ဇောင်တန်ရောက်ခြင်းကြောင့် လူတိုင်းထိတ်လန့်ခြင်း
Vol. 8 Ch. 112
ဝမ်ပိုင်သည် ဆက်လက်ထွက်ခွာသွားသော ရွာသားများကို ကြည့်လိုက်ရာ သူ့မျက်နှာတစ်ခုလုံးမှာ အလွန်အမင်းမြင်ရခက်သောအမူအရာတစ်ခုပေါ်လာခဲ့သည်။
ဒီနေ့ မွေးနေ့ပွဲကို ကျင်းပရတဲ့ အကြောင်းရင်းကတော့ လင်းချူလီနဲ့ပြိုင်ချင်လို့ပင်ဖြစ်သည်။
ယနေ့တွင် ရွာသားအများစုသည် လင်းချူလီ၏အိမ်သို့ သွားကြသည်။
ဒါက ကိုယ့်ကို ဟာသလုပ်နေသည့်ပုံစံနှင့်အတူတူပင်ဖြစ်သည်။
ယခုအချိန်တွင် ဝမ်ပိုင်သည် သူ၏နှစ် 70 ပြည့်မွေးနေ့ကို ဖျက်သိမ်းရမလိုပင်ဖြစ်နေသည်။
…………
ယခုအချိန်တွင် ရွာသားများစွာသည်လင်းချူလီ၏အိမ်သို့ ရောက်လာကြသည်။
အဝေးက ဇိမ်ခံကားတန်းရှည်ကြီးကို လှမ်းကြည့်လိုက်တော့ ရွာသားတွေရဲ့မျက်နှာတွေက အံ့သြသောအမူအရာများဖြင့်ပြည့်နေသည်။
သူများတွေပြောတာကိုသူတို့ကြားရသည်။ဒါပေမဲ့အခုသူတို့မျက်လုံးနဲ့သူတို့မြင်ရချိန်မှာတော့အံသြနေကြသည်။
လင်းချူလီ ကိုတွေ့သောအခါ လက်ကို ဦးညွှတ်နှုတ်ဆက်ကြသည်။
“ကောင်းသောမွေးနေ့ဖြစ်ပါစေ”
“ပျော်ရွှင်စရာကောင်းသောမွေးနေ့လေးဖြစ်ပါစေ’’
...
လင်းချူလီသည် ရွာသူရွာသားများထံမှ နှုတ်ခွန်းဆက်စကားများကို နားထောင်ပြီး နောက်သူက ကတ်ပတ်စက်စက်ပြုံးလိုက်ပြီး “အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ဒီဖက်ကိုလာပါ”
ထိုအချိန်တွင် တံခါးနားရှိ စားပွဲအများအပြားတွင် သစ်သီးဝိုင်၊အချိုရည်များနှင့် အခြားအရာများ ထားရှိထားပြီးဖြစ်သည်။
ရွာသားများသည်ဒါကိုမြင်ပြီးနောက်တွင် သူတို့၏ မျက်လုံးများပြူးကျယ်ကာတံတွေးတစ်လုတ်ကိုမမြိုချဘဲမနေနိုင်ပေ။
တစ်စုံတစ်ယောက်က”ဒါဆို... အဲဒါ စျေးကြီးတဲ့သစ်သီးဝိုင်လား။”
“ကျွန်တော်ကဒါကို လက်ကိုင်ဖုန်းနဲ့ စစ်ဆေးကြည့်လိုက်တော့ဒီသစ်သီးဝိုင်တစ်ပုလင်းကို ယွမ် ၅၀၀၀ တန်တယ်် “ သူ့ဘေးက တစ်ယောက်ယောက်က ပြောလိုက်သည်။
ရွာသားများသည် အသက်ပြင်းပြင်းရှူပြီး စားပွဲဝိုင်းမှာ ထိုင်ဖို့ မစောင့်နိုင်တော့ပေ။
သို့သော်ရွာသားတွေကများပြီးစားပွဲတွေကနည်းလေသည်။
ထို့ကြောင့် ရွာသားအချို့သည် စားပွဲနှင့်ကုလားထိုင်များကို ယူရန်အိမ်သို့ အမြန်ပြန်သွားကြပြီး အချို့ရွာသားများသည် ဝမ်ပိုင် ၏အိမ်သို့ ပြန်လာပြီး စားပွဲများကို ရွှေ့နေကြသည်။
ဝမ်ပိုင်သည်ဤမြင်ကွင်းကိုမြင်လိုက်ရပြီးသူ၏မျက်နှာသည်ဒေါသကြောင့် နီမြန်းသွားသော်လည်း ကူကယ်ရာမဲ့ ဖြစ်နေသည်။
ဝမ်ပိုင်ရဲ့အိမ်မှာ မွေးနေ့ပွဲကျင်းပတဲ့ ရွာသူရွာသားများသည် တစ်ဝက်လောက်သာ ရှိသည်။
ဒီအချိန်မှာ ရွာသားများကစားပွဲရွှေ့ဖို့ ပြန်လာတာကို မြင်တော့ ဒီတစ်ဝက်လောက်က မေးခွန်းနည်းနည်းမေးပြီးနောက်လင်းချူလီအိမ်သို့သွားကြတော့သည်။
ခဏအကြာတွင် လင်းချူလီ၏အိမ်တံခါးဝတွင် စားပွဲနှစ်ဆယ်နီးပါးကို ချလိုက်သည်။ ရွာသူရွာသားများနှင့် သူဌေးများအားလုံး စားပွဲဝိုင်းတွင်ထိုင်ကာ စကားစမြည်ပြောဆိုကြပြီး လေထုသည် အလွန်အသက်ဝင်လှသည်။
“ဗွမ်း!”
ထိုအချိန်တွင် Rolls Royce နှစ်စီးသည် အဝေးမှ မောင်းနှင်လာခဲ့သည်။
ထို့နောက် ဇောင်တန်၊ ဇောင်စန်ဟိုင်နှင့် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် ကိုယ်ရံတော်လေးယောက်သည် ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။
ရွာသားများသည်ဒီနေ့တွင်ဇိမ်ခံကားတွေ အများကြီးတွေ့ဖူးသည်။
သို့သော်၊ ဤကားမျိုးကိုသူတို့အမှန်တကယ် မမြင်ဖူးသောကြောင့်စပ်စုချင်စိတ် ပေါက်လာကာ အားလုံးက မျှော်ကြည့်နေကြသည်။
ရွာသားများ၏ စူးစမ်းလိုစိတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် စုဇောင်ဖန်နှင့် တစ်ခြားသးများသည် အံ့အားသင့်ခဲ့ကြသော်လည်း အထူးရင်းနှီးသည့် ခံစားချက်ကိုလည်း မသိမသာ ခံစားခဲ့ရသည်။
အံ့အားသင့်တာက... Rolls-Royce ကြောင်ဖြစ်ပြီး၊ ဤကား သည်သန်းဆယ်နှင့်ချီသော ဇိမ်ခံကားဖြစ်သည်။
ရင်းနှီးမှု ခံစားချက်... ရှေ့ဆုံးမှာ ရပ်နေတဲ့ အဘိုးကြီးဆီက လာပြီး စုဇောင်ဖန်နှင့်တစ်ခြားသးများက သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုခံစားရသည်။
ဇောင်တန် ကိုမြင်ပြီးနောက် လင်းဖန်သည် ကမန်းကတန်း နှုတ်ဆက်လိုက်ပြီး “အဘိုး
ဇောင်မင်း ဘာလို့ဒီကိုရောက်နေတာလဲ”
ဇောင်တန်သည် ထူးထူးခြားခြား အဆင့်အတန်းရှိပြီး သူ့အဖိုးထက် ပင်အသက်ကြီးသည်။
အခု သူ့မွေးနေ့ပွဲကို လူကိုယ်တိုင်လာရောက်တဲ့အခါလင်းဖန်က သဘာဝအတိုင်းယဉ်ကျေးရမည်ဖြစ်သည်။
မစ္စတာဇောင်?
စုဇောင်ဖန်နှင့် တစ်ခြားသူဌေးများအားလုံး၏ စိတ်ထဲတွင် ဒဏ္ဍာရီဆန်ဆန် လူတစ်ယောက်သည် သူ့ရှေ့မှ အဖိုးအိုနှင့် တဖြည်းဖြည်းချင်း ထပ်တူညီလာခဲ့သည်။
လူတိုင်း၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားကာ သူတို့၏ မျက်နှာများသည် အံ့ဩမှုနှင့် မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
သူပဲ။
ဇောင် မိသားစု၏ထောင့်တိုင်၊ ဇောင်တန်
မှန်တယ်!
သူပဲ!
သူ့ဘေးမှာ ဇောင် မိသားစုရဲ့ ဒုတိယသား ဇောင်စန်းဟိုင်
ဘုရားရေ!
လင်းဖန်သည် ဇောင် မိသားစုမှ လူများကိုသိနေခဲ့ပြီးဇောင်မိသားစုမှ အဖိုးအိုပင် မွေးနေ့ပွဲကိုဂုဏ်ပြုရန်လူကိုယ်တိုင် လာရောက်ခဲ့သည်။
ဒီ……
ဒီ……
လင်းဖန်၏ အထောက်အထားကား အဘယ်နည်း။
ဇောင်တန် ကပတ်ပတ်စက်စက် ပြုံးလိုက်ပြီး “မင်းအဘိုးမွေးနေ့ဆိုတော့၊ ငါ ဘယ်လိုလုပ်မလာလို့မလာရမှာလဲ”
ထို့နောက် သူသည် လင်းချူလီ ထံသို့ လှည့်လာပြီး “အစ်ကိုလင်း၊ မင်းကျန်းမာပြီး ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်”
သူပြောပြီးသည်နဲ့သူသည် ကျောက်စိမ်းစိမ်း ယူရီ ကို ပေးလိုက်သည်။
ဇောင်တန်သည် လင်စချူလီ ၏ ဓာတ်ပုံကို လွန်ခဲ့သော ကြာမြင့်စွာကတည်းက မြင်ဖူးသောကြောင့် သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိနိုင်သည်။
လင်းချူလီက “အစ်ကို၊ မင်းငါ့ကို မွေးနေ့ဆုတောင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ အကို့ကို ဘာလိုခေါ်လဲ မသိဘူး”
တစ်ဖက်တွင်၊ လင်းချူလီ သည် ဇောင်တန် ၏ အဆင့်အတန်း သည်အလွန်ကောင်းမွန်သည်ဟု ယောင်ဝါးဝါး ခံစားရသည်။
ဇောင်တန် က ပြုံးပြီး “လင်းဖန်က ငါ့အသက်ကို ကယ်တင််ခဲ့တယ်၊ ငါတို့ ဇောင်မိသားစုတစ်ခုလုံးကို ကယ်ခဲ့တာလို့တောင် ပြောလို့ရတယ်’’
ခေတ္တနားပြီးနောက် သူက “စကားမစပ် ငါ့နာမည် ဇောင်တန်”
ဤ စကားထွက်လာသည်နှင့် တပြိုင်နက် မလှမ်းမကမ်းတွင် ရပ်နေသော သူဌေးများအားလုံးသည် သူတို့၏ နှလုံးသားထဲတွင် ပြင်းထန်စွာ ရိုက်နှက်သလိုမျိုးကို ခံစားလိုက်ရသည်။
သူတို့သည်ဇောင်တန်ရဲ့ ဝိသေသနကို သူတို့ ခန့်မှန်းပြီးသားပင်ဖြစ်သည်။
သို့သော်လည်း ဇောင်တန်၏ဝန်ခံချက်ကို ကြားပြီးနောက် မှာလဲလွန်စွာ အံ့သြမိသေးသည်။
တစ်ချိန်တည်းမှာပင် သူဌေးများအားလုံးသည်လင်းဖန်ကိုလေးစားစွာကြည့်လိုက်သည်။
ဇောင်တန် ၏ကယ်တင်ရှင်ဖြစ်သောကြောင့်လင်းဖန်၏အနာဂတ်မှာအကန့်အသတ်မရှိဖြစ်လာလိမ့်မည်ဖြစ်သည်။
“ဗွမ်း!”
ထိုအချိန်တွင် အဝေးမှ မော်တော်ကားသံများ ထပ်မံထွက်ပေါ်လာသည်။
ပြီးရင် တစ်၊ နှစ်၊ သုံး...
နောက်ထပ် အနက်ရောင်ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့ လာရောက်ခဲ့သည်။
အခင်းဖြစ်ပွားရာနေရာရှိလူအားလုံးသည်... စုဇောင်ဖန်၊ သူဌေးများနှင့် ရွာသားများအပါအဝင် ဖြတ်သန်းသွားလာနေသောယာဉ်များကိုမြင်လိုက်တိုင်းပြီးမယုံနိုင်သောထိတ်လန့်ဖွယ်အမူအရာများဖြင့် အလျင်စလို မတ်တပ်ထရပ်လိုက်ကြသည်။
ဘာကြောင့်လဲ ဆိုတော့ ဒီကားတွေရဲ့ ရှေ့ နဲ့ နောက်ဘက်မှာ အားလုံးက Audi ကားတွေဖြစ်ပြီးအလယ်မှာ စစ်တပ် အစိမ်းရောင် ဂျစ်ကား ဆိုရင်တောင် ဒီလိုမျိုး တုံ့ပြန်မှု ကြီးကြီးမားမား ရှိမှာမဟုတ်ပေ။
သော့ချက်က ဒီကားတွေရဲ့ လိုင်စင်နံပါတ်ပင်ဖြစ်သည်။ !
A00001၊ A00002၊ A00003...
K00001၊ K00002၊ K00003...
ဒီလိုင်စင်ပြားတွေရဲ့ အဓိပ္ပါယ်ကို သူတို့အားလုံး ကောင်းကောင်းသိကြသည်၊ အဲဒါက ချန် ပြည်နယ်နဲ့ ချင်ရီမြို့ ခေါင်းဆောင်တွေရဲ့ ကားတွေပင်ဖြစ်သည်။
အထူးသဖြင့်၊ လိုင်စင်နံပါတ်ပြား AG0008 အလယ်တွင် စစ်တပ်အစိမ်းရောင်ဂျစ်ကားပင်ဖြစ်သည်။
လူတိုင်း၏အမြင်တွင်၊ ဤအရာသည် ယာဉ်အုပ်စုတစ်ခုမျှမဟုတ်တော့ပဲအင်မော်တယ်အုပ်စုတစ်စု ရောက်ရှိလာသလိုခံစားရသည်။
လူတိုင်းက သူတို့ကို နှုတ်ဆက်ဖို့ သွားချင်ချင်ပေမယ့် နတ်ဘုရားတွေကို စော်ကားမည်ကိုလဲ ကြောက်ကြသည်။
အဝေးကနေဘဲကူကယ်ရာမဲ့စွာကြည့်နေပြီးနေရာတွင် ရပ်နေကြသည်။
နောက်ဆုံးတွင် ယာဉ်အားလုံး ရပ်တန့်သွားသည်။
ထို့နောက် လူအုပ်ကြီးတစ်စုသည် တယောက်ပြီး တယောက် ကားပေါ်မှ ဆင်းလာကြသည်။
ရှေ့ဆုံးမှာရပ်နေတဲ့ သူက ကျူဝမ်မင်ပင်ဖြစ်သည်။
ကျူဝမ်မင်ကလင်းဖန်ကို ပြုံးပြီး “လင်းဖန်၊ မင်းအဘိုး ဒီနေ့ သူ့မွေးနေ့ကို ကျင်းပမယ်ဆိုတာ ငါကြားလို့လာလိုက်တာ မင်းကို မနှောက်ယှက်မဖြစ်ဘူးမလား”
ဒီစကား ထွက်လာတာနဲ့ တပြိုင်နက် နေရာရှိသူများ အားလုံး တုန်လှုပ်သွားပြန်သည်။
ချန် ပြည်နယ်ခေါင်းဆောင်များ၊ ချင်ရီမြို့ ၏ခေါင်းဆောင်များနှင့်အခြားသူများအားလုံးသည်ဤအဘိုးအို၏နောက်လိုက်ငယ်များကဲ့သို့ဖြစ်သည်ကိုသင်သိသင်သည်။
အခုပဲ၊ ပုခုံးပေါ်တွင်ကြယ်တံဆိပ်ပါသော ကားမောင်းသမားကိုယ်တိုင်ကိုယ်ကျ ဖြင့်ဒီအဘိုးကြီးအတွက် တံခါးဖွင့်ပေးခဲ့သည်။
ထို့အပြင် အဖိုးအို ၏ကားAG0008ဖြစ်သည်။
ဒါတွေအားလုံးက အဘိုးအိုရဲ့ လက္ခဏာက အလွန်ကြောက်စရာကောင်းတယ်ဆိုတာသူတို့အားလုံးသိသည်။
ဒီလို အဘိုးကြီးက လင်းဖန်ကြောင့်လင်းဖန်အဘိုးမွေးနေ့ကိုဂုဏ်ပြုမလို့လာတာလား။
လင်းဖန်... သူ့အထောက်အထားက ဘာလဲ?
Wowoမှာလဲမကြာခင်ထွက်မှာပါ😁😁။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး