမ်ရီရီသည် သူမ၏အာရုံများဆီသို့ ပြန်လည်ရောက်ရှိလာပြီး “လင်းဖန်မင်းက ဒါရိုက်တာလုပ်ရတာကို မကြိုက်ဘူးဆိုတာ ငါသိပါတယ်”
“ဒါပေမယ့်၊ မင်းရဲ့လက်ဖ့်ကာလာတိုးတက်မှုက ဟန်စီဒီ ကို တကယ်ကူညီပေးခဲ့တယ်... ငါ ဟန်စီဒီ ရဲ့ ရှယ်ယာ 10% ကို မင်းရဲ့နည်းပညာရင်းနှီးမြှုပ်နှံမှုအဖြစ် လွှဲပေးမယ်။ မင်းလက်ခံပေးဖို့ကို ငါမျှော်လင့်တယ်။”
လင်းဖန်က ငြင်းချင်သည်။
သူ့လက်ဖ့်ကာလာကို မြှင့်တင်ချင်ရတဲ့ အကြောင်းရင်းက သူ့လက်တွေ ယားယံပြီး ရေမွှေးစမ်းချင်တာကြောင့်လို့ ပြောလိုက်ချင်သည်။
သို့သော် လင်းဖန်သည် ချမ်ရီရီ ၏ လေးနက်သော အကြည့်ကို မြင်ပြီးခေါင်းညိတ်ပြလိုက်သည်။