အခန်း (၄၀၆)
Vol. 28 Ch. 406
ဟယ်ဝူတီ၏ သက်တန့်ရောင်စဉ်ကျမ်းသည် ဘယ်ရောက်သွားသနည်း။
သေချာ စဉ်းစားစရာပင် မလိုပေ။ ဤနည်းစနစ်သည် ဘယ်ရောက်သွားမည်ကို စာဖတ်သူများအားလုံး သိရှိပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို ဖတ်ရှုလိုက်ချိန်မှာတော့ မည်သို့မှ ရပ်တန့်၍ မရတော့ချေ။ သူ့အနေနှင့် စတိုးထဲသို့ ဝင်ရောက်ကြည့်ရှုရန်ပင် စိတ်မဝင်စားတော့ပေ။
တစ်ညလုံးလုံး လေ့လာပြီးသည့်နောက်မှာတော့ သူသည့် ခန့်မှန်း၍ မရနိုင်ဟူသည် အဓိပ္ပာယ်ကိုသာ ဖော်ညွှန်းနိုင် ခဲ့သည်။
ဟုတ်ပေသည်။ ခန့်မှန်း၍ မရနိုင်ဘူးဆိုသည်မှာ ကျင့်ကြံရန် ခက်ခဲလွန်းလှသည်ဟု မဆိုလိုပေ။ ဤလျှို့ဝှက်ကျမ်းထဲတွင် ရေးသားထားသော မန္တာန်နှင့် စကားလုံးများ အားလုံးတို့သည် အလွန်တရာ ရှုပ်ထွေး လှပြီး နက်နဲခက်ခဲလှသည့် အဓိပ္ပာယ်များ ပါဝင်နေသည်မှာ သေချာလှ၏။
ချီးထဲမှ …။
အာရုံတက်ချိန်မှာတော့ သူသည် ခေါင်းကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်၍ ကြေကွဲနေသည် မျက်နှာဖြင့် ပြောလိုက်၏။ “ဒီထဲမှာ တစ်ခုခု ဖုံးကွယ်ထားသလိုပဲ၊ ဒါပေမဲ့ ဘာလဲ ငါမသိဘူး”
စနစ်မှ ပြောလိုက်သည်။ “ဒါက အဆင့်မြင့်တဲ့ဂြိုဟ် တစ်ခုဆီက သိုင်းနည်းစနစ် တစ်ခုလေ၊ ဒါကြောင့် လက်ခံသူရဲ့ လက်ရှိဦးနှောက်နဲ့ နားမလည်နိုင်တာ ဖြစ်လိမ့်မယ်”
ဤနေရာတွင် ဆိုလိုသော ဦးနှောက်ဆိုသည်မှာ သိုင်းပညာနှင့်ပတ်သက်သော သိုင်းဦးနှောက်ကို ဆိုလိုခြင်း ဖြစ်သည်။ ဤနည်းစနစ်အား ရီရှင်းချန် နားလည်ရန် ကြိုးစားလျှင်ပင် အံ့ဩဆွံ့အစွာဖြင့် ထိတ်လန့်တုန်လှုပ် နေပေလိမ့်မည်။
ချီးတဲ့မှ ..။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
"စနစ်ဆီမှ ဝယ်ထားတဲ့ သိုင်းနည်းစနစ်တွေကို အသိအမြင်အဆောင်က နားမလည်နိုင်တာ ဆိုးတာပဲ၊ မဟုတ်ရင် ဒီထဲမှာရှိတဲ့ အဓိပ္ပာယ်တွေကို တစ်မိနစ်အတွင်း နားလည်နိုင်တယ်။"
စနစ်မှ ပြောလိုက်သည်။ "သုံးလို့မရပါဘူးဆိုမှ သုံးမနေနဲ့ပေါ့"
စနစ်သည် ယခုတလောတွင် ပိုမို၍ စနောက်လာသည်။ သူ၏ သိုင်းဦးနှောက်သည် လုံလောက်သည့် အဆင့်တွင် မရှိကြောင်း သိရှိပြီးသည့်နောက်တွင် ကျွင်းချောင်ရှောင်းသည် အရှုံးပေးကာဖြင့် အရေအတွက်များများ ကို မိတ္တူဆွဲထားလိုက်၏။
သက်တန့်ရောင်စဉ်ကျမ်းကို ဝယ်ယူပြီးသည့်နောက်မှာတော့ စနစ်သည် ဂိုဏ်း၏ နည်းစနစ်နှင့် အလိုအလျောက် လိုက်ဖက်ညီသည်ဟု သတ်မှတ်ခဲ့သည်။
ဒင် … ဒင်
"လျှို့ဝှက်သိုင်းကျမ်း ၅၀၀၀ အား မိတ္တူဆွဲပြီးပါပြီ"
ဤမျှများပြားသော သိုင်းနည်းစနစ်စာအုပ်များ ရှိနေသည်ကို ပြင်ပမှ ကျင့်ကြံသူများ သိရှိမည်ဆိုပါက တစ်ခါတည်း လာရောက်လုယူသွားပေလိမ့်မည်။
"ငါ့ဆီမှာ နတ်ဘုရားအဆင့် ကောင်းကင်နီဓားကွက်လည်းရှိတယ်၊ ဒီတော့ ဒါတွေကို တပည့်တွေကိုပေးပြီး လေ့ကျင့်လိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ" ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်၏။
နတ်ဘုရားသိုင်းနည်းစနစ်တစ်ခုနှင့် မပြည့်စုံသော အထူး သိုင်းနည်းစနစ် တစ်ခုတို့သည် သိုင်းနည်းစနစ် ခန်းမဆောင်တွင် နေရာယူခဲ့ပြီးဖြစ်သည်။
အဆင့်မြင့် နည်းစနစ်များသည် ကျင့်ကြံသူ၏ မျက်လုံးထဲတွင်တော့ အလွန်တရာ တန်ဖိုးရှိလှသော ရတနာများပင်ဖြစ်သည်။ ထိုရတနာများကို ရရှိရန်အတွက် သေဆုံးရမည်ဆိုလျှင်တောင် တိုက်ခိုက်၍ လုယူပေလိမ့်မည်။
သို့ပေမဲ့ သိုင်းမဏိအရိုးဂိုဏ်းထဲတွင်တော့ စာအုပ်စင်တွင် တင်ထားလျက်ရှိပြီး တပည့်များသည်လည်း လွယ်လွယ် ကူကူ သွားရောက်၍ ဖတ်ရှုနိုင်သည်။ ဤအရာမှာ ကျွင်းချောင်ရှောင်း ဖန်တီးထားသောသိုင်းမဏိအရိုးဂိုဏ်း၏ အမူအကျင့်ပင်ဖြစ်တော့၏။
…....
မနက်ခင်းလေ့ကျင့်ခန်းများပြီးချိန်မှာတော့ တပည့်များသည် ကျင့်ကြံခြင်းနည်းစနစ်ခန်းမဆောင်တွင် သိုင်းနည်းစနစ်များ ထားရှိထားသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့်သူတို့သည် အလုအယက်သွားကြည့်လိုက်၏။
“ဒါက လုံမိသားစုမှာ ဂိုဏ်းချုပ်ထုတ်ဖော်ခဲ့တဲ့ နည်းစနစ် မဟုတ်လား”
ကောင်းကင်နီဓားကွက်ကို ကိုင်ထားရင်း စုရှောင်မိုသည် ထခုန်မိမတက် စိတ်လှုပ်ရှားနေမိ၏။ လုံမိသားစု၏ ဒုတိယအကြီးအကဲနှင့် တိုက်ခိုက်ခဲ့စဉ်က ဘုံကိုးပါးနဂါးအော်သံဆိုသည့် တဖက်လူ၏ အားကောင်း လှသော တိုက်ခိုက်ချက်အား ဂိုဏ်းချုပ်သည် မီးတောက်များ အသုံးပြု၍ ဖျက်ဆီးခဲ့ဖူးသည်။
ထိုအချိန်ကတည်းက သူသည် ဤနည်းစနစ်နှင့်ပတ်သက်၍ စိတ်ထဲတွင် စွဲလန်းနေခြင်းဖြစ်သည်။ ဤမျှအားကောင်း လှသော တိုက်ခိုက်ရေးနည်းစနစ်ကို ကျင့်ကြံရမည်ကို တွေးတောလိုက်သည့်အချိန်မှာတော့ အလွန်တရာ စိတ်ကျေနပ်ပျော်ရွှင်နေမိ၏။
လီဖေးနှင့် ထျန်းချီတို့သည်လည်း စာအုပ်တစ်ယောက်တစ်အုပ် ယူလိုက်ကြ၏။
လုံကျိရန်လောက်မည်သူမျှ စိတ်မလှုပ်ရှားချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကလန်၏ အလွန်တရာအားကောင်းလှသော ဘုံကိုးပါးမှ နဂါး အော်သံနည်းစနစ်အား ဂိုဏ်းချုပ်၏ နည်းစနစ်သည် တိုက်ခိုက်အနိုင်ယူခဲ့သည် မဟုတ်လား။
“ဒါက သက်တန့်ရောင်စဉ် မပြည့်စုံတဲ့ ကျမ်းတစ်ခုလား”
လီချင်းယန်သည် လက်ထဲတွင်ရှိသော လျှို့ဝှက်ကျမ်းတစ်ခုအား ကိုင်ဆောင်ရင်း တီးတိုးရေရွတ်လိုက်မိ၏။ “ဒါက မပြည့်စုံဘူးလား”
သူသည် စာမျက်နှာအနည်းငယ်ကို လှန်လှောကြည့်မိပြီးသည့်နောက် အထဲတွင်ရှိသော မန္တာန်တစ်ခုအား မြင်လိုက် ရ၏။ ပြီးနောက်သိုလှောင်လက်စွပ်ထဲသို့ အသာထည့်၍ သိမ်းထားလိုက်တော့သည်။
ဤနေရာသို့ ရောက်ရှိလာသောတပည့်များထဲတွင် ထိတ်လန့်အတုန်လှုပ်ဆုံးမှာ ရီချင်းရှန်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည်ကောင်းကင်နီဓားကွက်ကို လှန်လှော ကြည့်လိုက်သည် ဆိုသည်နှင့် နောက်ထပ် နတ်ဘုရားအဆင့် သိုင်းနည်းစနစ်ပင်ဖြစ်ကြောင်း သိရှိလိုက်၍ဖြစ်သည်။ ထို့အပြင် စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်လည်းဖြစ်နေ၏။
“ဒီလိုမျိုး နတ်ဘုရားအဆင့် သိုင်းနည်းစနစ်ကို တပည့်တွေ ကျင့်ကြံနိုင်ဖို့ ကျင့်ကြံခြင်းနည်းစနစ်ခန်းမဆောင်မှာ ထားပေးထားတယ်ဆိုတော့ ဂိုဏ်းချုပ်က တကယ့်ကို ရက်ရောတဲ့လူပဲ”
ရီချင်းရှန် တွေးလိုက်မိ၏။ “သက်တန့်ရောင်စဉ်မပြည့်စုံတဲ့ကျမ်းတစ်ခုလား”
သူသည်စာအုပ်စင်ပေါ်တွင်ရှိသော လျှို့ဝှက်ကျမ်းအား အသာကောက်ယူ၍ လှန်လျောကြည့်လိုက်၏။ အထဲတွင် ရှိသော လှုပ်ရှားကွက်များသည် ရီချင်းရှန်အား အံ့အားမသင့်စေခဲ့ပေ။ ကျွင်းချောင်ရှောင်းလို သိုင်းစစ်သူကြီး ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဤလျှို့ဝှက်ကျမ်းထဲတွင် အလွန်တရာနက်နဲလှသော အဓိပ္ပာယ်များ တည်ရှိသည်ကို သိရှိမည်ဆိုလျှင် သိုင်းအင်ပါယာတစ်ယောက်ဖြစ်ခဲ့သော သူက မည်သို့ သတိမပြုမိဘဲ နေမည်နည်း။
သို့ပေမဲ့ ယခု သူအံ့အားမသင့်ဟုဆိုသည်မှာ ကျွင်းချောင်ရှောင်းကြည့်ရှုလိုက်သော သိုင်းနည်းစနစ်မှာ စတိုးဆီမှ တိုက်ရိုက်ဝယ်ယူထားသော နည်းစနစ်ဖြစ်သောကြောင့် အထဲတွင်ရေးသားထားသော လက်ရေးများမှအစ အလွန် တရာအားကောင်းလှသော အော်ရာများထွက်ပေါ်လျက်ရှိသည်။
လက်ရှိ ရီရှင်းချန် ကြည့်ရှုနေသော နည်းစနစ်မှာတော့ မိတ္တူကူးထားသည့် နည်းစနစ်သာဖြစ်သောကြောင့် မူရင်း ကိုတော့ မမှီနိုင်ချေ။ ထို့ကြောင့်ဘာမှမထူးခြားသလို ဖြစ်နေခြင်းဖြစ်၏။ “ဒါကမပြည့်စုံဘူးဆိုပေမဲ့ အားအင်ကတော့ သာမန်တော့ မဟုတ်ဘူး”
ရီချင်းရှန်သည် သက်တန့်ရောင်စဉ် မပြည့်စုံသည့်ကျမ်းအားလည်း အသာသိမ်းလိုက်၏။ ပြီးနောက် သူ၏ အခန်းဆီသို့သွားကာ လေ့လာကြည့်တော့သည်။
စနစ်ဆီမှ ဝယ်ယူရရှိသည့် သိုင်းနည်းစနစ်များ၏ အကြီးမားဆုံးသော အားသာချက်မှာ အလွယ်တကူ သင်ယူရရှိ နိုင်ခြင်းပင်ဖြစ်တော့သည်။
ရီရှင်းချန်၏ သိုင်းနည်းစနစ်ပေါ် နားလည်မှုနှင့် သိုင်းပညာနှင့်ပတ်သက်သော အတွေ့အကြုံများကြောင့် သူသည် တစ်ရက်အတွင်း ကောင်းကင်နီဓားနည်းစနစ်အား နားလည်နိုင်ခဲ့၏။
ဟူး
အတွင်းခြံဝန်း၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်မှာတော့ မီးတောက်ပုံသဏ္ဍာန်စိတ်ဝိညာဉ်စွမ်းအင်တစ်ခု ဖြစ်တည်နေသည်။ ပြီးနောက် မီးတောက်လက်ဝါးတစ်ခုသည် ဖြစ်တည်၍ ပိုင်းဖြတ်လိုက်တော့သည်။
ဘုန်း
တိုက်ခိုက်ချက်သည် ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားပြီး မီးတောက်လှိုင်းတစ်ခု ဖြစ်တည်လာသည်။
ကောင်းကင်ဘုံ …
စုရှောင်မိုသည် အသာစူးစိုက်ကြည့်ကာပြောလိုက်၏။ “ဂျူနီယာညီလေးရီက ကောင်းကင်နီဓားကွက်ကို တစ်ခါတည်းသင်ယူတတ်မြောက်သွားတာလား”
“အရမ်းအားကောင်းလွန်းတယ်”
ထျန်းချီနှင့် လီဖေးသည် ချီးကျူးလိုက်ကြတော့၏။ သူတို့သည် တစ်ရက်လုံး လေ့ကျင့်နေသည်ဆိုသော်လည်း အနည်းငယ်သာ နားလည်နေ၏။ ရီရှင်းချန်၏ တိုက်ခိုက်ချက်နှင့် နှိုင်းယှဉ်မည်ဆိုပါက မိုးနှင့်မြေသို့ပင် ကွာခြား လွန်းလှသည်။ ဤအရာသည် သိုင်းနည်းစနစ်နှင့်ပတ်သက်သော အတွေ့အကြုံ ကွာခြားချက်ပင်ဖြစ်တော့သည်။
ရွီး
ရီချင်းရှန်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အသာရုတ်သိမ်းပြီးမှ ပြောလိုက်မိ၏။
“ဒီလှုပ်ရှားမှု က သင်ယူရတာလွယ်တယ်ဆိုပေမဲ့ ပြည့်စုံတဲ့အဆင့်ကို ရောက်ရှိဖို့အထိ အလွန်တရာ ခက်ခဲတယ်။ ငါဒါကို ဇွဲရှိရှိနဲ့ နားလည်အောင်ကြိုးစားမှပဲဖြစ်တော့မယ်၊ ပြီးတော့ ထုတ်ဖော်တဲ့ အချိန်မှာ စိတ်ဝိညာဉ်စွမ်းအင်တွေက မီးစွမ်းအင်အနေဖြင့် ပြောင်းလဲရတယ်၊ ဒါကြောင့် မီးဓာတ်အမျိုးအစားကို ပိုင်ဆိုင်မယ်ဆိုရင် စွမ်းအင်တွေက အရမ်းကို တိုးတက်သွားမှာပဲ”
သိုင်းအင်ပါယာတစ်ယောက်ဖြစ်သည်ဆိုသည့်အတိုင်းပဲ သူသည်ကျွမ်းကျင်လှသော သုံးသပ်ချက်ကို ပြုလုပ်နိုင်စွမ်းရှိ၏။ ကောင်းကင်နီဓား၏ နည်းစနစ်ထုတ်ဖော်ချက်တွင် မည်သည့်အရာများ အရေးတကြီး လိုအပ်နေသည် ဆိုသည်ကို သူနားလည်နေ၏။
သူသည် ဤကဲ့သို့ စိတ်ဝိညာဉ်အမျိုးအစားတိုက်ခိုက်ရေးနည်းစနစ်တွေကို ကျွမ်းကျင်အောင် လေ့ကျင့်ရန် စီစဉ်ထားမိ၏။ အဘယ်ကြောင့်ဆိုသော အလွန်ကောင်းမွန်သောအဆင့်သို့ ရောက်ရှိအောင် တက်ကျွမ်းထားမည် ဆိုပါက သူအရင်ဘဝက ရရှိခဲ့သော သိုင်းနည်းစနစ်များထက် ပိုမိုအားကောင်းသော တိုက်ခိုက်ချက်များကို ထုတ်ဖော်နိုင်မှာသေချာသည်။
လောကကြီးတွင် ရေတွက်၍ မရနိုင်အောင်များပြားသော သိုင်းနည်းစနစ်များရှိ၏။ သို့ပေမဲ့ လူတစ်ယောက် အနေဖြင့်ရှိရှိသမျှသော သိုင်းနည်းစနစ်များကို ကျင့်ကြံရန်တော့ မဖြစ်နိုင်ချေ။ ထို့ကြောင့် ဖြစ်သင့်ဖြစ်ထိုက်သော သိုင်းနည်းစနစ် အနည်းငယ်ကိုသာ အာရုံစိုက်၍ လေ့ကျင့်ရပေမည်။
ရီချင်းရှန်သည်လည်း အလွန်တရာများပြားလှသော သိုင်းနည်းစနစ်များကို လေ့ကျင့်ခဲ့ဖူး၏။ သို့ပေမဲ့ အရင်ဘဝ တုန်းကဆိုလျှင်တောင်မှ သူသည် အဓိကအသုံးပြုသော သိုင်းနည်းစနစ်ဟူ၍ အနည်းငယ်သာရှိ၏။
စာဖတ်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ပြတင်းပေါက်တွင် အသာမတ်တပ်ရပ်၍ ရီချင်းရှန်အား ကြည့်ရှုလျက်ရှိသည်။
“ကောင်းကင်နီဓားနည်းစနစ်ကို တစ်ရက်အတွင်း နားလည်ဖို့ဆိုတာ ဒီတပည့်က မရိုးရှင်းဘူးပဲ”
စနစ်မှ ပြောလိုက်သည်။ “တပည့်တွေအားလုံးထဲမှာ ရီရှင်းချန်က သိုင်းပညာအတွေ့အကြုံနဲ့ပတ်သက်တဲ့ အကန့်အသတ်မှာ အမြင့်ဆုံး လို့တောင်မှ သတ်မှတ်နိုင်တယ်”
“ဒီလိုလား” ကျွင်းရှောင်ချောင်းရယ်လိုက်၏။
စနစ်မှ ထိုကဲ့သို့ ချီးကျူးသည်ဆိုလျှင် ဤတပည့်သည် အမှန်ပင် တော်လွန်းလှသူ ဖြစ်ရပေလိမ့်မည်။ သို့ပေမဲ့ ရီချင်းရှန်၏ အမူအကျင့်သည် အလွန်တရာမောက်မာလှ၏။ တိုက်ခိုက်ရာတွင်လည်း ကြမ်းတမ်းလွန်းလှသလို မည့်သည့်အပူအပင် အကြောင့်အကြမှလည်း မရှိချေ။ သူ၏ ပုံစံကို ကြည့်ရလျှင် ဂိုဏ်းမှပိုင်ဆိုင်သော ဂိုဏ်းသားတစ်ယောက်ဖြစ်သည်ဟုပင် သံသယဝင်နိုင်စရာ ရှိသည်။
“ဟုတ်တယ်”
စနစ်မှ ထပ်ပြောလိုက်သည်။ “အကြီးဆုံးတပည့်မကြီး လုချင်းချင်းကလည်း ရိုးရှင်းတဲ့လူတစ်ယောက်မဟုတ်ဘူး၊ သိုင်းပညာနဲ့ပတ်သက်ရင် သူမက ရီချင်းရှန်ထက် ဘယ်လိုမှ အားမနည်းဘူး”
“...”
ကျွင်းချောင်ရှောင်း တိတ်ဆိတ်သွားမိ၏။ လက်ရှိအချိန်တွင် လုချင်းချင်းနှင့် ရီချင်းရှန်တို့သည် ဂိုဏ်း၏ အဓိက တိုက်ခိုက်သူများ ဖြစ်ကြ၏။ သို့ပေမဲ့ တစ်ယောက်မှာ အလွန်တရာအေးစက်ပြီး တစ်ယောက်မှာ အလွန်တရာ မောက်မာလှသည်။ ဂိုဏ်း၏ ပုံစံနှင့် ၎င်းတို့၏ အမူအကျင့်သည် မကိုက်ညီလှပေ။
“ချင်းယန်နှင့် ရှောင်ကျီရော”
“သူတို့နှစ်ယောက်က အလားအလာကောင်းတွေကို ပိုင်ဆိုင်တယ်၊ ဒါပေမဲ့ လက်ခံသူက အနာဂတ်မှာ သူတို့ကို ဘယ်လောက်ထိလေ့ကျင့်ပေးနိုင်မလဲဆိုတာ မူတည်နေတယ်”
“စိတ်မပူနဲ့”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ငါအားပြီဆိုတာနဲ့ သံမဏိအရိုးဂိုဏ်းတပည့်ဖြစ်နေသ၍ သူတို့ကို အထူးပါရမီရှင်တွေအနေဖြင့် အကောင်းဆုံး ပျိုးထောင်ပေးမယ်၊ လူတွေကြားထဲမှ နဂါးတွေ ဖြစ်လာစေရမယ်”
ဤခရီးစဉ်သည် အလွန်တရာ ရှည်ကြာလှပေလိမ့်မည်။ သို့ပေမဲ့ သူသည် ရှေ့သို့ ဆက်သွားရန်အတွက် မတွန့်ဆုတ်သော ခြေလှမ်းများနှင့် အတူ အလွန်တရာ အားကောင်းလှသော စိတ်နှလုံးကို ပိုင်ဆိုင်ထား၏။