အခန်း (၄၁၇)
Vol. 28 Ch. 417
လူတစ်ယောက်သည် အလွန်တရာ ပင်ပန်းနွမ်းနယ်နေလျှင် အမြင်မှောက်သည့် ကိစ္စမျိုးလည်း ဖြစ်ပေါ်လာနိုင်၏။ သူတို့သည် အလွန်တရာ တုန်လှုပ်ဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခုကို ထင်ယောင်ထင်မှားနှင့် မြင်မိနေခြင်း ဖြစ်သည် မဟုတ်လား။
ကျင့်ကြံသူများအားလုံးသည် ဆွံ့အလျက်ရှိနေကြသည်။ သူတို့ မျက်လုံးထဲတွင်တော့ မယုံကြည်နိုင်မှု အရိပ်အယောင်များနှင့် ဖြစ်နေလျက်ရှိသည်။ သူတို့ မည်သည့် အရာကို မြင်နေသနည်း။
တောက်ပသည့် ဝတ်စုံများကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဖွဲ့ကို သူတို့ မြင်နေရခြင်းပင်ဖြစ်သည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသောလူငယ်သည် ရှေ့ဆုံးမှ လျှောက်လှမ်းလာပြီး နံပါတ်စဉ်များကို ရေတွက်လျက်ရှိသည်။
ထိုသူတို့အားလုံးသည် တောင်ပေါ်သို့ ညီညီညာညာနှင့် လှမ်းတက်လျက်ရှိနေ၏။
မည်သူတွေနည်း။
ကျွင်းချောင်ရှောင်းနှင့် သံမဏိအရိုးဂိုဏ်းတပည့်များပင် ဖြစ်တော့သည်။
၎င်းတို့၏ လှုပ်ရှားမှုများသည် အလွန်တရာ ညီညာလှပြီး မျက်နှာအမူအရာများသည်လည်း တစ်ချက်ကလေးမှ မပြောင်းလဲသွားချေ။ ကြည့်ရသည်မှာ အလွန်အမင်း သက်တောင့်သက်သာ ဖြစ်နေပုံပေါ်သည်။
သူတို့သည် လှေကားထစ်များပေါ်သို့ တက်လာကြသည်ဆိုသော်လည်း သာမန်အတိုင်းပင် ဖြစ်၏။
အဓိကအချက်မှာ လက်ရှိတွင် တောင်၏ အလယ်သို့ ကျော်လွန်လာခဲ့ခြင်းပင် ဖြစ်သည်။
ဤနေရာသို့ တက်ရောက်လာကြသော ကျင့်ကြံသူများအားလုံးသည် ရှေ့ကို တစ်လှမ်းလှမ်းတက်ဖို့ပင် အလွန်တရာ ခက်ခဲနေကြ၏။
ကျွင်းချောင်ရှောင်းသည် တပည့်များကို ဦးဆောင်၍ ရှေ့ဆုံးမှ နံပါတ်စဉ်ရေကာ အော်တက်လျက်ရှိနေသည်။
ဤမြင်ကွင်းကို မြင်ရချိန်မှာတော့ အားလုံးသည် မယုံကြည်နိုင်မှုအပြည့်ဖြင့် ထိတ်လန့်တုန်လှုပ်မိကြ၏
လှေကားထစ်တွင် လှဲလျက်ရှိနေသော ကျင့်ကြံသူများမှာတော့ သူတို့၏ မျက်လုံးကိုပင် သူတို့ မယုံကြည်နိုင်သလို ဖြစ်နေကြ၏။ သူတို့၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ရင်လျက်ရှိနေသည်။
"ဘယ် … ဒါ ဘယ်သူတွေလဲ"
"တစ် နှစ် သုံး လေး"
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူတို့အား ကျော်ဖြတ်သွားတော့သည်။
အလွန်နီးကပ်သည့် အနေအထားသို့ ရောက်ရှိလာချိန်မှာတော့ ၎င်းတို့၏ မျက်နှာပေါ်ရှိ အပြုံးများကို မြင်လိုက်ကြရ၏။
"ဒီလူတွေ ပြုံးနေတုန်လားး။ဒါမှမဟုတ် အစီအရင်ရဲ့ ဖိအားကို လှစ်လျူရှုထားနိုင်တာလား။တုန်လှုပ်စရာပဲ"
အစီအရင်၏ ဖိအားနောက်မှာ မရုန်းကန်နိုင်ကြသော လူများမှာ နောက်၌ ကျန်ရစ်ခဲ့ပြီဖြစ်သည်။
သို့ပေမဲ့ ထိုအရာသည် အစသာရှိနေသေး၏။
ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို ဦးဆောင်၍ မြေပေါ်တွင် လဲလျက်ရှိသော ကျင့်ကြံသူ သုံးဆယ်မှ ငါးဆယ်ကျော် တို့အား ကျော်ဖြတ်ခဲ့သည်။
"ကောင်းကင်ဘုံ … သူတို့က ဘယ်သူတွေတုန်း။ဘယ်လိုဖြစ်ပြီး တောင်ပေါ်ကို ဒီလောက် မြန်မြန်ဆန်ဆန်တက်နိုင်တာလဲ။ ငါ … ငါပင်ပန်းလွန်းတာမို့ အမြင်များမှောက်နေတာလား။"
ထိုမြင်ကွင်းကို မြင်နေရသော ကျင့်ကြံသူများ အားလုံးသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြသည်။
အရှေ့မှ ကြိုးကြိုးစားစားနှင့် လျှောက်လှမ်းနေကြသော ကျင့်ကြံသူများမှာတော့ လျင်မြန်သည့် ခြေလှမ်းသံများ ကြားလိုက်ရသောကြောင့် အနောက်သို့ လှည့်ကြည့်လိုက်ကြသည်။
ဂိုဏ်းချုပ်ကျွင်းသည် သူ၏ တပည့်များကို ဦးဆောင်၍ အားရပါးရ တက်လာသည်ကို မြင်ရချိန်မှာတော့ သူတို့အားလုံးသည် ဟန်ချက်ပျက်၍ လှဲပြိုတော့မလိုပင် ဖြစ်သွားကြ၏။
"ချီးတဲ့မှ။ဒါက မွန်းစတားတွေလား"
ကျွင်းချောင်ရှောင်းသည် ပုံမှန်အားဖြင့် တောင်ပေါ်သို့ ပုံမှန်အမြန်နှုန်းနှင့်သာ တက်ရောက်ရန် စီစဉ်ထားသည်။ သို့ပေမဲ့ ရှေ့မှာရှိနေသော ကျင့်ကြံသူများသည် တောင်ထိပ်သို့ရောက်ရှိရန် အလွန်တရာ နီးကပ်နေပြီကို မြင်ရသောကြောင့် သူသည် တပည့်များကို ဦးဆောင်ကာ အရှိန်နှုန်းကို တိုးမြှင့်လိုက်ခြင်းပင်ဖြစ်သည်။
ရလာဒ်အနေနှင့် အဓိကဂိုဏ်းများ၏ တပည့်များသည် ဆွံ့အကုန်ကြတော့၏
တစ် .. နှစ် … သုံး … လေး … လေး …. သုံး … တစ်မျိုး ပြောင်း.....
နံပါတ်စဉ်များကို ရေတွက်ပြီးသည့်နောက် တပည့်များသည် တောင်ပေါ်သို့ ညီညီညာညာဖြင့် လှမ်းတက်လျက်ရှိသည်။ တစ်မျိုးပြောင်း ဆိုသည့်နေရာသို့ ရောက်လျှင် သူတို့သည် ခြေထောက်ကို ဘယ်ညာပြောင်း၍ တက်လိုက်ကြ၏။
မကြာခင်မှာပဲ တောင်ပေါ်သို့ တက်လျက်ရှိသော ကျင့်ကြံသူ ခြောက်ဆယ်ကျော်တို့ကို ကျော်ဖြတ်ပြီး ဖြစ်နေသည်။
ပို၍ ဆိုးသည်မှာ အမြန်နှုန်းနှင့် တက်လာကြသော်လည်း ကျွင်းချောင်ရှောင်းနှင့် သူ၏ တပည့်များမှာ အနည်းငယ် သွေးပူရုံသာ ရှိနေသေး၏။ ချွေးထွက်ရန်၊ မောပန်းရန်မပြောနှင့် ချွေးစိုရုံလောက်သာ ရှိနေသေး၏။
သူတို့သည် မြေဆွဲအား ဆယ်ဆကောင်းသောနေရာတွင် အသားကျလှုပ်ရှားနေကြသည်မို့ မြေဆွဲအားငါးဆသာရှိသော ကျောက်လှေကားများကို တက်ရောက်သည်မှာတော့ မြေပြင်တွင် လမ်းလျောက်ရသကဲ့သို့ အဆင်ပြေလျက်ရှိနေသည်။
ဤအချိန်တွင် အပေါ်ဆုံးသို့ အရင်ရောက်သောသူကို သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများပေးမည်ဟု ကျွင်းချောင်ရှောင်း ပြောလိုက်ပါက ကျုပ်တို့၏ ညအင်ပါယာသည် ကျိန်းသေပေါက် အားကုန်သုံး၍ တက်သွားပေလိမ့်မည်။
အပေါ်၌ လှမ်းတက်လျက်ရှိသော ကျင့်ကြံသူများသည် နံပါတ်စဉ်ရေတွက်မှုနှင့် ခြေသံအများအပြားကို လှည့်ကြည့်လိုက်ချိန်မှာတော့ သံမဏိအရိုးဂိုဏ်းနှင့် အခြားသူများကို မြင်လိုက်ရ၏။
ပုံမှန်အားဖြင့် သူတို့သည် အချိန်အတော်ကြာ အနားယူနိုင်နေသေးသည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူတို့၏ စိတ်တွေ အကုန်လုံး ရှုပ်ထွေးသွားကြ၏။ တစ်ချို့ဆိုလျှင် မတ်တပ်တောင် မရပ်နိုင်ဘဲ လဲပြိုကုန်ကြသည်။
ကျွင်းချောင်ရှောင်းမှာတော့ မည်သူ့ကိုမှ ဂရုမစိုက်ဘဲ တပည့်များကို ဦးဆောင်ကာ တစ်ယောက်ပြီးတစ်ယောက်ကို ကျော်ဖြတ်ကာ တက်လိုက်သည်။
မကြာခင်မှာပဲ သိုင်းကျင့်ကြံသူ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ ဟိုက်ချင်ဂိုဏ်းနှင့် ခြေလှမ်း လေးရာ၊ ငါးရာလောက်သာ လိုတော့သည်။
ဟမ်
ရှေ့မှလမ်းလျှောက်လျက်ရှိသော လီအာသည်အသံများကို ကြားလိုက်ရ၏။ ထိုအသံများကို ရင်းနှီးနေသည်ဟု သူမ ခံစားလိုက်မိ၏။
ထို့ကြောင့် နောက်ဘက်သို့ ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်သည့် အချိန်မှာတော့ သူမ၏ မျက်နှာပေါ်ရှိ ကြွက်သားများအားလုံးသည် မလှုပ်ရှားနိုင်ဘဲ သေကုန်ကြ၏။ "သူပဲ .. ဒါ .. ဒါ ကျွင်းချောင်ရှောင်းပဲ"
"ဂိုဏ်းချုပ်"
လီချင်းယန် ပြောလိုက်သည်။ "ရှေ့မှာ မြောင်ဟွာခန်းမကလူတွေပဲ"
ကျွင်းချောင်ရှောင်းသည်လည်း ထိုသူတို့ကို မြင်ပြီးဖြစ်၏။ ထို့ကြောင့် ပြောဆိုလိုက်၏။ "တပည့်တို့ နားထောင်ကြ။ကျုပ်တို့ရဲ့ အမြန်နှုန်းကို မြှင့်မယ်"
"ကောင်းပါပြီ" လီချင်းယန်နှင့် တစ်ခြားသူများအားလုံးသည် ၎င်းတို့၏ အမြန်နှုန်းကို မြှင့်လိုက်ကြသည်။ ခဏအတွင်းမှာပဲ သူတို့သည် ခြေလှမ်းပေါင်း လေးဆယ်မှ ငါးဆယ်အထိ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
နောက်ဘက်တွင် ကြည့်နေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ထိုအဖွဲ့၏ လှုပ်ရှားသွားလာမှုကို မြင်ရချိန်မှာတော့ အလွန်တရာ ထိတ်လန့်တုန်လှုပ်မိသွားကြသည်။
"လီအာ"
ရှစ်ကျွမ်းရွှမ် သည် ပျော်ရွှင်စွာ ပြောလိုက်၏။ "ကြည့်ရတာ ဒါဂိုဏ်းချုပ်ကျွင်းအသံနဲ့တူတယ်"
လီအာသည် မည်သည့် စကားမှ မဆိုချေ။
ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များသည် တောင်ထိပ်ပေါ်သို့ တက်လာသည်ကို မြင်ချိန်မှာတော့ သူမသည် အလုံးစုံ ဆွံ့အလျက်ရှိနေသည်။
စောနကလေးတင် သံမဏိအရိုးဂိုဏ်းချုပ်ကျွင်းသာ ရောက်လာပါက မြေပေါ်တွင် လဲနေလိမ့်မည်ဟု သူမပြောခဲ့သည် မဟုတ်လား။ သို့ပေမဲ့ တကယ် လတ်တွေ့အဖြစ်အပျက်မှာတော့ သံမဏိအရိုးဂိုဏ်းချုပ်သည် သူမကိုပင် ကျော်ဖြတ်တော့မလို ဖြစ်နေ၏။
တကယ့်တကယ်တမ်းမှာတော့ ဂိုဏ်းချုပ်ကျွင်းသည် မည်သူ့ကိုမှ ရည်ရွယ်၍ လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဟွာတောင်တန်းတွင် အစီအရင်တစ်ခုရှိနေသည်ဆိုသည်ကိုပင် သူမသိရှိခဲ့။
"ဒီလိုမြေဆွဲအား ဖိအားမျိုးဆိုတာ သံမဏိအရိုးဂိုဏ်းသားတွေ နေ့စဉ်ကျင့်ကြံနေတဲ့ အရာတစ်ခုပဲလေ။"
"ငါတို့ မတက်နိုင်ရင်တောင်မှ တစ်ခြားသူတွေရဲ့ နောက်မှာ ပြတ်ကျန်ခဲ့လို့ မဖြစ်ဘူး။"
တပည့်များသည် ထိုသို့သော စိတ်မျိုးကို တွေးထားကြ၏။
"ခန်းမသခင်ရှစ်"
ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းလျောက်လာပြီး ရှစ်ကျွမ်းရွှမ် ၏ ဘေးဆီသို့ ရောက်ရှိလာသည်။ ပြီးနောက် သူသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။"လမ်းမှာ ကားလမ်းပိတ်နေလို့လေ ။ နည်းနည်း နောက်ကျသွားတယ်"
"ကားလမ်းပိတ်တယ် ဟုတ်လား"
ရှစ်ကျွမ်းရွှမ် ဇဝေဇဝါဖြစ်သွားမိ၏။
ကျွင်းချောင်ရှောင်းသည် အရွှမ်းဖောက်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ပြန်လည်၍ မရှင်းပြတော့ချေ။ ပြုံး၍သာ ပြောလိုက်သည်။ "လှေကားထစ်ရဲ့ထိပ်မှာ အစီအရင်တွေ ရှိနေတာကိုး။ ဒါက ဖိအားတစ်မျိုးပဲလေ။ ခန်းမသခင်ရှစ် ဒီအမြင့်ထိ တက်လာတာ မပင်ပန်းဘူးလား"
လီအာ၏ နှုတ်ခမ်းများသည် အနည်းငယ် တုန်ခါသွား၏။
ဟုတ်ပေသည်။ အစီအရင်တစ်ခု ရှိနေသည်။ အလွန်တရာအကောင်းလှသော ဖိအား အစီအရင်တစ်မျိုးလည်း ဖြစ်သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းနှင့် ၎င်း၏တပည့်များအာလုံးသည် အပျင်းပြေ လမ်းလျောက်ထွက်သလိုပင် လျှောက်တက်လာသေးသည်။ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်သနည်း။
ရှစ်ကျွမ်းရွှမ် သည် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "မဟုတ်ဘူး။အရမ်းကြီး မပင်ပန်းပါဘူး"
သူမ၏ အသက်ရှူသံများသည် တည်ငြိမ်နေသည်ကို သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ "ဒီအမျိုးသမီးက မရိုးရှင်းဘူးပဲ"
"မပင်ပန်းဘူးဆိုရင် ခင်ဗျားနဲ့ ကျွန်တော်နဲ့ အရင်ဆုံး တက်သွားရအောင်။”
“ဒါပေမဲ့ လီအာနဲ့ ကျန်တဲ့လူတွေက"
သူမ၏ မျက်လုံးရောဂါကြောင့် ရှစ်ကျွမ်းရွှမ် သည် အနည်းငယ် အဆင်မပြေသလိုဖြစ်နေသည်။ သူမတပည့်များ၏ အကူအညီမပါဘဲ တောင်ထိပ်ပေါ်သို့ ရောက်အောင် လှေကားထစ်များမှတစ်ဆင့် တက်ရောက်ရန်ဆိုသည်မှာ အလွန်ပင် ခက်ခဲနေ၏။
"မိန်းကလေး လီအာ"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်းပုံစံက အခြေအနေမကောင်းဘူးဆိုတာ ငါသိတယ်။ပြီးတော့ မင်းက မင်းရဲ့ အကန့်အသတ်ကို ရောက်နေပြီ။ဒီတော့ ကျုပ်က ခန်းမသခင်ရှစ်ကို ကူညီပြီးတော့ တောင်ထိပ်ဆီကို ခေါ်သွားမယ်"
"မရဘူး.. မရဘူး"
လီအာသည် ငြင်းပယ်လိုက်၏။
သို့ပေမဲ့ သူမ ပြောဖို့ ပြင်ဆင်လိုက်ချိန်မှာပဲ သူမ၏ ခြေထောက်များသည် ပျော့ခွေပြီးတော့ လှေကားထစ်ပေါ်တွင် ထိုင်ကျသွားသည်။
လီအာ၏ ဖေးမမှု မရှိသောကြောင့် တောင်ထိပ်ပေါ်တက်ရန် ပြင်နေသော ရှစ်ကျွမ်းရွှမ် သည် ရုတ်တရက်ဆိုသလိုပဲ ယိုင်သွား၏။
ကျွင်းချောင်ရှောင်းသည် ထိုနေရာမျိုးတွင် မျက်စိလျှင်လှသလို လက်မှာလည်း အလွန်မြန်ဆန်လှသည်။
ချက်ချင်းဆိုသလိုပဲ ဘေးသို့ ရောက်ရှိလာပြီး ရှစ်ကျွမ်းရှန်၏ နောက်ကျောကို အသာ လက်ဖြင့် ထိန်းထားလိုက်၏။ "ခန်းမသခင်ရှစ် စိတ်မရှိဘူးဆိုရင် ကျုပ်က တောင်ထိပ်ပေါ်ထိ ရောက်အောင် ကူညီပြီး ပို့ပေးမယ်လေ"
"ဒါက"
ရှစ်ကျွမ်းရွှမ် ၏ မျက်နှာသေးသေးလေးသည် နီမြန်းသွားသည်။ ပြီးနောက် ပြောလိုက်သည်။ "ကောင်းပါပြီ"
"ခန်း … ခန်းမသခင်"
လီအာသည် ကြိုးစား၍ ပါးစပ်ကိုဟကာ တစ်ခုခုပြောရန် ပြင်ဆင်လိုက်ချိန်မှာပဲ ဂိုဏ်းချုပ်ကျွင်းသည် ရှစ်ကျွမ်းရွှမ် ကို ကူညီဖေးမ၍ လှေကားထစ်များပေါ်သို့ ခေါ်ဆောင်သွားတော့သည်။
"ယုတ်မာလိုက်တဲ့လူ။ ဘယ်လိုဖြစ်ပြီး ခန်းမသခင်ပေါ်ကို အသားယူရဲရတာလဲ" လီအာသည် အလွန်ဒေါသထွက်နေသည်။
သူမ၏ အားနည်းလွန်းသော ခန္ဓာကိုယ်ကြောင့် ကျွင်းချောင်ရှောင်းသည် ခန်းမသခင်ရှစ်အား အသားယူ၍ တက်သွားသည်ကို ကြည့်ရုံသာ ကြည့်နေနိုင်တော့သည်။
တောင်ထိပ်လှေကားထစ်များဆီမှာတော့ ဟိုက်ချင်ဂိုဏ်းချုပ် နှင့် တပည့်များသည် ကြိုးကြိုးစားစားနှင့် တက်လျက်ရှိနေသည်။
သူတို့သည် တစ်ခြားသော အဖွဲ့အစည်းများ၏ ရှေ့တွင် ဦးဆောင်လျက် ရှိနေသေည်လည်း အလွန်တရာ ကြီးမားလှသော မြေဆွဲအားကြီးကို ခံစားနေရသောကြောင့် ချွေးများ တစ်ပေါက်ပေါက်ကျကာ ခြေထောက်များသည်လည်း အားနည်းလျက်ရှိနေတော့သည်။
"ေရောက်တော့မယ်။ငါတို့ ဟိုက်ချင်ဂိုဏ်းက တောင်ထိပ်ကို ပထမဦးဆုံးရောက်တဲ့ ဂိုဏ်းဖြစ်ပြီ။ ဒီသရဖူကို ငါတို့က ရပြီ။ ဘယ်သူမှ လာလုလို့မရဘူး"
ဟိုက်ချင်ဂိုဏ်းမှတပည့်များသည် အံကိုကြိတ်ကာဖြင့် မနည်းရုန်းကန်တက်နေကြ၏။
သူတို့အတွက် တောင်ထိပ်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်သည်။ ဤအရာသည် ကြီးမားလှသော ဂုဏ်ကျက်သရေကို ပိုင်ဆိုင်တော့မည့် အခိုက်အတန့်ပင် ဖြစ်တော့သည်။
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည်လည်း အလွန်တရာ စိတ်လှုပ်ရှားနေ၏။
အရင်တုန်းက သူသည် အနောက်ဘက်တွင် ပြတ်ကျန်ခဲ့ရဖူး၏။ ထို့ကြောင့် လက်ရှိအခြေအနေတွင် ပထမအဖြစ် ပန်းဝင်တော့မည်ကို သိရှိလိုက်ရချိန်မှာတော့ စိတ်လှုပ်ရှားမှုများ ဖြစ်ပွားနေသည်မှာ သဘာဝပင် ဖြစ်လိမ့်မည်။
“အား။”
ထိပ်ဆုံးသို့် ရောက်ခါနီးမှာပဲ ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် မည်သို့မှ မနေနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
လွန်ခဲ့သည့်နှစ်က ဒုတိယနေရာနှင့် ကျေနပ်လိုက်ရသော နာကျင်မှုများကို ဖြေသိပ်နိုင်ရန်အတွက် အားကုန်အော်ဟစ်လိုက်ခြင်း ဖြစ်သည်။
"တောင်းပန်ပါတယ်"
ရုတ်တရက်ဆိုသလိုပဲ သူ၏နားထဲတွင် အသံတစ်ခု ဝင်လာသည်။ "ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ"
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်၏ အမူအရာသည် အေးခဲသွား၏။ ပြီးနောက် သူသည် ဘေးတစ်ဖက်ဆီသို့ လှမ်းကြည့်လိုက်၏။
သူ၏ မြင်ကွင်းထဲတွင်တော့ ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် အလွန်တရာ ချောမောလှသော လူငယ်လေးတစ်ယောက်သည် မြောင်ဟွာ ခန်းမသခင်အား အသာဖေးမ၍ သူ့အား ကျော်ဖြတ်၍ လျှောက်တက်သွားနေသည်။
ထို့အပြင် နှစ်ယောက်လုံးသည် လှပလွန်းသော စုံတွဲတစ်တွဲ အပျင်းပြေ လမ်းလျှောက်ထွက်နေသည့် ပုံစံမျိုးဖြင့် တက်သွားကြခြင်း ဖြစ်၏။
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရုတ်တရက်ဆိုသလိုပဲ ဆွံ့အသွား၏။ သူ၏ ရင်ဘတ်အား မြင်းတစ်ကောင်က ပိတ်ကန်လိုက်သလို နင့်ခနဲ ဖြစ်သွားရသည်။
ကျေးဇူးပြုပြီး တစ်စုံတစ်ယောက် ပြောပေးပါအုံး … ။ဒါဘာတွေ ဖြစ်ကုန်တာလဲ။
ခပ်တည်တည် နဲ့ တက်သွားတဲ့ ဆောင့်ကြွားကြွားကောင် က ဘယ်ကလဲ။