← Chapters

ဓား(၁၈)လက်။

Vol. 6 Ch. 66

ဓား(၁၈)လက်။

Vol. 6 Ch. 66

မြှားတံများ၏ လေခွင်းသံများသည် စူးရှဆူညံစွာ ထွက်ပေါ်လာသည်။ လူငယ်က မရှောင်တိမ်းချေ။

“ ဘောင်း ဘောင်း ဘောင်း ... ။ ”

ခေါက်ယပ်တောင်ကို အဆက်မပြတ် ဝှေ့ယမ်းလျက် မြှားတံများအပေါ်လမ်းကြောင်း ပြောင်းစေခဲ့သည်။ မြှားတံများက လေထု အလယ် ပေါက်ကွဲကုန်၏။

ဤမြင်ကွင်းသည် မိန်းကလေးယွမ်ကို ထိတ်လန့်သွားစေသည်။ တစ်စုံတစ်ယောက်မှ (Crossbow)များကို ဤသို့ အလွယ်တကူ ‌ဖယ်ရှားရှောင်တိမ်း နိုင်သည်ကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ပေပင်။

တစ်ဖက်တွင် အစောင့်များမှာ အံ့ဩသွားသော်လည်း ကောင်းစွာ လေ့ကျင့် ထားသောကြောင့် ထပ်မံ ပစ်ခတ်​ရန် မမေ့ခဲ့ချေ။

“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”

မြှားတံများသည် လူငယ်အပေါ် ထိမှန်ခြင်းမရှိသော်လည်း အဟုန်ကို များစွာ လျော့ကျသွားစေသည်။

“ ရွှီး ... ။ ”

“ ဝီး ... ဝီး ... ။ ”

ထို့ကြောင့် လူငယ်က စူးရှသော လေချွန်သံပြုလိုက်သည်။ ကောင်းကင်ကြီး ချက်ချင်း မည်းမှောင်ကျလာပြီး အလောင်း ကပ်ပါးပိုးများ ပြေးဝင်လာတော့၏။

၎င်းတို့၏ ဦးတည်ရာသည် မိန်းကလေးယွမ်ထံ ဖြစ်လေသည်။ ထို့ကြောင့် အစောင့်များခမျာ (crossbow)များ ပစ်ချကာ အနီးကပ်တိုက်ပွဲကို ဆင်နွှဲလိုက်ရ၏။

“ သေ လိုက်‌ တော့ ... ။ ”

ထိုအချိန်တွင် ဦးလေးဟောင်က လူငယ်အနား ရောက်လာပြီး ကောင်းကင်နှင်း ဓားမော့ဖြင့် ခုတ်ပိုင်းချလိုက်သည်။

လူငယ်ခမျာ မိန်းကလေးယွမ်ထံ ဆက်မသွားနိုင်တော့ဘဲ မျက်မှောင်ကြုတ်လျက် တစ္ဆေများကို ပြန်လည်ခေါ်ထုတ်၏။

ဤတစ်ကြိမ်တွင် တစ္ဆေများမှာ ခြောက်ကောင်သာ ထွက်ပေါ်လာနိုင်သည်။ ၎င်းတို့က ဦးလေးဟောင်ထံ ဝိုင်းရံလိုက်၏။

“ ကောင်းပြီ ... သေချင်နေတဲ့အတွက် မင်းကိုငါ ခွင့်ပြုလိုက်မယ် ဒါပေမယ့် ဒီလောက် သန်မာတဲ့ ခန္ဓာကိုယ်ကို ဖြုန်းတီးရမှာ နှမျောစရာပဲ။ ”

လူငယ်က ဒေါသဖြင့် ခေါင်းငဲ့ရှောင်ကာ ပြောကြားတော့၏။ ကောင်းကင်နှင်းဓားကြောင့် သူနှင့် ဆင့်ခေါ်ထားသော တစ္ဆေလေးကောင်မှာ သတိကြီးစွာထားနေရသည်။

တစ်ဖက်တွင် အလောင်းကောင် ကပ်ပါးပိုးများ ဝိုင်းရံခံနေရသော အစောင့်များထံ ကြည့်ကာ ဦးလေးဟောင်က မိန်းကလေးယွမ် အတွက် စိုးရိမ်သွားသည်။

လက်ရှိအချိန်၌ ရွံစရာ ကပ်ပါးပိုးများကို အစောင့်များက ပိတ်ဆို့ပေးထားနိုင်သော်လည်း အလွန်အန္တရာယ်များကြောင်း မြင်သာ၏။

ပြိုင်ဘက်သည် ကြောက်စရာ ကောင်းလွန်းပြီး စွမ်းအားသည် မဟာသခင် တစ်ပါးနှင့် ညီမျှချေပြီ။

ကောင်းကင်နှင်း ဓားမော့ကြောင့်သာ မဟုတ်က သူသည်ပင် ဤမျှ ရှင်သန်နိုင်မည် မဟုတ်ချေ။

( ငါတို့ ဒီမှာပဲ သေရတော့မှာလား။)

ဦလေးဟောင် တစ်ယောက် ခါးသီးစွာ ခေါင်းရမ်းလိုက်သည်။ ချီသန့်စင်ခြင်း အဆင့်ဖြင့် တစ္ဆေမိခင်တောင်တန်းသို့ ဝင်လာမိသည်မှာ သူ့ကိုယ်သူ အထင်ကြီးရာ ရောက်မိ၏။

ယခုမူ တောင်တန်းအစပ်၌ပင် ဤမျှ ကြောက်စရာကောင်းသည့် ရန်သူကို ရင်ဆိုင် နေရချေပြီ။

“ ဝူး ... ဝူး ... ဝူး ...။ ”

“ ရွှပ် ... ။ ”

“ အား ... ။ ”

အတွေးများနေစဉ် တစ္ဆေများ လက်သည်းဖြင့် အကုပ်ခံလိုက်ရ၏။ ဒဏ်ရာမှ အနက်ရောင် အခိုးအငွေ့များ ထွက်လာပြီး ချက်ချင်း မည်းပုပ်သွားသည်။

 ထိုမြင်ကွင်းက မိန်းကလေးယွမ်ကို မောက်မာမှုများ ပျောက်ကွယ်လျက် မျက်နှာ ဖြူဖျော့သွားစေသည်။

သူမသည် အသက် (၁၆)နှစ်သာ ရှိသော မိန်းကလေးတစ်ဦးမျှသာ ဖြစ်ပြီး ဤသို့ ဘဝနှင့် သေခြင်း တိုက်ပွဲမျိုး မကြုံဖူးချေ။

ဤခရီးသည် ဖခင်အတွက် မွေးနေ့ လက်ဆောင်အဖြစ် မှော်ဆေးတစ်မျိုး ရယူရန် ရောက်ရှိလာခြင်း ဖြစ်၏။

ဤမျှ အန္တရာယ်များမှန်း သိခဲ့သော် စျေးကွက်အတွင်းမှ ထိပ်တန်း ဆေးဘက်ဝင် အပင်များသာ ဝယ်ပေးမိပေမည်။

ထိုစဉ် စုရီက သက်ပြင်းချကာ တိုက်ပွဲထံသို့လျှောက်လှမ်းသွားသည်။ ကူပိုင်မှ စိုးရိမ်သွားပြီး၊

“ သမက်စု ... မင်းဘာလုပ်မလို့လဲ။ ”

-ဟု တုန်ရင်စွာ မေးမြန်းလိုက်၏။

လက်ရှိအချိန်၌ တစ်ဖက်လူသည် သူတို့ နှစ်ဦးထံ အာရုံမရောက်သေးချေ။ စုရီသည်သာ ဝင်ရောက် စွက်ဖက်ပါက ရလာဒ်ပြောင်းသွား ပေမည်။

“ ငါ့သားကောင်ကို တွေ့ပြီ။ ”

စုရီက ပြန်ဖြေပြီး ဆက်သွားသည်။ အလောင်းကောင်ကပ်ပါးပိုးများမှာ သူ့အနားမှ ကြောက်လန့်တကြား ရှောင်ကွင်းကုန်၏။

ထိုအချိန်တွင် ဦးလေးဟောင်ခမျာ အလွန်အန္တရာယ်များသော အခြေအနေသို့ စိုက်ရောက်နေပြီ ဖြစ်သည်။

တစ္ဆေလေးကောင်လုံးကို သတ်နိုင် သော်လည်း ၎င်းတို့၏ လက်သည်းကုပ်ချက်များ ထိမှန်ကာ အရေပြားများ ပျက်စီးကုန်သည်။

အထူးသဖြင့် ဤထူးဆန်းသော လူငယ်၏တိုက်ခိုက်မှုများသည် သူ့ကို ဒဏ်ရာ ပြင်းထန်စွာ ပေးချေ၏။

၎င်း၏ ခွန်အားသည် သူ့ထက်များစွာ သန်မာလှသဖြင့် ကြောင်မှ ကြွက်ကို ကစားနေ သကဲ့သို့ လှောင်ပြုံးဖြင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဤအချင်းအရာက ဦးလေးဟောင်ကို သက်ပြင်းချမိစေ၏။ ရန်သူ၏ ကျင့်ကြံမှုနှင့် မူလကို ယခုအချိန်ထိ မမြင်နိုင်သေးချေ။

“ မေ့လိုက်ပါ ... မိန်းကလေးယွမ် အသက်ရှင်လျက် လွတ်မြောက်ဖို့ပဲ အာရုံစိုက် ရမယ်။ ”

ဆုံးဖြတ်ချက် ချပြီးသည်နှင့် ခန္ဓာကိုယ်အတွင်း သွေးများ ပွက်ပွက်ဆူစေကာ ခွန်အားကို ထပ်မံမြှင့်တင်လိုက်၏။ သို့တိုင် လူငယ်မှ ပြုံးလျက်၊

“ ဒါ ... မင်းရဲ့ ကန့်သတ်ချက်လား။ ”

-ဟုမေးမြန်းလာသည်။

ထို့နောက် ၎င်းက ခေါက်ယပ်​တောင်ကို လှုပ်ခါလျက် ယင်စွမ်းအင်များ ထုတ်လွှတ်လိုက် တော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရေခဲ ကမ္ဘာအဖြစ်ပြောင်းသွား၏။

“ ခရစ် ... ။ ”

ဤသည်မှာ ယင်ခြောက်ပါး အမှောင် ရောင်ဝါ ဖြစ်သည်။ နက်ရှိုင်းသော မြစ်​ပြင်ရှိ ရေနေသတ္တဝါများကိုပင် ချက်ချင်း အေးခဲစေနိုင်၏။

သာမန်သေမျိုးတစ်ယောက်အတွက် ရောင်ဝါနှင့် ထိတွေ့သော် ရေခဲပန်းပုရုပ်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

ဦးလေးဟောင်သည်လည်း ချွင်းချက် မရှိခဲ့ချေ။ သွေးလည်ပတ်မှု အနှောက်အယှက် ဖြစ်လာပြီး သူ့လက်၌ ရေခဲလွှာများ ပေါ်လာ၏။

“ ဦးလေးဟောင်။ ”

ဤမြင်ကွင်းက မိန်းကလေးယွမ်ကို ထိတ်လန့်သွားစေသည်။ ဦးလေးဟောင်သည် ကောင်းကင်နှင်းကို ထိုးသွင်းလျက်ဖြင့် အေးခဲနေပြီ ဖြစ်၏။

“ မင်းလို ... ယင်ခြောက်ပါး အလောင်းကောင်က လူတစ်ယောက် အရေခွံကို ယူသုံးလိမ့်မယ်လို့ ငါ တကယ်မထင်ထားဘူး။ ”

ထိုစဉ် စုရီက ရုတ်တရက် အနား ရောက်လာသည်။ ဦးလေးဟောင်မှ မျက်ခုံးပင့် ကြည့်သည်။

ဤကလေး သေချင်နေသည်လော။ အော်ဟစ်မောင်းထုတ်လိုသော်လည်း စကား ပြော၍ မရတော့ချေ။ မျက်လုံးနှင့် နှာခေါင်းမှ လွဲပြီး အေးခဲနေပြီဖြစ်၏။

“ အခု ... မင်းရဲ့ ယင်ခြောက်ပါး အမှောင်ရောင်ဝါက ကန့်သတ်ချက်ရောက်နေပြီ မဟုတ်လား ... ကြည့်ရတာ အမှောင်စွမ်းအင်ကို မင်းအကုန် သန့်စင်နိုင်သေးပုံ မရဘူး။ ”

ရုတ်တရက် ဝင်ရောက်လာသော စုရီအသွင်ကြောင့် လူငယ်မှအံ့သြပြီး ချက်ချင်း နောက်ဆုတ်ကာ ပြန်ကြည့်၏။

“ မင်းဘယ်သူလဲ။ ”

“ ဟမ့် ... ငါဘယ်သူလဲဆိုတာ ... မင်းသိဖို့အတွက် မထိုက်တန်သေးဘူး ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ် ... ဒူးထောက်ပြီး ကရုဏာကို တောင်းခံပါ။ ”

“ ဟမ့် ... သွေးသန့်စင်ခြင်း အဆင့်က ပုရွက်ဆိတ်က ငါ့ကို ဒူးထောက် စေချင်တာလား ... ဟာသပဲ။ ”

စုရီသည် သွေးသန့်စင်ခြင်းအဆင့်၌သာ ရှိသဖြင့် လူငယ်က လှောင်ပြုံးဖြင့် ပြန်လည် ပြောကြားလာသည်။

စုရီက ခေါင်းယမ်းပြီး သက်ပြင်းချ လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပေပင်။ ဤသို့သော မကောင်းဆိုးရွားများသည် ပိုင်းခြား သိမြင်နိုင်စွမ်း မရှိကြချေ။

“ ထွက်လာခဲ့ ... ။ ”

တုံ့ဆိုင်းမနေတော့ဘဲ လက်ဝှေ့ယမ်းလျက် အစိမ်းရောင် ဓားမြှောင်(၁၈)လက်ကို ဆင့်ခေါ် လိုက်သည်။

အနီးကပ်ကြည့်သော် ဓားသည် ကျောက်စိမ်းဝါးများ ဖြစ်ပြီး မျက်နှာပြင်တွင် သင်္ကေတအချို့ ရေးထွင်းထားသည်ကို မြင်နိုင်ပေမည်။

၎င်းတို့အားလုံးက လေထဲပျံဝဲလျက် အလင်းရောင်များ ထတောက်ကာ အစိမ်းရောင် ဓားတစ်လက်အဖြစ် ပေါင်းစပ်သွားသည်။

ထိုအလင်းရောင်သည် နေမင်းငယ် တစ်စင်းကဲ့သို့ တောက်ပကာ မိုးညကို ချက်ချင်း လင်းထိန်သွားစေ၏။

စုရီက လက်ဖြန့်လိုက်ရာ ထိုအစိမ်းရောင်ဓားအလင်းက သူ့လက်ထဲ ပြုတ်ကျလာတော့သည်။

***

All Chapters