အခန်း (၄၁၃)
Vol. 28 Ch. 413
ကျွင်းချောင်ရှောင်း တည်ရှိနေသော နေရာသည် တောင်ကြီးတစ်ခု၏ အပေါ်၌ဖြစ်၏။ ထိုတောင်ကြီးကို လင်းရှန်တောင်ဟု ခေါ်သည်။ တောင်ပေါ်တွင်တော့ လင်းရှန်ရွာဟူ၍ ရှိနေသည်။
ထိုရွာထဲတွင်တော့ ဓားပြသုံးရာမှ ငါးရာနီးပါးတို့သည် စုဝေးလျက်ရှိနေကြသည်။ သူတို့သည် တစ်နှစ်ပတ်လုံးလူများအား လုယက်သတ်ဖြတ်ခြင်းကို ပြလုပ်ကြသူများဖြစ်ကြသည်။ များပြားလှသော အပြစ်ကင်းမဲ့သည့် လူများသည် ထိုဓားပြများ၏ ဓားသွားအောက်တွင် သေဆုံးခဲ့ကြ၏။
ကောင်းကင်ဘုံမှ အပြစ်ပေးခြင်းသည် ကျဆင်းမလာခဲ့ချေ။ ထို့ကြောင့်ပင် ဓားပြများသည် ပိုမိုဆိုးရွားနေသည်ဟုပင် ဆိုရမည်။
လက်ရှိအခြေအနေမှာတော့ ရွာထဲတွင်ရှိသော ဓားပြများအားလုံးသည် မြေပေါ်တွင် လဲနေကြပြီဖြစ်ပြီး သွေးများမှာလည်း တည်နေရာတစ်ခုလုံးအား စေးကပ်နေစေ၏။
ဘုတ်။
လင်းရှန်ရွာ၏ ခေါင်းဆောင်သည် မြေပေါ်တွင် ဒူးထောက်လိုက်၏။ သူ၏ မျက်လုံးများထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့သည့် အမူအရာများနှင့် ပြည့်နှက်လျက်ရှိသည်။
အချိန်တိုအတွင်းတွင် သူ၏ လူများ သတ်ဖြတ်ခံလိုက်ရပြီးဖြစ်သည်။ သောက်သုံးမကျသော ဒုတိယအဖွဲ့ခေါင်းဆောင်သည် တောင်အောက်သို့ ဆင်းသွားချိန်တွင် မည်ကဲ့သို့သော ဆရာကြီးကို သွား၍ ရန်စခဲ့လေသနည်း။
သူတို့ဓားပြအဖွဲ့သည် မည်သည့် ဆရာကြီးကို ရန်စခဲ့ခြင်း မဟုတ်ပေ။ သံမဏိအရိုးဂိုဏ်းနှင့် ကျွင်းချောင်ရှောင်းကိုသာ ရန်စခဲ့ခြင်းဖြစ်၏။
"ရောင်းရင်း"
လင်းရှန်ရွာ၏ ခေါင်းဆောင်သည် တုန်ရင်နေသော အသံဖြင့် တောင်းပန်လိုက်၏။ "ကျုပ်ရဲ့ တန်ဖိုးမဲ့လှတဲ့ အသက်ကို ချမ်းသာပေးပါ"
သူမသေချင်ပေ။သူ အသက်ရှင်ချင်၏။
"ချမ်းသာပေးရမယ် ဟုတ်လား"
သူ၏ ရှေ့တည့်တည့်တွင် မတ်တပ်ရပ်နေသော ကျွင်းချောင်ရှောင်းသည် ညာဘက်ခြမ်းဆီသို့ လက်ညိုးထိုးပြကာ ပြောလိုက်၏။ "သူတို့ သဘောတူရဲ့လား မေးကြည့်အုံး"
ထိုနေရာတွင်တော့ မကြာသေးခင်ကမှ သေဆုံးထားသည့် များပြားလှသော အလောင်းများ ရှိသည်။
ထိုသူတို့၏ အဝတ်အစားများကို ကြည့်ရမည်ဆိုလျှင် သာမန်လူများ ၊စီးပွားရေးသမားများ ၊ခရီးသွားများနှင့် ကလေးငယ်များပင် ပါဝင်၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင် များပြားလှသည့် ဒဏ်ရာများရှိနေပြီး မသေဆုံးခင်၌ အပြင်းအထန် နှိပ်စက်ခံခဲ့ရကြောင်း သိသာနိုင်၏။
အနည်းငယ်လှပပြီး အဝတ်အစားများ မရှိသော အမျိုးသမီးအလောင်းများလည်း ရှိနေ၏။ ထိုအမျိုးသမီးများသည် အသက်ရှင်စဉ်တွင် မုဒိန်းကျင့်ခံထားရကြောင်း သိသာနေသည်။
"ရောင်း … ရောင်းရင်း သူတို့အားလုံးက သေကုန်ပြီလေ။ဘယ်လို သွားပြီးတော့ မေးရမှာလဲ" လင်းရှန်ရွာ၏ ခေါင်းဆောင်က ပြောလိုက်၏။
"ငရဲပြည်မှာ သွားမေးလေ။"
ဝှစ်။
သူ ပြောပြောပြီးချင်းမှာပဲ လုချင်းချင်းသည် သူမ၏ ဓားကို ဝှေ့ယမ်းလိုက်၏။
လင်းရှန်ရွာ၏ ခေါင်းဆောင်သည် ခေါင်းဖြတ်ခံလိုက်ရပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "တိရစ္ဆာန်တွေထက် ဆိုးတဲ့လူတွေကို သတ်ဖြတ်ရတာ အရမ်းကို လွယ်လွန်းတယ်"
ဂိုဏ်းချုပ်ကျွင်းသည် လူကောင်းတစ်ယောက် မဟုတ်သလို လူဆိုးတစ်ယောက်လည်း မဟုတ်ပေ။ နှလုံးသားကင်းမဲ့သည့် ဓားပြအဖွဲ့နှင့် ရင်ဆိုင်ရသည့် အချိန်တွင် သူသည် အားလုံးကို သတ်ဖြတ်ခဲ့၏။ မည်သည့် သနားညှာတာမှုမျိုးကိုမှ မထုတ်ဖော် မပြသခဲ့ပေ။
သူသည် လူများအတွက် မိစ္ဆာများကို ရှင်းလင်းနေသည်ဟုပင် ဆိုရမည်။
လီချင်းယန်က သတင်းပို့လိုက်၏။ "ဂိုဏ်းချုပ် အထဲမှာ ရတနာခန်းကို တွေ့တယ်"
ကျွင်းချောင်ရှောင်း မေးလိုက်သည်။ "ဘယ်လောက်တောင်များလဲ"
မဆိုးလှချေ။
ဓားပြအဖွဲ့များကို သူ သုတ်သင်ရှင်းလင်းခြင်းသည် စနစ်ဆီမှ ဖုံးကွယ်ထားသော တာဝန်ကို ပြည့်စုံစေခဲ့၏။ ထိုကဲ့သို့ ပြုလုပ်ရန်အတွက် သူ၏ အစစ်အမှန် အားတက်စေသော အရာမှာ ဓားပြများဆီမှ ပြန်လည် လုယက်နိုင်ခြင်းပင် ဖြစ်တော့သည်။
လီချင်းယန်ပြောလိုက်သည်။ "ငွေစ ငါးသောင်းနဲ့ ငွေလွှဲလက်မှတ်က သုံးသောင်းလောက် ရှိတယ်။ပြီးတော့ ပစ္စည်းတွေလည်း အများကြီးပဲ"
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဟွာတောင်တန်းကို သွားတဲ့ လမ်းမှာ တစ်ခြားဓားပြတွေ ရှိသေးလား။ရှိသေးရင် ငါတို့ အဲ့လမ်းတွေဘက်ကနေ ရွေးပြီးတော့ သွားရအောင်"
ဓားပြများကို ရှင်းလင်းရသည့် လုပ်ငန်းအား သူသည် စွဲလမ်းနေပြီဖြစ်၏။
"ဂိုဏ်းချုပ်"
လီချင်းယန်သည် သိုးအရေခွံတစ်ခုအား လှမ်းပေးကာ ပြောလိုက်၏။ "ရတနာတွေထဲမှာ ရတနာမြေပုံတစ်ခုကို ရှာတွေ့ခဲ့တယ်"
"ရတနာမြေပုံ ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် ယူပြီး ဖြန့်ကြည့်လိုက်၏။
အလွန်တရာ ရှုပ်ထွေးလှသော မြေပုံတစ်ခုအား ရေးထိုးထား၏။မြေပုံ၏ အလယ်တွင် သိသာထင်ရှားလှသော အနီရောင် အမှတ်အသားတစ်ခု တည်ရှိနေ၏။ မြေပုံ၏ ညာဘက်အောက်ခြေတွင်တော့ စာသား အနည်းငယ် ရေးသားထားသည်။ "ရတနာကို လိုချင်လား။ လာယူလိုက်လေ"
"ချီးတဲ့မှ … တည့်ကြီးပါ့လား"
ကျွင်းချောင်ရှောင်းသည် ထိုအရာအား သူ၏ သိုလှောင်လက်စွပ်ထဲသို ထည့်သွင်းကာ ပြောလိုက်၏။ "ဒါက ပင်လယ်ဓားမြတွေရဲ့ စတိုင်ပဲ"
သို့ပေမဲ့ သူသည် ဤရှေးဟောင်းမြေပုံနှင့် ပတ်သက်၍ စိတ်ထဲတွင် သိပ်မထားချေ။
ဝှစ် ဝှစ်။
မကြာခင်မှာပဲ ဓားပြခံတပ်တစ်ခုလုံးသည် မီးကျွမ်းလောင်သွားပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များနှင့် အတူ ထွက်ခွာသွားခဲ့၏။
ဒင်
“ဖုံးကွယ်ထားသည့် တာဝန်အား ပြည့်စုံစေသည့် အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ မိစ္ဆာတွေကို ရှင်းလင်းခြင်း (၂)၊ ဂိုဏ်းစုဆောင်းမှတ် ၅၀၀ ရရှိသည်။”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် ၁၉၅၀/၅၀၀၀”
ကျွင်းချောင်ရှောင်းသည် ကြောင်အသွား၏။ ပြီးနောက် ပြောလိုက်သည်။ "လူတွေအတွက် မိစ္ဆာတွေကို ရှင်းလင်းပေးတာ တကယ့်ကို တာဝန်တစ်ခု ဖြစ်နေတာပဲ။"
သူသည် ဟေးဖေးခံတပ်ကို ရှင်းလင်းခဲ့ပြီးနောက်မှာတော့ တာဝန်တစ်ခု ပြည့်စုံစေခဲ့သည်။ ယခုလင်းရှန် ခံတပ်ကို ထပ်မံ၍ ရှင်းလင်းပြီးသည့်နောက်မှာတော့ တာဝန်နှစ်ခုပြီးမြောက်သည်ဟု စနစ်မှ သတိပေးလိုက်သည်။
စနစ်မှ ပြောလိုက်၏။ "ဒါက ဖုံးကွယ်ထားတဲ့ တာဝန်တွေပဲလေ။"
"ဒီလိုဆိုရင် သုံးတွေ၊ လေးတွေ၊ ငါးတွေ ရှိရအုံးမှာပေါ့" ကျွင်းချောင်ရှောင်း မေးလိုက်သည်။
စနစ်မှ ပြောလိုက်၏။ "လက်ခံသူက ကိုယ်ဘာကိုသိအောင်လုပ်လေ။ ပြောပြမှာ မဟုတ်ဘူး"
“ချီးပဲ....”
လမ်းတစ်လျှောက်မှာ ဓားပြများရှိသည်ဆိုလျှင် သူသည် ထိုလမ်းကို ရွေး၍ သွားတော့သည်။
ကျွင်းချောင်ရှောင်းသည် ထိုစကားအား အမှတ်တမဲ့ ပြောခဲ့ခြင်း မဟုတ်ပေ။ သူသည် ဓားပြများကို ရှာဖွေ၍ လူသားများအတွက် မိစ္ဆာကောင်များကဲ့သို့ ဖြစ်နေသောလူများကို ရှင်းလင်းကာ ထိုသူများ၏ ရတနာများကို သိမ်းယူရန် ဆုံးဖြတ်ချက်ချခဲ့၏။
ဝှစ် … ဝှစ်
မိုင်တစ်ရာကျော် ခရီးဆက်ပြီးသည့်နောက်မှာတော့ အမည်မဲ့ တောင်တန်းတစ်ခုပေါ်မှ ဓားပြအဖွဲ့သည် ပြာဖြစ်သွားခဲ့ပြီဖြစ်သည်။
ဓားပြအားလုံးသည်လည်း သတ်ဖြတ်ခံလိုက်ရ၏။
ဒင်။
“ဖုံးကွယ်ထားသည့် တာဝန်အား ပြည့်စုံစေသည့် အတွက် ဂုဏ်ပြုပါသည်။ လူသားတွေအတွက် မိစ္ဆာအား ရှင်းလင်းခြင်း (၃)၊ ဂိုဏ်းစုဆောင်းမှတ် ၅၀၀ ရရှိသည်။”
ဒင်။
“ဂိုဏ်းစုဆောင်းမှတ် ၂၄၅၀/၅၀၀၀”
အမှန်တကယ်ပင် ကျွင်းချောင်ရှောင်း ပျော်ရွင်သွားမိ၏။
"ငါဓားပြ တွေကို ရှင်းလင်းခဲ့တယ်။လူသားတွေအတွက် ဓားမြတွေကို ရှင်းလင်းတဲ့ တာဝန်တွေကို ပြည့်စုံစေခဲ့တာပဲ။ ပထမ၊ ဒုတိယနဲ့ တတိယဆိုတော့ နောက်ကို အတွဲလိုက်ကြီး ရှိနေနိုင်သေးတယ်။ ရှာမယ် … ဆက်ပြီးရှာမယ်"
မူလအားဖြင့် သူသည် ဟွာတောင်တန်းရှိ သိုင်းတာအိုဆွေးနွေးပွဲဆီသို့ သွားနေခြင်းဖြစ်၏။ သို့ပေမဲ့ ဖုံးကွယ်ထားသည့် တာဝန်ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သောကြောင့် သူသည် ဓားပြများ အပေါ်တွင် အာရုံစူးစိုက်လိုက်၏။
ကံဆိုးစွာဖြင့် ဟာရီကိန်းဝံပုလွေများကို စီးနင်းကာ မိုင်ရာချီအထိ စီးနင်းပြီးဓားပြအဖွဲ့တစ်ဖွဲ့တစ်လေကိုမှ မရှိခဲ့တော့ချေ။
အချိန်အတော်ကြာ ရှာဖွေပြီးသည့်နောက်မှသာ ဓားပြအဖွဲ့တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရသည်။
ဒင်
“ဖုံးကွယ်ထားသည့် တာဝန်အား ပြည့်စုံစေသည့် အတွက် ဂုဏ်ပြုပါသည်။ လူသားတွေအတွက် မိစ္ဆာအား ရှင်းလင်းခြင်း (၄)၊ ဂိုဏ်းစုဆောင်းမှတ် ၅၀၀ ရရှိသည်။”
ဒင်။
“ဂိုဏ်းစုဆောင်းမှတ် ၂၉၅၀/၅၀၀၀”
တတိယမြောက်ဓားပြများအား ရှင်းလင်းပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် နောက်ထပ်ဆုလာဘ် တစ်ခုကို ရရှိခဲ့သည်။
ထို့ကြောင့် သူ အလွန်တရာ ပျော်ရွှင်သွားသည် "ဂိုဏ်းစုဆောင်းမှတ်တွေ ရှာဖွေဖို့ တော်တော်လွယ်ကူတာပဲ။ လူသားတွေအတွက် မိစ္ဆာတွေကို ရှင်းလင်းတယ်ဆိုတော့ အနာဂတ်မှာ ငါ ဘာမှ လုပ်စရာ မလိုတော့ဘူး။ဓားမြတွေကိုရှာပြီး လိုက်သတ်နေရုံပဲ...."
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို ဦးဆောင်ကာ တောင်အနှံ့သို့ ခရီးဆက်၍ ဓားပြများကို ရှာဖွေခဲ့သည်။
ဓားပြများ အားလုံးသည် သူတို့၏ အရိပ်အယောင်များကို မြင်သည်နှင့် ထွက်ပြေးသွားကြပြီဖြစ်သည်။ ထို့ကြောင့် တစ်ယောက်တစ်လေကိုမှ ရှာမတွေ့ခဲ့ပေ။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အလျော့မပေးချေ။ ထပ်မံ၍ ပြင်းပြင်းထန်ထန်နှင့် ကြိုးစားရှာဖွေခဲ့ပြန်သည်။
နောက်ထပ်တောင်တစ်ခုကို ရောက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဓားပြအဖွဲ့တစ်ခုကို ထပ်မံရှာဖွေတွေ့ရှိခဲ့၏။
ဓားပြအဖွဲ့သည် အလွန်တရာ ကြီးမားပြီး ဓားပြငါးရာကျော်ခန့်ရှိနေသည်။
ဓားမြခေါင်းဆောင်၏ ကျင့်ကြံခြင်းအဆင့်သည် အလွန်တရာ ကောင်းမွန်လှပြီး သိုင်းစစ်သူကြီး အဆင့်တစ် သို့ပင် ရောက်ရှိနေ၏။
ထိုဓားပြအဖွဲ့၏ အဓိက ဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ကျားသားရေ ထိုင်ခုံပေါ်တွင် ထိုင်၍ ခြေကို ချိတ်လိုက်သည်။ "ဒီလောက်ကောင်းတဲ့ ကျင့်ကြံခြင်းအဆင့် ရှိနေတာ ကောင်းမွန်တဲ့ အလုပ်တစ်ခုခုကို မရှာဘဲနဲ့ ဘာလို့ ဓားပြလုပ်နေရတာတုန်း။မင်းကိုယ်မင်း မှားတယ်လို့ မထင်ဘူးလား"
ဓားပြ ခေါင်းဆောင်သည် သတ်လတ်ပိုင်း လူတစ်ယောက်ဖြစ်သည်။
လီချင်းယန်၏ အအေးဓားသည် ထိုသူ၏ လည်ပင်းထက်တွင် ရှိနေသည်ဆိုသော်လည်း ထိုသူသည် ဦးခေါင်းကို ခပ်မတ်မတ် မော့ထား၏။ "မင်းငါ့ကို သတ်ချင်သတ် ဖြတ်ချင်ဖြတ်။ကြိုက်သလိုလုပ်"
သြော်။
ကျွင်းချောင်ရှောင်းသည် အတော်အံ့အားသင့်မိသွား၏။
ဤလူသည် ဓားပြတစ်ယောက်ဖြစ်သည်ဆိုသော်လည်း အလွန်တရာ ကြမ်းတမ်း ယုတ်ညံ့လှသော အော်ရာမျိုး မရှိပေ။ ထိုအစား တပ်သားတစ်ယောက်နှင့် တူညီသည့် ခံစားချက်ကို ပေးစွမ်းနေ၏။
ကျွင်းချောင်ရှောင်းသည် သူ၏နှာခေါင်းကို ကုတ်ကာ ပြောလိုက်၏။ "ခင်ဗျားက တပ်သားတစ်ယောက်လား"
ဓားမြခေါင်းဆောင်၏ မျက်လုံးထဲတွင်တော့ အလွန်တရာ နာကျင်သည့် ခံစားချက်များ ဖြစ်ပေါ်လာသည်။ သို့ပေမဲ့ သူသည် မြန်မြန်ဆန်ဆန်ပဲ ဖုံးကွယ်လိုက်၏။ "ကျုပ်က စစ်သားတစ်ယောက်သာ ဖြစ်မယ်ဆိုရင် ဘယ်လိုလုပ်ပြီး ဒီမှာ ဓားပြတစ်ယောက် ဖြစ်နေမှာလဲ"
"ဂိုဏ်းချုပ်"
ကျန့်ရာ ပြောလိုက်သည်။ "ဓားပြအဖွဲ့က လူတွေက အားနည်းတယ်ဆိုပေမဲ့ စည်းမျဉ်းစည်းကမ်းတွေ တအား ကောင်းကြတယ်။ သူတို့က စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ လိုက်နာခဲ့ရပုံပေါ်တယ်။"
ကျွင်းချောင်ရှောင်းသည် ဓားပြခေါင်းဆောင်အား ကြည့်၍ မေးစေ့ကို ပွတ်သပ်လိုက်သည်။ "ဒီတော့ ဒီလူက တပ်သားတစ်ယောက် မဟုတ်နိုင်ဘူး။သူက တပ်ဗိုလ်တစ်ယောက်ဖြစ်လိမ့်မယ်"
ကျန့်ရာပြောလိုက်သည်။ "တပ်ဗိုလ်တစ်ယောက်က ဓားပြဖြစ်လာတယ်ဆိုတော့ ဒီလူ့မှာ သမိုင်းနောက်ခံအကြောင်း တစ်ခုခု ရှိရမယ်"
ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာဖြင့် ဓားမြခေါင်းဆောင်နားသို့ လျှောက်သွား၏။ ပီးနောက် ပြောလိုက်သည်။ "ဒီကို ဝင်လာတဲ့အချိန်မှာ ဘယ်အလောင်းမှ မတွေ့သလို သွေးတွေလည်း မတွေ့ဘူး။ဒီတော့ ခင်ဗျားက အကြင်နာတရားကင်းမဲ့တဲ့ ဓားပြတစ်ယောက်တော့ ဖြစ်ပုံမပေါ်ဘူး။ဟုတ်တယ်မလား"
"ကျုပ်အပြစ်ကင်းမဲ့တဲ့ လူတွေကို မသတ်ဘူး။ကျုပ်က သာမန်ပြည်သူတွေကို ထိခိုက်အောင်လုပ်တဲ့ အရာရှိတွေနဲ့ သူဌေးသူကြွယ်တွေကိုပဲ သတ်တာ" ဓားမြခေါင်းဆောင်သည် ဂုဏ်ယူစွာပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာဖြင့် ပြောလိုက်သည်။ "ဒီတော့ ခင်ဗျားက ချမ်းသာတဲ့လူတွေဆီကနေ ခိုးယူပြီးတော့ ဆင်းရဲတဲ့လူတွေကို ကူညီနေတဲ့ ဓားပြတစ်ယောက်လို့ ဆိုလိုချင်တာလား။ဒီလိုဆိုရင်တော့ မလေးမစားပြုမူမိတဲ့အတွက် တောင်းပန်ပါတယ်"
"ဂိုဏ်းချုပ်"
လီချင်းယန်သည် အသံပို့လွှတ်ကာဖြင့် ပြောလိုက်သည်။ "ဒီလူကြည့်ရတာ လူဆိုးတစ်ယောက်တော့ ဟုတ်ပုံမပေါ်ဘူး။လွှတ်ပေးလိုက်ရင်ရော ဘယ်လိုလဲ"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဂိုဏ်းမှာ တပည့်နှစ်ထောင်ကျော်လိုအပ်နေတယ်လေ။ သူတို့ကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး။ဘာပဲဖြစ်ဖြစ် ငါတို့ ဂိုဏ်းအတွင်းကို ဝင်အောင် လုပ်ရမယ်"
"ဒါက အကြံကောင်းပဲ" လီချင်းယန် သဘောတူလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ဓားမြခေါင်းဆောင်အား ကြည့်ကာ ပြောလိုက်သည်။ "တောင်ပေါ်မှာ ဓားပြဓေားပြအဖြစ်နဲ့ နေထိုင်ရတာ ခင်ဗျားအတွက် ခက်ခဲလိမ့်မယ်။ကျုပ်ရဲ့ သံမဏိအရိုးဂိုဏ်းကို ဝင်ကြ။ကျုပ်နဲ့အတူတူ ကြီးမားတဲ့ အရာတွေကို လုပ်ကြမယ်"
"သံမဏိအရိုးဂိုဏ်း ဟုတ်လား"
ဓားမြခေါင်းဆောင်သည် ကြောင်သွား၏။
ပြီးနောက် ပြောလိုက်သည်။ "ခင်ဗျားပြောနေတာ သံမဏိအရိုးဂိုဏ်းလား"