← Chapters

ကောင်းကင်မဟာမိတ်၏ ခမ်းနားသော အစည်းအဝေး

Vol. 106 Ch. 1389

ကောင်းကင်မဟာမိတ်၏ ခမ်းနားသော အစည်းအဝေး

Vol. 106 Ch. 1389

“ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ယုံကြည်ချက်က ပိုပိုပြီး ခိုင်မာလာတာပဲ”

ချင်မူ့မျက်နှာပေါ်ရှိ အပြုံးကား ပျောက်ကွယ်မသွားပေ။ “ကြည့်ရတာ ထိုက်စုက သူ့ကို တော်တော် လွှမ်းမိုးထားပြီး ယုံကြည်ချက်ပြန်ရှိလာအောင် လုပ်ပေးနေတဲ့ပုံပဲ… သူ့အနေနဲ့ ထိုက်စုရဲ့အကူအညီကို ရထားတော့ အခြားသူတွေကို အနိုင်ယူပြီး အောင်မြင်နိုင်လိမ့်မယ်”

ချင်မူသည် ထိုက်စု ဟောင်အား မည်သို့ ကူညီပေးနေသည်လဲ နားမလည်သော်လည်း ကောင်းကင်နတ်အရှင်ဟောင်နေဖြင့် တန်ဖိုးကြီးကြီးမားမား ပေးခဲ့ပေလိမ့်မည်။

“ထိုက်ရှီ၊ ခင်ဗျားကလည်း ရှေးဟောင်းနတ်ဘုရား… ထိုက်စုကလည်း ရှေးဟောင်းနတ်ဘုရားပဲ…. ထိုက်စုလုပ်ရပ်နဲ့ ခင်ဗျားလုပ်ရပ်ကိုလည်း ကြည့်ဦး”

ချင်နူက ထိုက်ရှီဥကို နှိုးကာ ခါးသီးစွာ‌ ညည်းညူတေ့သည်။ “ခင်ဗျားက နေ့တိုင်း အဲ့ဒီကျောက်တုံးစုတ်ကိုပဲ သန့်စင်နေတာ… ထိုက်စု ကောင်းကင်နတ်အရှင်ဟောင်ကို ကူညီသလို ကျွန်တော့်ကို ဘယ်တော့ကူညီမှာလဲ”

“မင်း အရင်ဆုံး ကောင်းကင်နတ်အရှင်ဟောင်နဲ့ မင်းကိုယ်မင်းလည်း ယှဉ်ကြည့်လိုက်ဦး”

ထိုက်ရှီ၏စကားကြောင့် ချင်မူမှာ အရှိုက်ထိကာ အသက်ရှူပင် ကြပ်သွားသည်။ “ထိုက်စုက အချိန်မကျဘဲ မွေးဖွားလာခဲ့တာ” ထိုက်ရှီက လုံးထွေးနေ‌သောအသံဖြင့် ဖြေသည်။ “သူ့စွမ်း‌ဆောင်နိုင်စွမ်းက ရပ်တန့်သွားပေမယ့် ငါကတော့ ဆက်လက်တိုးတက်နေတုန်းပဲ… အနာဂတ်မှာ ငါက သူ့ထက် အများကြီး ပိုအစွမ်းထက်လိမ့်မယ်… ဒါ့အပြင် ထိုက်စုက ကောင်းကင်နတ်အရှင်ဟောင်ကို ထိန်းချုပ်ချင်လို့ ကူညီခဲ့တာ…. အခုတော့ ကောင်းကင်နတ်အရှင်ဟောင်က ယုံကြည်ချက်ပြည့်၀ပေမယ့် တကယ်တော့ သူက ထိုက်စုထိန်းချုပ်မှုအောက်ကို ရောက်နေပြီးပြီ… အနာဂတ်မှာ သူ သေချာပေါက် နောင်တရလိမ့်မယ်”

ချင်မူမှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။ “ထိုက်စုက ကောင်းကင်နတ်အရှင်ဟောင်ကို ဘယ်လို ထိန်းချုပ်နေတာလဲ”

“ထိုက်စုက တောင်းဆိုချက်မှန်သမျှ ဖြည့်ဆည်းပေးတယ်…. သူက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ကောင်းကင်နန်းဆောင်ကို တည်ဆောက်ပေးနိုင်တယ်…. သူလိုချင်တဲ့ ရတနာတောင် ပေးနိုင်တယ်”

“ငါ ထိုက်စုနဲ့ သူ့စွမ်းအားအကြောင်း ‌ဆွေးနွေးဖူးတယ်…. သူ့မှာ သိဒ္ဓိတင် အထွတ်အထိပ်ရတနာတစ်ပါး ရှိနေတယ်ကွ... အဲဒီရတနာကို ဘယ်ရတနာမဆိုအဖြစ် အသွင်ပြောင်းနိုင်တဲ့အပြင် အသွင်သဏ္ဍာန်တွေ အများကြီး ရှိတယ်” ထိုက်ရှီက ပြော၏။ “ဒါပေမဲ့ အဲ့ဒါတွေအားလုံးက တန်ဖိုးတစ်ခုရှိတယ်…. အဲ့ဒါတင် မကသေးဘူး… ထိုက်စုရဲ့စွမ်းအားကို ငှားယူမယ်ဆိုရင် မင်း တဖြည်းဖြည်း စွဲလမ်းလာပြီး ထိုက်စုထိန်းချုပ်တာကို ခံရလိမ့်မယ်..”

ချင်မူမှာ ကြက်သီးမွှေးညင်းများ ထသွားသည်။

ယခင်က သူသည်လည်း ထိုက်စုအထွတ်အထိပ်ရတနာကို ရရှိခဲ့ပြီး သူ၏တာအိုနှလုံးသားအပေါ် ထိခိုက်ခဲ့၏။ ဖန်သားကောင်းကင်စေတီ နံပါတ်တစ်ကောင်းကင်ရတနာဖြစ်လာခြင်းမှာ ထိုက်စု၏ အထွတ်အထိပ်ရတနာကြောင့် ဖြစ်လေသည်။

'ထိုက်စုအထွတ်အထိပ်ရတနာက ဘယ်ရတနာမ‌‌ဆို အသွင်ပြောင်းလို့မရပြီး အသွင်သဏ္ဍာန်တွေအများကြီး ရှိတယ်လား’

ချင်မူသည် အသိစိတ်အလျဉ်ကို သုံး၍ ထိုက်စုဥထဲ ‌၀င်ရောက်ခဲ့စဉ်က မြင်ခဲ့ရသည့် ကမ္ဘာဦးဖရိုဖရဲချီများကို ရုတ်တရက် သတိရသွားသည်။ ထိုနေရာတွင် အထွတ်အထိပ်ရတနာများ၏ ထူးဆန်းသော ဖြစ်ရပ်များစွာ ဖြစ်ပွားနေ၏။ ထိုစဉ်က သူသည် ကောင်းကင်နှင့်မြေကြီး၏ သင်္ကေတမျိုးစုံ ခတ်နှိပ်ထားသော ခေါင်းလောင်း၊ ‌ကမ္ဘာမြေချီတို့ဖြင့် သယ်ဆောင်ခံထားရသော ဒယ်အိုးကြီး၊ ဒယ်အိုး၏ နံရံတွင် ခတ်နှိပ်ထားသော သတ္တဝါများနှင့် နတ်ဘုရားများနှင့် လောကပေါ်သို့ ဖြာကျနေသည့် တောက်ပနေသော မှန်တစ်ချပ်ကို မြင်ခဲ့ရသည်။

“ဒီအထွတ်အထိပ်ရတနာက ဖန်ဆင်းခြင်းကောင်းကင်လက်နက်အဖြစ်ရော ပြောင်းလဲသွားနိုင်လား...” ချင်မူက ရုတ်တရက် မေးသည်။

ထိုက်ရှီမှာ အနည်းငယ် ကြောင်အသွား၏။ “ဒါပေါ့”

ချင်မူ့မျက်ခုံးထောင့်များ တွန့်သွားပြီး ဒဏ်ရာများပင် အပြည့်အ၀ မသက်သာသေးသည့် ကောင်းကင်နတ်အရှင်ဟောင် ယုံကြည်ချက်များ ပြည့်၀နေသည့် အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။

၎င်းက ဖန်ဆင်းခြင်းကောင်းကင်လက်နက်သဖွယ် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်ဆင်းပေးနိုင်သော နတ်ဘုရားမထိုက်စုကြောင့်ပင်။

သူသည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်ဆင်းနိုင်သည်သာမက ကောင်းကင်နတ်ဧကရာဇ်၊ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့၏ ရုပ်ခန္ဓာများကိုပင် ဖန်ဆင်းနိုင်ချေသည်။

၎င်းက ကောင်းကင်နတ်အရှင်ဟောင် ယုံကြည်ချက်ပြည့်၀နေရခြင်း၏ အရင်းအမြစ်ပင်။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ အများဆုံး ပိုင်ဆိုင်ထားသူက ရှစ်ချီလော်မဟုတ်ဘဲ သူ ဖြစ်နိုင်ပေသည်။

“ငါ့မှာသာ အဲ့လိုကောင်းကင်လက်နက်မျိုးရှိရင်”

ချင်မူမှာ အတော်လေး အားကျနေပြီး ရုတ်တရက် စပ်စုလိုက်သည်။ “ကောင်းကင်နတ်အရှင်ထိုက်ချူမှာ‌ရော ကိုယ်ပိုင်ကောင်းကင်လက်နက် ရှိလား”

“ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူမှာဘည်း အထွတ်အထိပ်ရတနာ ရှိတယ်… ဒါပေမဲ့ သူ မဟာဧကရာဇ်ရဲ့ မွေးစားသားဖြစ်ခဲ့တုန်းက မဟာဧကရာဇ်က အဲ့ဒီရတနာကို ယူသွားခဲ့တယ်… သူ ပြန်ယူခဲ့လား ငါ မသိဘူး”

ချင်မူက မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးပြန်သည်။ “ဒါဆို တာအိုနောင်တော်ထိုက်ယီမှာရော အဲဒီလိုရတနာမျိုးရှိလား…”

“ယုတ္တိကျကျပြောရမယ်ဆိုရင်တော့ ရှိမှာပေါ့”

ထိုက်ရှီမှာ ထိုသို့ပြောပြီးနောက် သဘောပေါက်သွားပြီး အလျင်အမြန် စကားပြန်ပြင်ပြောသည်။ “တာအိုနောင်တော်ထိုက်ယီက မွေးဖွားလာတာကြာခဲ့ပြီ….. ဆိုတော့ သူ့မှာအထွတ်အထိပ်ရတနာ ရှိ၊မရှိ ဆိုတာက ငါပြောလို့ရတဲ့အရာ မဟုတ်ဘူး… ပြောရရင် ငါ…”

“ဒါဆိုရင် တာအိုနောင်တော်ထိုက်ရှီ၊ ခင်ဗျားရဲ့ အထွတ်အထိပ်ရတနာက ဘာလဲ”

ထိုက်ရှီက ချက်ချင်း ပြုံးလိုက်၏။ “ငါ့မှာ မရှိပါဘူးကွာ… ပေါက်ကရတွေ ပြောမနေနဲ့… ငါ့မှာသာ အဲ့လိုရတနာမျိုးရှိရင် ဒီဥခွံထဲမှာ ပိတ်မိနေပါ့မလား… ထွက်သွားတာကြာပေါ့”

“ခင်ဗျား ဥခွံထဲက‌နေ ထွက်မလာသေးတာက ကျွန်တော် နောက်ထပ်နတ်ကျောက်တုံးတွေ ရှာပေးတာကို ယူပြီးတော့ အသက်ဓာတ်ရည်ကြည် စုပ်ယူချင်လို့လေ”

ချင်မူက တည်ကြည်လေးနက်စွာ မေးလေသည်။ “တာအိုနောင်တော်ရဲ့ အထွတ်အထိပ်ရတနာကဘာလဲ… ထုတ်ပြီးတော့ ကျွန်တော့်ကို ပြပါလား”

“မပြဘူး”

ထိုက်ရှီက ဒေါသတကြီး အော်၏။ “ငါက မွေးတောင်မွေးသေးတာ မဟုတ်ဘူး… ငါ့မှာ ရှိရင်တောင် မင်းကိုမပြဘူး… ငါ့ကို အကောက်ကြံဖို့ မကြိုးစားနဲ့”

ချင်မူ့အကြည့်က ရိပ်ခနဲ လက်သွားကာ သူက ပြုံးလျက် ပြောသည်။ “ထင်ထားတဲ့အတိုင်း ဥထဲမှာ ဝှက်ထားတာများလား… ထိုက်ရှီတာအိုက အသွင်သဏ္ဍာန်ရှိပေမယ့် ဒြပ်ထုမရှိဘူးလေ… ခင်ဗျားအတွက် ဥခွံကလည်း ဒြပ်ထုမရှိတဲ့ အသွင်သဏ္ဍာန်တစ်ခုပဲ…. ခင်ဗျားရတနာအများစုကလည်း အသွင်ပဲရှိပြီး ဒြပ်ထုမရှိကြဘူး… အဲဒီလိုဆိုမှတော့ ကျွန်တော် တိုးတက်လာအောင် ပေးလိုက်ပါလားဗျာ*

ထိုက်ရှီက ဒေါသတကြီး ငြင်း၏။ “မရှိဘူးဆိုမရှိဘူးပဲ… မင်းကို ထုတ်ပေးလိုက်ရင် ငါ့ဆီ ပြန်ပေးမှာမဟုတ်တော့ဘူး… ငါက သုံးနှစ်ကလေး မဟုတ်ဘူးကွ”

ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း စိတ်ထဲမှတွေးနေသည်။ ‘တကယ်ရှိနေတာပဲ… ဒီလောက်ကပ်စေးနည်းတဲ့ ရှေးဟောင်းနတ်ဘုရားရဲ့ အထွတ်အထိပ်ရတနာက ဘာများလဲ’

သူ့မှာ ပို၍ပင် သိချင်လာသော်လည်း ထိုက်ရှီသည် သူ့အကြောင်း နောကြေနေပြီဖြစ်သဖြင့် အထွတ်အထိပ်ရတနာကို ထုတ်ပြမည်မဟုတ်ပေ။

ချင်မူမှာ လက်လျှော့လိုက်ရတော့သည်။

ဒုတိယမြောက်နေ့တွင် ကောင်းကင်မဟာမိတ်အစည်းအဝေး စတင်သည်။ လောကတစ်သောင်းမှ အုပ်ချုပ်သူအားလုံး စုစည်းနေကြပြီး နတ်အရှိန်အဝါတို့က ကောင်းကင်သို့ပင် ထိုးတက်နေကြသည်။ ရတနာမျိုးစုံ ထွက်ပေါ်နေကြပြီး အားလုံး၏ မူလဝိညာဉ်များက ကောင်းကင်ပေါ်သို့ ပျံတက်သွားကြ၏။ ကောင်းကင်နန်းဆောင်များက ကောင်းကင်ထက်တွင် မားမားမတ်မတ် ဖွဲ့တည်နေကြပြီး မူလဝိညာဉ်များက ၎င်းတို့အပေါ်တွင် ရပ်နေကြသည်။

နတ်ဘုရားကြီးငယ်အမျိုးမျိုးတို့၏ သိုင်းအခြေခံများသည် ကိုယ်ပိုင်အားနည်းချက်များ၊ အားသာချက်များ ရှိကြ၏။ သူတို့၏မူလဝိညာဉ်များက နတ်ကောင်းကင်ခန်းမ သို့မဟုတ် ကျောက်စိမ်းမြို့တော်အ‌ရှေ့တွင် ရပ်နေကြသည်။ သူတို့၏မူလဝိညာဉ်များမှာလည်း ထူးဆန်းပြီး မျိုးနွယ်တစ်ခုချင်းစီ၏ ဝိညာဉ်များက မတူကြပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အဓိက ဝိညာဉ်ခန္ဓာလေးခုနှင့်လည်း ကွဲပြားနေပြီး ပုံစံမျိုးစုံရှိကြသည်။ တချို့က ရှေးဟောင်းနတ်ဘုရားအသွင် ရှိကာ တချို့ကတော့ မိစ္ဆာနတ်ဘုရားအသွင်များ ဆောင်ကြ၏။

ကောင်းကင်ဘုံအသီးသီးမှ နတ်ဘုရားအားလုံးက ပျံတက်၍ လေထဲတွင် ထိုင်လိုက်ကြသည်။ မရေမတွက်နိုင်သော ကောင်းကင်နန်းဆောင်များက အံ့ဩငေးမောဖွယ် ကောင်းကင်နတ်ဘုံကြီးပမာ ဆက်နွယ်သွားကြလေသည်။ အစစ်အမှန် ကောင်းကင်နတ်ဘုံပင်လျှင် ဤအခိုက်အတန့်တွင် သေးငယ်သွားတော့သည်။

နဂါးဟန်ခေတ်၏ ကောင်းကင်နတ်ဘုံပင်လျှင် ယနေ့မြင်ကွင်းနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ထိုခေတ်အခါက နဂါးဟန်ကောင်းကင်နတ်ဘုံ၏ ခေါင်းဆောင်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ပြီး အရွယ်အစားစုံလင်သော ရှေးဟောင်းနတ်ဘုရားမှာ သုံးရာနှင့် လေးရာအောက်သာ ရှိခဲ့သည်။

ထိုမျှသာမက ထိုအချိန်က ရှေးဟောင်းနတ်ဘုရားများ၏ ခွန်အားသည် လက်ရှိအုပ်ချုပ်သူများအောက် အားနည်း၏။ ယနေ့ခေတ် အားအနည်းဆုံး အုပ်ချုပ်သူများပင်လျှင် ထိုစဉ်က အဆင့်နိမ့် ရှေးဟောင်းနတ်ဘုရားများထက် ပို၍သန်မာနေကြချေပြီ။

ဤသို့ကျယ်ပြန့်၍ အဆုံးမဲ့သော ကောင်းကင်နတ်ဘုံထဲသို့ အရောင်နတ်မင်းလေးပါးနှင့် ကောင်းကင်ဆရာသခင်လေးပါးက ပျံသန်းလာပြီး ထိုင်လိုက်ကြသည်။ သူတို့ဦးခေါင်းအနောက်တွင် ကောင်းကင်နန်းဆောင်များ ပေါ်လာကြကာ ကောင်းကင်နန်းဆောင် သုံးဆောင်မှ ငါးဆောင်အထိ ရှိကြ၏။

ထို့အပြင် လက်ဝဲလက်ယာ အနိမ့်စံဝန်မင်းများ၊ လက်ဝဲလက်ယာ အမြင့်စံဝန်မင်းများ၊ လက်ဝဲလက်ယာ အနိမ့်စံကိုယ်ရံတော်များ၊ လက်ဝဲလက်ယာ အမြင့်စံကိုယ်ရံတော်များအတွက် ထိုင်ခုံတို့လည်း ရှိကြသည်။ သူတို့က အသီးသီး ဝင်ရောက်ထိုင်လိုက်ကြ၏။

သူတို့အားလုံး၏ ကောင်းကင်နန်းဆောင်များက ဆက်သွယ်သွားကြပြီး ပိုမိုမြင့်မားသော နောက်ထပ်ကောင်းကင်နတ်ဘုံတစ်ဘုံအား ဖော်ဆောင်လိုက်ကြသည်။

ထို့နောက် တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓက ပျံသန်းလာပြီး ဒုတိယကောင်းကင်နတ်ဘုံရှိ သူတို့၏ထိုင်ခုံများတွင် ၀င်ထိုင်လိုက်ကြ၏။ တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓ နေရာယူလိုက်သည်နှင့် သူတို့၏ကောင်းကင်နန်းဆောင်များလည်း ထွက်ပေါ်လာသည်။ သူတို့တစ်ယောက်ချင်းစီတွင် ကောင်းကင်နန်းဆောင် ဆယ်ဆောင်ကျော်ရှိပြီး သူတို့၏မျက်နှာအမူအရာများက လေးနက်တည်ကြည်နေကြ၏။

သူတို့သည် ကောင်းကင်မဟာမိတ်၏ ရှေးအကျဆုံး အဖွဲ့ဝင်များ ဖြစ်ကြသည်။

ရုတ်တရက် အုပ်ချုပ်သူအားလုံးက ပြိုင်တူရွတ်ဆိုလိုက်ကြသည်။ “ကောင်းကင်မဟာမိတ်၏ ကောင်းကင်နတ်အရှင်၊ မြင့်မားသော အသိပညာတို့၏ မဟာအရှင်... ကောင်းကင်နတ်အရှင်ဟုန်ကို လေးစားစွာဖြင့် ဖိတ်ခေါ်ပါတယ်”

ကောင်းကင်နတ်အရှင်ဟုန်သည် ဆံဖြူ၊ မုတ်ဆိတ်ဖြူနှင့် မျက်ခုံးမွေးဖြူတို့ကို ပိုင်ဆိုင်ထားလေသည်။ သူက အစိမ်းရောင်ငှက်တစ်ကောင်၏ ဦးခေါင်းပေါ်တွင် ရပ်နေ၏။ အစိမ်းရောင်ငှက်က တောင်ပံများခတ်လျက် ပျံသန်းလာသည်။

ကောင်းကင်နတ်အရှင်ဟုန်သည် ဒုတိယမြောက် ကောင်းကင်နတ်ဘုံပေါ်သို့ ဆင်းသက်လာ၏။ တာအိုဘိုးဘေးနှင့် ဗြဟ္မဗုဒ္ဓက သူ့ကို ကြိုဆိုကြသည်။

ကောင်းကင်နတ်အရှင်ဟုန်က အသာအယာ ခေါင်းညိတ်ကာ ထိုင်လိုက်၏။

အုပ်ချုပ်သူများက ကျယ်လောင်စွာ အော်လိုက်ကြပြန်သည်။ “ကောင်းကင်မဟာမိတ်၏ ကောင်းကင်နတ်အရှင်၊ အသင်္ချေတာအိုမိခင်နန်းတော်၏ ကောင်းကင်နတ်အရှင်၊ အဆုံးမဲ့သော နတ်စွမ်းအင်တို့၏ မဟာအရှင်... ကောင်းကင်နတ်အရှင်ကုန်းကို လေးစားစွာဖြင့် ဖိတ်ခေါ်ပါတယ်”

ကောင်းကင်နတ်အရှင်ကုန်းသည် ထူးဆန်းသောအသွင်သဏ္ဍာန်များနှင့် အားအင်တို့အား ပြသလျက် ဒုတိယကောင်းကင်နတ်ဘုံသို့ ဝင်ရောက်လာ၏။

“ကောင်းကင်မဟာမိတ်ရဲ့ ကောင်းကင်နတ်အရှင်၊ ကောင်းကင်နယ်စားမင်းရဲ့ သားတော်၊ ကမ္ဘာဦးမျိုးနွယ်ရဲ့ ဘိုးဘေးကြီး... ရှေးဟောင်းနတ်ဘုရားဘုရင်ကို လေးစားစွာဖြင့် ဖိတ်ခေါ်ပါတယ်”

“ကောင်းကင်မဟာမိတ်ရဲ့ ကောင်းကင်နတ်အရှင်၊ မြေအောက်ဘုံအရှင်သခင်ရဲ့ သမီးေတာ်၊ မိစ္ဆာမျိုးနွယ်ရဲ့ ဘိုးဘေး.... ကောင်းကင်နတ်အရှင်ရှုကို လေးစားစွာဖြင့် ဖိတ်ခေါ်ပါတယ်”

“ကောင်းကင်မဟာမိတ်ရဲ့ ကောင်းကင်နတ်အရှင်၊ ကောင်းကင်ဘုံတွေရဲ့ မွေးစားမိခင်၊ တစ်လောကလုံးရဲ့ မယ်တော်မိခင်... နတ်အရှင်မယန်ကို လေးစားစွာဖြင့် ဖိတ်ခေါ်ပါတယ်”

“ကောင်းကင်မဟာမိတ်ရဲ့ ကောင်းကင်နတ်အရှင်၊ ကောင်းကင်ဘုံတွေရဲ့ ကောင်းကင်တာအိုမိခင်၊ နတ်အရှင်မချန်းကို လေးစားစွာဖြင့် ဖိတ်ခေါ်ပါတယ်”

“ကျေးဇူးပြုပြီးတော့ ကောင်းကင်မဟာမိတ်ရဲ့ ကောင်းကင်နတ်အရှင်၊ ကောင်းကင်တန်ခိုးရှင်တွေရဲ့ မြင့်မြတ်သော ဧကရာဇ်... နတ်ဧကရာဇ်လန်ရွှမ်ကို လေးစားစွာဖြင့် ဖိတ်ခေါ်ပါတယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ဟွေ့၊ ၊ ကောင်းကင်နတ်အရှင်ရှု၊ နတ်အရှင်မချန်း၊ နတ်အရှင်မယန်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့က ထိုင်လိုက်ကြသည်။

ရုတ်တရက် အရှေ့အရပ်တွင် နတ်ရောင်နတ်ဝါတို့သည် ကောင်းကင်နတ်ဘုံတစ်ခုလုံးအား တိမ်တိုက်များအလား ဖုံးအုပ်သွား၏။ ကောင်းကင်တန်ခိုးရှင်များ၊ နတ်မင်းလေးပါး၊ ကောင်းကင်ဆရာသခင်လေးပါးနှင့် တခြားအရေးပါသည့် ကောင်းကင်နတ်ဘုံမှ ပုဂ္ဂိုလ်များက ထရပ်၍ ပြိုင်တူပြောလိုက်ကြ၏။ “ကျွန်ုပ်တို့ ကောင်းကင်မဟာမိတ်ရဲ့ အထွတ်အမြတ်ပုဂ္ဂိုလ်... သူတော်စင်တန်ခိုးအရှင်၊ ကောင်းကင်နတ်အရှင်ဟောင်ကို... လေးစားစွာဖြင့် ဖိတ်ခေါ်ပါတယ်”

ကောင်းကင်နတ်အရှင်ဟောင်က တန်ခိုးများ ထုတ်ဖော်လျက် ဝင်ရောက်လာသည်။

တာအိုဘိုးဘေးကြီး၊ ဗြဟ္မဗုဒ္ဓနှင့် အခြားကောင်းကင်နတ်အရှင်အားလုံး ထရပ်၍ သူ့ကို ကြိုဆိုကြ၏။ ကောင်းကင်နတ်အရှင်ဟောင်က အဆုံးမရှိသော နတ်အလင်းရောင်ဆီသို့ လျှောက်သွားပြီး အသာအယာ ခေါင်းညိတ်လိုက်သည်။

တာအိုဘိုးဘေးကြီး၊ ဗြဟ္မဗုဒ္ဓနှင့် အခြားကောင်းကင်နတ်အရှင်တို့က သူ ထိုင်သည်ကို စောင့်ပြီးမှ ပြန်ထိုင်ကြ၏။

ထို့နောက် အားလုံး ကျယ်လောင်စွာဖြင့် ပြိုင်တူရွတ်ဆိုသည်ကို ကြားလိုက်ကြရပြန်သည်။ “ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင်၊ အထွတ်အမြတ်ဘုရင်မူကို လေးစားစွာဖြင့် ဖိတ်ခေါ်ပါတယ်”

ချင်မူ လျှောက်လှမ်းလာသည့်အခါ ကောင်းကင်နတ်အရှင်များနှင့် တာအိုဘိုးဘေးကြီးတို့က ထရပ်၍ ကြိုဆိုကြသည်။ ချင်မူက အနည်းငယ် ခေါင်းညိတ်၍ လက်ဟန်ပြကာ ထိုင်စေသည်။

သူတို့အားလုံးက သူ ထိုင်ပြီးနောက်မှ ပြန်ထိုင်ကြသည်။

နောက်ထပ် ရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားတစ်ပါးသည် ပြေးလာပြီး ဝှစ်ခနဲ ရွှေသေတ္တာတစ်ခုအား ဖွင့်လိုက်၏။ “အရှင်မင်းကြီးက ကောင်းကင်မဟာမိတ်အစည်းအဝေး ကျင်းပနေတာ ကြားသိတော်မူလို့ ကောင်းကင်နတ်အရှင်တွေနဲ့ နတ်မင်းတို့အားလုံး အကျိုးသယ်ပိုးခဲ့တာတွေအတွက် ကျေးဇူးတင်ဂုဏ်ပြုဖို့ သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်”

ကောင်းကင်နတ်အရှင်အားလုံးသည် ခေါင်းဆောင်နေရာတွင် ထိုင်နေသော ချင်မူ့ဆီသို့ ကြည့်လိုက်ကြသည်။ သူက လက်မြှောက်၍ မိန့်သည်။ “ဖတ်လိုက်ပါ”

ရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားက အလျင်အမြန် ဒူးတစ်ဖက်ထောက်ကာ ကောင်းကင်နတ်ဧကရာဇ်၏ သဝဏ်လွှာကို ကျယ်လောင်စွာ ဖတ်လိုက်သည်။

ထိုသို့ဖတ်ပြီးနောက် နတ်ဘုရားက ရိုရိုကျိုးကျိုး ထရပ်လိုက်သည်။ သူက သ၀ဏ်လွှာကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားပြီး ချင်မူ စကားပြောမည်အား စောင့်ဆိုင်းနေ၏။

“အရှင်မင်းကြီးရဲ့ ကြင်နာသနားမှုကို ကျုပ်တို့ ကောင်းကင်မဟာမိတ်က လေးစားဂုဏ်ယူမိပါတယ်”

ချင်မူက ခေါင်းညိတ်လိုက်ပြီး နန်းတွင်းသူထံ လက်ဟန်ပြလိုက်သည်။ “သိမ်းလိုက်ပါ”

နန်းတွင်းသူတစ်ဦးက ရှေ့သို့တက်လာ၍ ကောင်းကင်နတ်ဧကရာဇ်၏ သ၀ဏ်လွှာကို သိမ်းဆည်းလိုက်သည်။

ချင်မူက အားလုံးကို ဝေ့ဝဲကြည့်၏။ “ကျုပ်က ထာဝရငြိမ်းချမ်းအင်ပါယာကပဲ” သူက ကြည်လင်ပြတ်သားစွာ ပြောသည်။ “ကျုပ်ရဲ့နာမည်က နဂါးဟန်ခေတ်မှာ ကျော်ကြားလာခဲ့ပေမယ့် ကောင်းကင်မဟာမိတ်ရဲ့ အစည်းအဝေး ကျင်းပဖို့ နှစ်တစ်သန်း အချိန်ဆွဲခဲ့မိတယ်….. စောင့်ဆိုင်းပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်.... ပြီးခဲ့တဲ့ နှစ်တစ်သန်းအတွင်း ကိစ္စကြီးငယ်တွေ မရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့တယ်... အဲဒီကာလမှာ မဟာမိတ်ခေါင်းဆောင်ငါးဦးကိုပဲ ဒုက္ခခံခိုင်းမလို့ ကျုပ် နောင်တရမိပါတယ်.... ဒီနေ့ အစည်းအဝေးမှာ မဟာမိတ်ခေါင်းဆောင်အနေနဲ့ ကျုပ် လောကရဲ့ ကိစ္စရပ်တွေကို ဆုံးဖြတ်မယ်… ပထမဦးဆုံးကိစ္စက…”

“မင်းက မဟာမိတ်ခေါင်းဆောင်ငါးယောက်ထဲမှာ ကျန်ခဲ့တဲ့ တစ်ယောက်တည်းသောသူလို့ ဘယ်သူပြောလဲ”

ထိုစဉ် ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းနဲ့အတူ ခရီးသွားခဲ့တဲ့ ကောင်းကင်နတ်အရှင်ချင်ကို မှတ်မိသေးလား”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားတချို့မှာ မျက်နှာအမူအရာများ သိသိသာသာ ပျက်ယွင်းသွားပြီး တချို့မှာတော့ အသတ်အဖြတ်စိတ်ဆန္ဒများ အပြည့်ဖြင့် အသံလာရာသို့ ကြည့်လိုက်ကြသည်။

ခိုင်ဧကရာဇ်ချင်ယဲ့သည် ခါးတွင် ဓားတစ်လက် လွယ်လျက် နဂါးသွဲ့ရေကန်ဆီသို့ လျှောက်လာနေချေသည်။ သူက ပြုံးလျက် ဒုတိယမြောက် ကောင်းကင်နတ်ဘုံဆီသို့ ဝင်ရောက်သွားသည်။

“ကောင်းကင်နတ်အရှင်မူ၊ မင်းက ကောင်းကင်မဟာမိတ်ကို ဦးဆောင်ရင်း လောကမှာ ဖရိုဖရဲတွေ ဖြစ်စေခဲ့တယ်….. ငါနဲ့ တိုင်ပင်ခဲ့သလား…. ငါ့လက်ထဲက ရွှင်ပျော်ပျော်ဓားနဲ့ တိုင်ပင်ခဲ့သလား”

All Chapters