အခန်း (၄၁၅)
Vol. 28 Ch. 415
သူသည် သိုင်းတာအိုဆွေးနွေးပွဲသို့ လူအများကြီးကို ခေါ်ဆောင်သွားလိမ့်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းသည် သံမဏိအရိုးဂိုဏ်း၏ ကတ်ပြားအား ရွှဲရန်ကွေ့ဆီသို့ လှမ်း၍ ပစ်ပေးလိုက်သည်။ ပြီးနောက် သူ၏ လူများကို ဦးဆောင်ကာ သံမဏိအရိုးဂိုဏ်းသို့ သွားရောက်ရန် ပြောဆိုလိုက်၏။
သံမဏိအရိုးဂိုဏ်းကတ်ပြားသည် သံမဏိအရိုးဂိုဏ်းဟူသော ကတ်ပြားကို ရေးထိုးထားခဲ့၏။ သူသည် ချင်းယန်မြို့ဆီသို့ သွားရောက်၍ ပန်းပဲ ဆရာအား သေသေချာချာ လှလှပပ ဖန်တီးပေးရန် အပ်ခဲ့ခြင်းဖြစ်onf။
"ဂိုဏ်းချုပ်"
ကျန့်ရာ ပြောလိုက်သည်။ "ရွဲ့ရန်ကွေ့က ပါရမီကြီးတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။သူ့ကို သံချပ်ကာ ဝံပြလွေတပ်ရဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ထားလို့ ရနိုင်တယ်"
"ကျုပ်ဆီမှာလည်း အဲ့အစီအစဉ် ရှိပြီးသားလေ"
ကျွင်းချောင်ရှောင်းသည် ခဏလောက် ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ "ဒါပေမဲ့ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာမူတည်တယ်။"
ဂိုဏ်းထဲသို့ ဝင်ရောက်ရန် လက်ခံခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဤအတောအတွင်းတွင် သေချာစောင့်ကြည့်အကဲဖြတ်ရပေလိမ့်မည်။ စိတ်ကျေနပ်မှု ရှိသည်ဆိုပါက ခေါင်းဆောင်ရာထူးကို ပေးအပ်ရန် သူ ကြိုတင်စဉ်းစားထား၏။
သူတို့သည် ဟွာတောင်တန်းဆီသို့ ဆက်လက်၍ သွားခဲ့လိုက်သည်။ လမ်းတစ်ယောက်မှာတော့ သူတို့သည် ဓားပြ များကို ရှာဖွေရန် မမေ့လျော့ခဲ့ပေ။
ဝူး … ဝူး။
မီးတောက်များ တောက်လောင်ပြီးသည့်နောက် မိစ္ဆာကဲ့သို့ လူများနှင့် ပြည့်နေသော ဓားပြအဖွဲ့အစည်းသည် ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များ၏ သတ်ဖြတ် ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
တောင်ပေါ်မှ ဆင်းသက်လာပြီးသည့်နောက်မှာတော့ သတိပေးချက်အသံတစ်ခုသည် နားထဲတွင် ပေါ်လာသည်။
ဒင်။
“လက်ခံသူသည် ဖုံးကွယ်ထားသည့် တာဝန်ကို ပြည့်စုံစေသည့် အတွက် ဂုဏ်ယူပါသည်။။ လူများအတွက် မိစ္ဆာများအား ရှင်းလင်းခြင်း (၅)။ ဂိုဏ်းစုဆောင်းမှတ် ၅၀၀ အား လက်ခံရရှိသည်။”
ဒင်။
“ဂိုဏ်းစုဆောင်းမှတ် ၃၉၆၁/၅၀၀၀။”
ဒင်
“လက်ခံသူသည် တာဝန်အတွဲလိုက်ကြီးကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ လူများအတွက် မိစ္ဆာဂိုဏ်းအား ရှင်းလင်းခြင်း။ သင်သည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ အား ရရှိပြီး လူစွမ်းကောင်းဆိုသော ဘွဲ့အားလည်း ရရှိခဲ့သည်။”
ဒင်။
“ဂိုဏ်းစုဆောင်းမှတ် ၄၉၆၁/၅၀၀၀။”
ချီးတဲ့မှ။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မျက်လုံးပြူးသွားမိ၏။
သူထင်မှတ်ထားသည့် အတိုင်းပဲ မိစ္ဆာကဲ့သို့ လူများအား ရှင်းလင်းရခြင်းသည် တာဝန်အတွဲလိုက်ကြီး ရှိနေရခြင်းဖြစ်၏။ သို့ပေမဲ့ ထိုအရာများအားလုံးကို စုစည်းပြီးသည့်နောက် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ အထိ ရရှိလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။
ထို့အပြင် ဘွဲ့ထူးတစ်ခုကိုလည်း ထပ်မံ၍ ရရှိခဲ့သေး၏။
ကျွင်းချောင်ရှောင်းသည် စနစ်ဆီသို့ ဝင်၍ မြန်မြန်ဆန်ဆန်ပဲ ကြည့်လိုက်သည်။
ဂိုဏ်းချုပ် - ကျွင်းချောင်ရှောင်း
ထပ်တိုးဘွဲ့ - လူစွမ်းကောင်း။
ထိုလူစွမ်းကောင်းဘွဲဟူသော နာမည်ကို နှိပ်ကြည့်လိုက်သည့် အခါမှာတော့ …
လက်ခံသူ- ကျွင်းချောင်ရှောင်း
ကံတရားတန်ဖိုး တစ် ဆိုသည့်နေရာတွင် ၅ ဟူ၍ ပြောင်းလဲသွားခဲ့သည်။
ကျွင်းချောင်ရှောင်း အံအားသင့်မိသွား၏။
"ဒီဘွဲ့ထူးတစ်ခုရတာ ကံတရားတန်ဖိုးတွေ ပိုပြီး ရလာတာပဲ"
စနစ်မှ ပြောလိုက်သည်။ "ကောင်းမွန်တဲ့ အရာတွေကို လုပ်ကိုင်တယ်ဆိုတာ ကျိန်းသေပေါက် ဆုလာဘ်တွေ ရတာပေါ့"
ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်မိ၏။
"အခု တာဝန်ကို အတွဲလိုက်ကြီး ပြည့်စုံစေပြီဆိုတော့ အနာဂတ်မှာ ဓားပြတွေကို ထပ်ပြီး သတ်ရင်တောင် ဆုလာဘ် တွေကို ထပ်ပြီး မရတော့ဘူးပေါ့"
"ဒါအမှန်ပါပဲ" စနစ်မှ ပြောလိုက်သည်။
“……..”
ကျွင်းချောင်ရှောင်းသည် မူးနောက်နောက်ပင် ဖြစ်သွားမိ၏။ မည်သည့် ကန့်သတ်ချက်မှ မရှိလျှင် မည်မျှကောင်းလိုက်မည်နည်း....
လူစွမ်းကောင်းဘွဲထူးဆိုသည့်အရာကို ရရှိပြီးသည့်နောက်မှာတော့ သူသည် ဓားပြဂိုဏ်း၏ အဆောက်အဦးများကို မီးရှို့ဖျက်ဆီးပြီး ရတနာခန်းထဲသို့ ဝင်ကာ ပစ္စည်းများယူပြီး ထွက်ခွာသွားလိုက်၏။
ကျွင်းချောင်ရှောင်းသည် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် သန့်စင်နိုင်သည့် ပစ္စည်းများ များပြားစွာရှိနေသည်ကို သိရှိနေ၏။
သားရဲတစ်ထောင် တောင်တန်းဆီသို့ သွားရောက်သည့် ခရီးတွင်တော့ သူသည် အအေးသံများ ရရှိခဲ့သည်။ ထို့ကြောင့် သူ၏ သိုလှောင်လက်စွပ်တွင် အအေးဓားများ ရှိနေ၏။
သို့ပေမဲ့ ထိုဓားများအား သူသည် တပည့်များအား အချိန်အတိုင်းအတာတစ်ခုအထိ ပေးအပ်ရန် အစီအစဉ်မရှိပေ။
သူသည် အခြေခံပစ္စည်း ပစ္စယများနှင့် သိုင်းပညာနှင့် ပတ်သက်သည့် အရင်းအမြစ်များကို တပည့်များအတွက် ပေးအပ်ထားသည်ဆိုသော်လည်း အဆင့်မြင့် ပစ္စည်းများ ၊ စိတ်ဝိညာဉ်ကျောက်တုံးများ ၊ အလယ်အလတ်အဆင့် အအေးဓားများကိုတော့ အလုပ်ကြိုးစားသူများကိုသာ ပေးအပ်မည်ဟု စဉ်းစားထားသည်။
…………
ဟွာတောင်တန်း
စိတ်ဝိညာဉ်စွမ်းအင်များသည် အလွန်အမင်း အားကောင်းနေပြီး တည်နေရာမြင်ကွင်းတစ်ခုလုံးမှာ အလွန်အမင်းလှပနေ၏။
အထူးသဖြင့် တောင်၏ အလယ်နားတွင် မြူတိမ်များရွေ့လျားနေသည်ကို ကြည့်ရှုလိုက်သည်နှင့် နတ်ဘုံနတ်နန်းသို့ ရောက်ရှိသွားသည်ဟုပင် လူများအား ခံစားရစေသည်။
တောင်ခြေတွင်တော့ များပြားလှသော ဂိုဏ်းချုပ်များသည် သူတို့၏ တပည့်များကို ခေါ်ဆောင်၍ နေရာအနှံ့မှ ရောက်ရှိလာကြသည်။
ထိုသူတို့အားလုံးသည် တည်နေရာတစ်ခုထဲတွင် ရပ်တန့်နေကြ၏။ လူစုစုပေါင်းမှာ ခြောက်ရာမှ ခုနစ်ရာ နည်းပါးခန့်ပင် ရှိ၏။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပြုံးရွှင်ကာ နှုတ်ဆက်နေကြသည်။
"ဂိုဏ်းချုပ်ဝမ် … မမြင်ရတာ တော်တော်ကြာပြီနော်။"
"ဂိုဏ်းချုပ်စွန်း … ခင်ဗျားရဲ့ အော်ရာတွေက ပိုပြီးအကောင်းလာတယ်။ကြည့်ရတာ ကျင့်ကြံခြင်းအဆင့်က တိုးတက်သွားပြန်ပြီ။"
"ခင်ဗျားကတော့ မြှောက်ပြောနေပြန်ပြီ။”
ယဉ်ကျေးသည့် စကားများသည် အဆုံးမဲ့စွာဖြင့် ဖြစ်တည်လျက်ရှိနေသည်။
ဤတောင်ပေါ်တွင်တော့ သိုင်းတာအိုဆွေးနွေးပွဲသည် ကျင်းပမည်ဖြစ်သည်။
သို့ပေမဲ့ သူတို့သည် အဘယ့်ကြောင့် တောင်ခြေရင်းတွင် စုဝေးနေရသနည်း။
အဘယ့်ကြောင့်ဆိုသော် အတိတ်တုန်းက ဒီလိုမျိုး အခြေအနေများကို သူတို့ ဖန်တီးခဲ့ပြီးဖြစ်သည်။
ဤတောင်ခြေတွင် အကုန်လုံး စုစည်းပြီး မှ အတူတကွ တောင်ပေါ်သို့ တက်ကြ၏။ တောင်ပေါ်သို့ ပထမဦးဆုံး ရောက်ရှိသွားသူသည် ဗိုလ်ဆွဲသည့် လူဟု သူတို့ သတ်မှတ်ထားကြသည် မဟုတ်လား။
သူတို့အားလုံးသည် ကျွမ်းကျင်နေသူများ ဖြစ်ကြသည်။ အဘယ့်ကြောင့် ပြိုင်နေရသနည်း။
ဟိုးအချိန်တုန်းက အစီအရင်ဆရာတို့သည် ရောက်ရှိလာခဲ့ပြီး တောင်၏ အောက်ခြေမှ အပေါ်အထိ ကြောက်မက်ဖွယ်ကောင်းသော အစီအရင်များကို ဖန်တီးခဲ့၏။
အစီအရင်များသည် မည်သည့်နေရာတွင် ဖန်တီးထားခဲ့သည်ဖြစ်ကြောင်းကို ရှာဖွေ၍လည်း မရနိုင်ခဲ့ချေ။
သို့ပေမဲ့ သိုင်းတာအို ပြုလုပ်သည့် အချိန်တိုင်းတွင် ထိုအစီအရင်သည် အသက်ဝင်နေ၏။
တောင်ပေါ်သို့ တက်မည့် သိုင်းပညာရှင်များအားလုံးသည် အလွန်တရာ အားကောင်းလှသော ဖိအားများကို ကြံကြံခံနိုင်မှသာ တောင်ပေါ်သို့ရောက်ရှိနိုင်ပေလိမ့်မည်။
ကျင့်ကြံခြင်းအဆင့်မြင့်မားလေ ခံစားရမည့် အားအင်သက်ရောက်မှုကလည်း ပိုမိုအားကောင်းလေဖြစ်သည်။
အစပိုင်းတုန်းက ဂိုဏ်းအနည်းငယ်သည်သာ လာရောက်၍ တာအိုဆွေးနွေးမှုကို ပြုလုပ်ကြသည်ဖြစ်သောကြောင့် သိပ်မသိရှိသော်လည်း နောက်ပိုင်းတွင် ဂိုဏ်းအရေအတွက် များပြားလာသည်နှင့်အမျှ ဤကဲ့သို ပြုလုပ်ရသည်ကလည်း ရေပန်းစားမှုတစ်ခု ဖြစ်လာခဲ့သည်။
ပြောရမည်ဆိုလျှင် သိုင်းတာအိုဆွေးနွေးပွဲသည် အစကတည်းက ပြိုင်ပွဲတစ်ခုနှင့် စတင်ခဲ့သည်ဟုပင် ဆိုရပေမည်။
ဤပွဲသို့ လာရောက်တက်ရောက်ကြသော လူအားလုံးသည် တစ်ယောက်နောက်တစ်ယောက် နောက်ကောက်မကျစေရန် အပြင်းအထန် ကြိုးစားကြ၏။
စကားပြောဆိုနေရင်းမှာပဲ ဂိုဏ်းချုပ်စွန်းသည် ပြုံးကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ဝမ် … ကျုပ်တို့ဂိုဏ်းက လွန်ခဲ့တဲ့ပြိုင်ပွဲတုန်းက ခြေတစ်လှမ်းနောက်ကျခဲ့တယ်နော်။ဒီတစ်ကြိမ်တော့ ခင်ဗျားတို့ကို ကျိန်းသေပေါက် ကျော်မယ်"
“ဟား ဟား ဟား”
ခေါင်းဆောင်ဝမ်သည် ပြုံးကာ ပြောလိုက်သည်။ "ဒီလိုပြောဖို့တော့ ခက်လိမ့်မယ်နော်။"
အားလုံးသည် ပြောဆိုရင်း စောင့်နေကြ၏။
ဤအချိန်မှာပဲ ရှစ်ကျွမ်းရှန်သည် မြောင်ဟွာခန်းမ၏ တပည့်များကို ဦးဆောင်၍ ရောက်ရှိလာခဲ့သည်။ သူတို့သည် အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲယူလိုက်တော့သည်။
ဟွာတောင်တန်းရှိ သိုင်းတာဝန် ဆွေးနွေးပွဲဆီသို့ အဆင့်ငါးဂိုဏ်းနှစ်ဆယ်မှ သုံးဆယ်အထိ လာရောက်ယှဉ်ပြိုင်ကြ၏။ သို့ပေမဲ့ အဆင့်လေး ဂိုဏ်းများမှာတော့ အနည်းငယ်သာ ရှိသည်။ အဆင့်သုံးဂိုဏ်းများမှာ ထိုထက်ပို၍ နည်းပါးမှာတော့ ပြောနေစရာပင် မလိုပေ။
"လီအာ"
ရှစ်ကျွမ်းရှန် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းလာပြီလား"
"မလာဘူး"
လီအာသည် အနားပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့ ဂိုဏ်းချုပ်ကျွင်း သို့မဟုတ် သူ၏ သံမဏိအရိုးဂိုဏ်းတပည့် တစ်ယောက်တစ်လေကိုမှ မတွေ့ရချေ။ ထို့ကြောင့် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ သူမသည် ခန်းမသခင်အား ကျွင်းချောင်ရှောင်းနှင့် ပတ်သက် ဆက်နွယ်ခြင်းများ မပြုလုပ်စေချင်ပေ။
"သူလာမယ်လို့ ပြောထားတာ မဟုတ်ဘူးလား" ရှစ်ကျွမ်းရှန်သည် ဝမ်းနည်းသည့် အသံဖြင့် တီးတိုးရေရွတ်လိုက်မိ၏။
လီအာ ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းက အဆင့်ခုနစ် ဂိုဏ်းတစ်ခုလေ။ဒီလို သိုင်းတာအို ဆွေးနွေးပွဲကို လာရောက်တက်မယ်ဆိုရင် အားလုံးက ရယ်မောနေကြမှာပေါ့။မလာတာ ပိုပြီး ကောင်းပါတယ်"
"အားလုံးပဲ"
ထိုအချိန်မှာပဲ အဆင့်လေးဂိုဏ်းတစ်ခုမှ ကျွမ်းကျင်သူက ကျယ်လောင်စွာပြောလိုက်၏။ "အားလုံးပဲ ဒီကိုရောက်သလောက်ဖြစ်နေပြီဆိုတော့ တောင်ပေါ်ကို အတူတူ တက်ကြစို့"
"သွားကြမယ် .. သွားကြမယ်"
အားလုံးက သဘောတူလိုက်ကြ၏။
အင်း။
ရှစ်ကျွမ်းရွှမ် သည် အလိုမကျသလို သက်ပြင်းချလိုက်၏။ ပြီးနောက် သူမ၏ တပည့်များကို ဦးဆောင်ကာ တောင်ပေါ်သို့ တက်တော့သည်။
ဒွီ ဒွီ။
သူတို့သည် ပထဦးဆုံးခြေလှမ်းကို လှမ်းလှမ်းချင်းမှာပဲတည်နေရာ၌ လှိုင်းများ ပေါ်ပေါက်လာ၏။
များပြားလှသော ဂိုဏ်းများမှ ဆရာကြီးများအားလုံးနှင့် တပည့်များသည် အစီအရင်ထဲသို့ တစ်ယောက်ချင်းဆီ စီစီရီရီဝင်၍ တောင်ပေါ်သို့ စတင်တက်ကြတော့သည်။
ပထမတုန်းက သူတို့သည် ကောင်းကောင်းမွန်မွန် လမ်းလျှောက်နိုင်ကြသည်ဆိုသော်လည်း အမြင့်သို့ တက်လာလေ သူတို့၏ အမြန်နှုန်းသည် နှေးကွေးလာလေဖြစ်သည်။
သူတို့၏ နဖူးပေါ်မှ ချွေးစက်များသည် တစ်တောက်တောက်နှင့် ကျလာသည်။
သေချာကြည့်ရှုမည်ဆိုလျှင် များပြားလှသော ဂိုဏ်းများမှ လူများအားလုံးသည် တောက်တက်လမ်းတွင် လေကို အပြင်းအထန်ဆန်၍ ကြိုးစား တက်ရောက်နေသလိုပင် မူဟန်မျိုး ရှိနေ၏။
နှစ်နာရီလောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ အားလုံးသည် တောင်၏ အလယ်ဆီသို့သာ ရောက်ရှိနေရုံရှိသေးသည်။
သူတို့ ကြိုးစား၍ ဆက်တက်နေကြတုန်း အချိန်မှာတော့ ကျွင်းချောင်ရှောင်းနှင့် သူ၏ တပည့်များ သည် တောင်ခြေဆီသို့ ရောက်ရှိလာခဲ့ကြတော့၏။
"ဂိုဏ်းချုပ်"
ကျန့်ရာသည် အပေါ်ကို မော့ကြည့်ကာ ပြောလိုက်သည်။ "သူတို့ တက်သွားပြီ"
"ဒါဆိုလည်း သွားကြရအောင်"
ကျွင်းချောင်ရှောင်းသည် တပည့်များကို ဆောင်၍ တက်လိုက်၏။
သူသည် လှေကားထစ်ပေါ်သို့ လှမ်းလိုက်ချင်းမှာပဲ အတားအဆီး အစီအရင်တစ်ခု တည်ရှိနေသည်ကို သိရှိလိုက်ရ၏။ ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ဒီမှာ အစီအရင်တစ်ခု ရှိနေတာလား"
ဝှစ် ဝှစ်။
ထိုအချိန်မှာပဲ အားကောင်းလှသော အားအင်တစ်ခုသည် ပျံ့နှံ့ရောက်ရှိလာခဲ့သည်။
လီချင်းယန်သည် တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါက စမ်းသပ်မှု မျှော်စင်ရဲ့ ပထမထပ်က မြေဆွဲအားနဲ့ ဆင်တူတဲ့ အရာမျိုးပဲ"
"အမှန်ပဲ" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ကျန့်ရာက ပြောလိုက်သည်။ "လှေကားပေါ်ကို တက်ဖို့ ဒီလို အစီအရင်တစ်ခု ဖန်တီးထားတယ်ဆိုတော့ ဘယ်သူကများ အားယားနေခဲ့ပါလိမ့်။"
ကျွင်းချောင်ရှောင်းသည် အပေါ်ကို မော့ကြည့်ပြီးနောက်မှာတော့ တောင်၏ အလယ်တစ်ဝက်သို့ ရောက်ရှိနေကြသော သိုင်းပညာရှင်များကို မြင်လိုက်ရသည်။
သူ တီးတိုးရေရွတ်လိုက်မိသည်။ "ကျုပ်အထင်မမှားဘူးဆိုရင် ဒါက ဟွာတောင်ရဲ့ တာအိုပြိုင်ပွဲကို ရောက်ရှိလာတဲ့လူတွေအတွက် စမ်းသပ်ချက်တစ်ခုပဲ။ ဘယ်သူက ထိပ်ဆုံးကို ရောက်မယ်ဆိုတာကို ပြိုင်ဆိုင်တာလည်း ဖြစ်နိုင်တယ်။"
ရီရှင်းချန်သည် အထင်အမြင်သေးသလို ပြောလိုက်၏။ "ဒီအစီအရင်က စမ်းသပ်မှု မျှော်စင်ရဲ့ အားအင်ထက်တောင် အားနည်းသေးတယ်။လွယ်လွယ်ကူကူနဲ့ အပေါ်ကို ရောက်သွားလိမ့်မယ်။"
ဖြောင်း ဖြောင်း ဖြောင်း
ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးကာ စပ်ဖြီးဖြီးဖြင့် ပြောလိုက်သည်။ "ငါတို့ သံမဏိအရိဂိုဏ်းသားတွေ ဟန်ရေးပြဖို့ အချိန်ရောက်ပြီပေါ့ကွာ"