အခန်း (၄၀၅)
Vol. 28 Ch. 405
ဒင်
"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ ကို အသုံးပြုခဲ့သည်၊ အလယ်အလတ်အဆင့် အသိအမြင်အဆောင် ဖော်မြူလာအား ရရှိခဲ့သည်၊ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ"
ဒင်
"ဂိုဏ်းစုဆောင်းမှတ် - ၂၅၀၀/၅၀၀၀"
ဝယ်ယူပြီးသည့်နောက်မှာတော့ ဖော်မြူလာသည် အဆောင်ခန်းမဆောင်နှင့် လိုက်ဖက်ညီ သွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် နှိပ်ကြည့်လိုက်သည့်အချိန်မှာတော့ သန့်စင်ရန်အတွက် လိုအပ်သည့် ပစ္စည်းများ ပေါ်လာခဲ့သည်။ လိုအပ်သည့် သတင်းအမြူတေများသည် ဖြည့်စွက်ပစ္စည်းမှာ အလယ်အလတ်အဆင့်ပြန်လည် ကောင်းမွန်ခြင်းဆေးလုံး ပါဝင်နေသည်။
"..."
ဖြည့်စွက်ပစ္စည်းမှာ အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးနြှုတ်ခမ်းများသည် တုန်ရင်သွား၏။ "ဒါက အဓိပ္ပာယ် မရှိဘူး"
သို့ပေမဲ့ သူ့တွင် သလင်းအမြူတေများနှင့် အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးလည်း ရှိနေ၏။ ထို့ကြောင့် အနည်းငယ်ကို သန့်စင်ထားနိုင်သည်။ ကျွင်းချောင်ရှောင်းသည် တခါတည်း အသိအမြင် အဆောင်အား ငါးခုတိတိ သန့်စင်လိုက်၏။
အဆောင်ကို သန့်စင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း အလယ်အလတ်အဆင့်စတိုးဆီသို့ သွားလိုက်ပြီး refresh လုပ်၍ ပေါ်လာသော ကုန်ပစ္စည်းများကို ကြည့်ရှုလိုက်တော့သည်။ ထို့ပြင် သိုင်းနည်းစနစ် တစ်ခုခုပါဝင်ပါစေလို့ ကြိတ်ကာ ဆုတောင်းနေမိ၏။
ပြောနေစရာမလိုချေ။ ဆုတောင်းမိသည့်အတိုင်း တကယ်ပင် တွေ့ရှိလိုက်ရသည်။
တတိယမြောက်အတန်းမှာတော့ သက်တန့်ရောင်စဉ် မပြည့်စုံသည့် ကျမ်းဟူသော သိုင်းနည်းစနစ်တစ်ခုကို မြင်လိုက်ရ၏။
"ဒါက မပြည့်စုံသေးတဲ့ သိုင်းနည်းစနစ်လား"
ကျွင်းချောင်ရှောင်းသည် မိတ်ဆက်အား နှိပ်ကြည့်လိုက်၏။
အမည် - သက်တန့်ရောင်စဉ် မပြည့်စုံသည့် သိုင်းနည်းစနစ်
မိတ်ဆက် - အဆင့်မြင့်ဂြိုဟ် တစ်ခုစီမှ သက်တန့်ရောင်သူတော်စင် ဖန်တီးထားသော သိုင်းနည်းစနစ်တစ်ခုဖြစ်ပြီး အလွန်တရာပြင်းထန်သည့် အားလှိုင်းများသည် သက်တန့်ရောင်ပုံစံမျိုး စုစည်း၍ တိုက်ခိုက်နိုင်သည်။
အားအင်အဆင့် - အလွန်တရာ အားကောင်းပြီး ကြမ်းရမ်းလှ၏။
အားနည်းချက် - သိုင်းနည်းစနစ်သည် မပြည့်စုံချေ။ ထို့ကြောင့် အားအင်အဆင့်မှာ အနည်းငယ် ယုတ်လျော့နေသည်။
ဂိုဏ်းစုဆောင်းမှတ် - ၁၀၀၀
အဆင့် - အထူးအဆင့်
မှတ်ချက် - ပြည့်စုံသည့် အထူးနည်းစနစ်တစ်ခု ဖြစ်ပါက နတ်ဘုရားအဆင့်နှင့်အထက် ဖြစ်လိမ့်မည်။
ချီးတဲ့မှ ….
မှတ်ချက်ကို ဖတ်ရှုပြီးသည့်နောက်တွင် ကျွင်းချောင်ရှောင်း ထအော်လိုက်မိသည်။ "နတ်ဘုရားအဆင့်အထက် ဟုတ်လား၊ စိတ်ကို ငြိမ်ငြိမ်ထား၊ စိတ်ကိုငြိမ်ငြိမ်ထား"
စနစ်ကပြောလိုက်သည်။
"ပြည့်စုံတဲ့ သက်တန့်ရောင်စဉ် နည်းစနစ်ကို ဆိုလိုတာလေ၊ အခုက မပြည့်စုံတဲ့ နည်းစနစ်တစ်ခုပဲ၊ ဒီတော့ အထူးအဆင့် နည်းစနစ်သာသာပဲရှိတယ်"
"ဘာပဲဖြစ်ဖြစ် အရမ်းကောင်းတယ်လေ"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဝယ်မယ်၊ ဝယ်မယ်၊ ဝယ်မယ်”
ဒင်
“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ အားအသုံးပြု၍ သက်တန့်ရောင်စဉ်နည်းစနစ်အား ရယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် - ၁၅၀၀/၅၀၀၀”
ကျွင်းချောင်ရှောင်းသည် လက်ကိုအသာယမ်းခါ၍ မပြည့်စုံသည့်ကျမ်းအား ထုတ်ယူလိုက်၏။ ကျမ်းပေါ်တွင် ရေးသားထားသော သက်တန့်ရောင်ဆိုသည့်စာလုံးကို မြင်ရချိန်မှာတော့ သူသည် တုန်လှုပ်သွားမိ၏။ နတ်ဘုရား အဆင့်နှင့်အထက် နည်းစနစ်တစ်ခုဖြစ်သည့် အားလျော်စွာပဲ ၎င်းထံမှ ထွက်ပေါ်နေသော အော်ရာများသည် အလွန်တရာပြင်းထန်လွန်းလှ၏။
.............
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အခြားတစ်ဖက် အလွန်တရာနှိုင်းယှဉ်၍မရအောင် မှောင်မည်းနေသော ကမ္ဘာကြီးတစ်ခုမှာတော့ ……..
ကောင်းကင်ပေါ်သို့ မီးရှူးမီးပန်းများ လွှတ်တင်လိုက်သလို လင်းထိန်နေသော အလင်းတန်းများ ဖြစ်တည်လာသည်။
“ဟယ်ဝူတီ”
ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်လှသည့် အသံတစ်ခုသည် ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့သည်။ “သက်တန့်ရောင်စဉ်နည်းစနစ်ကို ငါ့ကိုပေး၊ အဲဒါဆိုရင် မင်းအသက်ကို ငါချမ်းသာပေးမယ်”
“ဟား ဟား ဟား ဟား”
အလင်းတန်းများဆီမှ အလွန်တရာကျယ်လောင်လှသော အော်ဟစ်ရယ်မောသံများ ထွက်ပေါ်လာခဲ့ပြီး ထိုသူက ပြန်အော်လိုက်၏။
“ငါ ဒီရတနာကို သက်တန့်ရောင်သူတော်စင်ရဲ့ သင်္ချိုင်းထဲကနေ ရှာတွေ့ခဲ့တာ၊ တကယ့်ကို သေခြင်းရှင်ခြင်း အခြေအနေတွေကို ကျော်ဖြတ်ပြီးမှရတာ၊ ဘာလို့ မင်းကို ပေးရမှာလဲ”
“ဒီလိုဆိုမှတော့ ငါတို့ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့တော့”
ဟူး …. ဟူး
ချက်ချင်းဆိုသလိုပဲ မရေမတွက်နိုင်အောင် များပြားသော အလင်းတန်းတို့သည် ဖြစ်တည်လာခဲ့၏။ ပြီးနောက် တည်နေရာကို ဖြတ်ပိုင်းပြီး ဟယ်ဝူတီ၏ ခန္ဓာကိုယ်ဆီသို့ တိုးဝင်သွား၏။
ဟူး
ဤမျှကြောက်မက်ဖွယ်ရာကောင်းလှသော အားအင်၊ ဤမျှကြောက်မက်ဖွယ်ရာကောင်းလှသော အရှိန်အဟုန်တို့ သည် မိုင် ၁၀၀၀၀ ပတ်လည်အတွင်းရှိ တည်နေရာတစ်ခုလုံးအား စုတ်ပြတ်သတ်သွားစေ၏။
လက်ရှိအချိန်တွင် ရီရှင်းချန်သာရှိပြီး ထိုစွမ်းအင်လှိုင်းလုံးတို့ကို အာရုံခံမိမည်ဆိုပါက အလွန်တရာ တုန်လှုပ်သွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူထိပ်ဆုံးအဆင့်တွင် ရှိစဉ်အခါကပင် ထိုကဲ့သို့မျိုး စွမ်းအင်မျိုးမရှိခဲ့ပေ။
ဘုန်း ….. ဘုန်း။
အလင်းတန်းများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားပြီး လောကကြီးတစ်ခုလုံးကို ပိုင်းဖြတ်သွားတော့သည်။ ကောင်းကင်ကြီးတစ်ခုလုံးသည် ကွဲအက်သွားပြီး ကမ္ဘာကြီးတစ်ခု၏ အဆုံးသတ်ကို ရောက်ရှိတော့မလိုပင်၊ ထိုအလင်းတန်းများအား ဝိုင်းပတ်၍ တိုက်ခိုက်လျက်ရှိသော သိုင်းကျင့်ကြံသူများအဖွဲ့သည် အားအင်အဆင့်မှာ ခန့်မှန်း၍ မရနိုင်အောင် အားကောင်းလွန်းလှ၏။
ဘုန်း …. ဘုန်း …။
ထွက်ပြေးလျက်ရှိသော ဟယ်ဝူတီသည် အလွန်တရာများပြားလှသော တိုက်ခိုက်ချက်များကို ခံယူပြီး နောက်ဆုံးမှာတော့ အမြှောက်ဆန်တစ်ခုကဲ့သို့ လွှင့်စင်သွားပြီး တောင်ကြီးတစ်လုံးနှင့် တိုက်မိသွားတော့သည်။
ဂျိန်း
သူ၏ ခန္ဓာကိုယ်သည် တောင်၏နံရံနှင့် ထိမိသွားချိန်မှာတော့ အလွန်တရာ ကြီးမားလှသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ချီးတဲ့မှ ….
ဟယ်ဝူတီသည် ခက်ခက်ခဲခဲနှင့် မတ်တပ်ရပ်လိုက်ပြီး ကြီးမားလှသောတွင်းထဲမှ ထရပ်လိုက်မိသည်။ ထွက်ပေါ်နေသော အလင်းတန်းများ ပျောက်ကွယ်သွားပြီး အလွန်တရာ စုတ်ပြတ်သတ်နေသော မျက်နှာတစ်ခု ထွက်ပေါ်လာ၏။
သူသည် သူတော်စင်သက်တန့်ရောင်သင်္ချိုင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး သူတော်စင်သက်တန့်ရောင်ထားခဲ့သော သက်တန့်ရောင်စဉ်သိုင်းကျမ်း၏ မပြည့်စုံသောကျမ်းအား ရှာဖွေတွေ့ရှိခဲ့ရ၏။ သို့ပေမဲ့ ထိုကဲ့သို့သော သတင်းသည် ပျံ့နှံ့သွားခဲ့ရပြီး များပြားလှသော ကျင့်ကြံသူများ၏ လိုက်လံအမဲဖျက်ခြင်းကို ခံနေရပြီ ဖြစ်သည်။
ဝှစ် ….. ဝှစ်
ထိုအချိန်မှာပဲ များပြားလှသော အလင်းတန်းများသည် တစ်ခုပြီးတစ်ခုရောက်ရှိလာပြီး တွင်းနက်ကြီး၏ အပေါ်တွင် ပေါ်လာတော့သည်။ ထိုအလင်းတန်းများမှာ ဟယ်ဝူတီအား လာရောက်၍ တိုက်ခိုက်နေကြသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အလွန်ပြင်းအားကောင်းလှသည့် အော်ရာများဖြစ်တော့သည်။
“ဟယ်ဝူတီ”
လေသံခပ်မာမာနှင့် အဘိုးအိုက ပြောလိုက်သည်။ “သူတော်စင်အဆင့်ကို ရောက်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ မင်းရဲ့အသက်ကို ဒီအတိုင်း လက်လွတ်မခံနဲ့၊ ငါတို့ကို ပေးစရာရှိတာပေးလိုက်တော့”
ဟယ်ဝူတီသည် ငြိမ်သက်လျက်ရှိ၏။ သို့ပေမဲ့ သူ၏ မျက်လုံးထဲမှာတော့ အလွန်တရာ နာကျင်သည့် အရိပ်အယောင်များ ခံစားမိနေသည်။ သူသည် လက်တစ်ဖက်ကို မြှောက်ကာ သင်္ချိုင်းထဲမှာ ရရှိထားသော လျှို့ဝှက် သိုင်းကျမ်းကို ထုတ်ယူလိုက်တော့၏။
များပြားလှသော ကျင့်ကြံသူများသည် လိုချင်လောဘစိတ်များဖြင့် တောက်လောင်လာတော့သည်။ ထိုသိုင်းနည်းစနစ်များသည် သူတော်စင်သက်တန့်ရောင် ဖန်တီးခဲ့သည့် နည်းစနစ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သော်လည်း တော်ဝင်လမ်း၏ လျှို့ဝှက်ချက်များ ပါဝင်နေ၏။ ထိုလျှို့ဝှက်ချက်များအား ရရှိမည်ဆိုပါက ကျင့်ကြံခြင်းအဆင့် သည် တမဟုတ်ခြင်း တိုးတက်သွားပေလိမ့်မည်။
“အားလုံးပဲ”
သူ့အား ဝိုင်းပတ်၍ ကြည့်ရှုနေကြသော ကျင့်ကြံသူများအား ကြည့်ရှု၍ ဟယ်ဝူတီသည် စာအုပ်ကို မြှောက်ကိုင်ကာ ပြောလိုက်သည်။ “ကျုပ်က ဒီနေ့မှာ ဒါကို လက်လွှဲပေးမယ်၊ ဒါကို ဘယ်သူရလဲဆိုတာကတော့ ကိုယ့်ရဲ့ အရည်အချင်းမှာပဲ မူတည်တယ်”
သူအလျော့ပေးလိုက်ပြီဖြစ်သည်။ ဤလျှို့ဝှက်သိုင်းကျမ်းသည် သူ့အား အလွန်တရာ နက်နဲလှသော တာအို သဘောတရားများကို နားလည်နိုင်စေရန် ကူညီပေးနိုင်သည်ဆိုသော်လည်း သူ၏ လက်ရှိအသက်လောက် အရေးမကြီးချေ။
“မြန်မြန် ပစ်လိုက်”
များပြားလှသော ကျင့်ကြံသူများသည် အလောတကြီးဖြင့် ပြောလိုက်၏။ တချို့ဆိုလျှင် ခုန်ပျံပြီးတော့ လုချင်စိတ်ပင် ဖြစ်နေကြ၏။
လောဘသားကောင်တွေ၊ ငါဒီထက်အဆင့်မြင့်အောင် လေ့ကျင့်ပြီးပြီဆိုတာနဲ့ မင်းတို့ကို ပြန်ပြီး လက်စားချေ ပြမယ်။
ထိုအရာကို တွေးပြီးသည့်နောက် သူသည် လျှို့ဝှက်သိုင်းကျမ်းအကြောင်းနှင့်ပတ်သက်၍ မည်သို့မျှ မစဉ်းစား တော့ချေ။ လက်ကို ယမ်းခါပြီး ထိုသူတို့ဘက်သို့ လွှင့်ပစ်ရန် ပြင်လိုက်၏။ သို့ပေမဲ့ သူ၏ ကျမ်းစာသည် လက်ထဲမှ လွတ်လွတ်ခြင်းမှာပဲ လေထုထဲမှာ ပျောက်ကွယ်သွားတော့သည်။
“အမ်”
သူ ဆွံ့အသွားမိ၏။ လျှို့ဝှက်သိုင်းကျမ်းအား ဖမ်းယူရန် ပြင်ဆင်နေကြသော ကျင့်ကြံသူအားလုံးသည်လည်း ဆွံ့အ သွားကြ၏။
ပတ်ဝန်းကျင် အခြေအနေတစ်ခုလုံးသည် ငြိမ်သက်တိတ်ဆိတ်သွားသည်။
ငါ့ရဲ့လျှို့ဝှက်သိုင်းကျမ်းက ဘယ်ရောက်သွားလဲ။
“အားလုံးပဲ”
ဟယ်ဝူတီ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ “ဒီလျှို့ဝှက်သိုင်းကျမ်းက ရုတ်တရက် ပျောက်ကွယ်သွားတယ်ဆိုရင် ယုံမှာလား”
“မင်းမေကြီးတော်ကို ယုံမှာလား”
“ဒါ သိုလှောင်လက်စွပ်ထဲကို ထည့်ထားလိုက်တာပဲဖြစ်ရမယ်”
“ကြည့်ရတာ မင်းက ငါတို့ကို အထင်သေးပုံပဲ”
“အားလုံးပဲ၊ သူ့ကို တိုက်ခိုက်ပြီး သတ်ဖြတ်ရအောင်”
“ကောင်းပြီ”
ဝှစ် ဝှစ် ဝှစ်
ချက်ချင်းဆိုသလိုပဲ ကျွမ်းကျင်သူများ၏ ခန္ဓာကိုယ်များဆီမှ အော်ရာများသည် ပေါက်ကွဲထွက်သွားတော့သည်။ စွမ်းအင်လှိုင်းများသည် အလွန်တရာပြင်းထန်လွန်းစွာ ဖြစ်တည်လာပြီး ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်၏။
ထိုအရာကို မြင်တော့ သူဆက်လက်ရှင်းပြနေရင်လည်း ထူးမည်မဟုတ်ကြောင်း ဟယ်ဝူတီ သိလိုက်၏။ ထို့ကြောင့် သူ၏ သွေးမျိုးဆက်ကို ကျွမ်းလောင်အောင်ပြုလုပ်၍ အနီရောင်အလင်းတန်းအဖြစ် အသွင်ပြောင်းကာ အဆုံးအစမဲ့ ကောင်းကင်ဆီသို့ ထွက်ပြေးလိုက်တော့သည်။
သူ၏ ရင်ထဲမှာတော့ ဒေါသတကြီး အော်ဟစ်နေသည်။ “ငါ့ရဲ့သက်တန့်ရောင်စဉ်သိုင်းက ဘယ်ရောက်သွားတာလဲ၊ ဘာလို့ပျောက်သွားတာလဲ”
“လိုက်ကြ …. သူ့နောက်ကို လိုက်ကြ”
“သက်တန့်ရောင်စဉ်ကျမ်းကို ဒီနေ့မပေးရင် မင်းကိုသတ်ပစ်မယ်”
ဘုန်း…. ဘုန်း
…...
သံမဏိအရိုးဂိုဏ်း၏ စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ သိုလှောင်လက်စွပ်ထဲတွင် ပေါ်လာသော သက်တန့်ရောင်စဉ်ကျမ်းအား အသာကိုင်ကာ ဖွင့်ကြည့်လိုက်၏။ ပြီးနောက် ပျော်ရွှင်စွာ ပြောလိုက်၏။
“ဒီသိုင်းနည်းစနစ်က တကယ့်ကို ခန့်မှန်းလို့မရအောင် အားကောင်းတာပဲ”