← Chapters

ဇောင်ရှင်းမလိမ်တတ်လိမ်တတ်လိမ်ခြင်း

Vol. 8 Ch. 116

ဇောင်ရှင်းမလိမ်တတ်လိမ်တတ်လိမ်ခြင်း

Vol. 8 Ch. 116

ဟန်စီဒီဝန်ထမ်းအားလုံး၏မျက်နှာများသည် သိသိသာသာပြောင်းလဲသွားသည်။

ဝန်ထမ်းအမျိုးသမီးတစ်ယောက်က “ဒါကစီးပွားဖြစ် သူလျှို၊ငါတို့ ဟန်စီဒီရဲ့ အချက်အလက်တွေကို ခိုးယူပြီး ဥက္ကဋ္ဌရဲ့ ကွန်ပျူတာကို ဖျက်ဆီးခဲ့တဲ့ စီးပွားဖြစ် သူလျှိုပဲဖြစ်ရမယ်!”

“ဟုတ်တယ်!”

“ဒီလိုဖြစ်ရမယ်!”

ဝန်ထမ်းတော်တော်များများက ချက်ချင်းသဘောတူလိုက်သည်။

စုံစမ်းစစ်ဆေးရေးမှူးက “မင်းတို့သံသယရှိတဲ့သူတစ်ယောက်ရှိလား”

ခေတ္တနားပြီးနောက် သူက “မင်းတို့ပြောသလို သူလျှိုတစ်ယောက်ဆိုရင်တော့ကုမ္ပဏီအကြောင်းကို အတွင်းကျကျသိမှရမယ်။ဒါကဝန်ထမ်းတွေထဲမှာသူလျှိုတစ်ယောက်ရှိနေတယ်” ဟု ပြောကြားခဲ့သည်။

သူစကားပြောနေစဉ်တွင် သူသည်ဝန်ထမ်းများအားလုံးကို ကြည့်လိုက်သည်။

သူသည်ရိုးရိုးလေး တစ်ချက်ကြည့်လိုက်ရုံသာဖြစ်သည်။

သို့သော်ဇောင်ရှင်းသည် အလွန်ကြောက်လန့်သွားပြီး သူ့၏နဖူးပေါ်မှ ချွေးများထွက်ပေါ်လာသည်။

သူတစ်ခုခုမလုပ်ရင် သူလျှိုအဖြစ်သး့ကိုသတ်မှတ်ခံရ​မည်ကိုကြောက်သည်။

ထို့ကြောင့် ဇောင်ရှင်း က “မကြာသေးမီက လင်းဖန်လို့ခေါ်သော လူတစ်ယောက်သည် ကျွန်ုပ်တို့ကုမ္ပဏီသို့ မကြာခဏ လာခဲ့သည်”

သူပြောသမျှကိုကြားပြီးနောက်ဝန်ထမ်းအားလုံးသည် တယောက်ပြီး တယောက် တီးတိုးပြောနေကြသည်။

လင်းဖန်းကို သံသယမ၀င်ဘဲမနေနိုင်တော့ပေ။

ယနေ့ခေတ် ကုမ္ပဏီရှိ လူအများစုသည် ဇောင်ရှင်းနှင့် အလွန်ရင်းနှီးကြသည်။

လင်းဖန်သာလျှင် သူတို့နဲ့ရင်းနှီးကျွမ်းဝင်မှုသိပ်မရှိပေ။

ထို့အပြင် လင်းဖန်နှင့် ဥက္ကဌ ချမ်ရီရီတို့သည် အလွန်ရင်းနှီးကြသည်ကို ဝန်ထမ်းများမှ သိရှိကြပြီး ဒီရင်းနှီးမှုကိုအသုံးချပြီး အချက်အလက်များကို ခိုးယူနိုင်စွမ်းရှိ​ေလသည်။

ဒါကိုမြင်တော့ စုံစမ်းရေးမှူးက “ဒီလင်းဖန် ဘယ်သူလဲ” လို့မေးလိုက်သည်။

ဇောင်ရှင်းက “မကြာသေးမီရက်ပိုင်းတွင်လင်းဖန်က ငါတို့ကုမ္ပဏီမှာ ပေါ်လာပြီးငါတို့ဥက္ကဌနဲ့ နေ့တိုင်း တမင်တကာ နီးနီးကပ်ကပ်နေတယ်... အခုမှ​သေချာစဉ်းစားကြည့်လေ လေ လင်းဖန်ကတကယ်ကို သံသယဖြစ်စရာပဲ!”

ချမ်ရီရီသည် ထိုစကားကိုကြားသောအခါ သူမ ချက်ချင်းပြန်ပြောမလို့ပြင်လိုက်သည်။

သူမသည်လင်းဖန်ကိုအချိန်အကြာကြီး မတွေ့ခဲ့ရပေမဲ့လဲလင်းဖန်ရဲ့အကျင့်စရိုက်ကို လွန်စွာယုံကြည်သည်။

ဒါ့အပြင်လင်းဖန်က ဒီလိုကိစ္စကို လုံးဝလုပ်ဖို့ မလိုအပ်ပေ။

အဘယ်ကြောင့်ဆိုသော် စီးပွားဖြစ် သူလျှိုသည်လက်ဖ့်ကာလာလျှို့ဝှက်ချက်များကို ခိုးယူသွားခဲ့သည်။

ပြီးတော့လက်ဖ့်ကာလာမှာ ယနေ့ရနံ့တွေရလာရတဲ့ အကြောင်းအရင်းကတော့ လင်းဖန်ကြောင့်ပင်ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရလျှင်လက်ဖ့်ကာလာကိုလင်းဖန်မှပိုင်ဆိုင်သည်။

သင့်ကိုယ်ပိုင်အချက်အလက်ကို ခိုးယူပါသလား။

အဲဒါ ဘယ်လိုဖြစ်နိုင်မလဲ။ !

သို့သော် ချမ်ရီရီ စကားမပြောမီ စင်္ကြံအပြင်ဘက်တွင် ရှင်းလင်းသော လက်ခုပ်သံထွက်ပေါ်လာခဲ့သည်။

ထို့နောက် အရပ်မြင့်မြင့် ချောမောသော အမျိုးသားတစ်ဦးသည် ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။

လင်းဖန်။

လင်းဖန်က ပြုံးလိုက်ပြီး”ဇောင်ရှင်းမင်းသရုပ်ဆောင်တာမဆိုးပါဘူး၊ဒါပေမဲ့လဲဆိုးတာကသူခိုးလူပြန်ဟစ်နေတာပဲ”

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် ဇောင်ရှင်းက သူ့အမြီးနင်းခံလိုက်ရသလို “လင်းဖန်၊ မင်းမဟုတ်တာတွေရပ်မပြောနဲ့!”

“ငါကဟန်စီဒီတွင် နှစ်ပေါင်းများစွာနေပြီး ဒေတာခိုးယူခြင်းတစ်ခါမှ မရှိသေးဘူး။”

“ရက်အနည်းငယ်ကြာကမှမင်းဘာလို့ပေါ်လာတာလဲ။”

ဇောင်ရှင်းက အသံကျယ်ကြီးဖြင့်အော်ပြောလိုက်သည်။

သူအော်ပြောရခြင်းမှာဤနည်းလမ်းဖြင့်သာ သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုကို ဖုံးကွယ်ထားနိုင်သောကြောငပင့်် ဖြစ်သည်။

လင်းဖန် ဘယ်လိုသိတာလဲ...

ဇောင်ရှင်းသည် မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြန်မှတ်မိရန် အစွမ်းကုန် ကြိုးစားလိုက်သည်။ သူက ကင်မရာကို ပိတ်​ပြီးမှ ဥက္ကဌရဲ့ ကွန်ပြူတာသုံးတာပဲဖြစ်ဖြစ် ဥက္ကဌရဲ့ကွန်ပြူတာကို ဖျက်တာပဲဖြစ်ဖြစ်၊ သူက လက်အိတ်ကို တောက်လျှောက် ၀တ်ထားခဲ့သည်။

အချို့သောအမှတ်တရများပြီးနောက်၊ ဇောင်ရှင်းသည် အထောက်အထားမကျန်တော့ကြောင်း စိတ်ချယုံကြည်ခဲ့ပြီး၊ ထို့နောက်တွင် သူသည် တဖြည်းဖြည်းနှင့် တည်ငြိမ်လာခဲ့သည်။

လင်းဖန် က ဇောင်ရှင်းရဲ့ အပြောင်းအလဲတွေကို မြင်ပြီး ပြုံးပြလိုက်ပြီး’’ဇောင်ရှင်း မင်းအချက်အလက်တွေခိုးယူတဲ့အခါ ဘာသဲလွန်စမှမကျန်ခဲ့ဘူးလို့ မင်းထင်လား။”

“လင်းဖန်၊ မင်းဒီလိုထပ်ပြောရင် မင်းကို အသေရေဖျက်မှုနဲ့ ငါတရားစွဲမယ်” ဇောင်ရှင်းက အော်ပြောလိုက်သည်။

လင်းဖန်က “ဇောင်ရှင်းဟာ ​ဟန်စီဒီမှာ အလယ်အလတ်တန်းစား သုတေသီဖြစ်ပြီး သူ့ရဲ့လစဉ်လစာက 18000လောက်ရှိတယ်”

“ဒါဆို ငါမေးချင်တာက လွန်ခဲ့တဲ့ တစ်ပတ်က 300,000 ယွမ်ငွေ ကိုမင်းဘာလို့ ရခဲ့တာလဲ၊ လိမ်ပြောဖို့ကိုအလျင်စလိုမလုပ်ပါနဲ့၊ ငါထင်တာမမှားရင် မင်းရဲ့လက်ကိုင်ဖုန်းရဲ့ဘဏ်အကောင့်မှာအချက်အလက်တွေ ရှိသင့်တယ်။ မှန်ပါတယ်မလား”

ချင်ဖန်တွင် လက်ဖ့်ကာလာ ဇာတ်လမ်းတွဲနှင့် တူညီသောရေမွှေးရှိကြောင်း လင်းဖန် သိသောအခါ ဟန်စီဒီတွင် သူလျှိုတစ်ယောက်ရှိကြောင်း သူသိခဲ့သည်။

ထို့ကြောင့်၊ ဟန်စီဒီ၏ဝန်ထမ်းများနှင့်ပတ်သက်သော သတင်းအချက်အလတ်များကိုရှာဖွေရန် ပရော်ဖက်ရှင်နယ်ဟက်ကာနည်းပညာများကိုအသုံးပြုရန် ဟန်စီဒီသို့အရင်မသွားတော့ဘဲအင်တာနက်ဆိုင်သို့ အရင်သွားခဲ့သည်။

ဒါကိုပြောပြီးတာနဲ့ ဇောင်ရှင်း ရဲ့ မျက်နှာဟာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ရဲ့နဖူးမှာ ချွေးအနည်းငယ် ထွက်လာတော့သည်။

ဘာလို့လဲဆိုတော့ လင်းဖန်ပြောတာကလုံးဝကိုအမှားအယွင်းမရှိသောကြောင့်ပင်ဖြစ်သည်။

လုံးဝအမှားအယွင်းမရှိ!

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ယွမ် 300,000 လွှဲပြောင်းမှု သုံးခုကို သူအမှန်တကယ် လက်ခံရရှိခဲ့ပြီး မိုဘိုင်းလ်ဖုန်းစာသားမက်ဆေ့ခ်ျများမှလည်း အချက်အလက်များကို ရရှိခဲ့သည်။

ဒါပေမယ့် လင်းဖန် က ဒါကိုဘယ်လိုသိတာလဲ။

လင်းဖန်က “သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးတွေဆီကနေ ပိုက်ဆံရတယ်လို့ ပြောချင်တာလား ချင်ဖန်ကုပ္မဏီက အရမ်းငိုညဏ်နီညဏ်နက်ကြတယ်။သူတို့ကကန်ဒီလို့ခေါ်တဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုကနေ ငွေပေးချေဖို့ ကိုရွေးချယ်ခဲ့တယ်”

“ဒါပေမယ့်၊ စုံစမ်းစစ်ဆေးသူတွေက စုံစမ်းကြည့်မယ်ဆိုရင် ကန်ဒီ ဟာ ချင်ဖန်ကုမ္ပဏီ က ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ကြောင်း သိရှိဖို့ လွယ်ကူတယ်။”

လင်းဖန်၏ စကားသည် အလွန်ရိုးစင်းသည်။

သို့သော် ဇောင်ရှင်း ၏ နားထဲတွင် ကောင်းကင်က မိုးခြိမ်းသံကဲ့သို့ ဖြစ်နေပြီး နားရွက်များတုန်ခါသွားခဲ့သည်။

ဇောင်ရှင်း၏မျက်နှာက ဖြူဖျော့နေပြီး တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်ပြီးချွေးများထွက်လာခဲ့သည်။

စုံစမ်းရေးမှူးများ အားလုံးသည် ရာဇ၀တ်ကောင်များကို ဖမ်းရာတွင် တော်ကြသည်။ ယခုအချိန်တွင်ဇောင်ရှင်း မှာ ပြဿနာရှိနေသည်ကို မြင်နိုင်တော့ရှေ့သို့လှမ်းကာ “ဇောင်ရှင်း၊ ကျေးဇူးပြုပြီး ငါတို့နဲ့ လိုက်ခဲ့ပါ၊ မင်းကိုငါတို့စစ်ဆေးစရာရှိလို့။”

ဇောင်ရှင်းသည်ဤစကားများကိုကြားပြီးနောက် သူ့သည်မြေပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားခဲ့သည်။

သူသိတယ်... သူပြီးသွားပြီဆိုတာပေါ့။

ဇောင်ရှင်းကို ကို ခေါ်ဆောင်သွားပြီးနောက် ဟန်စီဒီ ကုမ္ပဏီ၏ အငွေ့အသက်သည် အနည်းငယ် မှုန်မှိုင်းနေသေးသည်။

ဇောင်ရှင်းအဖမ်းခံခဲ့ရပေမယ့် လက်ဖ်ကာလာနဲ့ပတ်သက်တည့် အချက်အလက်တွေအားလုံးက ဖျက်ဆီးခံခဲ့ရသည်။ တစ်ချိန်တည်းမှာပင်၊ ချင်ဖန်ကုမ္ပဏီမှ ရေမွှေးသည်သူတို့ကုမ္ပဏီ၏ရေမွှေးဖြစ်ကြောင်းမှာလဲ အမှန်တရားတစ်ခုဖြစ်သည်။

တရားစီရင်ရေးနည်းလမ်းဖြင့် ပြဿနာကို ဖြေရှင်းလျှင်အချိန်ကြာမြင့်မည်ဖြစ်ပြီး အဆုံးတွင် ကျေနပ်ဖွယ်ရလဒ်ကို ရရှိနိုင်မည်မဟုတ်ပေ။

ပြီးတော့ ဟန်စီဒီမှာ အဲ့လောက်အချိန်မရှိပေ။

ယခုအ​ခြေအ​နေက​တော့ အကြပ်​အတည်းဖြစ်​​နေ​သည်။

လင်းဖန် လည်း ဒါကို ကောင်းကောင်းသိသည်။ဒါကြောင့် ခဏလောက်စဉ်းစားပြီး “ချမ်ရီ၊ R&D စင်တာကို အရင်သွားရအောင်” လို့ပြောလိုက်သည်။

“ကောင်းပြီ။” ချမ်ရီရီ က ပင်ပန်းသောလေသံဖြင့် ပြောလိုက်သည်။

R&D စင်တာသို့ရောက်သည်နှင့်လင်းဖန်သည် လက်ဖ့်ကာလာနှင့်ပတ်သက်သော ပစ္စည်းများနှင့် ပုံများအားလုံးကို လျင်မြန်စွာ ကြည့်လိုက်သည်။

【ဒင်း! ရေမွှေးကျွမ်းကျင်မှာအတွက် နှစ်ဆကျွမ်းကျင်ကဒ်ကိုအသုံးပြုမည်လား။အသုံးပြုရန်အချိန်သည် 1 နာရီဖြစ်သည်။ 】

“သုံးမယ်!”

ရုတ်တရက်၊ လက်ဖ့်ကာလာရေမွှေးထုတ်လုပ်ရေးလုပ်ငန်းစဉ်သည် ရုပ်ရှင်တစကားကဲသို့လင်းဖန်၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။။

ထို့နောက် သူသည် အရက်မီးခွက်ကို လျင်မြန်စွာ လောင်ကျွမ်းစေပြီး ကရားကို နေရာတွင် ထားကာ၊ U ပုံသဏ္ဍာန်ပြွန်၊ မီးစက်၊ ပေါင်းခံပုလင်း စသည်ဖြင့် ချိတ်ဆက်ထားလိုက်သည်။

ထို့နောက် နှင်းဆီပန်းအရည်၊ ဂန္ဓမာအရည်၊ မွှေးပျံ့သော အုန်းသီးအရည် စသည်တို့ကို အချိန်နှင့်တစ်ပြေးညီ ပမာဏအတိုင်း လောင်းထည့်လိုက်သည်။

ရောစပ်ခြင်း၊ အေးခဲခြင်း၊ စစ်ထုတ်ခြင်း၊ အရောင်ပြုပြင်ခြင်း...

သူ့ဘေးတွင်ရပ်နေသော ချမ်ရီရီ သည် ဤအရာအားလုံးကို သူမ၏မျက်လုံးထဲတွင် မြင်လိုက်ရသည်။

သူမသည် အစပိုင်းတွင် သံသယရှိနေသည့်ပုံပေါ်ပြီး လင်းဖန်ဘာလုပ်ချင်သည်ကို သူမမသိခဲ့ပေ။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ချမ်ရီရီအနည်းငယ် ထိတ်လန့်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော်လင်းဖန်သည် ကျွမ်းကျင်စွာနှင့်အံဝင်ခွင်ကျမှုရှိစွာလှုပ်ရှားလိုက်ပြီးရေမွှေးများကိုလုပ်နေသောကြော့ပင်ဖြစ်သည်။

ချမ်ရီရီရဲ့မျက်လုံးထဲမှာတော့ လင်းဖန်ဟာ ရေမွှေးလုပ်ခြင်းမဟုတ်ဘဲ ကမ္ဘာ့စင်မြင့်ပေါ်မှာ ရပ်နေပြီး ထိတ်လန့်စရာကောင်းတဲ့ ဖျော်ဖြေပွဲကို ဖျော်ဖြေနေပုံရသည်။

[ကျွမ်းကျင်မှု- ရေမွှေးကျွမ်းကျင်သူ၊ ကျက်သရေ။ 】

ထိုအချိန်တွင် လင်းဖန်သည် နောက်ဆုံးတွင် ရပ်တန့်သွားသည်။

တစ်ချိန်တည်းမှာပင် သူ့လက်ထဲတွင် ရောင်စုံရေမွှေးပုလင်းတစ်ခုကိုကိုင်ထားသည်။

လင်းဖန်သည် ရေမွှေးပုလင်းအဖုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ရုတ်တရက်ပင် လန်းဆန်းမှု၊ ချိုမြိန်မှု၊ ခိုင်ခံ့မှု၊ သစ်သီးဆန်မှု၊ လျှို့ဝှက်ဆန်းကြယ်မှု၊ ပျော့ပျောင်းမှု၊ ပြေပြစ်သော စသည်ဖြင့်၊ ရနံ့များအားလုံးသည် R&D စင်တာတစ်ခုလုံးကို လျင်မြန်စွာ စိမ့်ဝင်သွားခဲ့သည်။

ဤရေမွှေးပုလင်းသည် လက်ဖ့်ကာလာရေမွှေးခုနစ်မျိုး၏ အရောင်ရှိပြီးအနံသည်အရင်လက်ဖ့်ကာလာထက်ပိုကောင်းသည်။

ချမ်ရီရီသည် ထိုရနံ့ကို အနံ့ခံပြီး သူမ လုံးဝ တုန်လှုပ်အံ့အားသင့်သွားခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters