← Chapters

လက်ဖ့်ကာလာအချောကိုင်ပြီးခြင်း

Vol. 8 Ch. 114

လက်ဖ့်ကာလာအချောကိုင်ပြီးခြင်း

Vol. 8 Ch. 114

လင်းဖန်သည် သူ့စိတ်ထဲတွင် အချက်ပေးသံကို ကြားပြီးနောက် ခဏအကြာအံ့သြသွားခဲ့သည်။

ထို့နောက် အနည်းငယ်ပြုံးလိုက်သည်။

အဘိုးကို မွေးနေ့ပွဲကျင်းပရန် ကူညီပေးခဲ့ပြီး လျှို့ဝှက်မစ်ရှင်ကိုလည်း ပြီးမြောက်စေခဲ့သည်။

ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ကိုပစ်လိုက်သလိုပင်ဖြစ်သည်။

…………

ရွာသူရွာသားများသည်သောက်ပြီးနောက် အသံတိုးတိုးနဲ့ မပြောတော့ပေ။

“သစ်သီးဝိုင်ကမျှော်လင့်ထားသလိုပဲ၊ အရသာက တကယ်ကောင်းတယ်!”

“ဟုတ်တယ်၊ ခံတွင်းထဲမှာ မွှေးရနံ့တွေ ပြည့်နေတယ်”

နောက်တော့ ရွာသူရွာသားတွေက ထမင်းကိုပြန်စားလိုက်သည်။

“ဒီဟင်းရဲ့ အရသာက အရမ်းကောင်းတယ်!”

“အထူးသဖြင့် ဒီအမဲသားက အရမ်းနူးညံ့တယ်။ ဒီလိုမျိုး အမဲသားကို တစ်ခါမှ မစားဖူးဘူး။”

“ဟုတ်အရမ်း အရသာရှိတယ်!”

သူတို့အားလုံးသည် စားရင်းနဲ့ အံ့သြနေကြသည်။

သူတို့ဒီလိုဖြစ်နေတာ အံ့သြနေသည်မှာလဲအပြစ်မပြောလိုပေ။

အဘယ်ကြောင့်ဆိုသော် ပါဝင်ပစ္စည်းများကိုအကောင်းတကာ့အကောင်းဆုံးတွင်ဝယ်ထားသောကြောင့်ပင်ဖြစ်သည်။

မွေးနေ့ပွဲသည် နှစ်နာရီကျော်ကြာပြီးနောက်ပြီးဆုံးသွားခဲ့သည်။

ကျူဝမ်မင်၊ ချန် ပြည်နယ်ခေါင်းဆောင်များ၊ ဇောင်တန်၊ စုဇောင်ဖန် နှင့် အခြားသူဌေးများသည် အချိန်အကြာကြီးမနေဘဲ တယောက်ပြီးတယောက် မော်တော်ကားပေါ်တက်ပြီးထွက်သွားခဲ့သည်။

ယေဘူယျအားဖြင့် ဧည့်ခံပွဲမှ ထွက်ခွာပြီးနောက် အိမ်ရှင်မိသားစုသည် ပန်းကန်များနှင့်စားပွဲနှင့် ကုလားထိုင်များကို သန့်ရှင်းရေးလုပ်ပြီး ရွာသူရွာသားများထံ ပြန်ပို့ပေးရန် လိုအပ်သည်။

နောက်ဆုံးတော့၊ ဒါက အိမ်ရှင်ရဲ့အလုပ်ပင်ဖြစ်သည်။

ဒါပေမယ့် ဒီနေ့မှာတော့တော့ လုံးဝကို မတူပေ။

“အစ်ကိုလင်း၊ ကျနော်လုပ်လိုက်မယ်မြန်မြန်အနားယူ’’

“ ငါလဲလုပ်မယ်။”

“ဆရာလင်း၊ ဒီမှာထိုင်ပြီး လက်ဖက်ရည်သောက်ပါ”

လင်းချူလီ၊ ဂျင်ဒန်၊ လင်းတန် နှင့် ဒေါင်ဝမ်ဝမ်တို့ငိုရွာသားများ၏ အတင်းအကြပ် အနားယူခိုင်းသောကြောင့်အနားယူလိုက်ရသည်။

ရွာသူရွာသားများသည် ပန်းကန်ဆေးရန်နှင့် အပြေးအလွှား စားပွဲနှင့် ကုလားထိုင်များကို သုတ်ပေးရသဖြင့်အလွန်အလုပ်များကြသည်။

တစ်နာရီခန့်ကြာသောအခါလင်းချူလီသည်အိမ်အပြင်သို့ပြန်ထွက်လာချိန်တွင်အားလုံးသန်းရှင်းသန့်ရပ်နေသည်ကိုတွေ့လိုက်ရသည်။

လင်းချူလီသည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ယနေ့တွင်သူဌေးတစ်ဒါဇင်ကျော်၊ ချန်ပြည်နယ် ခေါင်းဆောင်များ၊ ကျူဝမ်မင်တို့လာရောက်သည်ကိုစဉ်းစားလိုက်ရင်သူ့၏မျက်နှာဟောင်းသည်အပြုံးများ​ြ၍့်ပြည့်နေသည်။

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက လင်းဖန်ကြောင့်ဆိုတာ သူနားလည်သည်။

လင်းချူလီကလင်းဖန်ပခုံးကို ပုတ်ပြီး “ရှောင်ဖန်မင်းအရမ် ကောင်းတယ်!”

ထို့နောက် မိသားစုနှင့် ခဏတာ စကားစမြည်ပြောကြရာ အငွေ့အသက်သည် အလွန်ပင် အေးချမ်းပြီး ပျော်စရာကောင်းနေလေသည်။

လင်းတန်နှင့် ဒေါင်ဝမ်ဝမ်တို့က သူတို့အိမ်တွင် နေထိုင်ရန် လင်းချူလီ နှင့် ဂျင်ဒန်တို့ ကို ခေါ်ယူရန် အဆိုပြုခဲ့သည်။

လင်းဖန် ကတော့ မြို့ထဲမှာ အိမ်တစ်လုံးဝယ်ပြီး မိသားစုလိုက်နေထိုင်ဖို့ အကြံပြုခဲ့သည်။

သို့သော် ၎င်းတို့အားလုံးကိုလင်းချူလီ နှင့် ဂျင်ဒန်တို့က ငြင်းပယ်ခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ချင်ရှီ ရွာတွင် တစ်သက်လုံး နေထိုင်ခဲ့ပြီး အမှန်တကယ် မပြောင်းရွှေ့လိုသောကြောင့် ဖြစ်သည်။

ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာတာကို မြင်တော့ လင်းဖန် က လင်းတန်၊ ဒေါင်ဝမ်ဝမ်၊ လင်းရှောင်ရီတို့ကိုခေါ်ပြီးထရပ်ကားဖြင့်ထွက်သွားလိုက်သည်။

လင်းဖန်တို့ထွက်သွားပြီးနောက်တွင် လင်းချူလီ၏ အိမ်အပြင်ဘက် စင်္ကြံမှ ခြေသံများထွက်ပေါ်လာခဲ့သည်။

ထို့နောက် မျက်ရည်များဖြင့်ပြည့်နက်နေသောဝမ်ပိုင် သည် ဖြည်းညှင်းစွာ လျှောက်လာသည်။ သူက ခေါင်းကိုငုံ့ကာ “အစ်ကိုလင်း၊ ငါတောင်းပန်ပါတယ်...”

…………

ယခုအချိန်တွင် လင်းဖန်သည် ၎င်း၏မိဘများနှင့် ညီမကို အိမ်သို့ ပြန်ပို့ပေးပြီးပြီဖြစ်သည်။

လင်းရှောင်ရီ က ရုတ်တရက် တစ်ခုခုကို တွေးနေပုံရပြီး “အစ်ကို၊ မင်း ဇောင်ရဲ့ ထင်မြင်ယူဆချက်နဲ့ အမွှာအနှစ်သာရကို ဖြေခဲ့တာလား”

“ဟုတ်တယ်” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

လင်းရှောင်ရီ ကသူမ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး “ဒါက အရမ်းမိုက်တာပဲ!”ဟုပြောလိုင်သည်။

“ငါက မင်းရဲ့ အစွမ်းထက်တဲ့ အစ်ကိုလေ အဲ့လောက် ကတော့အေးဆေး” လင်းဖန်က ပြုံးကာ လင်းရှောင်ရီ၏လှပသော မျက်နှာကို ဆွဲလိုက်သည်။

ခေတ္တနားပြီးနောက် သူက “ညီမလေးပါးကပိတ်နေတယ်လို့အစ်ကိုခံစားရတယ်။ဒါကြောင့် ​​များများစားဖို့ ကိုမမေ့နဲ့!”

“အစ်ကို!” လင်းရှောင်ရီကချက်ချင်းပြန်ပြောလိုက်သည်။

လင်းတန်က “ဘယ်လိုထင်မြင်ယူဆချက်မျိုးလဲ?”

“ဖေဖေ၊ အဲဒါ ဇောင် ရဲ့ မှန်းဆချက် နဲ့ အမွှာ မနှစ်သာရယူဆချက်ပဲ၊ အဲဒါ တွေကကမ္ဘာ့သင်္ချာပုစ္ဆာတွေ” လင်းရှောင်ရီက စိတ်လှုပ်ရှားစွာပြောလိုက်သည်။

လင်းတန်နှင့် ဒေါင်ဝမ်ဝမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အံ့သြသွားကြသည်။

သို့သော် မကြာမီပင် ငြိမ်သက်မှု ကိုပြန်လည်ရရှိခဲ့သည်။

ဒီနေ့ လင်းဖန်သည်အင်အားကြီးတဲ့လူတွေနဲ့ရင်းနှီးနေသည်။

အခု၊ သင်္ချာပုစ္ဆာနှစ်ခုကို ဖြေရှင်းတယ်ဆိုတာကအဲဒါ ဘာမှမဟုတ်ဘူးလေ။(မိဘအတွေး)

လင်းဖန်သည် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး “ဖေဖေနဲ့မေမေ၊ ဒါဆို ကျွန်တော် ကျန်ပေ့ကို အရင်သွားလိုက်ရတော့မယ်” လို့ပြောလိုက်ဝည်။

ချမ်ရီရီသည် ယနေ့ လက်ဖ့်ကာလာ၏ နောက်ဆုံးထုတ်ကုန် ကို လာကြည့်ရှုသွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

အခု သူ့အဘိုးရဲ့ မွေးနေ့ပွဲလေး ကျင်းပတရသောကြောင့်လင်းဖန်က သူ့ကတိကို ဖောက်ဖျက်ဖို့ ဆန္ဒမရှိပေ။

“ကောင်းပြီ၊ လုံခြုံရေးကို ဂရုစိုက်” ဒေါင်ဂးဝမ်ဝမ် က ပြောလိုက်သည်။

လင်းဖန်သည် ခေါင်းညိတ်ပြကာ Mercedes-Benz Big G ပေါ်တွင် ထိုင်ကာ အရှိန်မြှင့်စက်နင်းကာမောင်စထွက်သွားခဲ့သည်။

…………

ကျန်ပေ့ဟိုတယ်။

စားဖိုမှူးသုံးဦးတို့သည် လင်းဖန်ကဲသို့ရွာမှ၎င်းအိမ်သို့ မသွားသောကြောင့် လင်းဖန်ထက်တစ်လှမ်းစော၍ ငျန်ပေ့သို့ ရောက်ရှိလာကြသည်။

အထွေထွေမန်နေဂျာ ရှစ်ဖန်က သူတို့သုံးယောက် မီးဖိုချောင်ထဲကို လျှောက်သွားခါနီးမှာ သူတို့သုံးယောက်ကို တွေ့လိုက်သည်။

ဒါနဲ့ သူက “ပြန်လာပြီလား။ အဲဒီအဖိုးလင်းရဲ့ မွေးနေ့ပွဲကရော ဘယ်လိုလဲ”

စားဖိုမှူးသုံးယောက်က အရမ်းစိတ်လှုပ်ရှားသွားပြီး “ကျန်ပေ့ မြို့၊ ချင်ရီမြို့ နဲ့ ချန်ပြည်နယ်က ခေါင်းဆောင်တွေ အားလုံး ကမွေးနေ့ဆုတောင်းပေးဖို့လာကြတယ်!”

“ဒါ့ထက် ! ကျားဗိုလ်ချုပ် ကျူ လည်း လာသွားတယ်!”

သူတို့ပြောတာကို နားထောင်ရင်း ရှစ်ဖန် က သူ့မျက်နှာမှာ ထိတ်လန့်မှုအပြည့်နဲ့ဖြစ်သည်။

လင်းဖန်သည် ဤအကောင်ကြီးကြီးများဖြင့် စားသောက်နေသည်ကို မကြာသေးမီက သူမြင်ဖူးသည်။

ဒါပေမယ့် ဒီအကောင်ကြီးကြီးတွေကမွေးနေ့ဆုတောင်းပေးဖို့ကိုလူကိုယ်တိုင်လာကျင်းပမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။

ဒီ……

ဒီ……

လင်းဖန်၏ အထောက်အထားကား အဘယ်နည်း။

…………

အခြားတစ်ဖက်တွင် လင်းဖန်သည် နောက်ဆုံးတွင် ဟန်စီဒီကုမ္ပဏီသို့ရောက်လာသည်။

လင်းဖန်သည် ဟန်စီဒီကုမ္ပဏီသို့ အကြိမ်များစွာ ရောက်ဖူးပြီး ဝန်ထမ်းတော်တော်များများက သူသည် ဥက္ကဌ ချမ်ရီရီ နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်းကိုလဲ သိကြသည်။

ထို့ကြောင့် ဝန်ထမ်းအားလုံး လင်းဖန်ကို မြင်သောအခါ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြသည်။

လင်းဖန်ကလဲပြုံးပြီးပြန်လည် တုံ့ပြန်ခဲ့သည်။

ခဏအကြာတွင် သူသည် R&D စင်တာသို့ ရောက်လာခဲ့သည်။

ချမ်ရီရီသည် လင်းဖန် ကိုမြင်သောအခါ သူမ၏ လှပသောမျက်လုံးများသည် ချက်ချင်းတောက်ပလာပြီး “လင်းဖန် ၊ မင်း ငယရဲ့လက်ဖ့်ကာလာ ကို အရင်ကြည့်သင့်တယ်”

စကားပြောနေရင်းကနေသူမသည် ဗန်းကို ကောက်ကိုင်လိုက်သည်။

ဗန်းထိပ်တွင် ၊ အနီ၊ အစိမ်း၊ ပန်းရောင်၊ ခရမ်းရောင်၊ အဖြူနှင့် မီးခိုးရောင် ခုနစ်မျိုးရှိသည့် ရေမွှေးများရှိသည်။

လင်းဖန်သည် ပုလင်းအဖုံးများကိုဖွင့်ကာ အနည်းငယ် ရှူလိုက်သည်။

ချမ်ရီရီသည် အနည်းငယ် စိတ်လှုပ်ရှားနေသဖြင့် မကူညီနိုင်ဘဲ “အနံ့က ဘယ်လိုလဲ?”

ဆရာမကို အိမ်စာစစ်ဆေးရန် စောင့်နေသည့် တပည့်ကဲ့သို့စိတ်လှုပ်ရှားနေသည်။(အဲ့အထဲမှာကိုယ်တွေမပါ)

လင်းဖန်က ချက်ချင်းပြန်မဖြေဘဲ ကွန်ပြူတာစခရင်ကို ကြည့်လိုက်သည်။

ပုံထဲမှာတော့ ချစ်စရာကောင်းတဲ့ မိန်းကလေးက ပန်းတွေကြားထဲမှာ ရောင်စုံလိပ်ပြာတွေနောက်ကိုလိုက်ကာပန်းတွေကြားထဲတွင် ပြေးလွှားနေကြသည်။

ကောင်မလေး ရပ်တန့်သွားသောအခါ လိပ်ပြာများသည် သူမဆီသို့ သွားကာဝတ်မှုန်များရငိုစုလိုက်သည်။

ရလဒ်အနေဖြင့် ၎င်းသည် လက်ဖ်ကာလာရေမွှေးဖြစ်လာခဲ့သည်။

ချမ်ရီရီ က “ဒါက ငါတို့လက်ဖ့်ကာလာရဲဗီဒီယိုပါ။”

လင်းဖန်က ခေါင်းညိတ်ပြီး “ရေမွှေးက ဖော်မြူလာလဲကောင်းတယ်၊ ဗီဒီယိုလည်း အရမ်းကောင်းတယ်။ မင်းဟာကနံမည်ကြီးတံဆိပ်တွေနဲ့ယှဉ်လို့ရတယ်”

“ကောင်းလိုက်တာ!” ချမ်ရီရီ က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters