← Chapters

ချမ်ရီရီကြောက်လန့်ခြင်း။

Vol. 8 Ch. 115

ချမ်ရီရီကြောက်လန့်ခြင်း။

Vol. 8 Ch. 115

ပျော်ရွှင်လွန်းသောကြောင့် ချမ်ရီရီ ၏လှပသောမျက်နှာသည် ရောင်စုံတိမ်များကဲ့သို့ဖြစ်နေသည်။

ထို့နောက် လင်းဖန် နှင့် ချမ်ရီရီတို့သည်နာရီဝက်ခန့် စကားပြောနေကြသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ချမ်ရီရီသည် အလွန်စိုးရိမ်ပူပန်နေခဲ့သည်။

ဘာကြောင့်လဲဆိုတော့ လက်ဖ့်ကာလာ ဇာတ်လမ်းတွဲကို လာမယ့်ရက်အနည်းငယ်အတွင်းမှာ ရုံတင်ပြသဖို့ စီစဉ်ထားတာကြောင့်ပင်ဖြစ်သည်။

ချမ်ရီရီသည် လက်ဖ့်ကာလာဇာတ်လမ်းတွဲတွင် အားထုတ်မှုနှင့် ငွေကြေးများစွာကို မြှုပ်နှံထားသည်။

စျေးကွက်က ညံ့ဖျင်းနေရင်သူမဘာလုပ်ရမှန်းမသိတော့ပေ။

သို့သော် ယနေ့ လင်းဖန်နှင့် နာရီဝက်ကြာ စကားပြောပြီးနောက် ချမ်ရီရီ၏ စိုးရိမ်ပူပန်မှုများ ချက်ချင်းပျောက်ကွယ်သွားကာ သူမတစ်ကိုယ်လုံး အလွန်တရာ ငြိမ်သက်သွားခဲ့သည်။

မူလက ချမ်ရီရီ သည်လင်းဖန် ကို ညစာစားရန် ဖိတ်ကြားလိုခဲ့သည်။

ဒါပေမယ့် လင်းဖန်က စားပြီးပြီမို့ သူမလက်လျှော့လိုက်ရသည်။

…………

ညက ပိုနက်လာသည်။

ဒါပေမယ့် တံခါးသော့ခတ်ထားတဲ့ဟန်စီဒီကုမ္ပဏီမှာ လူတစ်​ယောက်ရုတ်တရက် ပေါ်လာခဲ့သည်။

အဲ့လူကရေမွှေးလုပ်သူဇောင်ရှင်းပင်ဖြစ်သည်။

“ချမ်ရီရီ၊ မင်းအတွက် နှစ်အနည်းငယ်ကြာအောင် ငါကြိုးစားတည်ဆောက်ထားတဲ့ ရေမွှေးက လင်းဖန်ရဲ့ဖြူစင်တဲ့မျက်နှာလေးနဲ့ ရက်အနည်းငယ်လောက် စကားတွေပြောနေရတာလောက်မကောင်းဘူးမလား။”

“ဒါကြောင့်မင်းငါ့ကိုအပြစ်မတင်နဲ့!”

ဇောင်ရှင်း က စကားပြောနေစဉ်တွင် သူသည် ဥက္ကဋ္ဌရုံးခန်းရှိ ကွန်ပြူတာထဲကနေဒေတာဖိုင်တွေကိုကူးယူလိုက်သည်။

…………

လင်းဖန်သည် ဟန်စီဒီမှ ထွက်လာပြီးနောက်၊ သူသည် Mercedes Benz G ကို တိုက်ရိုက်မောင်းထုတ်သွားခဲ့သည်။

မနီးမဝေး မီးပွိုင့်ကို ရောက်တဲ့အခါမှာတော့ မီနီကားတစ်စီးကသူ့ ဘေးနားမှာ ရပ်သွားခဲ့သည်။

လင်းဖန်သည် ပေါ့ပေါ့ပါးပါး ကြည့်လိုက်တော့ ဟန်တီ ဖြစ်နေသည်ကိုတွေ့လိုက်သည်။

ထို့ကြောင့် သူက “ဟန်တီ”

ထိုအသံကိုကြားပြီးနောက် ဟန်တီ သည် ဖြည်းညှင်းစွာ ဘေးသို့လှည့်၍ လင်းဖန်ကိုမြင်ကာ ဝမ်းသာအားရပြောသည်- “လင်ဖန်း!”

ထို့နောက် နှစ်ယောက်သား အတူတူ ရှေ့သို့ မောင်းသွားကြသည်။

မကြာခင်မှာပဲ လင်းဖန်ဟာ ဟန်တီ ရဲ့အိမ်ကို ရောက်လာခဲ့သည်။

နှစ်ယောက်သား မတွေ့ဖြစ်တာ ရက်အတော်ကြာပြီဖြစ်သောကြောင့် တံခါးပိတ်လိုက်သည်နှင့် တပြိုင်နက် လေထုက ပူပြင်းလာသည်။

ဟန်တီ က “မင်းကို ရေတစ်ခွက် အရင်ရေတစ်ခွက်တိုက်ပါရစေ’’

သို့သော် လင်းဖန်သည် သူမကို သူ့ရင်ခွင်ထဲတွင် တိုက်ရိုက် ဖက်ထားလိုက်သည်။

( ̄ε ̄)

…………

...

…

နှစ်ယောက်သားအတွက်အလွန်ချစ်ကြသောညတစ်ညပင်ဖြစ်သည်။

…………

နောက်တစ်နေ့။

လင်းဖန်သည် မျက်လုံးဖွင့်လိုက်သောအခါ သူ့ဘေးတွင် ဘယ်သူမှမရှိခဲ့ပေ။

သို့သော် နှာခေါင်းကနေ မွှေးပျံ့သော ရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။

လင်းဖန်သည် ဖြည်းညှင်းစွာထကာ အပြင်သို့ ထွက်လာခဲ့သည်။

ထိုအချိန်တွင် ခေါက်ဆွဲတစ်ပန်းကန်၊ ဖက်ထုပ်ကြော်တစ်ပန်းကန်နှင့် နွားနို့ပူပူတစ်ခွက်ကို စားပွဲပေါ်တွင် တင်ထားသည်။

ဟန်တီက ပြုံးပြီး “ဗိုက်ဆာနေပြီလား၊ မနက်စာ အရင်စားပါ”

လင်းဖန်က သူ့နှာခေါင်းကို ထိကာ ပြုံးလိုက်ပြီး “ငါတကယ် ဗိုက်ဆာနေပြီ”

စကားတွေကျလာတဲ့အခါ သူက မယဉ်ကျေးဘဲ ခေါက်ဆွဲကို စားလိုက်တော့သည်။

ခဏအကြာတွင် ခေါက်ဆွဲပန်းကန်လုံးကြီးတစ်လုံး၊ ဖက်ထုပ်ကြော်တစ်ပန်းကန်နှင့် နို့တစ်ဖန်လုံးကို ကုန်သွားခဲ့သည် ။

လင်းဖန် က “ဟန်တီ က အချက်အပြုတ် ကျွမ်းကျင်သလို သင်ကြားရေးလည်း ကောင်းပါတယ်။ ဒီပါးစပ်က နောင်မှာ တခြားအစားအစာတွေအတွက် အရသာမခံနိုင်မှာကို စိုးရိမ်တယ်” လို့ လင်းဖန်က ဆိုလိုက်သည်။

လင်းဖန်ပြောသောစကားကြောင့် ချိုမြိန်သော ခံစားချက်ကို ရရှိခဲ့သည်။

ဟန်တီက ပြုံးပြီး “မင်းကြိုက်သလောက် အချိန်မရွေး လာစားလို့ရတယ်။”

လင်းဖန် က ဝမ်းသာအားရနဲ့ “ဆရာမဟန်တီ၊ ဒါ မင်းပြောတာနော်!”

နှစ်ယောက်သား စကားပြောရင်း ရယ်မောလိုက်ကြပြီး အငွေ့အသက်တွေ အရမ်းသာရာနေသည် ။

ဟန်တီ သည် မနေ့ညက အနည်းငယ် ပင်ပန်းနေသဖြင့် ပန်းကန်များ နှင့် တူချောင်းများကိုသိမ်း ပြီးသောအခါ အနားယူရန်အတွက် အခန်းသို့ ပြန်သွားခဲ့သည်။

လင်းဖန်သည် Mercedes-Benz Big G ကို ကျန့်ပေတက္ကသိုလ်ဆီသို့ မောင်းနှင်ခဲ့သည်။

ကျန်ပေ့လမ်းကိုဖြတ်သွားသောအခါတွင် မွှေးပျံ့သောလေသည် သူ့ဘေးနားသို့ ရုတ်တရက် တိုက်ခတ်လာသည်။

လင်းဖန်သည် ငြိမ့်ညောင်းစွာ ရှူရှိုက်ရင်း သူ့မျက်နှာတွင် အံ့သြမှုတစ်ခု ပေါ်လာသည်။

ဘာလို့လဲဆိုတော့ ဒီရနံ့က မနေ့က ငါရခဲ့တဲ့ လက်ဖ့်ကာလာနဲ့ တူသောကြောင့်ပင်ဖြစ်သည်။

ဒါပေမယ့် လူသိရှင်ကြားထုတ်ဖို့ ရက်အနည်းငယ်ကြာမယ်လို့ချမ်ရီရီ က မပြောခဲ့ဘူးလား။

ဒီနေ့ လမ်းပေါ်မှာ ဘာ့ကြောင့် အနံ့ရနေတာလဲ။

လင်းဖန်သည် သူ့နှလုံးသားထဲတွင် သံသယများဖြင့် ဘေးကို ကြည့်လိုက်သည်။

ချင်းဖန်အမည်ရှိ ရေမွှေးဆိုင် အဝင်ဝတွင် အမျိုးသမီး အများအပြား တန်းစီနေပါသည်။

တချို့အမျိုးသမီးတွေက သူတို့ဝယ်ထားတဲ့ ရေမွှေးကိုကိုင်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာကြသည်။

ဤရေမွှေးပုလင်းများ၏ အသွင်အပြင်သည် လက်ဖ့်ကာလာ နှင့် အနည်းငယ် ဆင်တူသည်။ ၎င်းတို့ကို အဝါ၊ အနီ၊ အစိမ်း၊ ပန်းရောင်၊ ခရမ်းရောင်၊ အဖြူရောင်နှင့် မီးခိုးရောင် ခုနစ်ရောင် ခွဲခြားထားသည်။

လင်းဖန်သည် လူအုပ်ကြားမှ ချင်ဖန်ရေမွှေးဆိုင်ထဲသို့ လှမ်းကြည့်လိုက်ရာ တီဗွီဖန်သားပြင်ပေါ်တွင် ရေမွှေး၏ ဗီဒီယိုကို ယောင်ဝါးဝါးမြင်နေရသည်။

ဗီဒီယိုထဲက ဓါတ်ပုံက မနေ့က လင်းဖန် တွေ့တဲ့ ဇာတ်လမ်းတွဲနဲ့ လုံးဝနီးပါးတူသည်။

လင်းဖန်သည် မျက်ခုံးပင့်ကာ ချက်ချင်း နားလည်လိုက်သည်။

ထို့ကြောင့် လင်းဖန်သည် ကျန်ပေ့ တက္ကသိုလ်သို့ တိုက်ရိုက်မသွားတော့ပဲဟန်စီဒီသို့သွားလိုက်သည်။

ဆယ်မိနစ်ခန့်အကြာတွင် သူသည် Mercedes-Benz Big G ဖြင့်ဟန်စီဒီသို့ရောက်လာခဲ့သည်။

…………

ယခုအချိန်တွင် ဟန်စီဒီကုမ္ပဏီ၊

စုံစမ်းရေးမှူး အများအပြားသည် စာရွက်နှင့် ဘောပင်ကို ကိုင်ဆောင်ကာ မေးခွန်းများ မေးကာ မှတ်စုများ ရေးနေကြသည်။

“မနေ့က နောက်ဆုံးထွက်တာ ဘယ်သူလဲ” ဂိုရီက မေးသည်။

“ဒါ ငါပဲ၊ ငါက ထွက်သွားဖို့ နောက်ဆုံးပဲ” အိမ်ရှေ့ စားပွဲခုံမှာ ရှိတဲ့အမျိုးသမီးကပြောသည်။

“တံခါး သော့ခတ်ထားသလား” ဂိုရီက မေးသည်။

အိမ်ရှေ့ ကောင်တာမှ အလှမယ် က “လော့ခ်ကျထားတယ်။ တံခါးကို သော့ခတ်တိုင်းကို အတိအကျ စစ်ဆေးခဲ့တယ်” ဟု ပြောသည်။

ရီဂေါင် က “ဥက္ကဌရုံးခန်းထဲက ကွန်ပြူတာအပြင် တခြား ဆုံးရှုံးမှုတွေ ရှိလား”

“မရှိဘူး”

“ငါဘာမှမဆုံးရှုံးဘူး။”

ဝန်ထမ်းများက ခေါင်းယမ်းလိုက်သည်။

ချမ်ရီ က “မစ္စချမ်ရီရီ၊ ဒီကွန်ပြူတာမှာ အဖိုးတန်အချက်အလက်တွေ ရှိလား” လို့ မေးလိုက်သည်။

ချမ်ရီရီက စိုးရိမ်တကြီးနဲ့ “အရမ်းအရေးကြီးတဲ့ အချက်အလက်တွေ ရှိတယ်! ဒီကွန်ပြူတာက ငါတို့ ဟန်စီဒီကုမ္ပဏီရဲ့ ရေမွှေးအားလုံးရဲ့ တိကျတဲ့ အချက်အလက်တွေရှိတယ်”

ထို့နောက် သူမက ငုံ့ကာ “ကွန်ပြူတာဒေတာကို ပြန်ယူနိုင်မလား” ဟု မေးသည်။

အတိုချုပ်ပြောရလျှင် ၎င်းသည် ကုမ္ပဏီတစ်ခုလုံး၏ ရှင်သန်မှုနှင့် ဆက်စပ်နေသည်ဟု ဆိုနိုင်သည်။

ကွန်ပြူတာထဲတွင် လက်ဖ့်ကာလာနှင့်ပတ်သက်သည့် အချက်အလက်များစွာ ရှိသည်။

သိရန်……

ချမ်ရီရီသည်လက်ဖ့်ကာလာအတွက်ငွေအများအပြားကိုရင်းနှိးခဲ့သည်။

ကွန်ပျူတာထဲက အချက်အလက်တွေ ပေါက်ကြားသွားတဲ့အခါ ဒါမှမဟုတ် တခြားရေမွှေးကုမ္ပဏီတွေက သိသွားတဲ့အခါ၊သူမ သုံးစွဲခဲ့တဲ့ ငွေကြေးတွေကို အလဟသဖြစ်သွားမည်ဖြစ်သည်။

သူ့ဘေးနားက နည်းပညာရှင်က ခေါင်းယမ်းပြီး “ဟင့်အင်း... hard disk က အရမ်းပျက်စီးနေတယ်” လို့ ပြောလိုက်သည်။

ထိုအချိန်တွင်၊ ဝန်ထမ်းတစ်ဦးသည် အလျင်အမြန်လျှောက်လာပြီး “ဥက္ကဋ္ဌ၊ ယနေ့ထုတ်လွှတ်သည့် ချင်ဖန်၏ ကျူလီ စီးရီးသည် ကျွန်ုပ်တို့၏ လက်ဖ့်ကာလာ စီးရီးနှင့် လုံးဝနီးပါးတူသည်!”(ထုတ်ကုန်ကိုပြောတာ)

စကားပြောနေစဉ်တွင် အဝါရောင်၊ အနီ၊ အစိမ်း၊ ပန်းရောင်၊ ခရမ်းရောင်၊ အဖြူနှင့် မီးခိုးရောင်စသည့် ရေမွှေး ၇ ပုလင်းကို ထုတ်ယူခဲ့သည်။

ဟန်စီဒီကုမ္ပဏီမှ ရင်းနှီးပြီးအလွန်ကောင်းသော ရနံ့တစ်ခု ထွက်ပေါ်လာသည်။

ချက်ခြင်းတွင်၊ချမ်ရီရီ၏လှပသောမျက်နှာတစ်ခုလုံး ချက်ချင်းဖြူစင်သွားသည်။

အကြောက်ဆုံးအရာက နောက်ဆုံးတော့ ဖြစ်လာပြီဖြစ်သည်။

လက်ဖ့်ကာလာဇာတ်လမ်းတွဲ၏ ဒေတာများ ပျောက်ဆုံးသွားပြီး အခိုးခံရသည်။

ဟန်စီဒီကုမ္ပဏီ... ပြီးပြီ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters