← Chapters

အရာအားလုံးအမှန်

Vol. 8 Ch. 113

အရာအားလုံးအမှန်

Vol. 8 Ch. 113

သူတို့အားလုံးသည် လင်းဖန်အပေါ် အလွန်တုန်လှုပ်ခြောက်ခြားသော အကြည့်များဖြင့်ကြည့်နေသည်။

လင်းဖန်သည်လဲကျူဝမ်မင်လာဖို့ မမျှော်လင့်ထားခဲ့ပေ။

ဒါပေမဲ့လင်းဖန်က ပြုံးပြီး”ဘယ်လိုလုပ်အနှောင်ယှက်ဖြစ်ရမှာလဲ”

လင်းဖန်၏ မူလရည်ရွယ်ချက်မှာ အဘိုးအတွက် မွေးနေ့ပွဲကျင်းပရန်သာဖြစ်သည်။

လူများလာလေလေ သဘာဝအတိုင်း ပိုကောင်းလေဖြစ်သည်။

ကျူဝမ်မင် က ခေါင်းညိတ်လိုက်ပြီး ရှေ့ကို လှမ်းပြီး လင်းချူလီကို “မင်္ဂလာပါ မွေးနေ့ရှင်လေး”

လင်းချူလီ သည် ကျူဝမ်မင် ၏ကိုယ်ပိုင်လက္ခဏာကိုလည်း အလွန်သိရှိနားလည်ပသည်။ သူ့မွေးနေ့မှာ ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုတာကို မြင်တော့ သူက “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်!”ဟုအထပ်ထပ်အခါခါပြောလိုက်သည်။

သူ့အသက် 70 ပြည့် မွေးနေ့မှာ ကြီးကျယ်ခမ်းနားတဲ့ လူတွေ အများကြီး လာမယ်လို့ မထင်ခဲ့ဖူးပေ။ဒါကြောင့် သူ စိတ်လှုပ်ရှားနေပြီ၊ဘာပြောရမှန်းတောင် မသိဖြစ်နေသည်။

ကျူဝမ်မင်က ပြုံးပြီး”ကျနော် အမြန်လာလိုက်ရလို့လက်ဆောင်တွေ မပြင်ဆင်ထားလိုက်မိဘူး။ ဒါကြောင့် ဂုဏ်ပြုလက်ဆောင်အနေနဲ့ စာတစ်စောင်ရေးခဲ့တယ်။ မွေးနေ့ရှင်လေးကြိုက်မယ်လို့မျှော်လင့်တယ်’’

စကားပြောရင်း သူ့လက်ကို အနည်းငယ် မြှောက်ပြလိုက်သည်။

ထို့နောက်သူ့ဘေးမှာရပ်နေတဲ့ လူလတ်ပိုင်းအရွယ်က စာလိပ်တစ်ခုကို ဖွင့်လိုက်သည်။

စာလိပ်တွင် နဂါးများနှင့် ဖီးနစ်များ ကနေသကကဲ့သို့၊ စာလုံးကြီးလေးလုံးဖြင့် ရေးထားသော “ကျူဝမ်လင်းလုံ” စာလုံးလေးလုံးပါရှိပြီး ညာဘက်အောက်ထောင့်တွင် ကျူဝမ်မင်လက်မှတ်ပါရှိသည်။

ဒီနာမည်ကို မြင်လိုက်ရတော့ အားလုံးရဲ့ နှလုံးသားတွေ မြန်သွားခဲ့သည်။

သို့သော် ဤအဘိုးအိုတွင် ထူးခြားသောဇစ်မြစ်ရှိကြောင်း သူတို့ ခန့်မှန်းကြသည်။

သို့သော်၊ လူတိုင်းက ၎င်းကဂန္ထဝင် ကျူဝမ်လင်းလုံဖြစ်ရန် မမျှော်လင့်ထားခဲ့ကြပေ။(ကျူဝမ်လင်းလကုံကျူဝမ်မင်ရဲ့နာမည်ရှည်လိုမျိုး)

၎င်းသည် လူသိများသော ကျားဗိုလ်ချုပ်ဖြစ်သည်။

လင်းချူလီသည် ယခင်က စစ်သားဖြစ်ခဲ့ဖူးပြီး သူအလေးစားရဆုံးသူမှာ ကျူဝမ်မင်ဖြစ်သည်။

သသည်ကျူဝမ်မင်ကိုတစ်ခါမှမမြင်ဖူးပေ။ သိူ့သော်ယနေ့တွင် ကျူဝမ်မင်ကိုမြင်နိုင်ပြီး

ကျူဝမ်မင်သည်ပင်လျှင် သူ့အတွက်လက်ရေးလှရေးပေးခဲ့သည်။

ဒီ……

ဒီ……

လင်းချူလီသည် သူ အိပ်မက်မက်နေသလို ခံစားရသဖြင့်သူ့မျက်နှာကိုဆိတ်လိုက်ပြီးနာကျင်မှုကိုခံစားရမှလျှင်အိမ်မက်မဟုတ်သောကြောင့်သူ အရမ်းပျော်သွားသည်။

အချိန်အတော်ကြာပြီးနောက် လင်းချူလီသည် သူ့၏တုန်ရီသောလက်ဖြင့် စာရွက်ကို ဖြည်းညှင်းစွာ ကိုင်လိုက်သည်။

ထို့နောက် ကျူဝမ်မင်သည် မဝေးလှသော ဇောင်တန်ဆီသို့ ဖြည်းညှင်းစွာ လှည့်ကာ ပြုံးကာ “ဇောင်တန်မတွေ့ရတာကြာပြီ!”

တကယ်တော့ ကျူဝမ်မင် ဟာ ​​သူဒီမွေးနေ့ပွဲကို လာအကြောင်းအရင်းရှိသည်။

ပထမတစ်ခုကလင်းဖန်သည် မကြာသေးမီက သူ၏မြေးကို ကယ်တင်ခဲ့သောကြောင့်ဖြစ်သည်။

ဒုတိယအနေဖြင့်၊ သူသည်အသက်ငယ်ငယ်သေးနဲ့ သင်္ချာပညာရှင်ဖြစ်ခြင်းနှင့် နဂါး အဖွဲ့၏ ခေါင်းဆောင် ဖြစ်သောကြောင့်ပင်ဖြစ်သည်။

တတိယကတော့ဇောင်တန်သည် လည်း ဒီမွေးနေ့ပွဲကို လာမယ်ဆိုတာ သိလိုက်ရသောကြောင့်ပင်ဖြစ်သည်။

ဇောင်တန်သည် ကျူဝမ်မင်ကိုကြည့်ပြီး “ဟုတ်တယ်ငါတို့မတွေ့ရတာကြာပြီ..”

အကောင်ကြီးကြီးနှစ်ဦးသည် တံခါးဝတွင် ခဏတာ စကားစမြည်ပြောနေကြသော်လည်း ဒီနေရာမှာရှိသည့်လူအားလုံးသည် တစ်ယောက်နှင့်တစ်ယောက် စကားမပြောရဲကြဘဲ ဘေးတွင်သာရပ်နေကြသည်။

ဒီအချိန်မှာ ကျူဝမ်မင်က “ငါတို့အားလုံး ဒီမှာ ဘာရပ်နေကြတာလဲ၊ အထဲဝင်ထိုင််ကြရအောင်လေ “

လူတိုင်းက သူ့စကားနားထောင်ပြီး တယောက်ပြီး တယောက် အထဲသို့ဝင်သွားကြသည်။

သို့သော် ဤနေရာတွင် လူများသောကြောင့် စားပွဲနှင့် ကုလားထိုင်များသည် မလုံလောက်တော့ပေ။

ထို့ကြောင့် ရွာသားများသည် သးတို့ထိုင်သည့်နေရာမှအမြန်ထကာ ရွာအနောက်ဘက်သို့ အလျင်အမြန် ပြေးသွားကြသည်။

ခဏအကြာတွင် သူတို့သည် ဝမ်ပိုင်၏အိမ်သို့ ရောက်ရှိလာကြသည်။

ထိုအချိန်တွင်၊ ဝမ်ပိုင်၏အိမ်ရှေ့ရှိ ဒါဇင်နှင့်ချီသော စားပွဲများတွင် မွှေးကြိုင်သော ဟင်းလျာများဖြင်​ြ ပြည့်နှက်နေကာ လူဒါဇင်အနည်းငယ်သာ ထိုင်နေကြပြီး အလွန်ဗလာဖြစ်နေသည်။

စားပွဲထိပ်တွင်ထိုင်နေသော ဝမ်ပိုင်သည် ဝိုင်ဖန်ခွက်ကို မြှောက်ကာ တစ်ခုခုပြောရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် ရွာသူရွာသား အများအပြား ရုတ်တရက် ပြေးလာကြသည်။

ဒါကိုမြင်လိုက်ရတော့ဝမ်ပိုင်က သူ့မျက်နှာမှာ အပြုံးတစ်ခုမပြဘဲမနေနိုင်ပေ။

ဝမ်ပိုင်စိတ်ထဲတွင် ငါ့မွေးနေ့ပွဲကိုလာဖို့ ဆုံးဖြတ်ထားတုန်းပဲဟုရေရွတ်လိုက်သည်။

ဒါကြောင့် ဝမ်ပိုင်က ရွာသူရွာသားတွေကို ထိုင်ခိုင်းဖို့မလို့ပင်ရှိသေးသည်။

နောက်အခိုက်အတန့်တွင် ဝမ်ပိုင်ဟာအံ့အားသင့်သွားခဲ့သည်။

“ဒီစားပွဲက ငါ့ဟာ!”

“ဒီခုံတွေရောပဲ...”

ထို့နောက် ရွာသားများသည် အစားအသောက်များကို တစ်ခြားနေရာပေါ်တင်ကာစားပွဲနှင့်ထိုင်ခုံများကို အပြင်သို့ အပြေးသယ်သွားကြသည်။

တစ်စုံတစ်ယောက်က “မင်းဘာလုပ်နေတာလဲ၊ အဘိုးကြီးဝမ် မွေးနေ့ပွဲကျင်းပနေတုန်းလေ!”

ရွာသားများက ခဏရပ်ပြီး ထွက်သွားရုံနဲ့ အဆင်မပြေဘူးလို့လည်း ခံစားရသည်။

ထို့ကြောင့်၊ “ချင်ရီမြို့ နှင့် ချန်ပြည်နယ်မှခေါင်းဆောင်များသည် အလိုးလင်း ၏အိမ်သို့လာခဲ့ကြပြီး စားပွဲနှင့်ကုလားထိုင်များမလုံလောက်သောကြောငအ့လာယူခြင်းဖြစ်သည်!”ဟုဆိုလိုက်သည်။

ဒီစကားထွက်လာပြီးတာနဲ့ ခဏတိတ်ဆိတ်သွားခဲ့သည်။

တစ်စုံတစ်ယောက် “မင်း...ဟာသ လာပြောနေတာလား။”ဟုပြောလိုက်သည်။

ချင်ရီနှင့် ချန်ပြည်နယ်ခေါင်းဆောင်များ။

အဲဒီအထောက်အထားက ဘာလဲ။

သေချာပေါက်ကိုကြီးမားတဲ့ရိုက်ချက်ပင်ဖြစ်သည်။

လင်းချူလီရဲ့မွေးနေ့မှာ ဂုဏ်ပြုဖို့ လာမှာလား။

ဒါက ရိုးရိုးရှင်းရှင်းကို မဖြစ်နိုင်ဘူး!

“ဘယ်သူက ဟာသလုပ်နေလို့လဲ။ ချင်ရီ နဲ့ ချန်ပြည်နယ်က ခေါင်းဆောင်တွေတင်မကဘဲ ဗိုလ်ချုပ်ကျူဝမ်မင်လည်း ရောက်နေတယ်!” တစ်ယောက်ယောက်က စားပွဲကို ထမ်းပြီး အော်ပြောလိုက်သည်။

ထို့နောက် စကားပြောတာကိုရပ်လိုက်ပြီး အမြန်ထွက်သွားခဲ့သည်။

မြင်ကွင်းတစ်ခုလုံးသည်ခဏတာ တိတ်ဆိတ်သွားပြန်သည်။

ကျူဝမ်မင်လည်း ရောက်နေတာလား။

ဒါနာမည်ကြီး ကျားဗိုလ်ချုပ်။

သူလာမှာလား

ဝမ်ပိုင်နှင့်တစ်ခြားရှိနေသူတိုင်းသည် မယုံကြည်နိုင်သောမျက်နှာများနှင့် ပြည့်နှက်နေသည်။

“ကလင်...ကလင်!”

ထိုအချိန်တွင် ကျယ်လောင်သော ဖုန်းသံက လူတိုင်းကြားစေခဲ့သည်။

ချင်ရှီ ရှိ ပညာရေးကဏ္ဍတွင် အလုပ်လုပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဖုန်းခေါ်ဆိုမှုကို တစ်ချက်ကြည့်လိုက်သည်။

သူ့အစ်ကိုဝမ်းကွဲဆီက ထွက်လာတာမြင်ပြီးကိုင်လိုက်သည်။

“အစ်ကိုဝမ်းကွဲ၊ အဘိုးလင်းရဲ့ အိမ်ရှေ့မှာ Audi ကားတွေ ဘာလို့ ဒီလောက်များ ရပ်ထားရတာလဲ၊ လိုင်စင်နံပါတ်က A00001၊ A00002 ..”

နောက်ဆုံးစကားမှာ လူလတ်ပိုင်းအမျိုးသားသည်နောက်ကစကားလုံးများကိုရှင်းရှင်းလင်းလင်း မကြားရပေမဲ့ရှေ့ကနံပါတ်တွေ​ကိုတော့ကြားလိုက်သည်။

သူ့ဘေးတွင်ရပ်နေသော ဝမ်ပိုင် သည် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး အလွန်စိတ်ဓာတ်ကျသွားခဲ့သည်။

ဝမ်ပိုင်သည် လဲဖုန်းထဲက အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ရွာသားတွေပြောနေတာတွေက အမှန်ပဲဆိုတာ သူနားလည်လိုက်သည်။

ချန်ပြည်နယ်ခေါင်းဆောင် ချင်ရီရဲ့ခေါင်းဆောင်... နဲ့ ကျူဝမ်မင်နဲ့တစ်ခြားအကြီးအကဲတွေ တကယ်ရှိမှာကြောက်တယ်။

သူသည် လင်းချူလီ ကိုနှစ်ပေါင်းများစွာယှဉ်ပြိုင်ခဲ့သည်။

တကယ်... ကိုယ့်သေခြင်းကို ရှာနေတယ်ဆိုတာကိုသဘောပေါက်သွားခဲ့သည်။

…………

ထိုအချိန်တွင် လင်းချူလီ ၏အိမ်ရှေ့တံခါးတွင် စားပွဲများနှင့် ပြည့်နေသည်။

ကျူဝမ်မင်၊ ဇောင်တန်နှင့် အခြားသူများ၏ တောင်းဆိုချက်အရ လင်းချူလီသည်ထိပ်ဆုံးမှာထိုင်လိုက်သည်။

ဇောင်တန်၊ ကျူဝမ်မင်၊ လင်းတန်၊ ဒေါင်ဝမ်ဝမ်၊ လင်းဖန်၊ လင်းရှောင်ရီနှင့် အခြားသူများ တန်းစီထိုင်နေကြသည်။

ကျူဝမ်မင်က သူ့ရဲ့ဝိုင်ဖန်ခွက်ကို မြှောက်လိုက်ပြီး “ပထမဆုံး ဝိုင်တစ်ခွက်၊ မွေးနေ့ရှင် ကျန်းမာပါစေ!”

ရုတ်တရက် အားလုံးက ဖန်ခွက်ကို မြှောက်ပြီး “မွေးနေ့မှာ ကျန်းမာပါစေ၊ “ဟုတညီတညွတ်တည်းပြောလိုက်သည်။

လင်စချူလီက သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး ပြုံးကာ “ကျေးဇူးတင်ပါတယ်၊ အားလုံးကိုကျေးဇူးတင်ပါတယ်!”ဟုပြောလိုက်သည်။

ထို့နောက် ဖန်ခွက်ထဲရှိ ဝိုင်ကို လူတိုင်း အတူတူ သောကလိုက်ကြသည်။

ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

【ဒင်း! လျှို့ဝှက်မစ်ရှင် ကြီးကျယ်ခမ်းနားတဲ့ မွေးနေ့ပွဲကို ကျင်းပလိုက်သောကြောင့်ငွေရောင်စာအိတ် ၅ အိတ်ကို ရရှိသည်။ 】

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters