အခန်း (၄၁၈)
Vol. 29 Ch. 418
သူတို့ တောင်ထိပ်ပေါ်သို့ ရောက်ရှိရန် ခြေလှမ်း သုံးဆယ်မှ ငါးဆယ်ထိမျှသာ ကျန်ရှိတော့၏။
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ထိပ်ဆုံးနေရာမှ ပန်းဝင်၍ တောင်ထိပ်သို့ ရောက်ရှိပြီဟု တွက်ချက်ခဲ့၏။ ထို့ကြောင့် သူ၏ ခံစားချက်များကို မည်သို့မှ မထိန်းချုပ်နိုင်တော့ဘဲ အားရပါးရပင် အော်ဟစ်မိလေသည်။
သို့ပေမဲ့ ထိုသို့သော အခိုက်အတန့်မျိုးတွင် ကျွင်းချောင်ရှောင်းသည် ရှစ်ကျွမ်းရွှမ် အား ဖေးမ၍ လှေကားထစ်များမှတစ်ဆင့် ဖြတ်လျှောက်သွား၏။
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် နေရာမှာတင် ကြက်သေသေလျက်ရှိနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြိုလဲတော့မလိုဖြစ်ပြီး လှေကားထစ်များပေါ်၌ အားပြတ်စွာဖြင့် ထိုင်ချလိုက်မိသည်။
"မ … မဖြစ်နိုင်ဘူး"
ရှေ့သို့ တက်လှမ်းသွားသော အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်ကို ကြည့်၍ ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ "ဒါ မဖြစ်နိုင်ဘူး"
သူ့အား တစ်စုံတစ်ယောက်မှ ကျော်ဖြတ်သွားသည်ကို သူ လက်ခံနိုင်၏။ ထို့အပြင် သူ့အား အကြိမ်ပေါင်းများစွာ ကျော်ဖြတ်သွားပြီး ပထမဆုကို ရရှိသွားသော ဂိုဏ်းအား ရှိနေဖူးသည် မဟုတ်လား။
သို့ပေမဲ့ လှမ်းတက်သွားသော အမျိုးသားနှင့် အမျိုးသမီးမှာတော့ ဘာတစ်ခုမှ ခံစားရပုံမပေါ်ဘဲ အပျင်းပြေ လျှောက်လှမ်းတက်သွားကြခြင်းဖြစ်သည်။ ထိုအရာသည် လက်မခံနိုင်စရာပင်ဖြစ်သည်။
အနောက်ဘက်တွင် ရှိနေသော ဟိုက်ချင်ဂိုဏ်း၏ တပည့်များ အားလုံးသည်လည်း ကြက်သေသေလျက်ရှိနေကြ၏။
ဂိုဏ်းချုပ်ကျွင်းနှင့် ခန်းမသခင်ရှစ်တို့သည် သူတို့အား အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားစေသည်။ သူတို့သည် ငြိမ်ငြိမ်သက်သက်ပင် မနေနိုင်တော့ချေ။
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ လီချင်းယန် ၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည် ဟိုက်ချင်ဂိုဏ်းတပည့်များကို ကျော်ကာ အသာလှမ်းတက်သွားကြသည်။
သူတို့၏ အမူအရာများမှာလည်း နည်းနည်းလေးမှ မပြောင်းလဲသွားကြပေ။ သူတို့၏ ခန္ဓာကိုယ်များသည် အနည်းငယ် သွေးပူရုံသာ ရှိနေသေး၏။
ဟိုက်ချင်ဂိုဏ်းမှ တပည့်များအားလုံး၏ နှုတ်ခမ်းများသည် ကြမ်းကြမ်းတမ်းတမ်းတုန်ရင်နေကြသည်။
ဤလူတွေသည် မည်သို့သော လူတွေနည်း။
တောင်ထိပ်သို့ ရောက်ရှိခါနီးအချိန်ထိ သက်တောင့်သက်သာ ရှိနေသေး၏။
အစောတုန်းက အောင်ပွဲရရန် ယုံကြည်ချက်ပြင်းထန်နေသော ဟိုက်ချင်ဂိုဏ်းသည် ကျွင်းချောင်ရှောင်းနှင့် သံမဏိအရိုးဂိုဏ်းတပည့်တို့၏ တစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်ခြင်းကို ခံခဲ့ရသည်။
သူတို့သည် ထိုသူများအား ကြည့်ရုံသာ ကြည့်နေနိုင်တော့သည်။ အလွန်တရာ ဆိုးရွားလှသည့် ခံစားချက်များကို ရရှိနေသည်ဟု ဆိုနိုင်၏။
တောင်ထိပ်ပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွှမ် အား အသာဖေးမ၍ ဖွေးစွတ်နေသော ကျောက်ပြားတည်နေရာဆီသို့ အသာလှမ်းလျှောက်လာခဲ့သည်။
သူ၏ မျက်နှာအား အနည်းငယ်သောလေပြင်းညှင်းများက တိုက်ခတ်နေသည်။ အလွန်တရာ ကောင်းလှသည့် ခံစားချက်ပင် ဖြစ်တော့၏။
ဒင်
“လက်ခံသူသည် ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါသည်။ အရင်ဆုံး ရောက်ရှိခြင်း။ ဂိုဏ်းစုဆောင်းမှတ် ၅၀၀အား ရရှိသည်။”
ဒင်။
“ဂိုဏ်းစုဆောင်းမှတ် ၅၄၆၁/၅၀၀၀”
ဒင်
“ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့်....”
ကျွင်းချောင်းရှောင်း ဆွံ့အသွားသည်။ "ဒါကိုလည်း ဖုံးကွယ်ထားတဲ့ မစ်ရှင်လို သတ်မှတ်တာပဲလား"
"အင်း ဂိုဏ်းချုပ်ကျွင်း"
ရှစ်ကျန်းရွှမ်ပြောလိုက်သည်။ "တောင်ပေါ်သို့ ရောက်ပါပြီလား"
"ရောက်ပါပြီ"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ရောက်ရုံတင်မဟုတ်ဘူး ပထမဦးဆုံးရောက်တာပဲ။ကျုပ်တို့က ပထမဦးဆုံးရောက်တာလေ"
"တကယ်လား"
ရှစ်ကျန်းရွှမ်၏ လှပလွန်းသော မျက်နှာလေးသည် ပျော်ရွင်မှုကြောင့် လင်းထိန်သွား၏။
သူမသည် ဤတောင်ထိပ်သို့ ပထမဦးဆုံးရောက်အောင်သွားမည်ဟူသော စိတ်ဆန္ဒ မရှိပေ။ သို့ပေမဲ့ ထိုသို့ ပြုလုပ်နိုင်သည်ကို ကြားချိန်မှာတော့ အလွန်တရာ ပျော်ရွှင်မိသည်ကိုတော့ ဝန်ခံရမည်။
နောက်ဆုံးအကြိမ်တုန်းက ရှစ်ကျွမ်းရွှမ် သည် တစ်ခြားသူများ၏ နောက်၌ နေခဲ့ရ၏။ အဘယ့်ကြောင့်ဆိုသော် သူမ၏ တပည့်များသည် လုံလောက်သည့် အားအင်မျိုး မရှိသောကြောင့်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် မြေဆွဲအားအား လျစ်လျူရှု၍ သွားလာနိုင်သည်။ သူမကို ဖေးမ၍ ဟွာတောင်ထိပ်ကို တက်ဖို့မပြောနှင့် အဆုံးမဲ့လှေကားကို တက်၍ ဘုံကိုးပါးသို့ ရောက်ရှိမည်ဆိုလျှင်တောင် မောပန်းမည့်ပုံ မပေါ်ပေ။
ပျော်ရွင်နေတုန်းမှာပဲ ရှစ်ကျွမ်းရွှမ် သည် သူမအား ဂိုဏ်းချုပ်ကျွင်းတစ်ယောက် ဖေးမထားသည်ကို သတိရလိုက်၏။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ပဲ သူမ၏ လက်ကို ရုတ်ကာ နောက်သို့ ခြေနှစ်လမ်း ဆုတ်လိုက်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။
"ခန်းမသခင်ရှစ် … ကျုပ်က ခန်းမသခင်ရှစ်ကို ဟွာတောင်ထိပ်ဆီကို ဖေးမပြီး ခေါ်လာရုံပါပဲ။တစ်ခြား မလျော်ညီတဲ့ အတွေးမျိုး မရှိပါဘူး"
"ကျွန် … ကျွန်မ သိပါတယ်" ရှစ်ကျွမ်းရွှမ် သည် တီးတိုးပြောလိုက်၏။
သို့ပေမဲ့ သူမကို တစ်လှမ်းလုံး ဖေးမကာ အပေါ်သို့ ခေါ်လာသည်ကို သတိရသွားတော့ သူမ၏ ပါးလေးများသည် နီရဲသွား၏။ သူမသည် မြောင်ဟွာ ခန်းမထဲတွင် ကြီးပြင်းလာခဲ့ရသူဖြစ်ပြီး တစ်ခြားသော သူစိမ်းယောကျာ်းလေးများနှင့် နီးနီးကပ်ကပ် ထိတွေ့ဖူးသူမဟုတ်ပေ။
ဟူး။
ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို အသာဖြန့်၍ သက်ပြင်းအရှည်ကြီးချလိုက်သည်။
"ဒီမှာရှိတဲ့လေက တောင်ခြေမှာရှိတဲ့လေထက် ပိုပြီး လက်ဆတ်တာပဲ"
ရှစ်ကျန်းရွှမ်ပြောလိုက်သည်။ "ဒီတောင်ထိပ်ရဲ့ မြင်ကွင်းက အရမ်းလှပတယ်လို့ ပြောတာ ကြားဖူးတယ်"
ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာတွင် ရှိနေသော တိမ်ပင်လယ်ကို လှည့်ကြည့်မိပြီး ပြောလိုက်မိသည်။ "အရမ်းလှတာပေါ့"
ပြောပြီးသည့်နောက်မှာတော့ ဤတောင်တန်းပေါ်မှ မြင်ကွင်းအား ရှစ်ကျွမ်းရွှမ် တစ်ယောက် မမြင်နိုင်သည်ကို သတိရသွား၏။
"ခန်းမသခင်ရှစ်"
သူမစိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်သောကြောင့် ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ပဲ စကားလမ်းကြောင်းကို ပြောလိုက်သည်။
"ကျုပ်တို့ရဲ့ရှေ့မှာ ကျောက်စင်မြင့် တစ်ခုရှိတယ်။ ဒီနေရာမှာ သိုင်းတာအို ဆွေးနွေးမှု ပြိုင်ပွဲတွေ လုပ်တာလား"
"ဟုတ်တယ်" ရှစ်ကျန်းရွှမ် ခေါင်းညိတ်ပြလိုက်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ် ခင်ဗျားကို ဖေးမပြီး ခေါ်သွားရမှာလား ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် လျှောက်မှာလား"
ရှစ်ကျွမ်းရွှမ် ငည် နီရဲသော မျက်နှာဖြင့် ပြောလိုက်သည်။ "ကိုယ့်ဘာကိုယ် လျှောက်ပါ့မယ်"
လမ်းသည် ကြမ်းနေသည် မဟုတ်ဘဲ ပြေပြစ်လှသော လမ်းဖြစ်မှန်း သိသောကြောင့် သူမအတွက် လမ်းလျှောက်ရန် ခက်ခဲသော ပြဿနာတစ်ခုလည်း မဟုတ်ပေ။
"ဒါဆိုလည်း ကြွပါ"
ကျွင်းချောင်ရှောင်းသည် သူမချော်လဲသွားမည်ကို စိုးရိမ်သောကြောင့် အနောက်ဘက်မှ လိုက်နေခြင်းဖြစ်သည်။
ထိုအရာသည် ယောကျာ်းနှင့် မိန်းမကြား စိတ်ပူပန်မှု ကိစ္စမဟုတ်ချေ။
သူမသည် မျက်စိရောဂါရှိပြီး ကြင်နာတတ်သော မိန်းကလေးတစ်ယောက် ဖြစ်သောကြောင့် ယောကျာ်းတစ်ယောက်အနေနှင့် သူမကို ဂရုစိုက်ရမှာ သူ၏ တာဝန်တစ်ခု မဟုတ်လား။
လမ်းလျှောက်နေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် ရှစ်ကျွမ်းရွှမ် အား အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကို ပေး၍ ကံတရားကို စမ်းကြည့်ရင် ကောင်းမလားဟု စဉ်းစားနေ၏။
ထားလိုက်ပါတော့။ သူမ၏ ရောဂါကို မကုသနိုင်ဘဲနှင့် ဒဏ်ရာတွေကို မြန်မြန်ဆန်ဆန် ကောင်းမွန်သော ဆေးလုံးတွေ သူဆီမှာရှိနေသည်ဆိုတာ ပေါ်သွားလျှင် တော်ကြာရှုပ်ကုန်ဦးမည်။
ချင်းယန်နှင့် တစ်ခြားသူများသည်လည်း တောင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လာကြသည်။ သူတို့သည် လှပလွန်းသော မြင်ကွင်းကို ကြည့်ရန် စိတ်မဝင်စားကြချေ။ ဂိုဏ်းချုပ်၏ နောက်သို့သာ လိုက်လာသည်။
ကျောက်စင်မြင့်သည် အလွန်တရာ ကြီးမားလှပြီး သိုင်းလေ့ကျင့်ရေး ကွင်းပြင်ကြီးတစ်ခုနှင့်ပင် ဆင်တူနေသည်။
သူတို့သည် လှေကားထိပ်ဆီသို့ ရောက်ရှိချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ရှစ်ကျွမ်းရွှမ် အား ကူညီရန် ပြင်ဆင်နေသည်ကို မြင်လိုက်ကြသည်။
"ဂိုဏ်းချုပ်"
လုချင်းချင်းသည် အသာလျှောက်လှမ်းလာပြီး ရှစ်ကျွမ်းရွှမ် အား ကူညီလိုက်သည်။ ပြီးနောက် သူမသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒီလိုကိစ္စမျိုးကို ကျွန်မပဲ လုပ်လိုက်ပါ့မယ်"
"ဟမ် ကောင်းပြီ"
အားလုံးသည် မှန်ကဲ့သို့ ချောမွေ့နေသော ကျောက်စင်မြင့်ပေါ်တွင် မတ်တပ်ရပ်လိုက်သည်။
ကျွင်းချောင်ရှောင်းသည် အခွင့်အရေးကို အရယူကာ ပြောလိုက်သည်။ "ခန်းမသခင်ရှစ် ဒီသိုင်းတာအို ဆွေးနွေးပွဲက ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ"
"ဘာမှ မရှိပါဘူး"
ရှစ်ကျွမ်းရှန်က ပြောလိုက်သည်။ "သိုင်းပညာနဲ့ပတ်သက်ပြီး ဆွေးနွေးနေရုံသက်သက်ပါ။"
ထင်ထားသည့်အတိုင်းပင် ဘာမှ ထူးဆန်းနေသည့်ကိစ္စမျိုး ဟုတ်မနေပေ။
ဝှစ် ဝှစ်။
တစ်နာရီကြာပြီးသည့်နောက်မှာတော့ ဟိုက်ချင်ဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် တပည့်များအားလုံးသည် တောင်ထိပ်သို့ ခက်ခက်ခဲခဲနှင့် တက်လာကြသည်။
ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသောသူများသည် ကျောက်စင်မြင့်ပေါ်တွင် တက်၍ ဟိုဒီကြည့်နေသည်ကို မြင်ရချိန်မှာတော့ သူတို့၏ စိတ်ထဲတွင် ကြိတ်ကာ ငိုနေမိနေကြသည်။
ပြီးနောက် တစ်ခြားသော ဂိုဏ်းများသည်လည်း တောင်ထိပ်သို့ လှည့်ပတ်ကြည့်နေကြသည်။
ပုံမှန်အားဖြင့် ရှင်းလင်းနေသော ကျောက်စင်မြင့်မှာတော့ လက်ရှိတွင် သိုင်းကျင့်ကြံသူ နှစ်ရာမှ သုံးရာနည်းပါးထိ ရှိနေကြ၏။
အရင်တုန်းကသာဆိုလျှင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနှုတ်ဆက်နေကြသည်ဖြစ်သည်။
သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အားလုံးသည် ကျွင်းချောင်ရှောင်း ၊ လီချင်းယန်နှင့် တစ်ခြားသော သူများ အားလုံးကို စိုက်ကြည့်မိနေကြသည်။
"ခန်းမသခင်ရှစ်"
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ခဏလောက် အနားယူပြီးသည့်နောက် မနေနိုင်ဘဲ မေးလိုက်မိသည်။ "ဒီလူတွေက ဘယ်သူတွေလဲ"
များပြားလှသော ဂိုဏ်းများမှ သိုင်းပညာရှင်များသည်လည်း အသာနားစွင့်ထားကြ၏။ သူတို့သည် အလွန်တရာ စိတ်ဝင်စားမိနေကြ၏။ မည်ကဲ့သို့သော လူများဖြစ်သည်မို့ တောင်ထိပ်ဆီသို့ အမြန်ဆုံးရောက်ရှိအောင် သွားလာနိုင်နေသနည်း။
ရှစ်ကျန်းရွှမ်၏ မိတ်ဆက်မှုကို မစောင့်ပေ။
ကျွင်းချောင်းရှောင်းသည် အရင်ဆုံး ပြောလိုက်၏။ “သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းပါ။”
ပြောပြောပြီးချင်းမှာပဲ တည်နေရာတစ်ခုလုံးသည် ငြိမ်သက်သွားကြ၏။
များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများသည် မယုံကြည်နိုင်သလို ကြည့်လိုက်ကြသည်။။
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ "တပည့်တွေကို ခေါ်ပြီး မိစ္ဆာဂိုဏ်းလေးဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့ သံမဏိအရိုးဂိုဏ်းချုပ်၊ သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို ကြောက်လန့်ပြီး ထွက်ပြေးအောင် လုပ်ခဲ့တဲ့ သံမဏိအရိုးဂိုဏ်းချုပ်လား"
"သိပ်မှန်တာပေါ့"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"အားနာပါတယ်။" ဟိုက်ချင်ဂိုဏ်း၏ဂိုဏ်းချုပ်က ပြောလိုက်၏။
သူ့အား ကျော်ဖြတ်သွားသည့်သူသည် ဂိုဏ်းကြီးတစ်ခု၏ တပည့်တစ်ယောက်ဖြစ်မည်ဟု သူတွေးထားခဲ့၏။ သို့ပေမဲ့ အဆင့်ခုနစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေမှန်းတော့ သူမထင်မိခဲ့ချေ။
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများအားလုံးသည် မျက်နှာများ ပျက်ရွင်းသွားကြသည်။
ဤအတောအတွင်းတွင် သူတို့သည် သံမဏိအရိုးဂိုဏ်းအကြောင်းကို ကောင်းကောင်းသိနေကြ၏။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းသည် အဆင့်ခုနစ်သာရှိသော ဂိုဏ်းတစ်ခု ဖြစ်နေသည် မဟုတ်လား။
"ဂိုဏ်းချုပ်ကျွင်း"
အဆင့်ငါးဂိုဏ်းတစ်ခု၏ ခေါင်းဆောင်က ပြောလိုက်သည်။ "ဟွာတောင်တန်း သိုင်းတာအို ဆွေးနွေးပွဲမှာတော့ ပါဝင်ကြတဲ့ ဂိုဏ်းတွေ အကုန်လုံးက အားကောင်းကြတယ်။ခင်ဗျားတို့လို သံမဏိအရိုးဂိုဏ်းက ပါဝင်ဖို့တော့ မသင့်တော်ဘူးလို့ထင်တယ်။အဆင့်ငါးအောက်ဂိုဏ်းတွေ ဒီပြိုင်ပွဲကို မလာဖို့ စည်းမျဉ်းချမှတ်ရမလိုတောင် ဖြစ်နေပြီ။"
"အရင်တုန်းက မပြောဘူးလား။အစောကြီးကတည်းက စည်းကမ်းထုတ်လိုက်ရင် ပြီးတာပဲ"
"ငါတို့လည်း မထင်ဘူးလေ။ အဆင့်ငါး အောက်မှာရှိတဲ့ ဂိုဏ်းတွေက ဘယ်လိုမျက်နှာမျိုးနဲ့ လာပြီးတော့ တက်ရဲရတာလဲ"
တစ်ယောက်ပြီးတစ်ယောက်သည် ထ၍ ပြောဆိုလိုက်ကြသည်။
သူတို့၏ အမြင်အရဆိုလျှင် သံမဏိအရိုးဂိုဏ်းသည် ဟွာတောင်တန်း၏ သိုင်းတာအိုဆွေးနွေးပွဲသို့ တက်ရောက်ရန် အရည်အချင်း မရှိကြပေ။
ကျွင်းချောင်ရှောင်းသည် အရင်ကတည်းက ထိုသို့သော အခြေအနေမျိုးကို စဉ်းစားထားပြီး ဖြစ်၏။
"အားလုံးပဲ"
သူ ခေါင်းခါယမ်းလိုက်သည်။ ပြီးနောက် မနှေးမမြန်ဆိုသလိုပဲ ပြောလိုက်သည်။
"ခင်ဗျားတို့အားလုံးပဲ နားလည်မှု လွဲနေပြီ"
"နားလည်မှု လွဲနေပြီဟုတ်လား"
ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်သည်။ "ဒီနေ့ ဟွာတောင်တန်းကို လာခဲ့တာ ဒီအသုံးမဝင်တဲ့ သိုင်းတာအိုဆွေးနွေးပွဲဆိုတဲ့ အရာကြီးကို လာပြီးတော့ တက်တာမဟုတ်ဘူး။တပည့်တွေကို ခေါ်လာပြီးတော့ ရှုခင်းလာကြည့်တာပါ"