← Chapters

တိတ်ဆိတ်ခြင်း

Vol. 8 Ch. 120

တိတ်ဆိတ်ခြင်း

Vol. 8 Ch. 120

မန်နေဂျာ ရှောင်ရဲ့ သဘောထားက မကောင်းပေ။

သို့သော် စာချုပ်​ကြောင့်ကြောင့် ဟေးရီပိုင် သည် မည်သည့်ဒေါသကိုမျှ မပြဝံပေ။

စာချုပ်ကို ကောက်ကိုင်ပြီး သေချာကြည့်လိုက်သည်။

သို့သော်လည်း ခဏအကြာတွင် ဟေးရီပိုင်က “မစ္စတာ ရှောင်၊ ငါတို့ မနှစ်က အဆင့် 2 အရောင်းကိုယ်စားလှယ် မဟုတ်ဘူးလား၊ ဒီစာချုပ်က ဘာကြောင့် အဆင့် 3 အရောင်းကိုယ်စားလှယ် ဖြစ်ရတာလဲ၊ အမှားများရှိလို့လား။”

မန်နေဂျာ ရှောင်က လက်ဖက်ရည်တစ်ငုံကို အရင်သောက်လိုက်သည်။ပြီးမှ”ဘာမှ မမှားပါဘူး!”ဟုပြောလိုက်သည်။

“မန်နေဂျာ ဟေး၊ မင်းက စီးပွားရေးလုပ်လာတာ နှစ်အတော်ကြာနေပြီ၊ ဘာလို့ စည်းမျဉ်းတွေကို နားမလည်သေးတာလဲ။”

“အရောင်းကိုယ်စားလှယ်အဆင့်သည် အရောင်းအပေါ်အခြေခံသည်။ သင့်စတိုးဆိုင်၏ရောင်းအားမှာ မနှစ်က အလွန်နည်းနေသောကြောင့် ယခုနှစ်တွင် တတိယအဆင့် အရောင်းကိုယ်စားလှယ်၏ စာချုပ်ကို သာရနိုင်သည်။”

သူ့လေသံက ပေါ့ပေါ့ပါးပါးနေပေမယ့် ဟေးရီပိုင်ကတော့စိုးရိမ်နေခဲ့သည်။

“မစ္စတာရှောင်၊ အဆင့် 3 အရောင်းကိုယ်စားလှယ်ဆိုင်ရှိ အရာများစွာ၏စျေးနှုန်းသည် အဆင့် 2 နှင့်နှိုင်းယှဉ်ပါက 5% တိုးလာတယ်လေ၊အဲ့ဒီစျေးကိုငါမတတ်နိုင်ဘူး”

5% ကဘာမှမဟုတ်ဘူးလို့မထင်လိုက်ပါနဲ့ထုတ်ကုန်တစ်ခု၏ စုစုပေါင်းအရင်းငွေမည်မျှရှိသနည်း။

ဟေးရီပိုင်ပြောသလိုပဲ သူတို့က မတတ်နိုင်ပေ။

လီမင်က “မစ္စတာ ရှောင်၊ အရင်က ငါတို့မှာ ပဋိပက္ခတွေရှိလို့ မင်း ငါတို့ကို တမင်အရှက်ခွဲနေတာမလား!”ဟုပြောလိုက်သည်။

မန်နေဂျာရှောင်၏ မျက်နှာသည် မည်းမှောင်သွားကာ “မင်း ဒီအကြောင်းကိုဘာလို့ပြောရတာလဲ!”

“မင်းရဲ့စတိုးဆိုင်ရဲ့ရောင်းအားကိုလဲမင်းသိထားသင့်တယ်။ ငါတို့ ရှောင်ဝူလက်ကားမြို့ရဲ့ အရောင်းကိုယ်စားလှယ်စည်းမျဉ်းတွေကို မင်းကြည့်လို့ရတယ်။”

“ငါက စည်းကမ်းနဲ့အညီ လုပ်နေတာ!”

စကားပြောနေတုန်း စားပွဲပေါ်တင်ထားတဲ့ စာရွက်စာတမ်းတွေကို လွှင့်ပစ်လိုက်သည်။

ဟေးရီပိုင်သည်သူ့ကိုအရှက်ခွဲနေသည်ကိုသိသည်ဲဒါပေမဲ့မတတ်နိုင်သောကြောင့် “မန်နေဂျာ ရှောင် တောင်းပန်ပါတယ် ငါ့မိန်းမက သိပ်မနားလည်လို့ပါ”

“ဒီအချိန်က 5% စျေးတက်လာရင်ငါတို့ဆိုင်က အမြတ်လုံးဝမရှိတော့ဘူး၊ဒါကြောင်ဆိုင်ဖွင့်ဖို့ခက်တယ်”

ဟေးရီပိုင်၏တောင်းပန်မှုကြောင့် မန်နေဂျာ ရှောင်သည် ပြောင်းလဲခြင်းမရှိခဲ့ပေ။

“ငါပြောတာမဟုတ်ဘူး၊ ဒါက ရှောင်ဝူ လက်ကားမြို့ရဲ့ စည်းကမ်းပဲ”

“ပြီးခဲ့တဲ့နှစ်က မင်းရဲ့ရောင်းအားက အရမ်းနည်းတယ်၊ ဒါကြောင့် ဒီနှစ်မှာ အဆင့် 3 အရောင်းကိုယ်စားလှယ်နဲ့သာ စာချုပ်ချုပ်လို့ရတယ်။”

“မင်းအဆင့်မြှင့်လိုပါက၊ ဒယက အလွန်ရိုးရှင်းပါတယ်၊ ယခုနှစ်မှာမင်းရဲ့ရောင်းအားကို တိုးမြင့်နိုင်ခဲ့ရင်၊ လာမည့်နှစ်တွင် ပိုမိုအဆင့်မြင့်သော စာချုပ်တစ်ခုကို သဘာဝကျကျ လက်မှတ်ရေးထိုးနိုင်တယ်”

ယခင်နှစ်က ဈေးနိမ့်ခဲ့ပြီးရောင်းထားတာတောင်ရောင်းအား မတိုးခဲ့ပေ။

ဒီနှစ်မှာဈေးမြင့်ရင်ရောင်းအား ဘယ်လိုတက်လာနိုင်မှာလဲ။

ဟေးရီပိုင် က ဒါကို ကောင်းကောင်းနားလည်ပြီး သူ့မျက်နှာမှာ ခါးသီးတဲ့အမူအရာနဲ့ “မန်နေဂျာ ရှောင် မင်း ဖြေရှင်းချက်တစ်ခု စဉ်းစားလို့ရမလား?”

မန်နေဂျာ ရှောင် က “ငါပြောခဲ့တာက တစ်ခုတည်းသောနည်းလမ်းပဲ၊ မင်းငါ့ကိုမယုံရင် ငါတို့ ရှောင်ဝူ လက်ကားမြို့မှာ တခြားစီးပွားရေးမန်နေဂျာတွေကို မင်းရှာနိုင်တယ်”

စကားပြောပြီးနောက် မန်နေဂျာရှောင်သည်ဟေးရီပိုင် နှင့် အခြားသူများကို လျစ်လျူရှုကာ ကွန်ပြူတာဖန်သားပြင်ကို တိုက်ရိုက်အာရုံစိုက်ကာ အလွန်အလုပ်များနေတော့သည်။

ဒါကိုမြင်တော့ ဟေးရီပိုင်ဟာ ​​ကူကယ်ရာမဲ့မှုတွေနဲ့ ပြည့်နေပြီး စာချုပ်ကို ဆက်လက်ကြည့်ရှုနေသည်။

ရှောင်ဝူလက်ကားမြို့ရှိ အခြားမန်နေဂျာများထံ သွားရင်တကယ်အသုံးဝင်မှာလား။

မန်နေဂျာ ရှောင်ပြောသည့်အတိုင်း၊ ဤသည်မှာ ရှောင်ဝူလက်ကားမြို့၏ စည်းမျဉ်းဖြစ်သည်။

ရှောင်ဝူလက်ကားမြို့၏အဖွဲ့ဝင်တစ်ဦးအနေဖြင့် မစ္စတာ ရှောင်တွင် သူ့ကိုယ်ပိုင်အဆက်အသွယ်များ သေချာပေါက်ရှိမည်ဖြစ်သည်။ စာကြောင်းတစ်ကြောင်းတည်းနဲ့ တခြားမန်နေဂျာတွေကလဲစည်းမျဥ်းစည်းကမ်းနဲ့အညီ လုပ်နိုင်မှာကို ကြောက်တယ်။

လင်းဖန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ တစ်ခုခုပြောမလို့လုပ်လိုက်သည်။

“ကလင်...ကလင်”

ဒီအချိန်မှာ သူ့လက်ကိုင်ဖုန်းက အသံမြည်လာခဲ့သည်။

လင်းဖန်သည် ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်သော်လည်း ၎င်းမှာ မရင်းနှီးသောနံပါတ်တစ်ခုဖြစ်တယ်ဆိုတာသိပေမဲ့ကိုင်လိုက်သည်။

“ဟယ်လို မစ္စတာလင်း?” လင်းဖန်သည် အဖြေခလုတ်ကို နှိပ်လိုက်သည်နှင့် အထဲကနေအသံတစ်ခု ထွက်ပေါ်လာသည်။

လင်းဖန် က “ဒါ ငါပဲ၊ မင်းကဘယ်သူလဲ”

“မင်္ဂလာပါ မစ္စတာလင်း၊ ငါက ရှောင်ဝူ လက်ကားမြို့ရဲ့ ဥက္ကဌ ရှင်းဇောင်” ဖုန်းထဲကနေလေးလေးစားစားပြောလိုက်သည်။

လင်းဖန်သည် ထိုစကားကိုကြားသောအခါ သူ့မျက်ခုံးများ အနည်းငယ် ပင့်လိုက်ပြီးသူ့မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာခု ပေါ်လာခဲ့သည်။

ရှောင်ဝူလက်ကားမြို့ကိုရောက်တာနဲ့ သူတို့ရဲ့ဥက္ကဌက ဖုန်းဆက်တာလာသ။

တကယ်တော့ ရှင်းဇောင် က ဖုန်းဆက်ချင်နေတာကြာပြီဖြစ်သည်။

လင်းဖန်သည် သူ့ကုမ္ပဏီ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။

လင်းဖန်က ဆန္ဒရှိလျှင်သူ့ဥက္ကဋ္ဌရာထူးကို ပင်အလွယ်တကူ ဖြုတ်ပစ်နိုင်စွမ်းရှိသည်။

ထို့ကြောင့်​ရှင်းဇောင်သည် ကုမ္ပဏီသတင်းကောင်းတစ်ခုကိုရရှိပြီးမှလင်းဖန်၏နှလုံးသားထဲမှာအထင်ကြီးစေရန် ဖိခေါ်လိုခဲ့သည်။

ခဏကြာတော့လင်းဖန်က “အိုး၊ မင်း ဘာကိစ္စရှိလို့လဲ”

“မစ္စတာလင်း၊ ဒါကဒီလိုပါ ရှောင်ဝူ လက်ကားမြို့ရဲ့ တတိယသုံးလပတ် ဘဏ္ဍာရေးကို ကျွန်တော်တို့ တွက်ချက်ပါတယ်။ တတိယသုံးလပတ်ရဲ့ အသားတင်အမြတ်ဟာ တစ်နှစ်ထက်တစ်နှစ် 120% တိုးလာခဲ့ပါတယ်။ စုစုပေါင်း အမြတ်ဝေစု သန်း 120 ကိုရရှိခဲ့ပါတယ်။မစ္စတာလင်းရဲ့ 51%၊ ရှယ်ယာဝေစုက 61 သန်းပါ။ ကျနော်ဘယ်ဘယ်အကောင့်ကိုငွေလွှဲရမှာလဲ။” ရှင်းဇောင်က ပြောလိုက်သည်။

လင်းဖန်ကြားလိုက်သောအခါ အနည်းငယ် ပြုံးလိုက်သည်။

သူသည်အခုချိန်တွင်ပိုက်ဆံကို သိပ်ဂရုမစိုက်ပေ။

သို့သော်လည်း နောက်ထပ် 61 သန်းကို ရရှိနိုင်သည့်အတွက် အနည်းငယ် ပျော်ရွှင်နေသည်။

လင်းဖန်က “ငါ မင်းရဲ့ ရှောင်ဝူလက်ကားမြို့ရဲ့ အခန်း 307 မှာ ရှိတယ်။ အရင်လာခဲ့လေ”

ရှင်းဇောင် ခဏလောက် ထိတ်လန့်သွားပြီး “ဟုတ်ကဲ့ ကျွန်တော် ဒီကိုလာခဲ့မယ်!”

ဖုန်းချလိုက်ပြီးနောက် ရှင်းဇောင်သည် အနည်းငယ်စိတ်ရှုပ်သွားသည်။ဒါပေမဲ့လဲသူက”အတွင်းရေးမှူး၊ အမှုဆောင်တွေအားလုံး မြန်မြန်စုလို့ပြောလိုက်”ဟုအမိန့်ပေးလိုက်သည်။

…………

ဒီအချိန်အခန်း307

ဟေးရီပိုင်သည် နောက်ဆုံးတွင် စာချုပ်အားလုံးကို ဖြည်းညှင်းစွာ ပြန်သုံးသပ်ပြီး ပြီးသည်နှင့် သူ့မျက်ခုံးသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။

“မန်နေဂျာ ရှောင်၊ ငါတို့က ဒီစာချုပ်ပါ စျေးနှုန်းကို လိုက်နာရင် ငါတို့ဆိုင်ကို လုံးဝမဖွင့်နိုင်တော့ဘူး’’ဟုပြောလိုက်သည်။

မန်နေဂျာရှောင်က “မန်နေဂျာ ဟေးမင်း ဘာကိုဆိုလိုတာလဲ။ ငါတို့ရဲ့ ရှောင်ဝူ လက်ကားမြို့သည် အဆင့် 3 အရောင်းကိုယ်စားလှယ်များအတွက် စာချုပ်များစွာ ချုပ်ဆိုထားသည်။ မင်းပြောသလိုဆိုရင်တစ်ခြားသူတွေတောင် ဆျုင်မဖွင့်နိုင်တဲ့ပုံစံပဲ “

“”ငါတို့က တတိယအဆင့် အရောင်းကိုယ်စားလှယ်တွေကို ကုန်ကျစရိတ်ကို အခြေခံအားဖြင့် ပေးထားပြီး၊ ဒုတိယအဆင့် အရောင်းကိုယ်စားလှယ်တွေက ပိုလို့တောင် ထောက်ပံ့ကြေးပေးထားတယ်။”

“ထောက်ပံ့ကြေးရချင်ရင်တော့ စွမ်းဆောင်ရည်ရှိဖို့တော့ လိုတာပေါ့နော်!”

ခေတ္တနားပြီးနောက် မန်နေဂျာ ရှောင် က “ဈေးကြီးတယ်လို့မင်းတကယ်ခံစားရရင် ငါတို့က အတင်းအကြပ်လုပ်ခိုင်းမှာမဟုတ်ဘူး။ ငါတို့ရဲ့ ရှောင်ဂူ လက်ကားမြို့က အမြဲတမ်း လွတ်လွတ်လပ်လပ်လုပ်လို့ရတယ် .”

စကားပြောပြီးနောက် မန်နေဂျာ ရှောင်သည် ရေခွက်ကို ကောက်ယူပြီး လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်လိုက်သည်။

လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်

ဒီစာကြောင်းက ရိုးရှင်းပေမယ့် သူတို့ထွက်ပြီးမှပြန်ဝင်ရင်အဆင်ပြေပါ့မလား။

ဟေးရီပိုင် ဟာ ​​ဒီစတိုးဆိုင်ဖွင့်ဖို့အတွက်စတိုးဆိုင်မှာအလှဆင်တာ၊လိုအပ်တဲ့ဟာတွေကိုပြုလိုက်ရသည့်စုစုပေါင်းမှာ ယွမ်နှစ်သိန်းကနေ သုံးသိန်းအထိ အကုန်အကျခံခဲ့ရသည်။

ဒါကို သူတကယ်လက်လျှော့လိုက်မယ်ဆိုရင် ယခင်ရင်းနှီးမြုပ်နှံမှုအားလုံးဟာ အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။

ဟေးရီပိုင်၏ မျက်နှာသည် ရုပ်ဆိုးလွန်း၍ ပါးစပ်ကို ဖွင့်ကာ တစ်ခုခုကိုပြောမလို့လုပ်လိုက်သည်။

ထိုအချိန်တွင် စင်္ကြံအပြင်ဘက်တွင် ရုတ်တရက် ခြေသံများ ထွက်ပေါ်လာသည်။

ထို့နောက် ၀တ်စုံဝတ်ထားသော အမျိုးသား၊ အမျိုးသမီး တစ်စု လျင်မြန်စွာ ဝင်လာခဲ့သည်။

သူတို့ကိုတွေ့ပြီးနောက် လက်ဖက်ရည်သောက်နေသော မန်နေဂျာ ရှောင်သည် ကပျာကယာထလိုက်ပြီး “ဥက္ကဌမစ္စတာကျန်း၊ အထွေထွေမန်နေဂျာ Chen၊ ဒါရိုက်တာ ဝမ်၊ ဒါရိုက်တာ လီ၊ ဒါရိုက်တာ ဟီ မင်္ဂလာပါ” လို့ပြောလိုက်သည်။

သို့သော် ဤလူများသည် မစ္စတာ ရှောင်ပြောသည်ကို မကြားပုံရသည်။

ဥက္ကဌ ရှင်းဇောင် သည် လင်းဖန် ထံသို့ တည့်တည့်သွားပြီး “မင်္ဂလာပါ မစ္စတာလင်း”

ထို့နောက် သူ့နောက်မှ လူတစ်စုကလဲ “မင်္ဂလာပါ မစ္စတာလင်း!”ဟုပြောလိုက်သည်။

ထို့နောက် 307 ရုံးတစ်ခုလုံး ခေတ္တတိတ်ဆိတ်သွားခဲ့သည်။

All Chapters