တိမ်တွေပေါ် ခေါ်သွားပေးမည့် လူငယ်။
Vol. 6 Ch. 72
ချင်းဝမ်ပါရှိသော ထိုကျောက်စိမ်းသည် မည်မျှထူးခြားသနည်း။ ၎င်းကို ဤခေါင်းဆောင် လူလတ်ပိုင်းမှမသိချေ။
ချင်းဝမ်သည် ထိုသို့ကျောက်စိမ်းမှ ထွက်ပေါ်လာခြင်းဖြင့် မရဏတံခါးဂိုဏ်းသည် ရတနာအဖြစ် ရှုမြင်ကြ၏။
ထိုကြောင့် စုရီကအတွေးများရပ်ကာ ချင်းဝမ်ထံ လှည့်ကြည့်ပြီး၊
“ အဲဒီ ကျောက်စိမ်းတုံးကို မှတ်မိလား။ ”
-ဟု မေးလိုက်သည်။
ချင်းဝမ်က ခေါင်းယမ်းလျက်၊
“ ဝမ်အာ မသိဘူး တာအိုသခင် ... နိုးလာတဲ့အချိန်မှာ ဝူရို့ချွယ်နဲ့ အတူရှိနေပြီ ... ကျန်တာ ဘာမှမမှတ်မိဘူး။ ”
သူမအတွက် ကျောက်စိမ်းတုံးမှ လာသည်ဟူသော စကားကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
“ တာအိုသခင် ငါသေပြီး ယင်ဝိညာဉ် ဖြစ်လာတာ မဟုတ်ဘူးလား ... တကယ်ပဲ ကျောက်စိမ်းဝိညာဉ်လား ။ ”
သူမမေးခွန်းကို စုရီမှ ပြန်မဖြေဘဲ၊
“ အဲဒီကျောက်စိမ်းတုံးကို ဘယ်ကနေ ရခဲ့တာလဲ။ ”
-ဟု ခေါင်ဆောင် လူရွယ်ကို မေးမြန်းလိုက်သည်။
“ ငါမသိပါဘူး သခင်လေး ... ငါတို့က ဂိုဏ်းမှာ ဒီအဆင့်ရာထူးမျိုး မပိုင်ဆိုင်ပါဘူး။ ”
ခေါင်းဆောင်လူရွယ်မှ ခေါင်းခါပြ၏။ သူသည် ဤအဆင့် အချက်အလက်များ အပေါ် သိခွင့် မရှိချေ။
မရဏတံခါးမှ ကံကောင်းလွန်းသော အသက်ရှင် ကျန်ရစ်သူများသည် အနှစ်တစ်ရာ တိုင်အောင် ကြွက်များကဲ့သို့ ရှင်သန်ခဲ့ရ၏။
ယနေ့တွင် ဌာနချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီး ဂိုဏ်းချုပ်တစ်ဦး၊ ဒုဂိုဏ်းချုပ်နှစ်ဦးနှင့် မဟာ အကြီးအကဲကိုးဦး ပိုင်ဆိုင်ထားသည်။
၎င်းတို့အပြင် ဌာနခွဲ ခြောက်ခုကို မဟာကျိုးပြည်နယ်ခြောက်ခုတွင် ဖြန့်ကျက် ထားနိုင်၏။
ဌာနခွဲတစ်ခုစီတွင် ခေါင်းဆောင်တစ်ဦးနှင့် ကာကွယ်သူလေးဦး ထားရှိကာ တပည့်များစွာ ပိုင်ဆိုင်သည်။
ခေါင်းဆောင် လူရွယ်နှင့် အဖွဲ့သည် အင်ပါရာပြည်နယ် ဌာနခွဲမှ အဖွဲ့ဝင်များ ဖြစ်၏။ သို့တိုင် သူတို့ဌာနခွဲ၏ ခေါင်းဆောင်ကို သိခွင့်မရှိကြချေ။
ဝူရို့ချွယ်၏ ဆရာသည် အင်ပါယာစီရင်စုဌာနခွဲ၏ ကာကွယ်သူ လေးဦးထဲမှ တစ်ဦးဖြစ်သည်။
၎င်းသည်သာ ချင်းဝမ်အကြောင်း သိနိုင်၏။ လက်ရှိအခြေအနေအရ ဝူရို့ချွယ်သည် သူ့ဆရာ အပေါ် သစ္စာဖောက်ခဲ့ခြင်း ပင်လော။
မဟုတ်သော် ဂိုဏ်းကို သစ္စာဖောက် ရသည်အထိ တန်ဖိုးရှိသော ဤရတနာများသည် ဝူရို့ချွယ်လက်သို့ ရောက်ရှိနေစရာ အကြောင်းမရှိချေ။
တစ်ဖက်တွင် ဝူရို့ချွယ်ဆရာ ဝမ်ယွင်ချီသည် ကာကွယ်သူ ရာထူးကို စွန့်ကာ အဘယ့်ကြောင့် ဤရတနာများကို ခိုးယူခဲ့ရသနည်း။ ချင်းဝမ် အကြောင်း သိနေသည်လော။
ဤသည်မှာ ချင်းဝမ်အတွက် စုရီ၏ သိချင်စိတ်ကို ဆန္ဒမပြည့်ဝချေ။ မွေးခွန်းများသာ ထပ်တိုးလာသည်။
ချင်းဝမ်နောက်ခံသည် သူထင်ထားသည်ထက် ပိုမိုလေးနက် နေပုံရသည်။
“ သခင်လေး ... ငါသိသမျှ ဒါအကုန်ပါပဲ ကျေးဇူးပြုပြီး ငါ့ကို သနားပါ။ ”
စုရီက အတွေးများ ပြတ်သွားကာ ခေါင်းဆောင်လူရွယ်ထံ ပြန်ကြည့်လိုက်၏။ တစ်စုံတစ်ရာ ပြောတော့မည့် အချိန်တွင် ခြေသံများ ထွက်ပေါ်လာ၏။
“ တာအိုသခင်။ ”
ဤသည်မှာ ချောင်ဝူဟောင်နှင့် အဖွဲ့ဖြစ်ချေပြီ။ ၎င်းတို့က အံသြသွား၏။ စုရီမှ ခေါင်းညိတ်ပြကာ၊
“ သူတို့နောက်ကို လိုက်နေတာ မင်းတို့လား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဟုတ်ပါတယ် တာအိုသခင် ... ဒီလူတွေကအမှောင်ကို အခွင့်ကောင်းယူပြီး ဘုံကျောင်းပျက်ကို ချဉ်းကပ်ခဲ့ပါတယ် ဒါပေမယ့် ငါတို့က သတိထားမိတာကြောင့် ချက်ချင်း ထွက်ပြေးကြတာမို့ လိုက်လာခဲ့တာပါ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက စိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက်ကျသွား လေသည်။
“ သူတို့က မရဏတံခါးကပဲ ... စစ်မေးဖို့အတွက် သူ့ကို ချန်ထားပြီး ကျန်တာ ငါအကုန်သတ်လိုက်ပြီ ... မင်းတို့ဆီ ငါထားခဲ့မယ်။ ”
စုရီက စိတ်ဝိညာဉ် ဘူးသီးခေါက်ကို ကောက်ယူပြီး ချင်းဝမ်နှင့်အတူ ထွက်ခွာလာ ခဲ့သည်။
ချောင်ဝူဟောင်က ခေါင်းဆောင် ထိုလူရွယ်ကို ကြိုးဖြင့်တုတ်စေကာ ကွမ်လင်မြို့ သခင်ထံ အပ်နှံရန် အမိန့်ပေးလိုက်၏။
“ ဦးလေးဟောင် ... မင်းတွေ့လား ... တာအိုသခင်ဘေးမှာ ... အနီဝတ် မိန်းကလေး တစ်ယောက်ရှိနေတယ် ...
... သူမ တကယ်လှလွန်းတယ် မျက်လုံးလေးတွေက ဝိုင်းစက်ပြီး အသားအရည် မှာလည်း နှင်းတွေလို ဖြူစင်တယ်။ ”
မိန်းကလေးယွမ်စကားကြောင့် ဦးလေးဟောင်က တွေးဆနေပြီး၊
“ မိန်းကလေးယွမ် ... ဒါက တာအိုသခင်မွေးထားတဲ့ ယင်ဝိညာဉ် ဖြစ်နိုင်ချေ များတယ်။ ”
“ ဟမ့် ... ဒါဆို သရဲမပေါ့ ... ဒါပေမယ့် သရဲမက လုံးဝကြောက်စရာမကောင်းဘဲ အရမ်း လှလွန်းနေတယ် မယုံနိုင်စရာပဲ ...
... ငါ့မှာသာ ဒီလို ... သရဲမ လှလှလေးရှိရင် နေ့တိုင်း အဝတ်အစားမျိုးစုံနဲ့ လက်ဝတ်ရတနာ မျိုးစုံ ဆင်မြန်းပြီး သူ့ဆံအရှည်ကြီးတွေကို ... ဖြီးခိုင်းမယ် ...
... ဟမ့် ... မြင်သူတိုင်းအတွက် ဘယ်လောက်တောင် ... ဝရုန်းသုံးကား နိုင်လိုက်မလဲ။ ”
မိန်းကလေးယွမ်စကားကြောင့် ဦးလေးဟောင်တစ်ယောက် ကူကယ်ရာမဲ့သွား လေသည်။
သူတို့၏ မိန်းကလေးယွမ်သည် မည်သည့်အချိန်၌ ကြီးပြင်းလာမည်နည်း။ လေနှင့်မိုးသည်ပင် သူမကို အရွယ်ရောက် စေနိုင်ပုံ မရချေ။
ဘုံကျောင်းပျက် ပြန်ရောက်သည်နှင့် စုရီက ချက်ချင်း တရားထိုင်သည်။ ဤခရီးစဉ်တွင် အကျိုးအမြတ် မနည်းချေ။
သိုလှောင်ရတနာ၊ ဝိညာဉ်ဆေးပင်၊ ချင်းဝမ်ကျင့်ကြံရန်အတွက် သင့်လျော်သော ဆေးပုလင်းတစ်ဒါဇင်၊ ယင်ခြောက်ပါးမြက်နှင့် လှဲလှယ်ထားသော ဆေးလုံးများ စသည်တို့ ဖြစ်သည်။
ထို့ပြင် ယန်မီးတောက် မက်မွန်သီး သုံးလုံးနှင့် ယင်ဝိညာဥ်သွေးပြန်ကြော သုံးပေ ကိုလည်း ရရှိခဲ့သည်။
ဤအရာများဖြင့် ရက်အတော်ကြာ သည့်တိုင် အရင်းအမြစ်အတွက် စိတ်ပူနေစရာ မလိုတော့ချေ။
တစ္ဆေမိခင်တောင်တန်းအတွင်း နောက်ထပ်ရှာဖွေစရာများ ရှိသေးသော်လည်း လက်တလော ပြန်ရန် ဆုံးဖြတ်လိုက်၏။
( လင်ရွယ် ပြန်လာလောက်ပြီ။ )
အတွေးများဖြင့် ပြုံးမိသည်။ ကွမ်လင်မှ ထွက်ခွာတော့မည်ဖြစ်ရာ ဆက်နွယ်မှုများကို ဖြတ်တောက်လို၏။
ထို့ကြောင့် တစ်ခုတည်းသော သံယောဇဉ်ကြိုးမှာ လင်ရွယ်ဖြစ်နေသည်။ မနက်လင်းသည်နှင့် ဘုံကျောင်းပျက်ထံမှ သူတို့ ထွက်ခွာလာခဲ့၏။
အမည်မဲ့ သင်္ချိုင်းသို့ ပြန်ရောက်လာသောအခါ အစောင့်နှစ်ယောက်မှ ဝမ်းသာအားရ ကြိုဆိုသည်။
ဤတစ်ကြိမ်တွင် မိန်းကလေးယွမ်နှင့် အဖွဲ့သည် မြင်းများဆွဲလျက် ခြေလျင် လိုက်ပါ လာသည်။ ညည်းညူခြင်း မပြုကြချေ။
ဤပြောင်းလဲမှုများ အပေါ် စုရီမှ ဂရုစိုက်ခြင်း မရှိချေ။ ကွမ်လင် မြို့တံခါးကြီးကို အဝေးမှ လှမ်မြင်လိုက်ချိန်၌ တစ်စုံတစ်ရာ သတိရလာပြီး၊
“ လူတိုင်း ... ဒီတောင်တန်းကြီးထဲမှာ ဖြစ်ပျက်ခဲ့သမျှ ပြန်မပြောရင် အကောင်းဆုံးပဲ မဟုတ်ရင် ငါနဲ့အတူ မင်းတို့ ရောထွေးသွား နိုင်တယ်။ ”
-ဟု သတိပေးလိုက်သည်။
“ တာအိုသခင် စိတ်မပူပါနဲ့ ... မရဏတံခါးကို ငါတို့မကြောက်ပါဘူး ... သူတို့ အိမ်တံခါးရှေ့ လာရပ်ရဲရင် ကြိုဆိုနေမှာပါ။ ”
စုရီစကားကြောင့် မိန်းကလေးယွမ်က ယုံကြည်ချက်ရှိရှိဖြင့် တုန့်ပြန်ပြောကြားခဲ့၏။ သို့သော် စုရီက ခေါင်းယမ်းလျက်၊
“ ကောချောင်လင်ဆိုရင်ရော မင်းတို့အိမ်တံခါးက လုံခြုံနိုင်မလား။ ”
-ဟု ပြန်၍မေးမြန်းလိုက်သည်။
“ ကောချောင်လင် ... ။ ”
ချောင်ဝူဟောင်က နာမည်ကို ခပ်တိုးတိုးရေရွတ်လျက် မျက်နှာပျက်ယွင်း သွားလေသည်။ ဤသည်မှာ မဟာကျိုး၏ ဘုရင်ကိုးပါးအနက်မှ တစ်ပါးဖြစ်၏။
ဘွဲ့အမည်မှာ ပင်လယ်ဘုရင် ဖြစ်သည်။ ခွန်အားအရာ၌ ဘုရင်ကိုးပါးအတွင်း ထိပ်တန်း သုံးဦးအဆင့်ဝင်၏။
တစ္ဆေမိခင်တောင်တန်းခရီး၌ ထိုသူနှင့် ပတ်သတ်ရလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ယုံကြည်ချက်ဖြင့် ပြုံးနေသော မိန်းကလေးယွမ် မျက်လုံးများ ပြူးကျယ်သွား၏။
ကောချောင်လင်ဟူသည် သူမဖခင်ပင် မျှော်ကြည့်ရသော တည်ရှိမှုမျိုး ဖြစ်၏။ ရှန်ရှင်း အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
ဦးလေးဟောင်က တည်ငြိမ်အောင် ပြင်ယူလျက်၊
“ တာအိုသခင် ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တချို့က ... ပင်လယ်ဘုရင်နဲ့ ဆက်စပ်နေတယ်လို့ ပြောနေတာလား။ ”
-ဟု မေးမြန်းလိုက်၏။ သူသည် ပင်လယ်ဘုရင်၏ အမည်ကို စုရီကဲ့သို့ တိုက်ရိုက် မခေါ်ဝံချေ။
“ သူ့အဆင့်အတန်းအရ ... မင်းတို့ကို ခက်ခဲအောင်လုပ်လာဖို့ နည်းလမ်း မရှိပါဘူး ... ဒါပေမယ့် ရှိလာခဲ့ရင်လည်း ... ငါ့ကိုရှာဖို့ ပြောလိုက်ပါ။ ”
စုရီက မေးခွန်းကို မဖြေဘဲ တိုက်ရိုက်ဆန်သော စကားကို ပြောကြား လိုက်၏။
ဦးလေးဟောင်တစ်ယောက် အသက်မဲ့ သွားလေသည်။ ဤစကားတစ်ခွန်းသည် မည်မျှ ကြောက်စရာ ကောင်းသည်ကို စုရီသိပုံမရချေ။ ကြီးစိုးလွန်း၏။
လက်ရှိအချိန်၌ ပင်လယ်ဘုရင်၏ ကျင့်ကြံမှုသည် ရှန်ရှင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေနိုင်သည်။
တစ်စုံတစ်ယောက်သည် ထိုအဆင့် ကျွမ်းကျင်သူကို မကြောက်သော် မည်သည့် အဆင့်၌ ရှိနေသနည်း။
“ ကျွီ ... ။ ”
“ ဟား ဟား ဟား ... မိန်းကလေးလောရှီ နောက်ဆုံးတော့ မင်းပြန်လာပြီ။ ”
အတွေးများဖြင့် တိတ်ဆိတ်နေကြစဉ် မြို့တံခါးပွင့်လာပြီးနောက် လူငယ်တစ်ယောက် ရယ်မောလျက် လှမ်းထွက်လာ၏။
ကျောက်စိမ်း၀တ်စုံနှင့် ကျောက်စိမ်း ခါးပတ်ပြားကို တပ်ဆင်ထားပြီး သူ့အနားတွင် အဖိုးအိုတစ်ယောက် လိုက်ပါလာသည်။ လူငယ်မှ စုရီကို မြင်ချိန်၌ အံသြသွား၏။
“ ဟမ့် ... သခင်လေးစု မဟုတ်လား၊ မင်းကဘယ်လိုလုပ်ပြီး မိန်းကလေးယွမ်နဲ့အတူ ရှိနေရတာလဲ ... ယွမ်မိသားစုမှာ ခိုလှုံဖို့ ဆုံးဖြတ်လိုက်ပြီလို့ ငါ့ကိုမပြောနဲ့။ ”
ဤသည်မှာ ကျောက်စိမ်းကျွန်း၌ စုရီကို အစေခံအဖြစ် ခေါ်ဆောင်လိုသော သခင်လေး ကျန်းယွင်ရှင်းနှင့် ဦးလေးရှောင်ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်က ‘သူနှင့်အတူ တိမ်တွေအပေါ် ခေါ်သွားပေးမည်’ဟု ကတိပေး ပြောကြားခဲ့ဖူးသည်။ ထိုစကားသည် မြို့သခင် ဖူရှန်းကိုပင် ရယ်မောမိစေ၏။
***