သူဌေးတွေ အံ့သြခြင်း
Vol. 8 Ch. 110
ဆွေမျိုးများနှင့် ရွာသားများသည် ထိုကားများကိုမြင်ပြီးနောက် ၎င်းတို့၏မျက်နှာပေါ်တွင် သံသယစိတ်များ ပေါ်လာပြီး အားလုံးက လင်းတန်၊ လင်းချူလီနှင့် အခြားသူများကို ကြည့်နေကြသည်။
ဒါပေမယ့်လင်းတန်နဲ့ လင်းချူလီတို့၏အခြေအနေ ဘယ်လိုရှိလဲ သိလား။
သူတို့သည်လည်း ပဟေဠိတွေနဲ့ ပြည့်နေသည်။
ဒါနဲ့ တစ်စုံတစ်ယောက်က “ဒါဟာ အဘိုးကြီး ဝမ် ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းဖြစ်နိုင်မလား”ဟုတိုးတိုးလေးပြောလိုက်သည်။
ဤစကားထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူအများသည် တုံ့ဆိုင်းသွားသည်ကို အရိပ်အမြွက် ပြသခဲ့ကြသည်။
ဝမ်ပိုင် ရဲ့အိမ်ကို လိုက်ရင်ကောင်းမလားဟုဆိုပြီး တုံ့ဆိုင်းနေကြသည်။
ဒါပေမယ့် ဒီကားတွေရဲ့ တိကျတဲ့ မော်ဒယ်နဲ့ ဈေးနှုန်းတွေကို တော့သူတို့မသိကြသေးပေ။
သို့သော် ကားရှေ့ရှိ Mercedes-Benz နှင့် BMW လိုဂိုများသည် ရင်းနှီးပြီးသားဖြစ်သည်။
သူတို့သိတာကဒါတွေအားလုံးက ဈေးကြီးတဲ့ကားတွေဆိုတာပင်ဖြစ်သည်။
ရွာသားအချို့ တုံ့ဆိုင်းသွားသောအခါ ကားတံခါးသည် ဖြည်းညှင်းစွာပွင့်လာခဲ့သည်။
၀တ်စုံနဲ့ ဖိနပ်လှလှလေးတွေ ၀တ်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး တယောက်ပြီး တယောက် ဆင်းလာကြသည်။
၎င်းတို့အနက် မျက်နှာဝိုင်းဝိုင်းနှင့် အလွန်ကြင်နာတတ်သော လူလတ်ပိုင်းတစ်ဦးဖြစ်သော ဝမ်ဇောင်ဒန် သည် လင်းဖန် ထံသို့ လျှောက်သွားကာ “မင်္ဂလာပါ မစ္စတာလင်း” ဟု လေးလေးစားစား ပြောဆိုလိုက်သည်။
လွန်ခဲ့သည့်တစ်လကျော်က လင်းဖန်သည် ကျူကေအဆောက်အအုံကို ပိုင်ဆိုင်ပြီးနောက် ကျူကေအဆောက်အအုံ၏ ပိုင်ရှင်ဖြစ်လာခဲ့သည်။
ယခုအဖွဲ့တွင် မန်နေဂျာ ဝမ်ဇောင်ဒန်နှင့် ရုံးခန်းအဆောက် အအုံကို ငှားရမ်းသည့် ကုမ္ပဏီ၏ သူဌေးတို့ ပါဝင်ကြသည်။
သူ့အဖိုး အသက် 70 နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပတော့မယ်လို့ လင်းဖန်က မနေ့က သိလိုက်ရပြီး ကျူကေဆောက်အဦးကို တိုက်ရိုက် ဖိတ်စာတစ်စောင် ပေးပို့ခဲ့သည်။
ကျူကေအဆောက်အဦး၏သူဌေးမှာမည့်သို့ပုံစံမျိုးရှိတယ်ဆိုတာကိုထိုကုမ္ပဏီ သူဌေးများသည် စပ်စုချင်စိတ်များ ပြည့်နှက်နေသည်မှာ ကြာပြီဖြစ်သည်။
ထို့ကြောင့် ဖိတ်စာတစ်စောင်ကို မြင်သောအခါတွင်အရေးတကြီးကိစ္စမရှိသောကြောင့်အမြန်ပြေးလာကြသည်။
ဝမ်ဇောင်ဒန်၏စကားကိုကြားပြီးနောက် သူဌေးများသည် လင်းဖန်အား တိတ်တဆိတ်ကြည့်ကာ “ဟယ်လို မစ္စတာလင်း” ဟုပြောကြသည်။
လင်းဖန်က ပြုံးပြီး ခေါင်းညိတ်ပြပြီး “ဒါက ငါ့အဘိုးပဲ”ဟုပြောပြီးလင်းချူလီကိုညွှန်ပြလိုက်သည်။
ဝမ်ဇောင်ဒေါင်က ချက်ချင်းပင်”ဒါဆို အဘိုးက ဒီနေ့ မွေးနေ့ ကြယ်ပွင့် မစ္စတာလင်းပေါ့(အဘိုးကိုပြောတာ)၊ မစ္စတာလင်း(လင်းဖန်ကိုပြောတာ) ဘာမှ မပြောရင် ဒါဟာ မစ္စတာလင်းရဲ့ ဦးလေးလို့ ထင်ခဲ့တာ။”(လင်းဖန်ရဲ့ဦးလေး)
ဒီဝါကျကတစ်ကယ့်ကို ချီးကျူးပြီးလွန်ကဲနေသည့်စကားဖြစ်သည်။
ဒါပေမယ့်လည်းသူပြောသောစကားသည် နည်းနည်းတော့မှန်ပေသည်။
ဘာလို့လဲဆိုတော့ လင်းချူလီ က အနည်း
ငယ််ရွယ်နုပျိုနေသောကြောင့်ပင်ဖြစ်သည်။
ဘာလို့လဲဆိုလင်းဖန်ပေးသောဆေးရေကို သောက်လိုက်သောကြောင့်ပင်ဖြစ်သည်။
ထိုအချိန်တွင်လင်းတန် နှင့် ရွာသားများသည် ဇိမ်ခံကားထဲမှ ထွက်လာသောလူများသည် ဝမ်ပိုင်ကိုမဟုတ်ဘဲ လင်းချူလီ အား ချီးကျူးဂုဏ်ပြုနေကြခြင်းဖြစ်သည်ကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။
လင်းချူလီက “မင်းက...” လို့မမေးပဲမနေနိုင်ပေ။
ဝမ်ဇောင်ဒန်က “ကြည့်စမ်းမေ့နေလိုက်တာ၊ ငါ့ကိုယ်ငါမမိတ်ဆက်ရသေးဘူးပဲ။ ငါ့က ကျူကေအဆောက်အဦးရဲ့ မန်နေဂျာ ဝမ်ဇောင်ဒန် ပါ။ အဘိုးလင်း၊ မင်းကို အရှေ့တရုတ်ပင်လယ်မှာ ကံကောင်းပြီး အသက်ရှည်ပါစေလို့ဆုတောင်းပေးပါတယ်!”
စကားပြောနေစဉ်တွင် သူသည် ရွှေစင်ဖြင့် ပြုလုပ်ထားသော မက်မွန်သီး တစ်လုံးကို ထုတ်ပေးလိုက်သည်။
ဝမ်ဇောင်ဒန် ၏နောက်တွင် အနက်ရောင်ဝတ်စုံဝတ်ထားသော လူလတ်ပိုင်းတစ်ဦးသည် ရွှေသော့ကို ထုတ်ပေးပြီး “ကျွန်တော်က Reid Co., Ltd. ရဲ့ ဥက္ကဌ လန်ရီ ပါ အဘိုးလင်း၊ ကျန်းမာပြီး အသက်ရှည်ပါစေလို့ ဆုတောင်းပါတယ်!”
သူ့ဘေးတွင် ရှပ်အင်္ကျီအဖြူဝတ်ထားသည့် အမျိုးသားတစ်ဦးက အနီရောင်စာအိတ်ကို ထုတ်ပေးပြီး “ကျွန်တော်က ရီလန်ကုမ္ပဏီရဲ့ ဥက္ကဌ ဂျိုဆန် ပါ။ အဘိုးလင်း၊ ကျန်းမာပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်”
…………
ရုတ်တရတ် အခုနေရာ၌ ဂုဏ်ပြုစကားများပြည့်နှက်လာသည်။
လူတိုင်းဒါကိုကြားတော့ ပါးစပ်တစ်ခြမ်းပွင့်ပြီး မျက်နှာတွေ မှာတော့အံ့သြသောအမူအရာတွေရှိနေကြသည်။
ဒီလူတွေဟာ ဇိမ်ခံကားပေါ်ကနေ ထွက်လာချိန်မှာတော့ သူတို့ရဲ့ အထောက်အထားတွေက မြင့်တယ်လို့ လူတိုင်း မှန်းဆခဲ့ကြသညယ
သို့သော်ယခုအချိန်တွင်၊ သူတို့၏ ကောင်းချီးများနှင့် မိမိကိုယ်ကို မိတ်ဆက်သည်မှားကိုကြားပြီးနောက်၊ ဤလူများသည် ကုမ္ပဏီ၏ သူဌေးများဖြစ်ကြောင်းသးတို့အားလုံးသဘောပေါက်လိုက်ကြသည်။
အခုလေးတင် လူတစ်ဒါဇင်ရောက်လာတာ မင်းသိလား။
အဲဒါက ကုမ္ပဏီ သူဌေး တစ်ဒါဇင်ကျော် မွေးနေ့ကို အတူတူ ကျင်းပဖို့ လာတာနဲ့အတူတူပင်ဖြစ်သည်။ !
ဒါ... ရိုးရိုးရှင်းရှင်းကို တွေးလို့ မရပေ။
နောက်ဆုံးလူကို မိတ်ဆက်ပေးပြီး ကောင်းချီးပေးသောအခါတွင် လင်းချူလီသည် နောက်ဆုံးတွင် ပြန်လည်သတိပြန်ဝင်လာခဲ့သည်။
သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “အိုကေ၊ ကျေးဇူးပဲ၊ ကျေးဇူးပြုပြီး ထိုင်ပြီး လက်ဖက်ရည်သောက်ပါ၊ မကြာခင် ပွဲစတော့မယ်”ဟုပြောလိုက်သည်။
သူဌေးအချို့ ထိုင်နေကြပြီး အချို့က အသံတိုးတိုးဖြင့် စကားစမြည်ပြောကြပြီး အချို့က ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
အစတုန်းကတော့ သူဌေးတွေအားလုံးက နည်းနည်းလေးမှ ဂရုမစိုက်ပေ။
အဘယ်ကြောင့်ဆိုသော် ဤနေရာသည် သာမန်ကျေးလက်တစ်ခုမျှသာ ဖြစ်သောကြောင့်ပင်ဖြစ်သည်။
သူတို့ မအံ့သြဘဲလဲမနေနိုင်ပေ။ ဒါက ကျူကေအဆောက်အဦးရဲ့ နောက်ကွယ်က သူဌေးရဲ့ မွေးရပ်မြေ တကယ်ကြီးလား။
ဒီအချိန်မှာ သူဌေးနှစ်ယောက်သည် အသီးအရွက်တွေ ခုတ်သံကြားလို့ ဘေးကို မော့ကြည့်လိုက်သည်။
မကြည့်ရင်တော့ အဆင်ပြေသည်။ကြည့်လဲကြည့်လိုက်တော့မတုန်လှုပ်ဘဲမနေနိုင်ပေ။
စားဖိုမှူးသုံးယောက်သည် အရိပ်တစ်ခုလို ဓားများကို ဝှေ့ယမ်းကာ အမြန်ချက်ပြုတ်နေကြသည်။
သူဌေးတွေရဲ့ မျက်လုံးတွေက ဘယ်လောက်တောင် စူးဆလဲဆိုရင်တစ်ချက်ကြည့်လိုက်တာနဲ့တင်စားဖိုမှူးသုံးယောက်က ဟင်းချက်တာ အရမ်းကောင်းတယ်၊ ပျမ်းမျှ ကြယ်လေးပွင့် ဒါမှမဟုတ် ကြယ်ငါးပွင့်စားဖိုမှူးတွေတောင် ယှဉ်နိုင်မယ်ဆိုတာကိုသိလိုက်ကြသည်။
ဒါက ဘာမှမဟုတ်ပါဘူး။
မရှိမဖြစ် ……
နို့ဝက်သား၊ အာကာသပုဇွန်၊ အရည်အသွေးကောင်းတဲ့ ဝါဂျူအမဲသားတို့လို ချက်ပြုတ်ထားတဲ့ ပစ္စည်းတွေပဲ... အထူးသဖြင့် ထုပ်ပိုးအိတ်ပေါ်က ဒန်ဘိုမက်ကန့်တံဆိပ်ကြီးကို မြင်လိုက်ရတော့ တုန်လှုပ်သွားခဲ့သည်။
ဒန်ဘိုမက်ကန့်မှာရှိတဲ့ဟာတွေက ဈေးဘယ်လောက်ကြီးလဲဆိုတာကိုသူတို့ ကောင်းကောင်းသိသည်။
ပြီးတော့ ဒီပွဲအတွက် ဟင်းပွဲချက်မည့်ဟာတွေအကုန်လုံးကို ဒန်ဘိုမက်ကန့်ကနေဝယ်ခဲ့တာလား။
ဒီပါဝင်ပစ္စည်းတွေက ဘယ်လောက်တောင်ကုန်ကျမလဲ။
“ဂလု!”
သူဌေးနှစ်ယောက်သည် မထိန်းနိုင်ဘဲတံတွေးကို မျိုချလိုက်သည်။
လင်းရှောင်ရီ က သူ့အဘိုးကို ဂုဏ်ပြုဖို့ လူအများအပြားလာရောက်ကြပြီး သူမဟာ အိမ်ရှင်ဖြစ်တာကြောင့် သူတို့ကို ကောင်းကောင်းဆက်ဆံသင့်သည်ဟုတွေးမိလိုက်သည်။
ဒါကြောင့်လင်းရှောင်ရီ သည် မျက်လုံးများယဖြင့်ပတ်ပတ်လည်ကိုကြည့်လိုက်ရာမကြာမီ အဝေးက ဟီတန်ကျောက်စိမ်း စစ်တုရင်ကို တွေ့လိုက်သည်။(ကေယဒ့်ဂျက်ကထောက်နေသလိုခံစားရလို့ဟီတန်လို့ပြောင်းလိုက်ပါတယ်။)
ထို့ကြောင့် သူမသည် ရှေ့သို့ လျင်မြန်စွာ လျှောက်လာပြီး စစ်တုရင်ကိုကိုင်ဆောင်ထားပြီးသူဌေးများထံ ရောက်ရှိလာကာ “မင်း တို့ စစ်တုရင် ကစားမှာလား” ဟု မေးလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ သူဌေးက သူ့မဆော့ဘူးဟုဆိုပြီးလက်ဝှေ့ယမ်းမလို့လုပ်လိုက်သည်။
နောက်အခိုက်အတန့်မှာတော့ သူ့လူတစ်ကိုယ်လုံး အေးခဲသွားပြီး သူ့မျက်လုံးတွေကို စစ်တုရင်ပေါ်ကိုပဲစိုက်ကြည့်နေသည်။
တကယ်တော့ သူတင်မကဘဲ ကျန်သူဌေးတော်တော်များများကလဲ စစ်တုရင်ကိုပဲစိုက်ကြည့်နေကြသည်။
“ဒါဟီတန် ဖြစ်ပုံရတယ်?” တစ်ယောက်ယောက်က ယောင်ချာချာနဲ့ ပြောလိုက်သည်။
အပြာရောင်ရှပ်အင်္ကျီနှင့် သူဌေးက စကားမပြောပဲ၊သူ၏ တုန်လှုပ်နေသောလက်ကို ဆန့်ထုတ်ကာ စစ်တုရင်အပိုင်းအစကိုယူကာ ဂရုတစိုက်ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက်၊ သူက “ဒါက
ဟီတန် ကျောက်စိမ်းပဲ၊ ဒါက ပထမတန်းစား
ဟီတန်ကျောက်စိမ်းပဲ!”
ဒီစကားကို ပြောပြီးတာနဲ့ အနီးနားက သူဌေးတွေအားလုံး အသက်ရှုကြပ်သွားသလိုခံစားရသည်။
မင်းသိသင့်တယ်၊ ဒီအင်္ကျီအပြာရောင်သူဌေးရဲ့ ကုမ္ပဏီက လက်ဝတ်ရတနာနဲ့ ကျောက်စိမ်းလုပ်ငန်းပင်ဖြစ်သည်။
ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းအကဲဖြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဟု ဆိုနိုင်ပြီး ၎င်းကို မည်သည့်အခါမျှ အမှားပြောမည်မဟုတ်ပေ။
တစ်ချို့လူတွေက ဟီတန် ကျောက်စိမ်းကို လက်ကောက်တွေလုပ်ဖို့အတွက် အသုံးပြုကြတာကို သူတို့သိကြပြီး တချို့က ကျောက်စိမ်းဆွဲသီးတွေကို ပြုလုပ်ဖို့အတွက် ဟီတန်ကျောက်စိမ်းကို အသုံးပြုကြသည်။
ဒါပေမယ့် ဒါဟာ စစ်တုရင်တွေမှာဟီတန် ကျောက်စိမ်းကို ပထမဆုံးမြင်ဖူးတာပင်ဖြစ်သည်။
ဒီလို စစ်တုရင် တစ်ချပ် ဘယ်လောက် တောင်ကုန်ကျလိုက်မလဲ။
10 သန်း?
20000000?
…………
ဒီလို စစ်တုရင် အပိုင်းအစကို ဝယ်ပြီးရင် သေချာပေါက် လုံခြုံစွာ ထားပြီး တိတ်တိတ်လေး ပျော်နေမည်ဖြစ်သည်။
အခုတော့ဒီဟီတန်စစ်တုရင်ကိုထုတ်ပြီး ရိုးရိုးစစ်တုရင် ကစားနေတာလား။
ဒါက ဟီတန်ကျောက်စိမ်းစစ်တုရင်ပါ။
မတော်တဆ ပြုတ်ကျရင် ဘာဖြစ်မလဲ။
ထိုအချိန်တွင် လင်းရှောင်ရီသည် ၎င်းကို တင်းတင်းကျပ်ကျပ် မဆုပ်ကိုင်နိုင်တော့ဘဲ စစ်တုရင်အပိုင်းအစသည် ဘုတ်ပြားပေါ်မှ မြေပြင်သို့ တိုက်ရိုက်ပြုတ်ကျသွားသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး