← Chapters

တာအိုစနစ် ကောင်းကင်နတ်အရှင်

Vol. 106 Ch. 1393

တာအိုစနစ် ကောင်းကင်နတ်အရှင်

Vol. 106 Ch. 1393

အပြင်မီးအလွှာများ လွင့်ပျယ်သွားသည်နှင့် ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်တွင် အပေါက်များ ဗလပွဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ တာအိုမီးလျှံတို့က ဒဏ်ရာများမှ ထိုးထွက်လာတော့သည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ အမြင်တွင် သူ့မှာ ၃၅ ခုမြောက် ဟင်းလင်းပြင်သို့ ရောက်နေသော်လည်း အခြားသူများ၏ အမြင်တွင်တော့ နဂါးသွဲ့ရေကန်၏ ဒုတိယမြောက် ကောင်းကင်နတ်ဘုံ၌သာ ရပ်နေဆဲဖြစ်သည်။

ခိုင်ဧကရာဇ်က ဓားကို မြှောက်လိုက်သည့်အခါ ဓားရောင်သည် ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုမီးလျှံကိုးလွှာ ဘိုးဘေးနယ်မြေအား ဖောက်ထွက်သွားပြီးနောက် ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့သည်။

ရွှင်ပျော်ပျော်ဓားကား အလွန်တရာ မြန်ဆန်လှသဖြင့် ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရာနှင့်ချီ၍ ပေါ်လာ၏။

“ဒါက တာအိုစနစ် ရဲ့ ၃၅ ဘုံမြောက် ကောင်းကင်ဘုံပဲ”

နတ်အရှင်မချန်း၏ မျက်လုံးများထဲတွင် အသက်အဖြတ်စိတ်ဆန္ဒ ပေါ်လွင်လာသည်။ ယခင်က မဟာဧကရာဇ်သည် အမြင့်ဆုံးသော အောင်မြင်မှုအဖြစ် ၃၅ခုမြောက် ဟင်းလင်းပြင်၌ သူ၏အသိစိတ်အလျဉ်ကို ခတ်နှိပ်နိုင်ခဲ့၏။ သို့သော် အင်အားကြီးမားသော အသိစိတ်အလျဉ်နှင့် တာအိုကျင့်စဉ်စနစ်အပေါ် သိမြင်နားလည်မှုများကို အသုံးချခဲ့ရသည်။ ခိုင်ဧကရာဇ်လောက် မနှံ့စပ်ခဲ့ပေ။

“သူ့ကို ၃၅ ဘုံမြောက် ကောင်းကင်ဘုံအဆင့်သာ ၀င်ခွင့်ပေးလိုက်ရင် မဟာခြုံလွှမ်းအသိစိတ်အလျဉ်ကောင်းကင်ဘုံက သူနဲ့ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”

နတ်အရှင်မချန်းမှာ သတ်ဖြတ်လိုစိတ်အား ထိန်းချုပ်မရနိုင်တော့ပေ။ “ချင်ယဲ့ကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး… မဟုတ်ရင် သူ ၃၅ ဘုံမြောက် ကောင်းကင်ဘုံအဆင့် ရောက်သွားတာနဲ့ ငါ့ရဲ့မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံကို ဖျက်ဆီးပြီး ငါ့တာအိုသစ်သီးကို ခိုးယူလိမ့်မယ်”

ကောင်းကင်နန်းဆောင်များသည် ကောင်းကင်နတ်အရှင်ဟွေ့၏ ဦးခေါင်းနောက်မှ ထွက်ပေါ်လာကာ မဟာကောင်းကင်နတ်ဘုံအဖြစ် ဖွဲ့တည်လိုက်၏။ သူကား ကွယ်၀ှက်မနေတော့ဘဲ သူ၏ကောင်းကင်နန်းဆောင်အားလုံးနှင့် ကောင်းကင်နတ်ဘုံအဆင့်အား တစ်ခါတည်း ထုတ်ဖော်လိုက်ချေပြီ။

သူ့တွင် ကောင်းကင်နန်းဆောင် ၃၃ ဆောင် ရှိနေရာ သူ၏သိုင်းအခြေခံအား တဖန် မြင့်တက်သွားစေပြန်သည်။ မှော်စွမ်းအင်အရမူ လက်ရှိမှော်စွမ်းအင်ဖြင့်ပင် ကောင်းကင်နတ်အရှင်ဟောင်ထက် သာလွန်နေပြီဖြစ်၏။

ကောင်းကင်နတ်အရှင်ဟောင်က မျက်ခုံးပင့်လိုက်သည်။ “မင်းရဲ့ သိုင်းအခြေခံက မြန်သားပဲ… ခွန်အားရဲ့ တစ်ပုံနှစ်ပုံလောက် ဖုံးကွယ်ထားမယ် ထင်ထားခဲ့ပေမယ့် ဒီလောက်အများကြီး ကွယ်ဝှက်ထားလိမ့်မယ် ထင်မထားခဲ့ဘူး…. အဲဒီလောက် ဖုံးကွယ်ထားပြီး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ကောင်းကင်နတ်အရှင်ဟွေ့မှာ အစွမ်းထက်သော်လည်း ကောင်းကင်နတ်အရှင်‌ဟောင်၏ မျက်လုံးထဲတွင်တော့ ဘောင်မဝင်သေးချေ။ ကောင်းကင်နတ်အရှင်ဟွေ့၏ ခွန်အားသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိရန် များစွာလိုအပ်နေသေး၏။

ကျန်ကောင်းကင်နတ်အရှင်များမှာမူ ကောင်းကင်နတ်အရှင်ဟွေ့၏ ကောင်းကင်နန်းဆောင်တို့အား မြင်လိုက်ကြရသည့်အခါတွင် မျက်ခုံးများပင့်၍ ပြုံးလိုက်ကြသည်။

ကောင်းကင်နတ်အရှင်ဟွေ့ ၏ သိုင်းအခြေခံသည် သိသိသာသာ တိုးတက်လာသည့်အလျောက် ၃၅ ဘုံမြောက် ဓားတာအိုကောင်းကင်နတ်ဘုံအား ထိပ်တိုက်ရင်ဆိုင်နိုင်၏။ သို့သော် ခိုင်ဧကရာဇ်၏ ဓားနယ်ပယ်မှာ မည်သည့်အရာကိုမဆို အနိုင်ယူနိုင်သဖြင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာများ ပေါ်လာပြန်သည်။

သူ၏ ကောင်းကင်နတ်ဘုံပင်လျှင် မည်သည့်နေရာကမှန်းမသိ ပေါ်ထွက်လာသော ဓားရောင်များကြောင့် ပြိုလဲသွားတော့သည်။

ကောင်းကင်နတ်အရှင်ဟွေ့သည် ၃၅ ခုမြောက် ဟင်းလင်းပြင်ထဲတွင် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် လမ်းလျှောက်နေလေသည်။ သူကား လျှပ်စီးအလား မြန်ဆန်နေ၍ ခဏအတွင်း မိုင်ထောင်ပေါင်းများစွာ အကွာအဝေးသို့ ရောက်ရှိသွားနိုင်၏။ သို့သော် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ဓားနယ်ပယ်ထဲမှ ထွက်ခွာမသွားနိုင်သေးချေ။

တာအိုအဆင့်၏ ၃၅ ဘုံမြောက် ကောင်းကင်ဘုံမှာ အလွန်နားလည်ရ ခက်ခဲနေချေပြီ။ သူကဲ့သို့ ကောင်းကင်နတ်အရှင်တစ်ပါးပင်လျှင် ၎င်း၏ ကျယ်ပြောနက်နဲမှုများအပေါ် သိမြင်နားလည်နိုင်စွမ်း မရှိချေ။

သူသည် ပြေးရင်း အချိန်တိုအတွင်း မိုင်သန်းပေါင်းများစွာ အကွာအဝေးသို့ ရောက်ရှိလာခဲ့၏။ သို့သော် ဓားတာအိုကား နေရာတိုင်းတွင် ရှိနေသည့်အလား သူ့အား အဆက်မပြတ် ဒဏ်ရာရနေစေတော့သည်။ သို့သော် တခြားသူများ၏ မျက်လုံးထဲတွင်တော့ ကောင်းကင်နတ်အရှင်ဟွေ့သည် တစ်နေရာတည်းတွင် ပျံသန်းနေပြီး အမျိုးမျိုးသော ကောင်းကင်နတ်သိုင်းများကို ထုတ်လွှတ်နေချေသည်။ သူ့မှာ ခိုင်ဧကရာဇ်၏ ရွှင်ပျော်ပျော်ဓားကို ခံနိုင်ရည်မရှိဘဲ ဒဏ်ရာများသာ တိုးပွားလာနေ၏။

“ငါ သည်းမခံနိုင်တော့ဘူး”

နတ်အရှင်မချန်းမှာ စိတ်မထိန်းနိုင်တော့ပေ။ သူမက ဝုန်းခနဲ ထရပ်၍ ခိုင်ဧကရာဇ်ဆီသို့ ခုန်ထွက်သွားသည်။ သူမ လှုပ်ရှားလိုက်သည်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် အခြားကောင်းကင်နတ်အရှင်များလည်း တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြပြီး ခိုင်ဧကရာဇ်ကို ဝိုင်းတိုက်ခိုက်ကြတော့သည်။

ခိုင်ဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း သူ၏အရှိန်အဝါကို ရုတ်တရက် ခါယမ်းလိုက်၏။ ဝှစ်ခနဲ အသံနှင့်အတူ ကောင်းကင်ဘုံ ၃၅ ဘုံကား ပြန့်ကားထွက်လာတော့သည်။ နဂါးသွဲ့ရေကန်အထက်ရှိ ဒုတိယမြောက်ကောင်းကင်နတ်ဘုံထဲတွင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၊ ထိုက်မင်ကောင်းကင်ဘုံ အစရှိသဖြင့် ဓားကောင်းကင်ဘုံများ ထွက်ပေါ်လာသည်။

ခိုင်ဧကရာဇ်သည် ၃၅ ဘုံမြောက် ကောင်းကင်ဘုံထက်တွင် တည်ရှိနေ၏။ သူ့တွင် ဓားကောင်းကင်နန်းဆောင်ဖြစ်သည့် ကောင်းကင်နန်းဆောင်တစ်ခုတည်းသာ ရှိလေသည်။ သို့သော် ကောင်းကင်နန်းဆောင်တစ်ခုတွင် ကောင်းကင်ဘုံ ၃၅ ဘုံ ကိန်းဝပ်နေပြီး ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်နှင့် လုံးဝကွဲပြားသော ကျင့်စဉ်စနစ်တစ်ခုအား ပြသထားသည်။

ကောင်းကင်ဘုံ ၃၅ ဘုံကား ကောင်းကင်နန်းဆောင် ၃၅ ခုအလား ထင်ရသည်။ သို့သော် အစီအစဉ်မှာတော့ လုံးဝကွဲပြား၏။ သူ၏ အစွမ်းအစနှင့် တီထွင်နိုင်စွမ်းတို့ကြောင့် အားလုံးမှာ ငေးမောနေကြတော့သည်။

ကောင်းကင်နတ်အရှင်လေးပါးက ကောင်းကင်ဘုံ ၃၅ ဘုံထဲသို့ တစ်ပြိုင်နက် ဝင်ရောက်သွားကြ၏။ ဝုန်း… ဝုန်း…. ဝုန်း။ သူတို့က ဓားနယ်ပယ်၏ ပထမအလွှာကို ထိုးဖောက်ရင်း အောက်ဆုံးမှ ထိပ်ဆုံးအထိ တန်းတန်းမတ်မတ် ဦးတည်သွားကြချေပြီ။

ကောင်းကင်နတ်အရှင်လေးပါးသည် အပေါ်သို့ ရောက်လာသည်နှင့် ကောင်းကင်နန်းဆောင်တို့ ထုတ်ဖော်ကာ ဓားနယ်ပယ်၏ ကောင်းကင်ဘုံ ၃၅ ဘုံအပေါ် ဖိနှိပ်လိုက်ကြ၏။ နန်းဆောင်များနှင့် ဓားကောင်းကင်ဘုံတို့ကား တစ်ခုနှင့်တစ်ခု ထပ်နေသယောင်ပင် ထင်ရတော့သည်။

ကောင်းကင်နတ်အရှင်လေးပါး၏ သိုင်းအခြေခံနှင့် ခွန်အားတို့ကား အင်အားကြီးမားလွန်းသည်မဟုတ်လော။ ခိုင်ဧကရာဇ်မှာ စွမ်းဆောင်နိုင်ပါသော်လည်း ကောင်းကင်နတ်ရှင်လေးပါး၏ ဖိနှိပ်မှုကို တောင့်ခံနိုင်ရန်မူ ခက်ခဲနေသေးသည်။

“မဟာဧကရာဇ်…”

ချင်မူက စိတ်လှုပ်တရှား ထရပ်ပြီး ပူပန်မှုများနှင့်အတူ လက်သီးဆုပ်လိုက်ရင်း တိုက်ပွဲအား မျက်တောင်မခတ်တမ်း ကြည့်နေ၏။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးအား ဖွင့်ပြီးသည့်အခါ သူက တိတ်တဆိတ် ရေရွတ်လိုက်သည်။ “မဟာဧကရာဇ်နောက်တစ်ယောက်…”

ကောင်းကင်နတ်အရှင်များမှာ ၎င်းကို ကြားလျှင် တုန်လှုပ်သွားကြ၏။

ကောင်းကင်နတ်အရှင်ယွဲ့က တခစ်ခစ် ရယ်လျက် ခိုင်ဧကရာဇ်ချင်ယဲ့ ရှိရာသို့ ပျံသန်းသွားသည်။ “ကောင်းကင်နတ်အရှင်ချင်၊ ရှင် မွေးလာတုန်းက ကျွန်မက ဒုက္ခိတဖြစ်နေခဲ့ပြီးပြီ… ရှင်နဲ့ ကျွန်မ မပူးပေါင်းရသေးဘူး… ဒီနေ့မှာ ရှင်က ကောင်းကင်နတ်အရှင်လေးပါးနဲ့ တိုက်ခိုက်နေရတယ်…. ကောင်းကင်မဟာမိတ်ရဲ့ တည်ထောင်သူအကြီးအကဲနှစ်ဦးဖြစ်တဲ့ ကျွန်မတို့နှစ်ယောက် ပူးပေါင်းပြီး တိုက်ခိုက်ကြရင် ဘယ်လိုလဲ….ကောင်းကင်နတ်အရှင်ဆယ်ပါးလို့ ခေါ်တဲ့ မျိုးဆက်သစ်တွေက မဟာမိတ်ခေါင်းဆောင်တွေရဲ့ အစွမ်းအစတွေကို ယှဉ်ပြိုင်နိုင်မလား ကြည့်ကြတာပေါ့”

သူမ ဓားနယ်ပယ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ဗျပ်စောင်းသံ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို ကောင်းကင်နတ်အရှင်လေးပါးဖြစ်သည့် ဟွေ့၊ ချန်း၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ လန်နှင့် ရှုတို့မှာ တစ်လောကလုံး လည်သွားပြီး သူတို့တည်ရှိနေသည့် နေရာဟင်းလင်းပြင်မှာ ထူးဆန်းလာသလို ခံစားလိုက်ကြရ၏။ ခိုင်ဧကရာဇ်နှင့် နီးလိုက်ဝေးလိုက်ဖြစ်နေပြီး…. မတူညီသော အချိန်နှင့် နေရာဟင်းလင်းပြင်သို့ ရောက်ရှိနေကြသည်။

ကောင်းကင်နတ်အရှင်ယွဲ့က အင်္ကျီလက်စရှည်များကို လွှဲရမ်းလိုက်သည့်အခါ သူတို့ပတ်ပတ်လည်ရှိ နေရာဟင်းလင်းပြင်မှာ ခန့်မှန်းမရနိုင်အောင် ပြောင်းလဲသွားတော့သည်။ နတ်အရှင်မချန်းက ခိုင်ဧကရာဇ်ရှိရာသို့ ပထမဦးဆုံး ရောက်သွား၏။ ခိုင်ဧကရာဇ်က သူ၏ ရွှင်ပျော်ပျော်ဓားကို ခါရမ်းလိုက်ရာ နတ်အရှင်မချန်းမှာ ခေါင်းနပန်းကြီးသွားတော့သည်။ သူမတွင် ကောင်းကင်နန်းဆောင် ၃၀ ဆောင်သာ ရှိသဖြင့် ကောင်းကင်နတ်အရှင်ဟွေ့လောက် မများချေ။

သူမအနေဖြင့် မဟာဧကရာဇ်၏ ခန္ဓာကိုယ်မရှိဘဲ ခိုင်ဧကရာဇ်အပေါ် ဖိနှိပ်နိုင်ရန် ခက်ခဲပေလိမ့်မည်။

ဖောက်… ဖောက်… ဖောက်

နောက်တခဏတွင် နတ်အရှင်မချန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများ တရဟော ပန်းထွက်လာပြီး အပေါက်များဖြင့် ပြည့်နှက်သွားတော့သည်။

အခြားတစ်ဖက်တွင် ကျန်ကောင်းကင်နတ်အရှင်လေးပါးက နေရာဟင်းလင်းပြင်အလွှာများကို ဖြတ်ကာ ပျံသန်းလာကြ၏။ သူတို့က လျင်မြန်စွာ ချဉ်းကပ်လာကြသဖြင့် ကောင်းကင်နတ်အရှင်ယွဲ့မှာ သူတို့အား ထိန်းချုပ်ရန် ခက်နေသည်။ သူမ ဗျပ်စောင်း တီးခတ်လိုက်သည့်အခါ ဗျပ်စောင်းသံ ထွက်ပေါ်လာပြီး ကျန်ကောင်းကင်နတ်အရှင်သုံးပါးမှာ အဝေးသို့ ပို့ဆောင်ခံလိုက်ရ၏။ ရှေးဟောင်းနတ်ဘုရားဘုရင်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်က သူ၏ကောင်းကင်တာအိုရတနာ ၄၉ ခုအား ပေါင်းစည်းကာ အစစ်အမှန်ရတနာတစ်ပါးသဖွယ် သန့်စင်လိုက်၏။ အစစ်အမှန်ရတနာသည် အဆက်မပြတ် ပြောင်းလဲနေပြီး ခိုင်ဧကရာဇ်ဆီ ပြေးဝင်သွားချေပြီ။

သူ၏ ကောင်းကင်တာအိုရတနာသည် မဟာဧကရာဇ်နှင့် တိုက်ပွဲတွင် ကြေမွသွားခဲ့၏။ သို့သော် သူက ဘိုးဘေးနန်းတော်ထဲရှိ သတ္တု‌ကြောကို သုံးကာ ကောင်းကင်တာအိုရတနာနောက်တစ်ခုအား တည်ဆောက်ခဲ့လေသည်။ ၎င်း၏စွမ်းအားက ပထမတစ်ခုထက်ပင် ပိုမိုအစွမ်းထက်သည်။

နောက်တခဏတွင် အစစ်အမှန်ရတနာမှာ ဓားရောင်ကြောင့် ၄၉ ခု ကွဲသွားတော့သည်။

ရှေးဟောင်းနတ်ဘုရားဘုရင်မှာလည်း ဒဏ်ရာများဖြင့် ထွက်ခွာသွား၏။

“နတ်ဘုရားလက်ချောင်း”

နတ်ဧကရာဇ်လန်ရွှမ်က ရောက်လာပြီး သူ၏အသိစိတ်အလျဉ်ကို မွေးရာပါမူလချီနှင့် ပေါင်းစည်းကာ နတ်ဘုရားလက်ချောင်းအား ဖွဲ့တည်လိုက်သည်။ ၎င်းက ခိုင်ဧကရာဇ်၏ ရွှင်ပျော်ပျော်ဓားနှင့် ထိပ်တိုက်တွေ့သွားပြီး ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားနှစ်ရပ် ပေါက်ကွဲထွက်လာ၏။ အလင်းရောင်က ကောင်းကင်နတ်ဘုံတစ်ဘုံလုံးအား မျက်စိကျိန်းမတတ် ထွန်းလင်းတောက်ပသွားတော့သည်။

ခိုင်ဧကရာဇ်မှာ နောက်သို့ ယိုင်သွားပြီး ရွှင်ပျော်ပျော်ဓားမှာလည်း အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွား၏။ သူက တလေးတစား ရေရွတ်လိုက်သည်။ “စွမ်းအားကြီးချက်ပဲ…. ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ မင်းရဲ့ အစွမ်းအစတွေက အားအကြီးဆုံးပဲ လန်ရွှမ်”

သူ၏ ဓားကွက်သည် ပြောင်းလဲသွားပြီး ချင်မူ၏ ကပ်ဘေးပင့်မြှောက်ဓားအား အသက်သွင်းလိုက်၏။ ဓားလမ်းစဉ်တွင် ခိုင်ဧကရာဇ်ကား နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ကြောင်း သံသယဝင်စရာ မရှိချေ။ သို့သော် ဓားကွက်များတွင်တော့ ချင်မူက နံပါတ်တစ် ဖြစ်သည်။

သူအနေဖြင့် ‘ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် နံပါတ်တစ်ပုဂ္ဂိုလ် ’နတ်ကရာဇ်လန်ရွှမ်ကို ရင်ဆိုင်ရန် ချင်မူဓားကွက်များအား အသက်သွင်းလိုက်ရ၏။ ၎င်းက လန်ရွှမ်အပေါ် လေးစားကြောင်း ပြသခြင်းလည်း ဖြစ်သည်။

နတ်ဧကရာဇ်လန်ရွှမ်မှာ ဤဓား၏ ဆန်းကြယ်မှုကို မြင်တွေ့လိုက်ရသည့်အခါ စိတ်ရှုပ်ထွေးလာ၏။ သူက ထပ်မံလက်ညှိုးထိုးလျက် ခက်ထန်စွာ အော်လိုက်သည်။ “နတ်ဘုရားလက်ချောင်း”

“မင်း ဒီသိုင်းကွက်တစ်ကွက်ပဲ သိတာလား” ခိုင်ဧကရာဇ်က သံသယဝင်လာပြီး လက်ချောင်းကို ရှောင်တိမ်းလိုက်၏။

နတ်ဧကရာဇ်လန်ရွှမ်မှာလည်း ဒဏ်ရာများစွာဖြင့် သွေးများစိုရွှဲကာ ဆုတ်ခွာလိုက်ရသည်။

“နတ်ဘုရားလက်ချောင်း”

သူ ဆုတ်ခွာနေစဉ် လက်ချောင်းတစ်ချောင်းက ပျံသန်းလာ၏။ ခိုင်ဧကရာဇ် အမြန်ရှောင်တိမ်းလိုက်သော်လည်း နတ်ဧကရာဇ်လန်ရွှမ်၏ လက်ချောင်း မဟုတ်သည်ကို တွေ့လိုက်ရသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ရှုက ဘေးမှ ပြေးဝင်လာနေပြီဖြစ်၏။ ခိုင်ဧကရာဇ်က နှာမှုတ်လိုက်သည်။ “လန်ရွှမ်၊ တခြားကောင်းကင်နတ်အရှင်တွေဆို လိမ်ပြောတတ်တယ်ကွ”

ကောင်းကင်နတ်အရှင်ရှုသည် ခိုင်ဧကရာဇ်အရှေ့သို့ ရောက်လာသည်နှင့် အခြေအနေမဟန်မှန်း ချက်ချင်း သဘောပေါက်သွားသည်။ သူမက ကြာပွတ်ရှည်ကို လွှဲရမ်းရင်း ခိုင်ဧကရာဇ်အား ယိုတုဆီ ပို့လွှတ်ရန် ကြိုးစားလိုက်၏။ သို့သော် ကြာပွတ်ရှည်သည် ခိုင်ဧကရာဇ်၏ ခန္ဓာကိုယ်နှင့် ထိတွေ့သွားသည့်အခါ တစ်လက်မချင်း ကျိုးပဲ့သွားတော့သည်။ သူမအနေဖြင့် အနားကပ်ရန် မလွယ်ကူချေ။

“ကောင်းကင်နတ်အရှင်ယွဲ့ကို မဖယ်ရှားရင် ခိုင်ဧကရာဇ်ကို သတ်ဖို့ ခက်လိမ့်မယ်….” သူမက စိတ်ထဲမှ တွေးနေ၏။

သူမ ထိုသို့တွေးနေစဉ် ကောင်းကင်နတ်အရှင်ကုန်းက ရုတ်တရက် ထရပ်လိုက်ပြီး ကောင်းကင်နတ်အရှင်ယွဲ့ ရှိရာသို့ လျှောက်သွား၏။ သူမ၏ ပြိုင်ဘက်ကင်းအောင် စွမ်းအားကြီးသော အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာပြီး ပုံရိပ်ယောင်များ ထွက်ပေါ်လာကာ ကောင်းကင်နတ်အရှင်ယွဲ့အား ဖုံးအုပ်သွားသည်။

ချင်မူက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။ သူတို့အား လမ်းမတူတော့ပြီ မဟုတ်ပါလော။

သူ၏အသိစိတ်အလျဉ်က ပေါက်ကွဲ၍ ကောင်းကင်နတ်အရှင်ကုန်းဆီသို့ ပြေး၀င်သွားချေပြီ။

All Chapters