← Chapters

တာအိုသို့ ဝင်ရောက်နိုင်မည့်အခွင့်အရေး

Vol. 106 Ch. 1399

တာအိုသို့ ဝင်ရောက်နိုင်မည့်အခွင့်အရေး

Vol. 106 Ch. 1399

နတ်ဧကရာဇ်လန်ရွှမ်က ချင်မူ့အား ပြောသည်။ “ဧကရာဇ်ယွိရှို့က မူလဝိညာဉ်နဲ့ ဖန်ဆင်းခြင်းလမ်းစဉ်မှာ ကျွမ်းကျင်တဲ့ တစ်လောကလုံးက နတ်ဘုရားတွေမှန်သမျှ ဖိတ်ခေါ်ပြီး ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ရဲ့ နည်းစနစ်တွေကို လေ့လာခဲ့တယ်... ဖန်ဆင်းဂိုဏ်းချုပ်နန်းတော် ပျက်စီးသွားခဲ့ရင် မြန်မြန်ဆန်ဆန် ပြန်ထူထောင်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့... အဲဒီလိုနဲ့ ဧကရာဇ်ယွိရှို့နဲ့အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားတွေဟာ ကောင်းကင်နန်းဆောင်ဖန်ဆင်းကျင့်စဉ်စာအုပ်သုံးအုပ် အတွဲဆယ့်နှစ်တွဲ ထုတ်ခဲ့ကြတယ်”

“အဲဒီထဲမှာ ကောင်းကင်မုခ်ဝ ဖန်ဆင်းအခန်းကို ငါ နားမလည်ဘူး”

ချင်မူသည် ဖန်ဆင်းကျင့်စဉ်စာအုပ်များအကြောင်း တစ်ခါမှမကြားခဲ့ဖူးသဖြင့် ပြောလိုက်၏။ “ကျွန်တော်ကို ကောင်းကင်နန်းဆောင်ဖန်ဆင်းစာအုပ်တွေ ပြပါ”

ဧကရာဇ်လန်ရွှမ်က တခဏတုံ့ဆိုင်းသွားပြီး နဖူးမှ ဦးချိုနှစ်ခုလည်း အနည်းငယ် နီလာ၏။ ထို့နောက် သူက ဖန်ဆင်းကျင့်စဉ်စာအုပ်များ ထုတ်လိုက်သည်။ စုစုပေါင်း ကျင့်စဉ်သုံးခုနှင့် ၁၂ တွဲ ရှိပြီး အံ့သြဖွယ်ကောင်းလောက်အောင် ထူလှ၏။

ကောင်းကင်နတ်အရှင်ဆယ်ပါးသည် အပြင်ပန်းတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို ဖိနှိပ်ခဲ့ကြသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲသို့ ခိုးဝင်၍ တိုးတက်ပြောင်းလဲမှုများ၏ ရလဒ်ကို သင်ယူနေခဲ့သည်မှာ များစွာကြာခဲ့လေပြီ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဖန်တီးထားသည့် လျှို့၀ှက်ကျင့်စဉ်များကိုပင် ခိုးကူးခဲ့ကြသည်။

လန်ရွှမ်က မျက်နှာပြောင်တိုက်သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျင့်စဉ်ကို ချင်မူ့ရှေ့တွင် ထုတ်ပြရသည့်အပေါ် အနည်းငယ်အပြစ်ရှိသလို ခံစားရ၏။ ချင်မူကား ပြုပြင်ပြောင်းလဲမှု၏ သူရဲကောင်းသုံးဦးထဲမှ တစ်ဦးဖြစ်သည်မဟုတ်ပါလော။

သူသည်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုအပေါ် ဖိနှိပ်ခဲ့သည့် ကောင်းကင်နတ်အရှင်များထဲမှ တစ်ပါးဖြစ်ပေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးတွင် သူ၏အင်အားစုများသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ကျူးကျော်ဝင်ရောက်၍ သေကြေပျက်စီးမှုများစွာ ဖြစ်စေခဲ့၏။

ချင်မူက ကောင်းကင်မုခ်၀ဖန်ဆင်းအခန်းကို အသေးစိတ် ဖတ်နေပြီး တွေးတောစဉ်းစားနေသည်။ နတ်ဧကရာဇ်လန်ရွှမ်မှာ သံသယဝင်လာမိပြီး သူနှလုံးသားထဲရှိ အပြစ်ရှိစိတ်များမှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားတော့၏။ သူ၏နဖူးပေါ်ရှိ ဦးချိုမှာလည်း ပုံမှန်အရောင်အတိုင်း ပြန်ပြောင်းသွား၏။ ‘ဒီကောင်က တကယ် မသိတာလား.. မသိချင်ယောင်ဆောင်နေတာလား.. . သူ့ပုံစံက ငါအကြံတောင်းနေလို့ စဉ်းစားနေတဲ့ပုံစံလည်း မတူဘူး.. ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို ငါ့ဆီက ပြန်ခိုးနေသလိုပဲ”

သူက အရှက်ရမိသည့်အချိန်တွင် သူ၏မျက်နှာက နီရဲမလာဘဲ သူ၏ဦးချိုများကသာ နီရဲလာတတ်သည်။

ချင်မူက အဖြေပေးရန် ကြိုးစားသော်လည်း နတ်ဧကရာဇ်လန်ရွှမ်သည် အမှားများကို ချက်ချင်းတွေ့ရှိသွား၏။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး ချင်မူမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

ခဏကြာသော် နတ်ဧကရာဇ်လန်ရွှမ်က သက်ပြင်းချလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းနဲ့ ငါ အသီးသီး သိမြင်နားလည်ခဲ့တာတွေကို ဖွင့်ပြောတိုင်ပင်သင့်တယ်”

ချင်မူက ရှက်နေသောအမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး ရှင်းပြသည်။ “ကျွန်တော့် ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ကောင်းကင်နန်းဆောင်ကို ဖျက်ဆီးပြီးရင် အလျင်အမြန် ပြန်လည်ဖွဲ့တည်လာအောင် လုပ်ပေးနိုင်တယ်… ဒါပေမဲ့ ကျွန်တော်ရဲ့ကျင့်စဉ်တွေက ကောင်းကင်မုခ်ဝဖန်ဆင်းအခန်းနဲ့ မတူဘူး… ဒါပေမဲ့ ဥပမာပေးပြီးတော့ တိုင်ပင်လို့ရပါတယ်”

နတ်ဧကရာဇ်လန်ရွှမ်က အေးတိအေးစက် ပြောသည်။ “ဟုတ်ပ…. ဟုတ်ပ… ကောင်းကင်နတ်သိုင်းလမ်းစဉ်မှာ ကောင်းကင်နတ်အရှင်မူက ထုံးစံအတိုင်း စွမ်းအားကြီးတာပဲ”

သူတို့နှစ်ယောက်လုံးက အသီးသီး သိမြင်နားလည်ခဲ့သည်များကို တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်နေကြသည်။ ချင်မူက ဖြတ်ထိုးဉာဏ်ကောင်းပြီး လန်ရွှမ်ကမူ ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်၏။ တစ်လောကလုံးတွင် ဉာဏ်အကောင်းဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးလည်းဖြစ်သည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ တစ်ပါးဖြစ်လာနိုင်သည့် ဉာဏ်ပညာအမျှော်အမြင်မှာ ပေါ့သေးသေးမဟုတ်ပေ။

သူတို့နှစ်ယောက်သား ပူးပေါင်း၍ ကောင်းကင်မုခ်ဝဖန်ဆင်းအခန်းမှ ပြဿနာများကို ဖြေရှင်းနေကြလေသည်။

နှစ်ယောက်သား စကားပြောလေလေ ပိုမိုစိတ်လှုပ်ရှားလာကြလေလေ ဖြစ်နေကြ၏။ သူတို့သည် ကောင်းကင်မုခ်ဝဖန်ဆင်းအခန်း၏ လိုအပ်ချက်များကို ရှာတွေ့ခဲ့ပြီး အာပေါင်အာရင်းသန်သန်ဖြင့် ဆွေးနွေးနေကြလေသည်။

ပင်မသင်္ဘောက နဂါးသွဲ့ရေကန်သို့ ရောက်ရှိလာသည့်အခါ ဆင်းသက်လိုက်၏။

သင်္ဘောကို စောင့်ကြပ်နေသည့် နတ်တပ်မှူးတစ်ဦးက လာရောက်အစီအရင်ခံသည့်အချိန်တွင် နတ်ဧကရာဇ်လန်ရွှမ်နှင့် ချင်မူတို့ စိတ်လှုပ်ရှားစွာဖြင့် တာအိုဆွေးနွေးနေကြကြောင်း တွေ့လိုက်ရ၏။ သူတို့က အချေအတင် စကားပြောနေကြပြီး သင်္ကေတမျိုးစုံပင် ထွက်ပေါ်လာကြသည်။ ဆွေးနွေးပွဲမှာ အတော်လေးပြင်းထန်နေသည်။

နတ်တပ်မှူးမှာ မနှောင့်ယှက်ရဲသဖြင့် ချက်ချင်း ထွက်ခွာသွားသည်။ သူ့စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေမိ၏။ “အရှင်က အမြဲတမ်း ကောင်းကင်နတ်အရှင်မူကို ခွေးသူတောင်းစားလို့ ခေါ်နေကြလေ… ဒီလူက ခဏခဏ ကောင်းကင်နတ်ဘုံဆီ လာပြီး နတ်နန်းဆောင်ကို ဖျက်ဆီးတဲ့အပြင် မရေမတွက်နိုင်တဲ့ တပည့်တွေကိုလည်း သတ်သွားနေကျ... အရှင့်ရဲ့ တန်ဖိုးအထားဆုံးတပည့် အစ်ကိုကြီးကိုတောင် ကောင်းကင်နတ်ဘုံကနေ ထွက်ပြေးသွားအောင် လုပ်ခဲ့တာ… အရှင်က ဘာလို့ သူနဲ့ပူးပေါင်းနေတာလဲ”

နတ်ဧကရာဇ်လန်ရွှမ်နှင့် ချင်မူမှာ နှစ်ရက်၊ သုံးရက်မျှ ဆွေးနွေးတိုင်ပင်ပြီးနောက် ကောင်းကင်နန်းဆောင်ဖန်ဆင်းအခန်းတွင် ပါဝင်သည့်အရာများကို နားလည်သွားကြသည်။ တို့မျှသာမက ကောင်းကင်နန်းဆောင်ဖန်ဆင်းအခန်းကို အခြေခံ၍ ရာနှင့်ချီသည့် မတူညီသော ကောင်းကင်နတ်သိုင်းများကိုလည်း ဖန်တီးနိုင်ခဲ့သည်။ ကောင်းကင်နတ်သိုင်းတစ်ခုစီ၏ စွမ်းအားတို့မှာ အလွန်တရာ အံ့ဩဖွယ်ကောင်းလှ၏။

ထိုမျှသာမက သူတို့နှစ်ယောက်သည် မတူညီသည့် ဖန်ဆင်းခြင်းသိုင်းကွက် ငါးမျိုးကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။ ထိုသိုင်းကွက်ငါးမျိုး၏ အခြေခံမှာ ဧကရာဇ်ပလ္လင်အဆင့်သိုင်းကွက်များအောက် နိမ့်ကျသော်လည်း အခြေခံများကိုမြှင့်တင်ရန် အသေးစိတ်လေ့လာပါက အနာဂတ်တွင် ဧကရာဇ်ပလ္လင်အဆင့်သိုင်းကွက်ငါးမျိုးကိုပင် ဖန်တီးနိုင်ပေလိမ့်မည်။

သူတို့နှစ်ယောက်မှာ ကိုယ့်ကိုကိုယ် မတားနိုင်ဘဲ တာအိုကို ဆက်လက်ဆွေးနွေးနေမိကြသည်။ လန်ရွှမ်က သံသယများအားလုံး ဘေးချိတ်ထား၍ ချင်မူနှင့် ဆွေးနွေးနေ၏။

သူ ဤကဲ့သို့ စိတ်လှုပ်ရှားမှုကို မခံစားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။ သူ့မှာ ယခုမှ အသက်ဝင်လာသလို ခံစားရပြီး နဂါးဟန်ခေတ်အစောပိုင်းများရှိ လူငယ်ဘဝသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ခံစားနေရသည်။ သူကိုယ်တိုင် လေ့လာဖန်တီးရမည့် အရာများစွာ ရှိ‌သေးသည် မဟုတ်လော။

သူတို့က ပို၍လေးလေးနက်နက် ဆွေးနွေးလာကြပြီး ရက်တစ်ဒါဇင်ခန့်ကြာပြီးသည့်တိုင် အချေအတင် ဆွေးနွေးနေကြဆဲပင်။ ပင်ပန်းနေကြသော်လည်း စိတ်အားထက်သန်နေကြ၏။

သူတို့ဆွေးနွေးမှုတွင် ပါဝင်သောအကြောင်းအရာများမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု တစ်ခုတည်းသာ မဟုတ်တော့ပေ။ သူတို့သည် အသိစိတ်အလျဉ်လမ်းစဉ်နှင့် မွေးရာပါချီတို့ကို ဆွေးနွေးလာကြ၏။

ချင်မူ၏ အသိစိတ်အလျဉ်နှင့် မွေးရာပါချီအပေါ် လေ့လာထားမှုမှာ အလွန်တရာနက်နဲပေသည်။ နတ်ဧကရာဇ်လန်ရွှမ်သည် ကောင်းကင်နတ်ဧကရာဇ်နှင့် ကုန်းယွင်၏သားတော် ဖြစ်သည်။ သူသည် ထိုမဟာတာအိုနှစ်ခုအပေါ် လေးလေးလက်နက် နားလည်ထားပြီး ၎င်းတို့ကို နှစ်တစ်သန်းကြာ သိမြင်နားလည်ခဲ့သဖြင့် ၎င်းနှင့်ပတ်သက်သည့် အသိပညာမှာ နက်နဲကျယ်ပြန့်၏။

ဤတစ်ကြိမ်ဆွေးနွေးမှုက ပို၍ပင် ကြာရှည်ပြီး အမျိုးမျိုးသော အတွေးအခေါ်များ၊ ကောင်းကင်နတ်သိုင်းများအပြင် အသိစိတ်အလျဉ်နှင့် မွေးရာပါချီ အသုံးပြုပုံတို့ကိုပါ ပါဝင်လာခဲ့သည်။

အချိန်တစ်ခုကြာပြီးနောက် သူတို့သည် စိတ်လှုပ်ရှားတက်ကြွစွာ ဆွေးနွေး၍ သိမြင်နားလည်နေကြ၏။ ထူးဆန်းသော တာအိုစည်းချက်သံတစ်သံက သူတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ၎င်းက သူတို့ တာအိုကို သိမြင်နားလည်တော့မည့် အရိပ်အယောင်ပင်။

ရုတ်တရက် သူတို့နှစ်ဦးသား ငြိမ်ကျသွားပြီး တစ်ယောက်ကို တစ်ယောက်ကြည့်၍ တာအိုသို့ ၀င်ရောက်တော့မည်အား ဖိအားပေး၍ ချိုးနှိမ်ထားလိုက်သည်။

ထိုအချိန်ရောက်သည့်အခါမှသာ သူတို့နှစ်ယောက်သည် တာအိုမိတ်ဆွေများ မဟုတ်ဘဲ ရန်သူများဖြစ်ကြကြောင်း သတိရသွားကြ၏။

အပြင်တွင် နတ်တပ်မှူးက တိတ်တဆိတ်လျှောက်လာ၍ သူတို့နှစ်ယောက် တာအိုဆွေးနွေးနေဆဲ ဟုတ်၊ မဟုတ် လာရောက်အကဲခတ်နေသည်။ သို့သော် နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် လှုပ်ရှားမှုတိုင်းကို အသေးစိတ်စောင့်ကြည့်နေသည်အား တွေ့လိုက်ရ၏။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ တာအိုအငွေ့အသက်တို့မှာ ပိုမိုအားကောင်းနေလေသည်။

သူတို့၏ခန္ဓာကိုယ်အသီးသီးမှာ မွေးရာပါချီဖြင့် ရစ်ပတ်ခံထားရ၏။ သူတို့၏ အသိစိတ်အလျဉ်များမှာ တာအိုသို့ဝင်ရောက်တော့မည်အလား အရှိန်အဝါပြင်းထန်နေသည်။

သို့သော် သူတို့တစ်ယောက်စီ၏ နားလည်မှုက ‌တာအိုဝင်ရောက်ရန် မလုံလောက်ပေ။ နှစ်ယောက်သား ပူးပေါင်းလိုက်လျှင် တာအို၀င်ရောက်သည့်အခြေအနေသို့ ရောက်ရှိနိုင်၏။

သို့သော် ထူးဆန်းသည်က တာအို၀င်ရောက်သည့်အခြေအနေသို့ ရောက်ရှိနိုင်သည့်တိုင် နှစ်ယောက်လုံးက ရပ်တန့်ထားကြသည်။

“ဟန်ဖုန်း၊ ငါနဲ့ ကောင်းကင်နတ်အရှင်မူ ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ” လန်ရွှမ်က ရုတ်တရက် မေးလိုက်၏။

နတ်တပ်မှူးက ချက်ချင်း ဖြေသည်။ “အရှင်နဲ့ ကောင်းကင်နတ်အရှင်မူ ဒီနေရာမှာ တာအိုဆွေးနွေးနေတာ သုံးလကြာခဲ့ပါပြီ”

“သုံးလတောင်လား”

နတ်ဧကရာဇ်လန်ရွှမ်၏ မျက်လုံးထောင့်များ တွန့်သွားသည်။ “အဲဒီလောက်တောင် ကြာခဲ့ပြီလား… ငါ့အနေနဲ့ တခြားသူတွေနဲ့ ဒီလောက်ကြာကြာ တာအိုဆွေးနွေးတယ်ဆိုတာ ရှားတယ်… ဒါက ပထမဦးဆုံးအကြိမ်ပဲ… ကောင်းကင်နတ်အရှင်မူ၊ မင်းက ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာဖို့ ထိုက်တန်ပါပေတယ်… ငါ တခြားကောင်းကင်နတ်အရှင်တွေနဲ့ ‌တာအိုအကြောင်း ဒီလောက်ထိ လေးလေးနက်နက် မဆွေးနွေးဖူးဘူး… မင်းက အံ့သြဖို့ကောင်းတယ်”

ချင်မူက ခေါင်းညိတ်သည်။ “ခင်ဗျားရော တူတူပါပဲ”

“ဒါပေမဲ့ ငါတို့က မိတ်ဆွေတွေ မဟုတ်ဘူး… တာအိုရောင်ရင်းတွေလည်း မဟုတ်ဘူး” နတ်ဧကရာဇ်လန်ရွှမ်က သတိပေးသည်။

ချင်မူက ခေါင်းညိတ်သည်။ “ခံယူချက်မတူတဲ့တွက် ကျွန်တော်တို့ မပူးပေါင်းဘူး”

နတ်ဧကရာဇ်လန်ရွှမ်က ခေါင်းညိတ်၏။ “ငါ မင်းနဲ့ မပူးပေါင်းရင် မင်းလည်း ငါနဲ့ ပူးပေါင်းစရာမလိုဘူး”

သူတို့ခန္ဓာကိုယ်ပေါ်ရှိ တာအိုစည်းချက်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး အားနည်းသွားကာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။

သူတို့နှစ်ယောက်သား အပြင်သို့ ပြိုင်တူထွက်လာကြပြီး နတ်ဧကရာဇ်လန်ရွှမ်က ပြော၏။ “ငါတို့ နဂါးသွဲ့ရေကန်ဆီ ရောက်ပြီဆိုတော့ င့ါကတိအတိုင်း တည်မယ်… မင်း ဒီနဂါးသွဲ့ရေကန်ကို သိမြင်နားလည်နိုင်အောင် ခွင့်ပြုပေးမယ်”

“ကျေးဇူးအများကြီးတင်ပါတယ်” ချင်မူက ခပ်တောင့်တောင့် ပြော၍ သင်္ဘောပေါ်မှ ထွက်ခွာသွားသည်။

နတ်ဧကရာဇ်လန်ရွှမ်က သင်္ဘောပေါ်တွင် ရပ်၍ သူ၏နောက်ကျောသို့ ကြည့်နေသည်။ သူက ခံစားချက်များ ပြည့်နှက်လာပြီး ရုတ်တရက် ထပြော၏။ “ကောင်းကင်နတ်အရှင်မူ”

ချင်မူက လှည့်ကြည့်၍ ပြုံးလျက် မေးသည်။ “ဘာများဖြစ်လို့ပါလဲ နတ်ဧကရာဇ်*

နတ်ဧကရာဇ်လန်ရွှမ်က တခဏ တိတ်ဆိတ်နေပြီးနောက် ခေါင်းရမ်းလိုက်၏။ “ဘာမှမဟုတ်ပါဘူး… ငါ့မှာ မိတ်ဆွေတစ်ယောက်ရှိနိုင်တယ်ဆိုတဲ့ အတွေးတစ်ခု ပေါ်လာလို့ပါ ... ဒါပေမဲ့ အရှိတရားကို ပြန်တွေးမိလိုက်တော့ အတွေးက ပျောက်ကွယ်သွားတယ်… မင်း သွားပြီး သိမြင်နားလည်လို့ရပြီ”

ချင်မူက ခေါင်းညိတ်သည်။ “ကျွန်တော်လည်း အရင်က အဲဒီလိုတွေးခဲ့မိဖူးပါတယ်.. ကျွန်တော်နဲ့ ခင်ဗျား စိတ်တိုင်းကျ သိမြင်နားလည်နိုင်ရင် လမ်းစဉ်‌တွေ၊ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ ဘယ်လောက်များများ အဖြေထုတ်နိုင်မလဲ… ထိုက်ချူရဲ့ အစစ်အမှန်လမ်းစဉ်နဲ့ ထိုက်ချူကောင်းကင်နတ်သိုင်းတွေကို ဘယ်လောက်အထိ အဖြေထုတ်နိုင်မလဲ… ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ မဖြစ်နိုင်ဘူးလို့ ခံစားရတယ်”

နတ်ဧကရာဇ်လန်ရွှမ်က အားတင်း၍ ဟန်ဆောင်ပြုံးလိုက်သည်။ “တကယ်မဖြစ်နိုင်ဘူး… လက်တွေ့ကိုပဲ ရင်ဆိုင်ကြတာပေါ့”

“အင်း… တကယ်မဖြစ်နိုင်ဘူး”

ချင်မူက လှည့်၍ ‌နဂါးသွဲ့ရေကန်ရှိရာသို့ လျှောက်သွားသည်။

နတ်ဧကရာဇ်လန်ရွှမ်က လက်နှစ်ဖက်ကို နောက်ပစ်၍ သူ၏နောက်ကျောအား လှမ်းကြည့်နေ၏။ သူက ခပ်ဖွဖွ ပြုံးလိုက်သည်။ “ငါ တာအိုရောင်ရင်း မလိုဘူး”

သူ့မှာ သူ၏ယုံကြည်ချက်ကို ခိုင်မာစေရန်အလား တခဏ တိတ်ဆိတ်သွားသည်။ “ဟုတ်တယ်… ဒီလောကမှာ ဘယ်သူ့ကိုမှ ယုံလို့မရဘူး… ငါ တာအိုရောင်ရင်း မလိုဘူး”

All Chapters