← Chapters

မိုးည။   

Vol. 6 Ch. 64

မိုးည။   

Vol. 6 Ch. 64

မိန်းကလေးယွမ်သည် သူမ ဘဝတစ်လျှောက် စုရီကဲ့သို့ ခေါင်းမာသော လူမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။

သို့သော် အစောင့်၏ အဆိုပြုချက်ကို ငြင်းဆန်လိုက်၏။ သူမ မာနနှင့် ခံယူချက်အရ တစ်စုံတစ်ဦး၏ ခွန်အားကို ငှားယူလိုခြင်း မရှိချေ။

“ ထားလိုက်ပါ နောင်မှာ အန္တရာယ် ဘယ်လောက်ပဲ ကြုံနေပါစေ ... ခေါင်းငုံ့ပြီး အကူအညီ မတောင်းမချင်း သူ့ကို မကယ်နဲ့။ ”

“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”

သူတို့ စကားဝိုင်းကို အနားရှိ ကူပိုင်မှ ကြားသွားကာ၊

“ မိန်းကလေး ... စိတ်မဆိုးပါနဲ့၊ ငါတို့သားမက်က သာမန်လူ မဟုတ်ဘူး။ ”

-ဟု ဝင်ရောက် ပြောကြားလိုက်သည်။

ဤမိန်းကလေးနှင့် ဆူရီတို့ကြား တင်းမာနေသည့် ဆက်ဆံရေးကို ဖြေလျှော့ပေး လို၏။

“ ဟမ့် ... ဘာလဲ ... သူက အရမ်း အစွမ်းထက်နေလို့လား။ ”

သို့သော် မိန်းကလေးယွမ်မှာ ပို၍ အေးစက်သွားလေသည်။

“ ဟုတ်တယ် ... မနေ့ညက နဂါးတံခါးဧည့်ခံပွဲမှာ ငါတို့သမက်က အနိုင် ရခဲ့တယ်။ ”

“ ဒါက နဂါးတံခါးလေးပဲ ဘာများ ထူးဆန်းလို့လဲ။ ”

မိန်းကလေးယွမ်၏ အမြင်တွင် ဤအဆင့်ပြိုင်ပွဲတွင် ပထမရရှိခြင်းသည် အာရုံစိုက်ရန် မထိုက်တန်ချေ။

“ ဂျိန်း ... ။ ”

ရုတ်တရက် မိုးချိန်းသံများ ထွက်ပေါ်လာခဲ့ကာ ဘုံကျောင်းပျက် တစ်ခုလုံး တုန်ခါသွားသည်။

“ မိုးရွာတော့မယ် ... ။ ”

တိုက်ခတ်လာသော လေထုအတွင်း စိုထိုင်းဆနှင့် အအေးဓာတ်ကို ခံစားရသည်။ ထင်းရှူးတောတစ်ခုလုံး ချက်ချင်း မိုးမှောင်ကျသွား၏။

“ မြန်မြန် မီးဖိုပါ ... ဒီလိုမိုးရွာတဲ့ နေ့တွေဆိုရင် ... တစ္ဆေမိခင်တောင်တန်းက အန္တရာယ် အများဆုံး အချိန်ပဲ။ ”

ကူပိုင်က အော်ဟစ် သတိပေး လိုက်လေသည်။ ဦးလေးဟောင်မှ ခေါင်းညိတ် ပြသဖြင့် အစောင့်တပ်သား အချို့က မီးဖိုရန် ထင်းများ ကောက်ယူလာကြ၏။

များမကြာမီ မီးအလင်း​ရောင်က ခန်းမအတွင်း ပျံ့နှံ့​ ရောက်ရှိလာကာ လေထုကို နွေးထွေးစေသည်။

မိန်းကလေးယွမ်က မီးဖိုနှင့် အနီးဆုံးတွင် နေရာယူလိုက်သည်။ အစောင့် တချို့က ဝိုင်နှင့် အစားအသောက်များ ထုတ်ကာ ညစာ ပြင်ဆင်ပေး၏။

ထို့နောက် ကူပိုင်ထံ ကမ်းပေးသည်။ ကူပိုင်က ဝိုင်နှင့် အသားတချို့ လက်ခံယူကာ စုရီထံ လှမ်းကြည့်သည်။

“ သမက်စု မင်းညစာ မစားဖူးလား။ ”

“ ဟမ့် သူ့အတွက် မပါဘူး ... ။ ”

မိန်းကလေးယွမ်က မကျေမနပ်ဖြင့် ပြောကြားလာသည်။ စုရီမှလည်း ဂရုမစိုက်ချေ။ တံခါးဝသို့ မျက်နှာမူကာ ရုပ်တုဘေးတွင် တစ်ယောက်တည်း ထိုင်လျက် မျက်စိမှိတ်ထားသည်။  

အပြင်ဘက်တွင် မိုးသည်းစွာ ရွာသွန်းနေသဖြင့် ထင်ရှူးတော တစ်ခုလုံး ဆူညံနေ၏။ ရပ်သွားမည့် အရိပ်အယောင်မျှ မမြင်ရချေ။  

“ ဝူး ... ။ ”

ထိုစဉ် တင်းကျပ်စွာ ပိတ်ထားသော တံခါးရွက်များကို တွန်းဖွင့်ကာ လေပြင်းများ ဝင်ရောက်လာသည်။

“ ဘောင်း ... ။ ”

တောက်လောင်နေသော မီးဖိုသည် ရုတ်တရက် ပေါက်ကွဲလျက် မီးပွားများလွင့်ပျံ ကုန်ကာ ချက်ချင်း မီးငြိမ်းသွားခဲ့၏။   

“ မိန်းက​​လေးယွမ်ကို ကာကွယ်ပါ။ ”

ခန်းမတစ်ခုလုံး အမှောင်ကျသွား သောကြောင့် ဦးလေးဟောင်က အော်ဟစ် အမိန့်ပေးလိုက်သည်။

ထိုစဉ် ကူပင်တစ်ယောက် လေထဲ ကြွတက်သွား၏။

“ အား... ငါ့ကိုလွှတ် ...။ ”

အင်္ကျီစကို မြှောက်ကိုင်ခံလိုက်ရသကဲ့ ခံစားလာရသဖြင့် အလွန်ကြောက်လန့်သွားကာ ရုန်းကန် အော်ဟစ်လိုက်လေသည်။

“ မကြောက်နဲ့ ဆရာကူ ငါပါ ... ။ ”

စုရီအသံက နားထဲဝင်လာသဖြင့် သက်ပြင်းတစ်ချက်ချကာ ရုန်းကန်ခြင်းကို ရပ်လိုက်၏။

ထိုနောက် စုရီက သူ့ကို ရုပ်တုအနား ပြန်လည် ချပေးလိုက်သည်။ များမကြာခင် ခန်းမအတွင်းတိုက်ပွဲ ဖြစ်ပွားသံများ ကြားလာရတော့၏။

“ အား ... ။ “

“ ဒါ ... အလောင်းကပ်ပါး သန်ကောင်တွေ။ ” 

“ သတိထား ... ။ ”

လူတိုင်း ထိတ်လန့်တကြားနှင့် အော်ဟစ်လျက် အချင်းချင်း သတိပေးကြသည်။ စုရီက ငြိမ်သက်စွာ နားစွင့်နေသည်။

“ ရွှပ် ... ။ ”

မှိန်ပျပျ အလင်းရောင်နှင့်အတူ စုရီ၏ မရဏအစွယ် ထွက်ပေါ်လာ၏။ အလောင်း ကပ်ပါးပိုး ဆယ်ကောင်ခန့် အပိုင်းပိုင်း ပြတ်သွားသည်။

ထိုမြင်ကွင်းက ကူပိုင်ကို အလွန် ထိတ်လန့်သွားစေပြီး ချွေးသီးများ ဖုံးလွှမ်းလာ စေ၏။

“ ဝှစ် ... ။ ”

အလောင်းကောင် ကပ်ပါးပိုးများမှာ အဆုံးမရှိ ပျံသန်းလာနေသည်။ အန္တရာယ် ကျရောက်တော့မည်ကို သတိပြုမိချိန်တိုင်း စုရီက ဓားဖြင့် ထခုတ်တော့၏။

နာရီဝက် ကုန်လွန်ပြီးနောက် အဝေးထံမှ အရိုးပုလွေသံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံထွက်ပေါ်လာသည်နှင့် ကပ်ပါးပိုးများ ချက်ချင်း ပြန်လှည့်ကုန်၏။

“ မီးပြန်ဖို ... ။ ”

ဦးလေးဟောင် အသံက ခန်မအတွင်း ပဲ့တင်ထပ်လာပြီး မကြာခင် မီးအလင်းရောင် ပြန်လည် ထွက်ပေါ်လာသည်။

အလင်းရောင်အောက်တွင် အစောင့်တပ်သားများက မိန်းကလေးယွမ်ကို ဝန်းရံလျက် တံခါးဝထံ ကြည့်နေသည်။

ကြမ်းပြင်ပေါ်တွင် အနက်ရောင် ကပ်ပါပိုးကောင်များ ပျံ့ကျဲလျက် တံခါးဝ၌ လဲချသေဆုံးနေခဲ့သော အစောင့်နှစ်ယောက်၏ အလောင်းကိုလည်း မြင်လိုက်ရ၏။

မိန်းကလေးယွမ်တစ်ယောက် မျက်နှာ ဖြူဖျော့သွားသည်။ ဤကဲ့သို့ သွေးစွမ်းသော ဖြစ်ရပ်မျိုး သူမဘဝတွင် ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်၏။

“ မိန်းကလေးယွမ် ... ငါတို့လို လူတွေအတွက် သေခြင်းတရားဟာ ပုံမှန်ပါပဲ အရမ်းကြီး ဝမ်းနည်းမနေပါနဲ့ ...

... မိန်းကလေးအဖေက မင်းတကယ် ကြီးပြင်းလာတာကို မြင်ချင်လို့ ဒီခရီးကို စီစဉ် ပေးလိုက်တာ။ ”

ဦးလေးဟောင်မှ နှစ်သိမ့်လာသည့်တိုင် မိန်းကလေးယွမ်မှ တုန်လှုပ်နေဆဲ ဖြစ်ပြီး၊

“ လူထပ် သေဦးမှာလား။ ”

- မေးမြန်းလိုက်၏။

 ဦးလေးရုံမှ ခဏမျှ နှုတ်ဆိတ်နေပြီး၊

“ ဒီလိုမျိုး ထပ်မဖြစ်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်။ "

-ဟု ကတိပေးသည်။

“ ဟမ့် ... ။ ”

ထိုအချိန်တွင် စုရီက မျက်ခုံးပင့်ကာ ခန်းမအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ လျှပ်စီးများ အလက်တွင် လူတစ်ယောက် လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။

သည်းထန်စွာ ရွာသွန်းနေသော မိုးသက် လေပြင်းများသည် သူနှင့် မသက်ဆိုင်သကဲ့သို့ ပေါ့ပါးအေးဆေးလှ၏။

***

All Chapters