← Chapters

လမ်းပြပါ။

Vol. 6 Ch. 69

လမ်းပြပါ။

Vol. 6 Ch. 69

ပျက်စီးနေသော ဘုရားကျောင်း အပြင်ဘက်တွင် ညသည် မည်းမှောင်နေပြီး အဝေးမှ သားရဲများ၏ ညည်းတွားသံများ ပျံ့လွင့်နေ၏။

မီးပုံသည် ခန်းမအလယ် တောက်လောင်နေပြီး စုရီမှ မဖြေသော်လည်း မိန်းကလေးယွမ်မှ နားလည်လိုက်သည်။

ထိုစဉ်က သူမဖခင်သည် ဆရာစု၏ အကြောင်းကို အဖိုးရှောင်ထံ မေးမြန်းလိုက် သော်လည်း ပြန်မဖြေခဲ့ချေ။

အတွေးများဖြင့် တုန်လှုပ်လာပြီး ပညာရှင်များသည် ဝါကြွားခြင်း မရှိဟူသော အဓိပ္ပါယ်ကို နားလည်လာမိ၏။

ရုတ်တရတ် ထရပ်ကာ ခါးညွှတ်ပြီး လက်ချောင်းများ အချင်းချင်း ယှက်ကိုင်လျက်၊

“ တာအိုသခင် ... ငါမင်းကို စောစောက အပြစ်မြင်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

ဤမြင်ကွင်းကြောင့် ချောင်ဝူဟောင်နှင့် အစောင့်တပ်သားများက အံ့အားသင့်စွာ မော့ကြည့် လိုက်မိ၏။

( ဟမ့် ... ဒါကတောင်းပန်တာပဲ မဟုတ်ဘူးလား ... ငါ့ကို ကြည့်နေရအောင် ဘာများ ထူးဆန်းလို့လဲ။ )

မိန်းကလေးယွမ်က ၎င်းတို့၏ အကြည့်ကြောင့် စိတ်မသက်မသာ ဖြစ်လာကာ စိတ်ထဲမှ အော်ဟစ်လိုက်သည်။

“ ထိုင်ပါ... ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ”

“ ကျေးဇူးတင်ပါတယ် တာအိုသခင်။ ”

မိန်းကလေးယွမ်မှ ဝမ်းသာသွား၏။ တစ်ဖက်တွင် ချောင်ဝူဟောင်က ပြုံးရွှင်စွာဖြင့်၊

“ မိန်းကလေးယွမ်... ဒီနေ့ မင်းဘယ်လို ပြောင်းလဲသွားတယ်ဆိုတာ ခေါင်းဆောင်ယွမ် သိခဲ့ရင် ဝမ်းမြောက်သွားမှာ သေချာပါတယ်။ ”

-ဟု မှတ်ချက်ပေးသည်။

လူငယ်တစ်ယောက် ကြီးပြင်းလာရန် လေဒဏ်မိုးဒဏ်များကို ဖြတ်ကျော် ရပေမည်။ အစောင့်များမှလည်း ခေါင်းညိတ်ကာ သဘောတူကြောင်း ပြသလာသည်။

“ ဦးလေးဟောင် ငါတို့ ယင်ခြောက်ပါးမြက်ကို ရှာဖို့ ခရီးဆက်ရအောင်။ ”

မိန်းကလေးယွမ်တစ်ယောက် ရှက်ရွံ့သောအသွင်ဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။

“ မင်းတို့ ဘာအတွက် လိုတာလဲ ငါ့မှာရှိတယ်။ ”

“ အိုး ... တာအိုသခင် ဒါဆို ငါတို့ကို ရောင်းဖို့ ဆန္ဒရှိပါသလား။ ”

ဦးလေးဟောင်နှင့်အဖွဲ့က စုရီအဖြေကို ရင်တထိတ်ထိတ်ဖြင့် စောင့်မျှော်လိုက်မိသည်။

“ လောလောဆယ် ... ငါ့အတွက်လည်း အသုံးမဝင်သေးပါဘူး အဆင့်တစ် ဝိညာဉ်ဆေးလုံး သုံးဆယ်နဲ့ လဲလှယ်ချင်ရင် ... ဒီယင်ခြောက်ပါး မြက်ကို မင်းယူလို့ရတယ်။ ”

“ မဟုတ်ဘူး ... ငါဆယ်ပေးမယ် ... တာအိုသခင် ငါသဘောတူတယ်။ ”

မိန်းကလေးယွမ်က ချက်ချင်း သဘောတူ လိုက်လေသည်။ စုရီတစ်ယောက် စကားပြန်၍ ပြင်ဆင်သွားမည်ကို သူမ စိုးရိမ်နေ၏။

“ အဟမ်း ... အဟမ်း၊ မိန်းကလေးယွမ် သတိထားပါ တာအိုသခင်က မင်းပိုပေးနေတဲ့ အရေအတွက်လောက်ကို ဂရုစိုက်မယ် ထင်နေလား။ ”

“ တောင်းပန်ပါတယ် တာအိုသခင် ငါသုံးဆယ်ပဲပေးပါမယ် ငါ့စကားကို အလေး အနက် မထားပါနဲ့။ ”

( ငါဂရုမစိုက်ဘူး ဘယ်သူပြောလဲ။)

ဦးလေးဟောင်မှ ချောင်းဟန့်ကာ သတိပေးသဖြင့် မိန်းကလေးယွမ်မှ စိုးရိမ်တကြီး တောင်းပန်ကာ ပြင်ပြောလိုက်တော့၏။

ထိုစကားကြောင့် စုရီက စိတ်ထဲမှ ညည်းတွားမိသည်။ ယင်းနောက် စကားမဆို တော့ဘဲ ကျောက်စိမ်းဆွဲသီးမှ ယင်ခြောက်ပါး မြက်ကို ထုတ်ယူပေးလိုက်၏။

“ မဟာသခင်တွေဟာ ကျောက်ကပ် သန့်စင်ဖို့အတွက် ... ဒီဝိညာဉ်ရေးဆေးပင်ကို သုံးနိုင်ပေမယ့် သတိထားပြီး သုံးပါ ...

... ဖြည့်စွက်စာအဖြစ် မြင့်မြတ်သော ယန်ဆေးဝါးကို သုံးစွဲနိုင်ရင် အကောင်းဆုံးပဲ၊ မဟုတ်ရင် ဒီဆေးပင်ဟာ အဆိပ် ဖြစ်လာပြီး အခြေခံအုတ်မြစ်ကို ထိခိုက်စေလိမ့်မယ်။ ”

အင်္ဂါငါးပါးသည် နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်တို့ ဖြစ်သည်။ ၎င်းတို့သည် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးသဘာဝကို ပိုင်ဆိုင်၏။

ယင်ခြောက်ပါးမြက်သည် တတိယတန်း ဝိညာဉ်ရေးဆေးပင်ဖြစ်ကာ ကျောက်ကပ်ကို သန့်စင်ရာ၌ အံ့ဖွယ်ထိရောက်မှုရှိသည်။

“ ကျေးဇူးတင်ပါတယ် တာအိုသခင်။ ”

မိန်းကလေးယွမ်မှ ကျေးဇူးတင် စကားဆိုလိုက်၏။ စကားဝိုင်းကို နားထောင် နေသော ဦးလေးဟောင်နှင့် အစောင့်များမှာ အံ့အားသင့်သွားကြသည်။

ဤသည်မှာ မဟာသခင်တစ်ဦးအပေါ် လမ်းညွှန်​ပေးခြင်းမည်၏။ ထိုအရာကို တွေးမိရုံ မျှဖြင့် လူတိုင်းတုန်ယင်လာတော့သည်။

မိန်းကလေးယွမ်မှ ထိုအချင်းအရာများအပေါ် သတိမထားမိဘဲ၊

“ ဦးလေးဟောင် ... မင်းမှာ ဆေးပုလင်းတွေပါလား။ ”

-ဟု လှည့်မေး၏။

“ ငါ့မှာ ဆယ့်ခုနစ်လုံးပဲ ရှိတယ် ... ပထမတန်းက တစ်ဆယ့်နှစ်လုံး ကျန်ငါးလုံးက ဒုတိယတန်းပါ။ ”

ဦးလေးဟောင်စကားကြောင့် စုရီတစ်ယောက် ငိုချင်သွားသည်။ ယွမ်မိသားစု ကဲ့သို့ မျိုးနွယ်စုသည် ကွမ်လင်ရှိ မဟာမိသားစု များထက် ချမ်းသာကြွယ်ဝသည်ကို သူ သတိလွတ်သွား၏။

အစောင့်တစ်ဦးသည်ပင် နှစ်များတစ်လျှောက် စုဆောင်းထားသော ဝမ်မိသားစု၏ ချမ်းသာကြွယ်ဝမှုနီးပါး ပိုင်ဆိုင်နေချေပြီ။

“ တာအိုသခင် မင်းတောင်းဆိုထားတဲ့ အဆင့်တစ်ဆေးလုံး သုံးဆယ်မှာ ဒုတိယတန်း ဆေးတွေနဲ့အစားထိုးလို့ရမလား။ ”

စုရီ ခေါင်းညိတ်လိုက်သည်။ သို့မှသာ မိန်းကလေးယွမ်က စိတ်သက်သာရာရပြီး သက်ပြင်းချတော့၏။

တန်ဖိုးအရ၊ အဆင့်နှစ် ဝိညာဉ်ရေးဆေးများသည် အဆင့်တစ်ဆေး များထက် များစွာ သာလွန်သည်။

စုရီသည်လည်း မဟာသခင်အဆင့် ရောက်ရန် အလှမ်းဝေးနေသေးသောကြောင့် ယင်ခြောက်ပါးမြက်ကို မလိုအပ်သေးချေ။

“ တာအိုသခင် ငါတို့ မနက်ဖြန် ပြန်မလို့စီစဉ်ထားတယ် ... မင်းရော ငါတို့နဲ့ အတူ ပြန်လိုက်မလား။ ”

အချိန်အတော်ကြာပြီးနောက် ချောင်ဝူဟောင်က မေးသည်။ သူမေးလိုက်စဉ် စုရီက ထရပ်ကာ၊

“ ငါ သွားစရာ ရှိသေးတယ် ... ဆရာကူ မင်းသူတို့နဲ့အတူ ဒီမှာနေခဲ့ပါ မနက်လင်းလို့မှ ငါပြန်မလာရင် သူတို့နဲ့ ပြန်သွားနိုင်တယ်။ ”

-ဟု မှာကြားပြီး ဝါးတောင်ဝှေးကိုင်လျက် ခန်းမထဲမှ ထွက်ခွာလာခဲ့သည်။ ပတ်ဝန်းကျင် တစ်ခုလုံး မည်းမှောင်နေကာ တောင်တန်း တစ်လျှောက် မြူခိုးများဝေနေ၏။

ဘုံကျောင်းနှင့် ဝေးရာသို့ ရောက်သောအခါတွင် ချင်းဝမ်ကို ခေါ်ထုတ် လိုက်သည်။

ဘူးသီးခြောက် အတွင်းမှ အဖြူရောင် အငွေ့များထွက်လာပြီး အနီရောင်ဝတ်စုံဖြင့် ငယ်ရွယ်နုပျိုသော မိန်းကလေးတစ်ယောက် ပေါ်လာ၏။

သတ်ဖြတ်ခြင်း ဆယ်ပါး သုတ္တန်ကို ကျင့်ကြံပြီးနောက် ချင်းဝမ်၏ အသွင်အပြင်တွင် အပြောင်းအလဲများ သိသာထင်ရှားလာသည်။

ခန္ဓာကိုယ် ကောက်ကြောင်းမှာ ပို၍ ပြတ်ထင်လာပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင် တောက်ပြောင်နေ၏။

ဖီးနစ်မျက်ဝန်းတစ်စုံတွင် ဝိညာဉ်စွမ်းအင်အရိပ်အယောင် ပေါ်နေသည်။ စုရီက ကျေနပ်စွာ ခေါင်းညိတ်ပြ၏။

ချင်းဝမ်သည် အရည်အချင်းနှင့် နားလည်နိုင်စွမ်း မြင့်မားသော ယင်ဝိညာဉ် ဖြစ်သည်။

အနာဂါတ်တွင် မည်မျှအထိ သွားနိုင် လိမ့်မည်ကို သိချင်မိ၏။ စုရွှမ်ကြွယ် ဘဝတွင် အလှတရားများကို မြင်ခဲ့ဖူးသည်။

ထို့ကြောင့် ဤတစ္ဆေမချင်းဝမ်သည် လှပသောတစ္ဆေတစ်ကောင် ဖြစ်သော်လည်း သူ့အမြင်၌ သာမန်ဖြစ်သည်။

ချင်းဝမ်က မျက်လုံးရွဲကြီးများဖြင့် တောအုပ်အတွင်း လှည့်ပတ်ကြည့်ရှုကာ၊

“ တာအိုသခင် ... ဒါလူတွေ ... ပြောပြောနေတဲ့ အရမ်းကြောက်စရာကောင်းတဲ့ တစ္ဆေမိခင်တောင်တန်း မဟုတ်လား။ ”

“ ဟမ့် ... လူတွေအတွက် ကြောက်စရာကောင်းတာ မှန်ပါတယ် ဒါဆို မင်းက လူလား ... တစ္ဆေလား ... ။

စုရီ၏ ထောက်ပြမှုကြောင့် ချင်းဝမ်မှ ရှက်ရွံ့သွားလေသည်။ ဤမျှ နူးညံ့သိမ်မွေ့သော ယင်တစ္ဆေတစ်ကောင်ကို မမြင်ဖူးသဖြင့် စုရီက သက်ပြင်းချလိုက်၏။

“ ကောင်းပြီ ... မင်းရဲ့ တစ္ဆေအာရုံနဲ့ ယင်စွမ်းအင်သိပ်သည်းတဲ့ နေရာကို ရှာပေးပါ။ ”

စုရီသည် အလောင်းကောင်ပေါ်တွင် ယင်ဝိညာဉ်သွေးပြန်ကြောကို ရှာမတွေ့သဖြင့် ကိုယ်တိုင်လိုက်ရှာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ချင်းဝမ်က နာခံမှုရှိစွာ မျက်လုံးများ ချက်ချင်းမှိတ်လျက် လေထဲလွင့်မျောသွားကာ စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။

မြေပြင်မှ ခန္ဓာကိုယ် ကြွတက်သွားပြီး လက်နှစ်ဖက်ဆန့်ထုတ်လျက် ခြေဖျားထောက် ထားသော သူမအသွင်သည် ပန်းချီကားကဲ့သို့ စွဲမက်ဖွယ် ကောင်းလှသည်။

“ ဒီမှာလား ... ။ ”

ခဏအကြာတွင် ချင်ဝမ်၏ မျက်လုံးများ ပွင့်လာပြီး အဝေးရှိ အမှောင်ထဲသို့ လှည့်ကြည့် လိုက်တော့၏။

“ တာအိုသခင် ... ငါတို့ရဲ့ အနောက်မြောက်ဘက်မှာ မကောင်းဆိုးရွား ယင်စွမ်းအင်တွေ ဒီနေရာထက် ပိုစုဝေးနေတာတွေ့တယ်။ ”

“ အနောက်မြောက်ဘက်လား။ ”

စုရီက တွေဝေသွားသည်။ ကူပိုင်၏စကားများအရ ထိုအရပ်မျက်နှာတွင် မက်မွန်ဥယျာဉ်ရှိ၏။ စိတ်ဝင်စားစရာ ပေပင်။

“ ငါ့ကို လမ်းပြပါ။ ”

***

All Chapters