အခန်း (၄၁၄)
Vol. 28 Ch. 414
"မိုင်တစ်ထောင်ကျော် ဝေးကွာတဲ့နေရာက ဓားပြတွေတောင် ကြားဖူးတဲ့အထိ ငါ့ရဲ့ သံမဏိအရိုးဂိုဏ်းရဲ့ ဂုဏ်သိက္ခာက ကြီးမားနေတာလား။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"အမှန်ပဲ။ခင်ဗျားက ကိုယ့်ကိုကိုယ် ခေါင်းဆောင်ဆိုပြီး စကားပြောဆိုနေတယ်ဆိုတော့ သံမဏိအရိုးဂိုဏ်းရဲ့ ဒုတိယခေါင်းဆောင် ကျွင်းချောင်ရှောင်းပေါ့။" ဓားပြခေါင်းဆောင် မေးလိုက်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်က ဒုတိယမြောက် ဂိုဏ်းချုပ်ဖြစ်တယ်ဆိုတာတောင် ခင်ဗျား သိနေတာပဲ။ကြည့်ရတာ တော်တော် သိရှိထားပုံပဲ။"
ဓားမြခေါင်းဆောင်က ပြောလိုက်၏။ "ခင်ဗျားက တပည့်တွေကို ခေါ်ပြီး ဟွာယန်နိုင်ငံက မိစ္ဆာတွေကို သွား သတ်ဖြတ်ခဲ့တယ်။ဒီလိုမျိုး လူစွမ်းကောင်းမျိုးကို ကျုပ် ချီးကျူးမိတယ်။ဒါကြောင့် သေချာ သတင်းစုံစမ်းထားတာပဲ။"
"လူစွမ်းကောင်း ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် လက်မခံရဲချေ။ သို့ပေမဲ့ မိစ္ဆာဂိုဏ်းများကို ဖျက်ဆီးခြင်းပဲ ဖြစ်ဖြစ် ၊ ဓားပြဂိုဏ်းများကို ဖျက်ဆီးခြင်းပဲ ဖြစ်ဖြစ် သူ၏ အဓိက ရည်ရွယ်ချက်မှာ လူများအပေါ် မကောင်းသည့် အရာများ ပြုလုပ်သည့်လူများကို ရှင်းလင်းပစ်ရန်ပင် ဖြစ်တော့သည်။
"ဒီလောက် ချီးကျူးနေပြီဆိုမှတော့ ဘာလို့ သံမဏိအရိုးဂိုဏ်းထဲကို မဝင်တာလဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်၏။
ဓားမြခေါင်းဆောင်က ပြောလိုက်သည်။ "ခင်ဗျားက သံမဏိအရိုးဂိုဏ်းချုပ်ဆိုတာကို ဘယ်လို သက်သေပြမှာလဲ..."
ကျွင်းချောင်ရှောင်း ချက်ချင်းပဲ လဲပြိုတော့မလို ဖြစ်သွား၏။
လုံမိသားစုသည် သူ့အား ဂိုဏ်းချုပ်ကျွင်းဆိုသည်ကို မယုံကြည်ကြပေ။ ဓားပြများသည်လည်း ထိုနည်းတူစွာပင် မယုံကြည်ကြ။
ကျုပ် … ကျုပ်က ခေါင်းဆောင်ပါဗျ။ ကျုပ်က ခေါင်းဆောင်။
ဘုတ်။
သူသည် ဂိုဏ်းချုပ်စည်းတံဆိပ်တုံးအား စားပွဲပေါ်သို့ တင်လိုက်၏။ ပြီးနောက် စာရွက်တစ်ရွက်ကို ကောက်ယူကာ စည်းတံဆိပ်တုံးကို ကောက်ယူပြီးထုနှက် ပြလိုက်၏။
"အခုယုံပြီလား"
ဓားပြခေါင်းဆောင်က ပြောလိုက်သည်။ "ဒီလိုမျိုး ဂိုဏ်းချုပ် စည်းတံဆိပ်တုံးဆိုတာက ဈေးထဲကို သွားပြီး ငွေတစ်စလောက်ပေးရင် လေးခု ၊ ငါးခုလောက် ရတယ်လေ။အင်ပါယာရဲ့ တံဆိပ်တုံးကိုတောင် အတု လုပ်လို့ရသေးတယ်။"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
သို့ပေမဲ့ စွန်းပုကုံး သည် သူ၏ဂိုဏ်းဆီသို ရောက်ရှိလာစဉ်က ထိုကဲ့သို့ စည်းတံဆိပ်တုံးနှင့် ကျောက်စိမ်းပြားများ ယူဆောင်လာခဲ့သည်ကို သတိရခဲ့၏။ ထို့ကြောင့် ဤလောကကြီးတွင် အတုပြုလုပ်ရသည်ဆိုသည်မှာ ခက်ခဲလှသည် မဟုတ်ချေ။
"ခင်ဗျား မယုံကြည်သေးဘူးဆိုရင် ဘယ်လိုလုပ်ပြမှ သံမဏိအရိုးဂိုဏ်းချုပ် အဖြစ် ယုံကြည်မှာလဲ" ကျွင်းချောင်ရှောင်း မေးလိုက်သည်။
ဓားမြခေါင်းဆောင် ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းက စိတ်စွမ်းအင်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်ရှိတယ်လို့ ကြားထားတယ်။အဲဒီ နည်းစနစ်က ဆက်တိုက် ထုတ်ဖော် အသုံးပြုနိုင်တယ်တဲ့။"
ရွှီ … ရွှီ … ရွှီ …။
လခြမ်းပုံစံ အလင်းတန်းများသည် လေထဲတွင် ပျံ့နှံ့သွားခဲ့၏။ ပြီးနောက် အဓိက ဟောခန်းဆီသို့ ရောက်ရှိသွားခဲ့ပြီး အဓိက ဟောခန်း၏ နံရံဆီသို့ ထိမှန်သွားတော့သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကို ပြန်ရုတ်ကာ ပြောလိုက်၏ ။ "ဒီတိုက်ကွက်ကို ပြောတာလား"
ဓားပြခေါင်းဆောင်သည် မျက်လုံးပြူးသွား၏။
ကြည့်လိုက်သည်ဆိုသည်နှင့် တစ်ဖက်လူသည် စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်ကို ထုတ်ဖော်လိုက်ပြီဖြစ်ကြောင်း သူသိနိုင်၏။ သို့ပေမဲ့ တစ်ထိုင်တည်း ဤမျှအများကြီး ထုတ်ဖော် အသုံးပြုနိုင်သည့်အပြင် ထုတ်ဖော်လိုက်သည့် အားအင်များကလည်း အလွန်တရာ အားကောင်းနေ၏။ ကောလဟာလများအတိုင်းပင် ကျွင်းချောင်ရှောင်းသည် ကျိန်းသေပေါက် သန်မာလှသည့် လူတစ်ယောက်ဖြစ်နိုင်သည်။
"သံမဏိအရိုးဂိုဏ်းရဲ့ တပည့် တစ်ယောက် က အလွန်အားကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်လို့ ကျုပ်ကြားထားတယ်။ချင်းယန်နိုင်ငံရဲ့ သိုင်းပြိုင်ပွဲမှာတောင် အနိုင်ယူနိုင်ခဲ့သေးတယ်တဲ့။"
ဘန်း ဘန်း ဘန်း
ကျွင်းချောင်ရှောင်းသည် လက်သီးကို မြှောက်၍ ရှောင်ကျီ၏ ရင်ဘတ်ကို အကြိမ်အနည်းငယ် ထိုးလိုက်၏။ "ခင်ဗျား ပြောနေတာ သူလား"
ဓားမြခေါင်းဆောင်သည် ဆွံ့အသွား၏။
ဤလက်သီးချက်သည် အနည်းဆုံး ဂျင်တစ်သိန်းခန့် အားအင်ပါဝင်နေ၏။
သာမန် သိုင်းပညာရှင်တစ်ယောက် ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက တစ်ခါတည်း ဒဏ်ရာပင် ရရှိသွားနိုင်သည်။ သို့ပေမဲ့ ဤလူငယ်သည် ဘာမှ မဖြစ်ရုံသာမက နောက်သို့ပင် ခြေတစ်လှမ်း မရွေ့သွားချေ။ မည်မျှ အားကောင်းလိုက်သည့် ခန္ဓာကိုယ်ပိုင်ရှင်နည်း။
ဓားပြခေါင်းဆောင်သည် လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း စိတ်ထဲမှာ မထားဘူးဆိုရင် ဒီရွဲ့က ခင်ဗျားနောက်ကို လိုလိုချင်ချင်နဲ့ လိုက်ချင်ပါတယ်"
သူသည် သူရရှိထားသော သတင်းများနှင့် ကိုက်ညီသောလူကို တွေ့ရှိပြီဖြစ်သောကြောင့် သံမဏိအရိုးဂိုဏ်းသို့ လိုလိုချင်ချင်နှင့် ဝင်ရောက်ရန် စိတ်ကူးခြင်းပင် ဖြစ်သည်။
ဓားပြခေါင်းဆောင်သည် သံမဏိအရိုးဂိုဏ်းအကြောင်းကို သေချာစုံစမ်းခဲ့၏။
အထူးသဖြင့် သူသိရှိခဲ့ရသော သတင်းများတွင် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းမှ လူများအား အနိုင်ရအောင် ပြုလုပ်သည့် အရာများသည် သူ့အား အလွန်အမင်း ချီးကျူးမိစေသည်။ ထိုသို့သောဂိုဏ်းက သူ့အား ခေါ်ယူချင်သည်ဆိုပါက သူ ကျိန်းသေပေါက် ဝင်ရောက်ရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် လီချင်းယန်အား ဓားကို ပြန်သိမ်းရန် အမိန့်ပေးလိုက်ပြီး ဝင်ခွင့်ဖောင်အား ထုတ်ယူလိုက်၏။
"နာမည်"
"ရွှဲ့ရန်ကွေ့"
"ရွှဲရန်ကွေ့ ဟုတ်လား"
ကျော်ကြားလှသည့် စစ်သူကြီးတစ်ယောက်၏ နာမည်နှင့် ဆင်တူနေသည်။ မည်သို့ပင် ဆိုစေကာမူ ဤနာမည်ပိုင်ရှင်မျိုးကိုတော့ သူ ဂိုဏ်းထဲသို့ ခေါ်ယူရပေလိမ့်မည်။
ဘုတ်
ကျွင်းချောင်ရှောင်းသည် စာရွက်ပေါ်တွင် တံဆိပ်တုံးအား ထုနှိပ်လိုက်၏။ ပြီးနောက် စနစ်ဆီမှ သတိပေးချက်များသည် တစ်တောင်တောင်နှင့် ထွက်ပေါ်နေတော့သည်။
"ဒီနေ့ကစပြီး ခင်ဗျားက သံမဏိအရိုးဂိုဏ်းရဲ့ တပည့်ပဲ"
သိုင်းစစ်သူကြီးတစ်ယောက်ကို ဂိုဏ်းထဲသို့ ခေါ်ယူနိုင်ခဲ့သည်ဆိုသည်မှာ အလွန်တရာ ဝမ်းမြောက်ဖွယ်ရာ ကိစ္စပင် ဖြစ်တော့သည်။
ထို့အပြင် ၎င်းထုတ်ဖော်လိုက်သည့် အလွန်တရာ ကြမ်းရမ်းလှသော အော်ရာများကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် တိုက်ပွဲစင်မြင့်ပေါ်တွင် အပြင်းအထန် တိုက်ခိုက်ခဲ့ဖူးသော ဝါရင့် တပ်ဗိုလ်တစ်ယောက် ဖြစ်နေမှာသေချာ၏။
သံချပ်ကာ ဝံပုလွေတပ်သည် လောလောဆယ်တွင် ခေါင်းဆောင်တစ်ယောက် လစ်ဟင်းနေသည်။ ထိုသူသည်သာ လုပ်ဆောင်နိုင်သည့် စွမ်းဆောင်ရည် ရှိမည်ဆိုလျှင် ခေါင်းဆောင်အဖြစ် ခန့်အပ်ရပေလိမ့်မည်။
ရွှဲ့ရန်ကွေ့သည် လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်"
ဓားပြတစ်ယောက်အဖြစ် ဖြစ်တည်လာရခြင်းသည် ဘာတစ်ခုမှမတတ်နိုင်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် ယခု သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည်ဆိုသောကြောင့် အလွန်တရာ ပျော်ရွင်မိ၏။
ထို့အပြင် အကောင်းဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်ဟုလည်း သတ်မှတ်မိသည်။
....
လက်ထဲတွင် လှံများအား ကိုင်ဆောင်ထားသော အဆင့်နိမ့် ကျင့်ကြံခြင်းနှင့် တပည့်ငါးရာတို့သည် အပြင်ဘက်ခြံဝန်းထဲတွင် တည်ရှိလျက်ရှိသည်။
သာမန်အခြေအနေဆိုလျှင် ဓားပြများသည် လက်နက်မျိုးစုံကို အသုံးပြုတတ်ကြ၏။ သို့ပေမဲ့ ဤလူများမှာတော့ လှံကိုသာ အသုံးပြုကြသည်။ ကြည့်ရသည်မှာ ကျွမ်းကျင်စွာဖြင့် သေချာလေ့ကျင့်ပေးထားသော တပ်သားများ ဖြစ်ရပေမည်။
"အမှိုက်ကောင်တွေ"
ရီရှင်းချန်သည် သူ၏ ဓားကို မြှောက်ကိုင်၍ အပေါက်ဝ၌ ရပ်နေ၏။ သူ၏ မျက်လုံးထဲတွင်တော့ အေးစက်စက်နှင့် အထင်အမြင်သေးခြင်း အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။
ဂိုဏ်းချုပ်သည် သူ့အား အမိန့်ပေးလိုက်သည်ဆိုသည်နှင့် ထိုတပည့်များအား ဝင်ရောက်၍ တစ်ခါတည်း သတ်ဖြတ်ပစ်မည်ဟု တွေးတောထားမိသည်။
ညအင်ပါယာသည် အလွန်တရာ အားကောင်းလှ၏။ သို့ပေမဲ့ သူ အချိန်အတော်ကြာ စောင့်ဆိုင်းနေပြီးနောက် မည်သည့်အမိန့်ကိုမှ မရရှိခဲ့ပေ။
ရီရှင်းချန်သည် မနေနိုင်ဘဲ တွေးလိုက်မိ၏။ "ဒါက ဂိုဏ်းချုပ်ရဲ့ ပုံစံ မဟုတ်ပါဘူး"
ဂိုဏ်းချုပ်သည် မကောင်းသည့် လူများ၏ တည်နေရာထဲသို့ ရောက်ရှိပြီး အပြစ်ကင်းစင်သော လူများ သေသည်ကို မြင်သည်နှင့် ချက်ချင်းပဲ အားလုံးကို သတ်ဖြတ်ပြီး တစ်ယောက်မှ မကျန်ခဲ့စေရန် အမိန့်ပေးခဲ့၏။
"လက်နက်တွေချလိုက်"
ရွဲ့ရန်ကွေ့သည် ဟောခန်းထဲမှ ထွက်လျှောက်လာပြီး လေးလေးနက်နက်နှင့် ပြောဆိုလိုက်၏။
တပည့်နောက်လိုက်များသည် သူတို့ ခေါင်းဆောင်၏ အမိန့်ကို ရရှိပြီးသည့်နောက်မှာတော့ မြေပေါ်သို့ လက်နက်များကို ပစ်ချလိုက်တော့သည်။ ဤကဲ့သို့သော အမိန့်နာခံမှု ပုံစံမျိုးနှင့် ထိုသူများသည် ဓားပြအဖွဲ့ဟု မည်ကဲ့သို့ ယုံကြည်နိုင်မည်နည်း။
"ညီအစ်ကိုတို့"
ရွှဲ့ရန်ကွေ့က ပြောလိုက်၏။ "ကျုပ်က သံမဏိအရိုးဂိုဏ်းထဲကို ဝင်လိုက်ပြီ။ခင်ဗျားတို့မှာ ကျုပ်နောက်ကို လိုက်မယ့် ရည်ရွယ်ချက်ရှိရင် လိုက်လို့ရတယ်။ဒါမှမဟုတ် တစ်ခြားကောင်းမွန်တဲ့ အလုပ်တွေကို ရှာဖွေချင်တဲ့ လူတွေကလည်း ဒီကထွက်သွားနိုင်တယ်။ကျုပ်ကတော့ သူတို့နဲ့အတူ လိုက်သွားတော့မယ်။"
"သူ သံမဏိအရိုးဂိုဏ်းကို ဝင်လိုက်တယ် ဟုတ်လား။ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။"
အားလုံးသည် ထိတ်လန့်သွားသည်ဆိုသော်လည်း တစ်ညီတစ်ညွှတ်တည်း အော်လိုက်ကြ၏။ "ခေါင်းဆောင် ဘယ်ကိုသွားသွား ကျုပ်တို့ လိုက်မယ်။ခေါင်းဆောင်က သံမဏိအရိုးဂိုဏ်းထဲကို ဝင်ပြီဆိုတော့ ကျုပ်တို့ကလည်း ဝင်မယ်။"
လီချင်းယန်သည် အပြင်ဘက်ဆီသို့ စားပွဲတစ်လုံးကို မလာကာ ချလိုက်၏။
ရှောင်ကျီမှာတော့ ထိုင်ခုံအား ယူဆောင်လာသည်။
ကျွင်းချောင်ရှောင်းသည် ထိုထိုင်ခုံပေါ်၌ ထိုင်ကာ ပြောလိုက်သည်။ "မြန်မြန် တစ်ယောက်ဆီလာပြီးတော့ စာရင်းပေးကြ"
ဒင်
“ဂိုဏ်းသား ၂၀၁၅/၅၀၀၀”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် ၁၉၅၀/၅၀၀၀”
……….
သေချာလေ့ကျင့်ပေးထားသော ဓားပြငါးရာကျော်အား ရယူပြီးသည့်နောက်မှာတော့ ဂိုဏ်း၏ အဖွဲ့သားများသည် ၂၀၁၄ မှ ၂၀၅၁၅ အထိ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
သူသည်လည်း ဂိုဏ်းစုဆောင်းမှတ် ၅၁၁ မှတ်ထိ ရရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် ဂိုဏ်းစုဆောင်းမှတ်ကလည်း၂၉၅၀ မှ ၃၄၆၀ အထိသို့ တိုးမြှင့် ရောက်ရှိသွားခဲ့၏။
ကျွင်းချောင်ရှောင်းတွေးလိုက်သည်။ "ဟွာတောင်တိုင်းရဲ့ သိုင်းတာဝန်ဆွေးနွေးပွဲကို လာရတာ တကယ့်ကို အကျိုးအမြတ်ရှိတာပဲ"
တောင်ပေါ်တွင်ရှိသော ဓားပြအဖွဲ့၏ အဆောက်အဦးများ သည် မီးထဲတွင် ပျောက်ကွယ်သွားတော့၏။ ထိုမီးအား ရှို့ခဲ့သူမှာ ရွှဲ့ရန်ကွေ့ပင်ဖြစ်တော့သည်။
အဘယ့်ကြောင့်ဆိုသော် သူသည် သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်တော့မည် ဆိုသောကြောင့် ဓားပြလုပ်ကိုင်ခဲ့သည်နှင့် သက်ဆိုင်သော မည်သည့်ပစ္စည်းကိုမှ သူအနာဂတ်ဆီသို့ ယူမသွားချင်တော့ပေ။
"ခင်ဗျားရဲ့ ဇာတ်ကြောင်းကို အမှန်အတိုင်း ပြောပြလေ" လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်း မေးလိုက်၏။
ရွှဲရန်ကွေ့သည် ခဏလောက် တွန့်ဆုတ်သွား၏။ ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ် ခန့်မှန်းထားတာ မှန်ပါတယ်။ကျုပ်က စစ်သည် တပ်သားတစ်ယောက် မဟုတ်ဘူး။ တပ်ဗိုလ်တစ်ယောက်ပဲ။"
"ဒါဆိုရင် ဘယ်လိုလုပ် ဓားပြ ဖြစ်လာတာလဲ"
"ဘာလို့လဲဆိုတော့"
ရွှဲရန်ကွေ့သည် စကားကို ရပ်ကာ လက်သီးကို ဆုပ်လိုက်သည်။ ပြီးနောက် သတ္တိမွေးကာ ပြောလိုက်သည်။ "ကျုပ်က တပ်ပြေးတစ်ယောက် ဖြစ်လာလို့ပဲ"
လီချင်းယန်နှင့် တစ်ခြားသူများအားလုံးသည် အံ့အားသင့်မိသွားသည်။
အဘယ့်ကြောင့်ဆိုသော် ထိုသူသည် ဓားကို လည်ပင်းပေါ်တင်၍ သတ်ခံရတော့မည့် အချိန်မှာပင် တစ်စက်ကလေးသော ကြောက်ရွံ့မှုကိုမှ မပြသခဲ့ပေ။ ထိုသို့သော လူသည် သံမဏိကဲ့သို့ ခိုင်မာသော စိတ်ဓာတ်ကို ပိုင်ဆိုင်သောလူမျိုးဖြစ်သည်။
ထိုသို့ဆိုလျှင် အဘယ့်ကြောင့် တပ်ပြေးတစ်ယောက် ဖြစ်လာရသနည်း။ ဤအရာသည် သူတို့ မထင်မှတ်ထားသော ကိစ္စဖြစ်၏။
"ခင်ဗျားက ဘယ်လိုလုပ်ပြီးတော့ တပ်ပြေးတစ်ယောက် ဖြစ်လာရတာလဲ" ကျွင်းချောင်ရှောင်း မေးလိုက်သည်။
ရွှဲရန်ကွေ့ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ သာမန်လူတွေ အပြည့်ဖြစ်နေတဲ့ မြို့တစ်မြို့ကို ချောင်းမြောင်းသတ်ဖြတ်ပစ်ဖို့ အမိန့်ရခဲ့တယ်လေ။"
"ဒီအရာက ရက်စက်လွန်းတယ်ထင်လို့ ခင်ဗျား ထွက်ပြေးခဲ့တာလား"
"ဒါအမှန်ပါပဲ။ တပ်သားတွေဆိုတာ အမိန့်ကို လိုက်နာရတယ်လေ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"စစ်တပ်တစ်ခုရဲ့ တပ်ဗိုလ်တစ်ယောက်အနေနဲ့ ခင်ဗျားက အမိန့်ကို မနာခံဘဲနဲ့ တပ်ပြေးတစ်ယောက် လုပ်ခဲ့တယ်။ဒါ မလုပ်သင့်ဘူး မဟုတ်လား။ဘာပဲဖြစ်ဖြစ်"
"ဒါကြောင့်ပဲ ကျုပ် တပ်ဗိုလ်ဆိုတဲ့ ဝတ်စုံကို ချွတ်ချပစ်ခဲ့တာပေါ့။ကျုပ်က တပ်သားတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်လှပါဘူး။"
ရွဲ့ရန်ကွေ့၏ မျက်လုံးထဲတွင်တော့ အလွန်တရာ ရှုပ်ထွေးသည့် ခံစားချက်များနှင့် ပြည့်နက်နေသည်။ သို့ပေမဲ့ သူတွင် နောင်တဟူ၍ မရှိပေ။
အချိန်ကို နောက်ပြန်သွား၍ ထပ်မံရွေးချယ်ခိုင်းမည်ဆိုလျှင်လည်း သူသည် အပစ်မဲ့သောလူများကို ထိခိုက်နာကျင်အောင် လုပ်လိမ့်မည် မဟုတ်ချေ။
စစ်သားတစ်ယောက်၏ တာဝန်သည် နိုင်ငံကို ကာကွယ်ရန်ဖြစ်သည်။ သို့ပေမဲ့ လက်နက်ကို ကိုင်ဆောင်၍ ကိုယ်ကာကွယ်ပေးရမယ့်လူများကို သတ်ဖြတ်ရမည့် အလုပ်ကို တော့ သူ ဘယ်တော့မှ လုပ်လိမ့်မည် မဟုတ်ပေ။
စစ်တပ်၏ အမိန့်ဆိုသည်မှာ တောင်ကဲ့သို့ပင် မြင့်မားပြီးတော့ ခိုင်မြဲလှ၏။ မလိုက်နာပါက အပြစ်ပေးခံရပေလိမ့်မည်။
ထို့ကြောင့် သူသည် ယုံကြည်ရသော နောက်လိုက်နောက်ပါများကို စုစည်းကာ တပ်ပြေး ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
ပြီးနောက် တောင်တစ်ခုအား အပိုင်သိမ်းယူ၍ ဆင်းရဲသောလူများအား ဒုက္ခပေးလျက်ရှိသော လူများကို ဓားပြတိုက်တတ်သည့် ဓားပြဖြစ်လာခဲ့သည်။
ဤအရာသည် ရွှဲရန်ကွေ့၏ ဇာတ်လမ်းပင် ဖြစ်တော့သည်။
စစ်သားတစ်ယောက်၏ သဘောသဘာဝ အမိန့်များကို ငြင်းဆန်ပယ်ချပြီး ဓားပြဇြာတ်ကြောင်းပင် ဖြစ်တော့သည်။
"ခင်ဗျားက ကျုပ်ရဲ့ အမိန့်ကိုမလိုက်နာဘဲ ထပ်ပြီး ဂိုဏ်းပြေးမဖြစ်ဖို့ မျှော်လင့်မိတယ်" ကျွင်းချောင်ရှောင်း ပြောလိုက်၏။
ရွှဲရန်ကွေ့သည် လေးလေးနက်နက် ပြောလိုက်၏။ "ဂိုဏ်းချုပ်သာ အပြစ်ကင်းစင်တဲ့လူတွေကို မသတ်ဖူးဆိုရင် ကျုပ်က သေတဲ့အထိ သံမဏိအရိုးဂိုဏ်းထဲကနေ ထွက်ခွာသွားမှာ မဟုတ်ပါဘူး။"