ဖုန်းဆက်ခြင်း
Vol. 8 Ch. 111
လင်းရှောင်ရီ၏ မျက်နှာသည် တည်ငြိမ်နေသည်။
အနီးအနားတွင် ထိုင်နေသော သူဌေးများသည် ၎င်းတို့၏ မျက်လုံးများကို ကျုံ့သွားစေပြီး နဖူးပေါ်မှ ချွေးများပင် ထွက်ပေါ်လာကာ စစ်တုရင်အပိုင်းအစများကို ဖမ်းရန် အမြန်ထလိုက်ကြသည်။
ဒါက ဟီတန် ကျောက်စိမ်းစစ်တုရင်ပါ။
စစ်တုရင် တစ်လုံးသည် သန်းပေါင်းများစွာ ကုန်ကျနိုင်သည်။
လင်းရှောင်ရီ သည် သူဌေးများ၏ တုံ့ပြန်မှုကို သတိပြုမိပြီး မြေပြင်ပေါ်ကျနေသော စစ်တုရင်အပိုင်းအစကို အမှတ်တမဲ့ ဆုပ်ကိုင်လိုက်သည်။
သူဌေးများသည် သက်ပြင်းတစ်ချက်ပြီးမှဘဲ နဖူးမှ ချွေးများကို သုတ်လိုက်သည်။
လင်းရှောင်ရီ က “နင်တို့ထဲက တစ်ယောက်ယောက်က စစ်တုရင်ကစားချင်လား” လို့မေးလိုက်သည်။
ဟီတန်ကျောက်စိမ်း စစ်တုရင်ကိုကစားမလား။
ဒါဆို ငါ ပြုတ်ကျခဲ့ရင်ဘယ်လောက်တောင်လျော်ပေးရမလဲ။
“ငါမကစားဘူး။”
“ငါလဲမကစားဘူး။”
“ပြီးတော့ဒီစစ်တုရင်ကို ဒီထက်ပိုကောင်းတဲ့ နေရာလေးမှာ ထားလိုက်ပါ”
သူဌေးတွေက တယောက်ပြီး တယောက်ပြောနေကြသည်။
လင်းရှောင်ရီ၏ လှပသော မျက်နှာသည် ထူးဆန်းသော အရောင်များဖြင့် ပြည့်နေသည်။
စစ်တုရင်လေးကိုဘာလို့ရေးကြီးခွင်ကျယ်လုပ်နေတာလား။
လင်းရှောင်ရီ က စစ်တုရင်ကို ယူပြီး တံခါးဘေးမှာ ထားလိုက်သည်။
သူဌေးတွေက တစ်ယောက်ကို တစ်ယောက်ဒယကိုကြည့်လိုက်ကြသည်။
သန်းဆယ်ဂဏန်းကျော်တန်တဲ့ ဟီတန်ကျောက်စိမ်းစစ်တုရင်ကို တံခါးမှာထားလိုက်တာလား။
“ဗွမ်း!”
ထိုအချိန်တွင် အဝေးမှ ကားများ အသံမြည်လာခဲ့သည်။
ပြီးရင် တစ်၊ နှစ်၊ သုံး...
နောက်ထပ် ဇိမ်ခံကားအုပ်စုကြီး သည်လင်းဖန်တို့ရှေ့မှာ ရပ်လိုက်သည်။
ယခင်ကကဲ့သို့ ပင်အနောက်တိုင်း၀တ်စုံဝတ်ဆင်ထားသော အမျိုးသားများသည်ကားပေါ်မှဆင်းလာခဲ့သည်။
လင်းဖန်သည် ချင်ရီရန်ရှီမော်၏ အထွေထွေမန်နေဂျာ ဇောင်ချမ် နှင့် တွေ့ဆုံခဲ့သည်။
မနေ့က လင်းဖန်သည် ချင်ရီတွင် စားဖိုမှူး သုံးဦးနှင့်အတူ နေထိုင်ခဲ့ပြီး ဖောက်သည်နှင့်အတူလိုက်ပါနေသော ဇောင်ချမ် နှင့် တွေ့ဆုံခဲ့သည်။
ထိုအချိန်တွင် ဇောင်ချမ်သည် အလွန်စိတ်လှုပ်ရှားနေသည်။
စကားစမြည်ပြောပြီးနောက် လင်းဖန်သည် သူ့အဘိုး၏ အသက် 70 ပြည့်မွေးနေ့အကြောင်း ပြောပြလိုက်သည်။
ထို့ကြောင့် ဇောင်ချမ် က သူ့အား ချီးကျူးဂုဏ်ပြုရန် သေချာပေါက်လာမည်ဟုပြောခဲ့သည်။
လင်းဖန်သည်ဇောင်ချမ်ကိုနှုတ်ဆက်ပြီးနောက်ဇောင်ချမ်သည်ရန်ရှီဂရုဥက္ကဌ စုဇောင်ဖန် ထံသို့ သတင်းပို့ခဲ့သည်။
စုဇောင်ဖန်သည် သူတစ်ခါမှမမြင်ဖူးသော အကြီးဆုံးရှယ်ယာရှင် လင်းဖန်ကို အမြဲအလေးထားသည်။
ထို့ကြောင့် လင်းဖန် ၏အဖိုးသည် မွေးနေ့ကျင်းပမည်ကိုသိရှိပြီးနောက်တွင် သူသည် လုံးဝမတွန့်ဆုတ်ဘဲ ကုမ္ပဏီ၏အကြီးတန်းအမှုဆောင်အရာရှိများအား ချင်ရှီရွာ သို့ ညတွင်းချင်းသွားရန်တိုက်ရိုက်ညွှန်ကြားခဲ့သည်။
စုဇောင်ဖန် က လင်းဖန်ကိုကြည့်ပြီး “မင်္ဂလာပါ မစ္စတာလင်း၊ နောက်ဆုံးတော့ တွေ့ပြီ”ဟုပြောလိုက်သည်။
လင်းဖန်သည် စုဇောင်ဖန်ကို လုံးဝ မမြင်ဖူးသော်လည်း ဇောင်ချမ် သည် သူ့ဘေးနားတွင် ရပ်နေပြီး သူ့ကို အလွန်ရိုသေသည်ကို မြင်သောအခါတွင် သူ့စိတ်ထဲတွင် ရိပ်မိသွားပြီး “ဟယ်လို” ဟု ပြန်ဆိုလိုက်သည်။
“မင်္ဂလာပါ မစ္စတာလင်း။” စု
ဇောင်ဖန် ဘေးတွင်ရပ်နေသော အမှုဆောင်အရာရှိများက တလေးတစား ပြောလိုက်ကြသည်။
လင်းဖန်သည် ငယ်ရွယ်သောကြောင့် အနည်းငယ် ကဲ့ရဲ့ရှုံ့ချခြင်းမျိုးငိုမပြဝံပေ။
လင်းဖန်သည် ရန်ရှီဂရု ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။
လင်းဖန်မကျေနပ်ရင် သူတို့ကိုချက်ခြင်း အလုပ်ကနေ ထုတ်ပစ်နိုင်သည်။
လင်းဖန်က ခေါင်းညိတ်ကာ “ဒါ ငါ့အဘိုးပဲ” ဟုပြောလိုက်သည်။
“မင်္ဂလာပါ အဘိုးလင်း ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!” စုဇောင်ဖန်က ကပျာကယာပြောပြီး တစ်ချိန်တည်းမှာပင် နူးညံ့သိမ်မွေ့သော ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်ကို ပေးအပ်လိုက်သည်။
လင်းချူလီက လက်ဆောင်ကို လက်ခံလိုက်ပြီးနောက် “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ မင်းက။”
“အိုး ငါက ရန်ရှီဂရု ဥက္ကဌ စုဇောင်ဖန် ပါ။” စုဇောင်ဖန် က ပြောလိုက်သည်။
မကြာသေးမီက လင်းချူလီသည် သူဌေးများစွာနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။
ထို့ကြောင့်သူသည်သိပ်စိတ်မလှုပ်ရှားခဲ့ပေ။
သို့သော် လင်းချူလီ နှင့် မလှမ်းမကမ်းတွင် ရပ်နေသော သူဌေးများအားလုံး မျက်လုံးများ ပြူးကျယ်သွားကာ သူတို့၏ မျက်နှာများမှာ ထိတ်လန့်သောအမူအရာများဖြင့် ပြည့်နှက်နေလေသည်။
အမှန်ပင် ၎င်းတို့သည် ကုမ္ပဏီအသီးသီး၏ သူဌေးများဖြစ်ကြသော်လည်း ၎င်းတို့၏ကုမ္ပဏီနှင့် ရန်ရှီဂရုကိုလုံးဝမယှဉ်နိုင်ပေ။
ရန်ရှီဂရုသည် စျေးကွက်တန်ဖိုး ဘီလီယံပေါင်းများစွာရှိသော လုပ်ငန်းကြီးတစ်ခုဖြစ်သည်။
ဒီလိုကုမ္ပဏီကြီးတစ်ခုရဲ့ ဥက္ကဌက သူ့မွေးနေ့ပွဲကို လူကိုယ်တိုင်လာရောက်ဆုတောင်းပေးတယ်။
ထို့အပြင် စကားလုံးများတွင် လင်းဖန်အား မြှောက်ပင့်ပေးသည့် အရိပ်အမြွက် ပါရှိနေသေးသည်။
ဒါကိုတွေ့ပြီးနောက်ကျူကေ အဆောက်အဦးရဲ့နောက်ကွယ်က သူဌေးက တကယ်ကို အံ့သြစရာကောင်းလိုက်တာဟုတွေးမိလိုက်ကြသည်။
“ကျွန်တော်ကရဲ့လင်းရန်ရှီဂရု ရဲ့ အထွေထွေမန်နေဂျာပါ။ အဘိုးလင်း၊ အရှေ့တရုတ်ပင်လယ်မှာ ကံကောင်းပြီးအသက်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်”
“ကျနော်ကရီကျူရန်ရှီဂရု ရဲ့ ရင်းနှီးမြှုပ်နှံမှု ဒါရိုက်တာပါ။ အဘိုးလင်း၊ မင်းဆန္ဒတွေ ပြည့်ဝပြီး မကြာခဏ ပြုံးနေပါစေလို့ ဆုတောင်းပေးပါတယ်။”
...
စုဇောင်ဖန်၏ မွေးနေ့ကို ဂုဏ်ပြုပြီးနောက် ရန်ရှီဂရု၏ အကြီးတန်း အမှုဆောင် အရာရှိများသည် ၎င်းတို့၏ ကောင်းချီးများဖြင်ြ နှုတ်ခွန်းဆကလိုက််ကြပြီး အနီရောင် စာအိတ်များ သို့မဟုတ် လက်ဆောင်များပေးကြသည်။
အဲ့ထဲတွင် အနိမ့်ဆုံးဖြစ်ခဲ့သည့် ဇောင်ချမ် က နောက်ဆုံးတွင် “ကျွန်တော်ကဇောင်ချမ်ချင်ရီရန်ရှီမော် ရဲ့ အထွေထွေမန်နေဂျာပါ။ အဘိုးလင်း၊ မင်းဘဝမှာ ကံကောင်းချင်းတွေပဲရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်!”
ဤစကားထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ သူဌေးများ၏ မျက်နှာများမှာ မည်သို့မျှ ပြောင်းလဲခြင်းမရှိပေ။
နောက်ဆုံးတွင်၊ ရန်ရှီဂရု ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိများသည် ဤနေရာတွင် ရှိနေပါသည်။
ချင်ရိရန်ရှိမော်၏ အထွေထွေမန်နေဂျာ ကဘာလဲ။
သို့သော်လည်း ရွာသားအချို့က အံ့အားသင့်စွာအော်ပြောကြသည်။
“ သူက ချင်ရီမြို့မှာရှိတဲ့ ရန်ရှီမော် ရဲ့ အထွေထွေမန်နေဂျာ ဖြစ်လာတယ်၊ မကြာသေးခင်က ချင်ရီသတင်း ကနေသူ့အကြောင်း ကိုငါကြားခဲ့တယ်။”
“အံ့သြစရာကောင်းလိုက်တာ။ ရန်ရှီမော်ရဲ့ အထွေထွေမန်နေဂျာတောင်မှ အဘိုးလင်းကို သူ့ရဲ့မွေးနေ့မှာ ဂုဏ်ပြုပေးခဲ့တယ်။
“လောင်စန်ဒီအိမ်ကိုဘာလို့ မလာသေးတာလဲ၊ ငါ သတိထပ်ပေးဖို့ ဖုန်းဆက်လိုက်အုံးမယ်!”
…………
ထို့နောက် ရွာသားများသည် ၎င်းတို့၏ လက်ကိုင်ဖုန်းများကို ထုတ်ကာ သူတို့သိသူများကိုဖုန်းခေါ်ဆိုနေကြသည်။
လင်းမိသားစုတွင် ယခင်က’ဧည့်သည်’ သိပ်မရှိခဲ့ပေ။
ဟုတ်ပါတယ်... အဲ့ဒါအရင်အချိန်ကပါအခုတော့ အဘိုးလင်းရဲ့မွေးနေ့ပွဲကို လာဖို့ အချိန်ရောက်ပြီ ဖြစ်သည်။
…………
ထိုအချိန်တွင် ရွာအနောက်ဘက်ရှိ ဝမ်ပိုင်၏အိမ်ဖြစ်သည်။
မီးဖိုချောင်ထဲမှာတော့ အသားနံ့တွေ ကြီးပဲလေထဲမှာပျံနှံ့နေသည်။
ရွာသူရွာသားများသည် သင်းပျံ့သောရနံ့ကို ရှုကြရင်းအတူတကွထိုင်ကာ စကားစမြည်ပြောဆိုနေကြသည်။
“ဒီး.....!”
ထိုအချိန်တွင် တစ်စုံတစ်ယောက်၏ လက်ကိုင်ဖုန်းက ကျယ်လောင်စွာမြည်လာခဲ့သည်။
ထိုလူက ဖုန်းကို တိတ်တဆိတ်ဖြေသည်။
“ဘာ?”
“မင်းပြောတာ အမှန်လား?”
“ကောင်းပြီ ငါအဲ့ဒီကိုလာခဲ့မယ်!”
နောက်တော့ ဘယ်သူ့ကိုမှ မနှုတ်ဆက်ဘဲ အပြင်ကို ထွက်သွားခဲ့သည်။
ဒီလိုကိစ္စမျိုးက တစ်ယောက်ထက်မကရှိသည်။
၃ ယောက်၊ ၅ ယောက်၊ ၈ ယောက်၊ ၁၀ ယောက်...
ဖုန်းမကိုင်တဲ့ သူတွေကတော့ သူငယ်ချင်းတွေကိုဆွဲခေါ်ပြီးမေးလိုက်ပြီးနောက်အဲဒီ့နောက် သူတို့လဲသူတို့သူငယ်ချင်းနောက်ကိုလိုက်သွားကြသည်။
သိပ်မကြာခင်မှာပဲ ဝမ်ပိုင်ရဲ့ အိမ်တစ်ဝက်နီးပါး ပျောက်ကွယ်သွားပြီး အပြင်မှာ လမ်းလျှောက်နေကြသူတွေတော့ရှိနေဆဲပင်ဖြစ်သည်။
မူလက လူစည်ကားသောအနေအထားသည်ချက်ချင်းပင် ဗလာဖြစ်သွားသည်။
ဒါကို ဝမ်ပိုင်လည်း သတိပြုမိပြီး “ဘာဖြစ်နေလဲဆိုတာကိုသွားမေးကြည့်လိုက်”လို့ပြောလိုက်သည်။
သူ့ဘေးက လူလတ်ပိုင်းအရွယ်က “ကျနော်သွားမေးကြည့်လိုက်အုံးမယ်”
မကြာခင်မှာပဲ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြန်လာခဲ့ပြီး သူ့မျက်နှာက အနည်းငယ် ရုပ်ဆိုးနေကာ “အဘိုးကြီး လင်းရဲ့ အိမ်ရှေ့မှာ ဇိမ်ခံကား တစ်ဒါဇင်လောက် ရပ်နေတယလို့ပြောတယ််”
“စုစုပေါင်း သူဌေးတစ်ဒါဇင်ကျော်က အဘိုးလင်းရဲ့မွေးနေ့ပွဲကို ကျင်းပဖို့ လာတယ်၊ပြီးတော့ချင်ရီရှန်ရှီမော် ရဲ့ အထွေထွေမန်နေဂျာတောင် ဒီကိုလာ တယ်...။”
လူလတ်ပိုင်းအရွယ်က စကားများမဆုံးသေးသော်လည်း ဝမ်ပိုင်ကနားလည်နေပြီဖြစ်သည်။
မနက်ကျတစ်ပိုင်းထပ်တင်ပေးပါ့မယ်။အား၃ပဲကျန်တော့လို့😁😁။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး