← Chapters

ရှောင်ဝူလက်ကားမြို့သို့သွားပြီး အသိမိတ်ဆွေများနှင့် တွေ့ဆုံခြင်း

Vol. 8 Ch. 119

ရှောင်ဝူလက်ကားမြို့သို့သွားပြီး အသိမိတ်ဆွေများနှင့် တွေ့ဆုံခြင်း

Vol. 8 Ch. 119

လင်းဖန်သည် ဟေးရီပိုင် နှင့် လီမင်တို့ အဘယ်ကြောင့် ဤမျှစိတ်လှုပ်ရှားနေသည့်အကြောင်းကိုလင်းဖန်ကနားလည်ပါသည်။

ဟေးရီပိုင်က “လင်းဖန်၊ မင်း အခု ဘာလုပ်နေတာလဲ”ဟုမေးလိုက်သည်။

လင်းဖန်က “ကျွန်တော်က ကျန်ပေ့တက္ကသိုလ်မှာ ကျောင်းတက်နေတယ်”

ဟေးရီပိုင်နဲ့ လီမင်တို့နှစ်ယောက်စလုံးက ဒါကိုကြားတော့ မျက်မှောင်ကြုတ်သွားခဲ့သည်။

မူလက လင်ဖန်းကအလုပ်လုပ်နေရင်သူတို့က သူ့လစာ ဘယ်လောက်ရလဲလို့ မေးချင်ကြသည်။

သို့သော် လင်းဖန်သည် စာသင်နေဆဲဖြစ်ကြောင်းကို သူကြားသောအခါ ထိုစကားလုံးများကို သူ့နှလုံးသားထဲတွင်သိမ်းထားခဲ့သည်။

ထိုအချိန်တွင်၊ ဟေးလင်းက“အဖေနဲ့အမေ၊ ဒီအချိန် ကျန်ပေ့ကို လာတာ တစ်ခုခုဖြစ်လို့လား။”

ဟေးရီပိုင်သည် လင်းဖန်ကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်လိုက်သည်။

ထို့နောက် သူက “ငါတို့ဆိုင်ရဲ့ ဖြန့်ချီရေးစာချုပ်က သက်တမ်းကုန်တော့မယ်လေ။ ဒါကြောင့်နောက်ထပ်သက်တန်းတိုးမလို့ကျန်ပေ့ကိုလာခဲ့တာ”

ထို့နောက် ဟေးရီပိုင်က ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး “အချိန်နီးနေပြီ၊ ဟေးလင်း၊ မင်းနဲ့ လင်းဖန် က ငါနဲ့အတူ အတူလိုက်ခဲ့ကြ’’ လို့ပြောလိုက်သည်။

လင်းဖန်က လွယ်လွယ်လေး ပြုံးလိုက်ပြီး “ကိစ္စမရှိပါဘူး”

လီမင်က က “ချူရှင်း ၊ မင်းငယတို့နဲ့အတူလိုက်ခဲ့လေ”

“အန်တီ တောင်းပန်ပါတယ်၊ ငါမလိုက်တော့ဘူး” ချူစီရှင်းကဆိုလိုက်သည်။

လီမင်က ဆက်မပြောတော့ဘဲ “အင်းပါ...”

ထို့နောက် လူတစ်စု အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာကြသည်။

ဟေးလင်းသည် မထွက်ခွာခင်ချူစီရှင်းကို

ကြည့်လိုက်သည်။

ချူစီရှင်းကလဲအနည်းငယ် ပြုံးလိုက်သည်။ချူစီရှင်းပြုံးပြပြီးမှဟေးလင်းကထွက်သွားခဲ့သည်။

ခဏကြာတော့ သူတို့အဖွဲ့ဟာ မြေအောက်ကားပါကင်ကို ရောက်လာခဲ့သည်။

မူလက လင်းဖန်သည် ၎င်း၏ Mercedes-Benz Big G ကို မောင်းနှင်သွားချင်ခဲ့သည်။

သို့သော် ဟေးရီပိုင်သည် ကားသော့ကို ထုတ်ယူကာ ဦးဆောင်ပြီး မဝေးသော တိုယိုတာ Corolla(တိုရိုတာကား)ဆီသို့ နှိပ်လိုက်ရာ ကားမီးများသည် တိုးညှင်းသော အသံနှင့်အတူ ထွက်ပေါ်လာသည်။

“သွားရအောင်”

သူပြောပြီးသည်နှင့်ကားပေါ်ကိုလှမ်းတက်လိုက်သည်။

လင်းဖန်သည်လဲ လိုက်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

ဟေးရီပိုင်သည် နှစ်အတော်ကြာ မောင်းနှင်လာခဲ့သည့် ဝါရင့်ယာဉ်မောင်းတစ်ဦးဖြစ်ပြီး လမ်းတစ်လျှောက် ချောမွေ့စွာ မောင်းနှင်ခဲ့သည်။

မီးပွိုင့်ကိုစောင့်နေချိန်မှာ ဟေးရီပိုင်က “လင်းဖန် ၊ မင်းမိဘတွေ ဘာလုပ်ကြတာလဲ” လို့မေးလိုက်သည်။

ဒါကိုကြားသည်နှင့်ဟေးလင်းက မနေနိုင်ဘဲ နားစွင့်နေလိုက်သည်။

သူမသည် ဤကိစ္စနှင့်ပတ်သက်၍ အနည်းငယ် သိချင်နေခဲ့သည်။

လင်းဖန်က “သူတို့ကချင်ရီမှာ အထည်ဆိုင်ဖွင့်တယ်။”

“အဝတ်​​တွေ​ရောင်း​နေတာလား?” ဟေးရီပိုင် ခဏလောက်စဉ်းစားပြီး “လက်ကားအဝတ်အထည်စက်ရုံတချို့ကို ငါသိတယ်၊ နောင်မှာ မင်းရဲ့မိဘတွေကို လျှော့စျေးနဲ့ရောင်းပေးလို့ရတယ်”

ဟေးလင်းသည် အထည်ဆိုင်ကို အထည်ကုမ္ပဏီတစ်ခုအဖြစ် သူမစိတ်ထဲတွင်တိုက်ရိုက်မှတ်ယူခဲ့သည်။

လင်းဖန်က “ဒါဆို ငါက ငါ့မိဘတွေကိုယ်စားဦးလေးကိုကျေးဇူးတင်ပါတယ်”

“မင်း အခုမှ ကျောင်းတက်နေသေးပေမယ့် မင်းက အရွယ်ရောက်နေပြီ... မင်းရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို မင်းစဉ်းစားပြီးပြီလား။ ပြီးတော့ကျန်ပေ့မှာ ပဲဆက်နေမှာလား” ဟေးရီပိုင်က မေးလိုက်သည်။

လင်းဖန်က “ဟုတ် ကျနော်ကျန်ပေ့မှာပဲနေမယ်”

လီမင်က “ဒါဆို မင်းအိမ်ဝယ်ဖို့ ကြိုပြီး ပြင်ဆင်ထားရမယ်။ အခု အိမ်စျေးကတစ်ချိန်လုံး တက်နေတာ၊မင်းဘွဲ့ရတဲ့အထိ စောင့်ရင် တစ်အိမ်ကိုပိုက်ဆံ ဘယ်လောက်ပေးရမယ်ဆိုတာ မသိဘူး”

လင်းဖန်က “အိမ်က ငါ့မှာရှိပြီးသား”

“အိုး၊ တကယ်လား ဒါဆို နောက်မှ မင်း ငါတို့ကို တွေ့ဖို့ ခေါ်သွားရမယ်!” ဟေးရီပိုင် အနည်းငယ် အံ့သြသွားသော်လည်း သူ့မျက်နှာတွင် မကျေနပ်မှုအချို့ ရှိနေသေးသည်။

ဘာလို့လဲဆိုတော့ လင်းဖန် က သူ့မိဘတွေက ချင်ရီမှာ အထည်ဆိုင်ရှိသည်။

ဟေးရီပိုင်ရဲ့အမြင်အရ လင်းဖန်ရဲ့မိဘတွေက ဒီအိမ်ကိုဝယ်ပေးခဲတာဖြစ်မယ်။

ချင်ရီရှိ အထည်ဆိုင်ပိုင်ရှင်သည် အိမ်တစ်လုံးဝယ်ရန် ငွေမည်မျှရှိမည်နည်း။

ငွေရှိရင်တောင်ဝယ်ရင်အိမ်ငယ်လေးပဲဖြစ်မည်​ဖြစ်သည်။

ကားထဲမှာ လူတော်တော်များများ စကားစမြည်ပြောနေကြပြီး သိပ်မကြာခင်မှာပဲ ခေတ်မီအဆောက်အအုံကြီးတစ်ခုရှေ့ကို ရောက်သွားခဲ့သည်။

အဆောက်အဦးရှေ့တွင် ‘ရှောင်ဝူလက်ကားမြို့’ ဟူသော စာလုံးကြီးကြီးငါးလုံးရှိသည်။

လင်းဖန်သည်ဒါကိုမြင်ပြီးနောက်သူမျက်နှာတွင်ထူးဆန်းသောအမူအရာတစ်ခုပေါ်လာခဲ့သည်။

ရှောင်ဝူလက်ကားမြို့။

ဟေးလင်းရဲ့မိဘတွေက ဒီမှာ စာချုပ်ချုပ်ဖို့လား။

မှန်ကန်စွာမှတ်မိပါက၊ လွန်ခဲ့သောရက်အနည်းငယ်က အနီရောင်စာအိတ် 1050 ကိုဖွင့်သောအခါ ရှောင်ဝူလက်ကားမြို့တွင် ရှယ်ယာ 51% ကို ရရှိခဲ့သည်။

တနည်းအားဖြင့်ပြောရရင်ဟေးလင်း ရဲ့ မိဘတွေက သူ့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဖို့လာတာလား။

လင်းဖန်သည် တံခါးဝတွင် ကြောင်တက်တက်ရပ်နေသည်ကို မြင်သောအခါ ဟေးရီပိုင် မျက်မှောင်ကြုတ်လိုက်သည်။

ဟေးရီပိုင်စိတ်ထဲမှာ’’ငါ့သမီး၊ ချစ်သူက ချင်ရီလိုမြို့သေးသေးလေးကနေ လာတာကြောင့် လောကကြီးကိုမမြင်ဖူးဘူးထင်တယ်။’’

ဒီအချိန်မှာ လီမင်က “ငါ့ဗိုက်နည်းနည်းနာနေလို့ဟေးလင်းမင်း ငါနဲ့အတူအိမ်သာခဏလောက်လိုက်ခဲ့”

“ကောင်းပြီ။” ဟေးလင်းက ဖြေသည်။

လီမင်သည်သန့်စင်ခန်းက ထွက်မလာခင် ဆယ်မိနစ်လောက်အလိုမှာ “ဟေးလင်းမင်းရည်းစားဖြစ်လင်းဖန်ကိုဘာကြောင့်တော်တာလဲ”

ဟေးလင်းက ဘယ်လိုဖြေရမှန်းမသိဘဲ ပါးစပ်ကိုဖွင့်လိုက်သောလည်းဘာမှမပြောထွက်ခဲ့ပေ။

လင်းဖန်သည် သူ့ရည်းစားမဟုတ်သော်လည်း အထူးဆက်ဆံရေးတစ်ခု ရှိတယ်လို့ပြောလိုက်ရမလား။

ပြောလိုက်ရင်ရိုက်နှက်ခံရမှာကို တောင်ကြောက်တယ်။

လီမင်က ‘’လင်းဖန်က အရမ်းငယ်ပြီး ချောတယ်!”

“ဒါပေမယ့် တစ်သက်လုံး နုပျိုပြီး ချောမောနိုင်ပါ့မလား”

“ဟေးလင်း၊မင်းရဲ့အနာဂတ်အကြောင်းကို ပိုတွေးသင့်တယ်!”

ဟေးလင်းသည်ပါးစပ်ကို ပြန်ဖွင့်လိုက်သည်။

ဒါပေမဲ့ပြန်ပိတ်လိုက်သည်။

သူမပြောချင်တာက မေမေ၊ လင်းဖန်က ကျွန်မကို အလိုချင်ဆုံးဘဝ ပေးနိုင်မှာ သေချာတယ်။

သးတို့လည်လင်းဖန်တို့နားရောက်ပြီးနောက်ဟေးရီပိုင်က”ဘာလို့ ဒီလောက်ကြာနေတာလဲ”

လီမင်က “လူတွေအများကြီးရှိလို့လေ၊မယုံရင်သွားကြည့်’’

ထို့နောက် လူလေးဦးသည် တတိယထပ်ရှိ ရုံးခန်းရှိရာသို့ ဦးတည်သွားကြသည်။

အခန်း 307 တွင် စားပွဲနှစ်လုံး၊ ဆိုဖာတစ်ခုနှင့် ကော်ဖီစားပွဲတစ်ခုသာ ပါရှိပြီး မျက်နှာပြင်သည် အလွန်ရိုးရှင်းသည်။

မျက်နှာဝိုင်းစက်နေတဲ့ အမျိုးသားတစ်ယောက်ဟာ ကွန်ပျူတာမှာ အလေးအနက်ထားပြီး အလုပ်လုပ်နေသည်။

ဟေးရီပိုင်က တံခါးကို အရင်ခေါက်ပြီး “မန်နေဂျာ ရှောင်ဒီမှာရှိလား”

မျက်နှာဝိုင်းကလူက “ရှိတယ်ဝင်လာပါ” ဟုပြောလိုက်သည်။

ထို့ကြောင့် ဟေးရီပိုင်နှင့် အခြားသူများ ဖြည်းညှင်းစွာ ဝင်လာကြသည်။

ဟေးရီပိုင်နှင့် လီမင်တို့သည် မန်နေဂျာ ရှောင်၏မျက်နှာကို မြင်သောအခါတွင် သူတို့အားလုံး ခဏတာ အေးခဲသွားကြသည်။

သူဘယ်လိုဖြစ်နိုင်မလဲ။ !

ဟေးရီပိုင်သည် အခန်း 305၊ ရှောင်ဟေးအိမ်ရာဒါ့မြို့တွင် နေထိုင်သည်။

သူ့ရှေ့က မန်နေဂျာ ရှောင်သည် ရှောင်ဟေးအိမ်ရာအခန်း 304 တွင် နေထိုင်ခဲ့ဖူးသည်။ မိသားစုနှစ်စုသည် အိမ်နီးချင်းများဖြစ်သည်။

ဤမန်နေဂျာရှောင်သည် ခွေးများကိုမွေးမြူတာနှစ်သက်သည်။

သူနေ့တိုင်း ခွေးကြီးကို လမ်းလျှောက်ထွက်ခိုင်းသည်။

ဒါပေမယ့် မန်နေဂျာရှောင် က ခွေးကို ကြိုးဘယ်တော့မှ မချည်ထားခဲ့ပေ။

ဟေးရီပိုင် ရဲ့ မိသားစုက အပြင်ထွက်တဲ့အခါ သူ့ခွေးကြီးကြောင့် မကြာခဏ ကြောက်လန့်ခဲ့ရသည်။

ဒီတော့ မန်နေဂျာရှောင်ကို ခွေးကို ကြိုးနဲ့ချည်ခိုင်းလိုက်သည်။

သို့သော် မန်နေဂျာ ရှောင်ကသူတို့ပြောတာကို လုံးဝနားမထောင်ပေ။

ဟေးရီပိုင် သည် အိမ်ရာလုံခြုံရေးကို ပြေလည်အောင် ကူညီပေးရန် တောင်းဆိုခဲ့သော်လည်း မန်နေဂျာ ရှောင်က နားမထောင်သေးပေ။

နောက်ဆုံးမှာတော့ ဟေးရီပိုင်က ရဲကို တိုက်ရိုက်ဖုန်းဆက်ပြီးမှ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

ဒီအဖြစ်အပျက်ကြောင့် မန်နေဂျာ ရှောင် က ဟေးရီပိုင် ရဲ့ မိသားစုကို လုံးဝမုန်းတီးသွားစေတယ်လို့ ပြောလို့ရသည်။

နောက်ပိုင်းမှာ မန်နေဂျာရှောင်က ပြောင်းရွှေ့သွားပြီး ဟေးရီပိုင်ရဲ့ မိသားစုက သူ့ကို ဘယ်တော့မှ ပြန်မတွေ့တော့ပေ။

မထင်မှတ်ပဲ၊ ဒီနေ့ ဒီမှာ ပြန်ဆုံကြသည်။

မန်နေဂျာ ရှောင် က “ဒါက မန်နေဂျာ ဟေးလား?”

ဟေးရီပိုင်က “ဟုတ်... ဟုတပါ်တယ်၊ နောက်နှစ်အတွက် ဖြန့်ချီရေးစာချုပ်ကို လက်မှတ်ထိုးဖို့ ဒီနေ့ဒီကိုရောက်နေတာ။ မနေ့က မင်းကိုပြောခဲ့တယ်”

သူတို့ နှစ်ယောက်လုံးသည်တစ်ယောက်ကိုတစ်ယောက်ရန်ငြိုးထားကြသည်။

သို့သော်စီးပွားရေးအတွက်ကြောင့် ခေတ္တဘေးဖယ်ထားခဲ့ရသည်။

“အိုး၊ ကျွန်တော် စာချုပ်သစ် ပြင်ဆင်ပြီးပြီ၊ မင်း အရင်ကြည့်လို့ရတယ်။” မန်နေဂျာ ရှောင်က စာချုပ်ကိုစားပွဲပေါ်တင်လိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters