လင်းဖန်ရွာပြန်ခြင်း
Vol. 8 Ch. 108
ချင်ရှီကျေးရွာ။
လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ချင်ရှီရွာသို့ သွားသောလမ်းသည် အလွန်ကျဉ်းမြောင်းသည်။ဘယ်လောက်တောင်ကျဉ်းမြောင်းလဲဆိုတော့ကားတစ်စင်းဝင်ရင်တောင်မနည်းဝင်ရသည်။
အဲဒီအချိန်တုန်းက တောင်ရွာမှာတော့ကားမရှိဘူးပေါ့။
အဲ့လမ်းကမိုးရွာလိုက်ရင် ရွှံ့တွင်းကြီး လိုဖြစ်သွားသောကြောင့်သွားလာဖို့ လုံးဝ မဖြစ်နိုင်ပေ။
ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက်တွင်ချင်ရှီကျေးရွာတွင် လမ်းများဖောက်ပြီးဘိလပ်မြေခင်းလိုက်သောကြောင့် လူများစွာသည် ၎င်းတို့၏ကားများဖြင့်ရွာမောင်းနှင်နိုင်ပြီဖြစ်သည်။
မနက်စောစော ရွာထဲကအိမ်လေးတစ်ခုမှာ
လင်းတန်၊ ဒေါင်ဝမ်ဝမ်နှင့် လင်းရှောင်ရီတို့သည် မွေးနေ့ပွဲအတွက်ပြင်ဆင်နေသောကြောင့်သူတို့အလွန်အလုပ်များနေသည်။
လင်းရှောင်ရီက “အဖေ၊ မင်းချိတ်တဲ့မီးပုံးပျံကနည်းနည်းစောင်းနေတယ် ၊ဘယ်ဘက်ကို နည်းနည်းတိုးလိုက်ရင်ရပြီ၊ ဟုတ်တယ် ဟုတ်တယ်အခုတည့်သွားပြီး”
အိမ်တစ်ခုလုံးကို မီးပုံးနီများဖြင့် အလှဆင်ရန် အချိန်အကြာကြီး မကြာလိုက်ပေ။
လင်းရှောင်ရီ သည် သူမ၏ ဖုန်းကို ထုတ်ကာ သူ့မပြင်ဆင်ထားတာတွေကိုဓာတ်ပုံ အနည်းငယ် ရိုက်ပြီးကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် အပြုံးများပေါ်လာခဲ့သည်။
ထင်ရှားသည်မှာ၊ သူမအလှဆင်ထားတာတွေကို အလွန်ကျေနပ်နေတယ်ဆိုတာပင်ဖြစ်သည်။
“ရှောင်ဖန်က ပါဝင်ပစ္စည်းတွေနဲ့ စားဖိုမှူးကို သူ့ဆီ လွှဲပေးလိုက်ဆိုပြီး ဘာလို့ အခုထိမလာသေးတာလဲ၊ အရမ်းနောက်ကျမှလာရင်မမီတော့ပဲနေမယ်” ဒေါင်ဝမ်ဝမ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“ငါလဲအဲ့ဒါပဲစိုးရိမ်နေတာ?” လင်းတန် က ပြောလိုက်သည်။
လင်းရှောင်ရီ က “ဖေဖေ မေမေ စိတ်မပူပါနဲ့၊ အစ်ကိုကသူတာဝန်ယူမယ်လို့ပြောတဲ့အတွက် လုံးဝပြဿနာ မရှိဘူး!”
“ဗွမ်း!”
အဝေးကနေအသံတစ်ခုထွက်လာခဲ့သည်။
ထို့နောက် Mercedes-Benz G (ကား)နှင့် ထရပ်ကားတစ်စီးသည် ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။
လင်းရှောင်ရီက ဝမ်းသာအားရဖြင့်”ကြည့်ပါဦး အစ်ကို ပြန်လာပြီ!”ဟုပြောလိုက်သည်။
ကျန်ပေ့မြို့သည် ချင်ရှီရွာနှင့် သိပ်မဝေးပေ။
သို့သော် လင်းဖန်သည် တစ်ခုခုဝယ်လိုပြီးစားဖိုမှူးများကိုဘာကိုချက်ရမည်ဆိုတာကိုစဉ်းစားပြီးပြောရသေးသည်။
ထို့ကြောင့် လင်းဖန်သည် မနေ့ညက ချင်ရှီရွာသို့ မရောက်ခဲ့ပေ။
“အစ်ကို၊ ကားနောက်က ဘာလဲ” လင်းရှောင်ရီ က လှမ်းမေးလိုက်သည်။
လင်းဖန်က “မွေးနေ့ပွဲအတွက် ပါဝင်ပစ္စည်းတွေ” ဟု ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် စားဖိုမှူးသုံးဦးသည် ပါဝင်ပစ္စည်းများအားလုံးကို အောက်သို့ ဖြည်းဖြည်းချင်းစီရွှေ့လိုက်သည်။
လင်းတန်က “ အပြင်မှာချက်လို့ရမလား..”ဟုအကူအညီတောင်းလိုက်သည်။
အစီအစဉ်အရ ယနေ့တွင် ပွဲပေါင်း 20 ကျော်ချက်ရမည်ဖြစ်သည်။
အိမ်ကမီးဖိုချောင်ကကျဉ်းတော့ချက်ရတာအဆင်မပြောဘဲဖြစ်မယ်စိုးသောကြောင့်ပင်ဖြစ်သည်။
စာဖိုးမှူးသုံးယောက်က’’ရပါတယ်’’လို့ပြောလိုက်သည်။
ဆံပင်ဖြူပြီး ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်သည်တံခါးကနေ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။
လင်းဖန်သည် အဘိုးအိုကို မြင်ပြီးနောက် သူ့နှလုံးအနည်းငယ် တုန်ခါသွားပြီး “အဘိုး!”ဟုခေါ်လိုက်သည်။
ဒီအဘိုးကြီးက လင်းဖန် ရဲ့ အဖိုး လင်းချူလီပင်ဖြစ်သည်။
လင်းဖန်၏အမှတ်တရထဲတွင် အဘိုးသည် စစ်စိမ်းရောင်အင်္ကျီ သို့မဟုတ် အဖြူရောင်လက်တိုအင်္ကျာီများကို သာ၀တ်ဆင်လေ့ရှိသည်။
ဒီနေ့အဘိုးကတော့ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားသည်။
လင်းချူလီက လင်းဖန် ကိုခေါင်းညိတ်ပြပြီး “ရှောင်ဖန်မင်း ပြန်လာပြီလား?”
သူ့အသံသည် သာမန်လူဟောင်းများနှင့်မတူဘဲ အလွန်အေးစက်လှသည်။
ဒါပေမယ့် လင်းဖန်က သူ့အဖိုးက သူ့ကိုယ်မချစ်တာကြောင့် အဲ့လေသံနဲ့ပြောတာမဟုတ်ဘူးဆိုတာ သိသည်။
ဘာဖြစ်လို့လဲ ဆိုတော့ အဘိုးက အပြင်ပုံစံမှာအေးစက်ပြီးအထဲမှာ ကျတော့နွေးထွေးသည်။
အဘိုးက ငယ်ငယ်က စစ်သားလုပ်သည့်အတွက်အေးစက်စက်စရိုက်ရှိသည်။
လင်းဖန်က “ဟုတ်တယ် အဘိုး၊ အဘိုးရဲ့ ခန္ဓာကိုယ်က ဘယ်လိုနေလဲ။”
“ငါအဆင်ပြေပါတယ်။” လင်းချူလီက ပြောလိုက်သည်။
ထိုအချိန်တွင် အခန်းတွင်းမှ အနည်းငယ် ကျယ်လောင်သောအသံထွက်ပေါ်လာသည်။
“ရှောင်ဖန် ပြန်လာပြီလား”
ထို့နောက် ဆံပင်တိုတိုနှင့် ကုတ်အင်္ကျီဝတ်ထားသည့် အဖွား ဂျင်ဒန် ထွက်လာခဲ့သည်။
“အဖွား!” လင်းဖန်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ကြည့်ရအောင် ငါ့ရဲ့ ရှောင်ဖန်နေကောင်းလားဆိုတာ” ဂျင်ဒန် သည် လင်ဖန်၏ ဦးခေါင်းကို ခဏကြာထိကိုင်လိုက်ပြီး သူ့လက်မောင်းကို ခဏမျှ ညှစ်လိုက်သည်။
ထို့နောက် သူမက ဝမ်းသာအားရ ခေါင်းညိတ်ကာ “ရှောင်ဖန်မင်းက အရင်ကထက် ပိုသန်မာလာတယ်!”ဟုပြောလိုက်သည်။
အဘိုးကက အပြင်မှာအေးစက်နေပေမဲ့အထဲမှာ ပူနွေးနေသည်၊ အဖွားအပြင်ပုံစံကကြင်နာပြီးနွေးထွေးတယ်၊ အတွင်းဘက်မှာတော့ပိုပြီးတော့တောင်နွေးထွေးသေးတယ်။
လင်းဖန်က “အဖွား၊ မင်းရဲ့ ခန္ဓာကိုယ်ဘယ်လိုနေလဲ။”
“ငါမင်းအဘိုးနဲ့ အတူငါ တစ်နေ့ကို ထမင်းသုံးနပ်စားတယ်။စားရင်လဲထမင်းပန်းကန်လုံးကြီးတစ်လုံးစီ စားတယ်၊ ဒါကြောင့်ငါ ကျန်းမာရေးကောင်းတယ်!” ဂျင်ဒန်က ကျေနပ်စွာ ပြုံးပြီးပြောလိုက်သည်။
လင်းဖန်သည် ထိုစကားကြားရသောအခါ အလွန်ဝမ်းသာသွားသည်။
သို့သော် သူ့စိတ်က အနည်းငယ် စိတ်ပူနေသောကြောင့် ဆေးရေပုလင်း ၂ ပုလင်းကို ဝယ်ယူရန် သန်း ၂၀ သုံးစွဲလိုက်သည်။
“အဘိုးနဲ့ အဖွား၊ ဒါကိုသောက်ကြည့်ပါ” လင်းဖန်က ဆေးရေကို ထုတ်ပေးပြီး ပြောလိုက်သည်။
ဂျင်ဒန်က “ဒါကဘာလဲ?”ဟုမေးလိုက်သည်။
“ဒါကကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ငါကြားတယ်။” ဟုလင်းဖန်က ပြောလိုက်သည်။
“တကယ်လား ဒါဆို ငါစမ်းကြည့်မယ်” ဂျင်ဒန်ကပြုံးပြီးပြောလိုက်သည်။
လင်းချူလီက မကြားချင်ယောင်ဆောင်သော်လည်း အများကြီးမမေးဘဲ ပါးစပ်ထဲသို့ တိုက်ရိုက်လောင်းထည့်လိုက်သည်။
သူ့အဖိုးအဖွားတွေ သောက်နေတာကို မြင်လိုက်ရတော့မှ လင်းဖန် စိတ်သက်သာရာရသွားခဲ့သည်။
သူ့အဖိုးအဖွားတွေ အားလုံးမှာ အဆစ်အမြစ်ရောင်ရောဂါရှိနေတာကြောင့် ဆောင်းရာသီရောက်တိုင်း သူစိတ်မသက်မသာ ခံစားခဲ့ရသည်။
အခုတော့ ဆေးရေသောက်နေပြီဆိုတော့ အနာဂတ်မှာ ဒီလိုဖြစ်လာမှာမဟုတ်ဘူးလို့ လင်းဖန်ယုံကြည်သည်။
ထို့နောက် လင်းဖန်သည် ကေယဒ့်ဂျက် စစ်တုရင်ကိုထုတ်ကာ “အဘိုး၊ အရှေ့တရုတ်ပင်လယ်မှာ မင်းကံကောင်းပြီးသက်တော်ရာကျော်ရှည်ပါစေ!”
လင်းချူလီ က “ကောင်းပြီ ရှောင်ဖန်မင်းလက်ဆောင်မဆိုးဘူး”
ဂျင်ဒန်က သက်ပြင်းချရင်း “သိပ်လှတဲ့ စစ်တုရင် လေးပဲ၊ မင်းအဘိုးက စစ်တုရင် အစုံကို ပြောင်းချင်နေတာ။ ဒီနေ့မှတော့ သူရည်ရွယ်ချက်ပြည့်သွားတယ်လို့ပဲပြောရမလားပဲ”ဟုပြုံးပြီးပြောလိုက်သည်။
လင်းချူလီက “ဆွေမျိုးတွေက မလာသေးဘူးဆိုတော့ရှောင်ဖန်မင်းအဖိုးနဲ့ ဒီစစ်တုရင်အသစ်နဲ့ အတူကစားရအောင်။”ဟုပြောလိုက်သည်။
လင်းချူလီက တံခါးပေါက်နားကို လက်ညှိုးထိုးပြပြီး “ရှောင်ဖန်၊ ငါတို့ အဲဒီမှာ စစ်တုရင်ကစားရအောင်”
လင်းချူလီသည် သာမန်အဘိုးကြီးများနှင့်မတူဘဲ မာဂျောက်ကစားခြင်းကို နှစ်သက်သည်။
ပုံမှန်အားဖြင့်တော့ သူက စစ်တုရင်ကစားရတာကို ပိုနှစ်သက်သည်။
အခု သူ ဒီလောက်ကောင်းတဲ့ စစ်တုရင် ကို ရလိုက်တာနဲ့ ချက်ချင်းပဲ သူ စိတ်ဝင်စားလာတတော့သည်။
လင်းဖန်သည် သဘာဝအတိုင်း ဘဲ “ကောင်းပြီ” ဟု ပြောလိုက်သည်။
နှစ်ယောက်သား သည်တံခါးနားတွင်ထိုင်လိုက်သည်။
ယခုအချိန်တွင် စားဖိုမှူးသုံးဦးသည် ပါဝင်ပစ္စည်းများအားလုံးကို သေသေသပ်သပ် စီစဉ်ပေးထားပြီး လျင်မြန်စွာ ဆေးကြောသန့်စင်ကာ လှီးဖြတ်ကာ ချထားသည်။
ဓားသည် အရိပ်တစ်ခုလိုပဲ အလွန်လျင်မြန်သည်။
လင်းရှောင်ရီသည် ဒီဟင်းချက်တဲ့သးတွေကို မြင်ကာ ဒဏ္ဍာရီလာ ဓားသမားကို မြင်လိုက်ရသလိုခံစားရပြီး အနည်းငယ် အံသြသွားရသည်။
လင်းချူလီက ဟင်းချက်နေတဲ့ ဦးတည်ရာကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ခေါင်းညိတ်လိုက််ပြီး “ဟင်းချက်တဲ့ပုံစံကတော်တော်ကောင်းတယ်!”ဟုချီးကျူလိုက်သည်။
ထို့နောက် စစ်တုရင်ကို မြှောက်ပြီးဆော့မလို့လုပ်လိုက်သည်။
ဒါပေမယ့် သူတို့နှစ်ယောက် စစ်တုရင်
မကစားခင် မှာ ခြေသံတွေကိုကြားလိုက်ရသည်။
လူတစ်စုသည်သူတို့လက်ထဲမှာ လက်ဆောင်တွေ ကို ကိုင်ပြီးမျက်နှာမှာအပြုံးတွေနဲ့ခြံထဲကိုဝင်လာသည်။
“အဘိုး ကျန်းမာပါစေလို့ ဆုတောင်းပါတယ်!”
“အဘိုး အသက်ရှည်ပါစေလို့ ဆုတောင်းပါတယ်!”
…………
ထိုလူများသည်လင်းဖန်ဦးလေးနှင့် အဒေါ်တို့နှင့်ဆွေမျိုးများပင်ဖြစ်သည်။
ဆွေမျိုးများရောက်လာသောအခါ စစ်တုရင်ကစားရန်မှာမဖြစ်နိုင်တော့ပေ။
ဒီတော့ လင်းချူလီ က မတ်တပ်ထရပ်ပြီး “ကောင်းပြီ၊ ငါမင်းတို့ကို အားလုံးကို ဒုက္ခပေးမိပြိ” လို့ပြောလိုက်သည်။
“အဘိုး၊ မင်း အဲ့
လောက်လဲမဟုတ်ပါဘူး”
“အဘိုးအဲ့လိုမပြောပါနဲ့! ငါတို့ ဒီကိုလာသင့်တာပဲလေ!”
ဆွေမျိုးတွေက တယောက်ပြီး တယောက် ပြန်ဖြေလိုက်သည်။
လင်းတန်၊ ဒေါင်ဝမ်ဝမ်နှင့် ဂျင်ဒန် တို့သည် လက်ဆောင်များလက်ခံရယူရန်ရှေ့သို့အလျင်အမြန်လာလိုက်သည်။
ဂျင်ဒန်တို့က “ကျေးဇူးတင်ပါတယ်”ဟုပြောလိုက်သည်။
လင်းတန်က “ထိုင်ပြီး ရေသောက်ပါအုံး”ဟုပြောလိုက်သည်။
…………
ချင်ရှီရွာ၏စည်းမျဉ်းများအရ ဆွေမျိုးများရောက်လာသောအခါ မီးရှူးမီးပန်းများဖြင့်ကြိုဆိုရမည်ဖြစ်သည်။
သို့သော် လင်းတန်မီးမညှိမီ ရွာအနောက်ဘက်ကနေ မီးရှူးမီးပန်းများ ပေါက်ကွဲထွက်လာခဲ့သည်။
လင်းတန်ခဏတာ အံ သြသွားခဲ့သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး