← Chapters

အခန်း (၄၂၁)

Vol. 29 Ch. 421

အခန်း (၄၂၁)

Vol. 29 Ch. 421

ကျွင်းချောင်ရှောင်းသည် လက်ဝါးနည်းစနစ်၏ ပထမဦးဆုံး တိုက်ခိုက်ချက်များ၏ ပြစ်ချက်များကို ထုတ်ဖော်ပြသလိုက်ချိန်မှာတော့ များပြားလှသော ဂိုဏ်းများမှ ဂိုဏ်းချုပ်များ၊ အကြီးအကဲများအားလုံးသည် တစ်ဖက်လူမှာ အလွန်တရာ ကံကောင်းသောကြောင့်ဖြစ်မည်ဟု တွေးမိလိုက်ကြ၏။

သို့ပေမဲ့ လက်ဝါးနည်းစနစ်၏ နောက်ပိုင်းတိုက်ခိုက်ချက်များကို ပြည့်စုံအောင် ထုတ်ဖော်ဖန်တီးပြီးသည့် နောက်မှာတော့ တစ်ဖက်လူသည် အလွန်တရာအားကောင်းလှသည်ဖြစ်ကြောင်း သူတို့ သိရှိနားလည်လိုက်ရပြီ ဖြစ်သည်။

လောကကြီးတွင် မည်သူကမှ ယှဉ်နိုင်လိမ့်မည့် မဟုတ်ချေ။ ဂိုဏ်းချုပ်လင်း၏ အဆင့်မြင့်မားလှသော သုံးသပ်ချက် ကို ကြားမိလိုက်ချိန်မှာတော့ တဖက်လူများ အားလုံးတို့သည် ကျွင်းချောင်ရှောင်းအား အထင်မသေးတော့ချေ။

“ဂိုဏ်းချုပ်လင်း … မြှောက်ပေးနေပြန်ပြီ”

ကျွင်းချောင်ရှောင်းသည် ရှက်ရွံ့သလိုပြောလိုက်၏။

လက်ရှိအခြေအနေမှာတော့ သူသည် အလွန်တရာ မောက်မာ လှသည့် ကျွင်းချောင်ရှောင်း မဟုတ်တော့ပေ။ တခြားသူများ၏ ရင်ကို ထိခိုက်၍ မုန်းတီးသွားအောင် ထိုးဆွရသည့် အလုပ်ကို သူမလုပ်တော့ချေ။

ထိုမှသာလျှင် များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် သူနှင့် သိုင်းပညာတာအိုနှင့် ပတ်သက်၍ သေသေချာချာ ဆွေးနွေးပေလိမ့်မည်။

ထင်ထားတဲ့အတိုင်းပင် တစ်ချိန်လုံးငြိမ်သက်လျက်ရှိသော ဂိုဏ်းအကြီးအကဲတစ်ယောက်သည် လက်သီးဆုပ်ကာ ပြောလိုက်၏။ “ဒီအဘိုးကြီးက ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံနေတာ၊ ဒါပေမဲ့ အဆင့်နှစ်ဆင့်ကို နားမလည်နိုင်သေးဘူး၊ ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ညွှန်ကြားချက်လေး တစ်ခုတစ်လေလောက် ပြုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်”

ကျွင်းချောင်ရှောင်းပြောလိုက်၏။ “ကျုပ်တို့အားလုံးက ကျင့်ကြံခြင်းလောကက လူတွေပဲလေ၊ အခု ဒီမှာကလည်း ဟွာတောင်တန်းရဲ့ သိုင်းတာအို ဆွေးနွေးပွဲကို ပြုလုပ်နေကြတာပဲ မဟုတ်ဘူးလား၊ ဒီတော့ ကျုပ်က လိုလိုချင်ချင်နဲ့ ညွှန်ပြပေးနိုင်ပါတယ်”

“…”

ကျန့်ရာနှင့် လီချင်းယန်တို့၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။

စောနကလေးတင် ဟွာတောင်တန်းသို့ သူတို့လာခဲ့ခြင်းမှာ ရှုခင်းကြည့်ရန်အတွက်သာဟု ပြောခဲ့သေးသည်မဟုတ်လား၊ ယခု ဂိုဏ်း၏ အကြီးအကဲများ အား ညွှန်ကြားပြသမှုများ ပြုလုပ်ပေးမည်ဟု ဆိုနေပြန်သည်။

ထိုအရာသည် ဟွာတောင်တန်း၏ သိုင်းပညာ ဆွေးနွေးပွဲတွင် ပါဝင်ခြင်းနှင့် ဆင်တူနေသည် မဟုတ်လား။

အဓိပ္ပာယ်မရှိတာ။

သူသာ သိုင်းတာအိုဆွေးနွေးပွဲတွင် မပါဝင်ပါက သီးခြားတာဝန်ကို မည်ကဲ့သို့ ပြည့်စုံအောင် ပြုလုပ်ရမည်နည်း။

သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် အားအင်ကို ပိုင်ဆိုင်သော ဂိုဏ်းအကြီးအကဲသည် ကျွင်းချောင်ရှောင်းအား သူလေ့ကျင့်သော သိုင်းနည်းစနစ်အား တိတ်တဆိတ် သီးသန့်ပြောပြလိုက်၏။ သူသည် ထိုနည်းစနစ်နှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ ဇဝေဇဝါဖြစ်နေခြင်းပင်ဖြစ်၏။

၎င်း၏ ကျင့်ကြံခြင်းနည်းစနစ်သည် အဆင့်မြင့်အဆင့် ကျင့်ကြံခြင်းနည်းစနစ်သာဖြစ်ပေ၏။ သံမဏိအရိုးဂိုဏ်းတွင် ရီကျင့်ကျင်း ကဲ့သို့ နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်သာ မရှိပါက ကျွင်းချောင်ရှောင်းသည် ထိုအကြီး အကဲ၏ နည်းစနစ်အား ဂိုဏ်း၏ သိုင်းနည်းစနစ် ခန်းမဆောင်တွင် ထားထားပေလိမ့်မည်။

ခဏလောက် သုံးသပ် ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ အကြီးအကဲအား သေချာရှင်းပြလိုက်၏။ ဂိုဏ်း၏ အကြီးအကဲမှာ ဉာဏ်အလင်းရရှိသွားတော့သည်။

အင်း အင်း

ခဏလောက်ကြာပြီးသည့်နောက်မှာ သူသည်ရှက်ရွံ့စွာပြန်ပြောလိုက်၏။ “ဒီအဘိုးကြီးက ဆယ်နှစ်ကျော်လောက် ကျင့်ကြံခဲ့တယ်၊ ဒါပေမဲ့ ဒီလောက်ရိုးရှင်းတဲ့ ပြဿနာကို ရှာမတွေ့ရှိခဲ့ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အပြင်ဘက်က ကြည့်တဲ့သူတွေက တကယ်တမ်း ကျင့်ကြံတဲ့သူတွေထက် မြင်နိုင်တယ်လေ။ စစ်တုရင် ထိုးသလိုပေါ့”

အကြီးအကဲသည် လက်သီးဆုပ်ကာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းရဲ့ ရှင်းပြမှုက ဒီအဘိုးကြီးကို တကယ်ပဲ အကျိုးသက်ရောက်မှုရှိစေတယ်”

“ဂိုဏ်းချုပ်ကျွင်း”

လက်ဝါးနည်းစနစ်ကို သုံးသပ်ရာမှ ပြန်လည် သတိဝင်လာသော ဟိုက်ချင်ဂိုဏ်း၏ အကြီးအကဲက ပြောလိုက်၏။ “ကျုပ်ဆီမှာလည်း သိုင်းပညာနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုရှိနေတယ်၊ ဒီတော့ ဖြေဆိုပေးနိုင်ဖို့ မျှော်လင့်မိတယ်”

“ပြဿနာမရှိဘူး”

အလယ်အလတ်အဆင့် အသိအမြင်အဆောင်ကို အသုံးပြုထားသော ဂိုဏ်းချုပ်ကျွင်းသည် များပြားလှသော ဂိုဏ်းများမှ ဆရာကြီးများ၏ ပြဿနာများ၊ မေးခွန်းများကို ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်မိနေသည်။ အလယ် အလတ်အဆင့် အသိအမြင်အဆောင်သည် မိနစ်ခြောက်ဆယ်ခန့် ကြာမြင့်၏။

ကျွင်းချောင်ရှောင်းသည် ကျောက်စင်မြင့်ပေါ်တွင် မတ်တပ်ရပ်၍ များပြားလှသော ဂိုဏ်းအကြီးအကဲများအား မိနစ်ခြောက်ဆယ်တိတိ လမ်းညွှန်ပြသလျက်ရှိသည်။ သူ့အား လာရောက်မေးမြန်းသည့် မည်သူ့ကိုမဆို သူမငြင်းပယ်ခဲ့ချေ။

ဤအတောအတွင်း အခြားသော ဂိုဏ်းများမှ တပည့်များအားလုံးသည်လည်း မေးခွန်းများ မေးမြန်းကြ၏။ အဖြေကို ရရှိပြီးသည့်နောက်မှာတော့ သူတို့အားလုံးသည် ငြိမ်သက်သွားကြ၏။ သူတို့၏ စိတ်ထဲတွင် ဂိုဏ်းချုပ်ကျွင်းသည် သိုင်းပညာတာအိုနှင့်ပတ်သက်၍ နက်နဲသောအသိအမြင်အား အထူးပင် လေးစားမိကြ၏။

ဤနေရာတွင် လူပေါင်းများစွာရှိနေသောကြောင့် ပြဿနာပေါင်းများစွာလည်း တည်ရှိနေသည်။ အလယ်အလတ် အဆင့်အသိအမြင်အဆောင်လေးတစ်ခုသည် ထိုသူတို့အားလုံး ပြဿနာများကို ဖြေရှင်းရန် လုံလောက်မည် မဟုတ်ပေ။

ကျွင်းချောင်ရှောင်းသည် နောက်ထပ်အသိအမြင်အဆောင်တစ်ခုအား ချိုးခြေလိုက်၏။ ပြောရမည်ဆိုလျှင် အလွန်တရာ ထူးဆန်းလှချေသည်။ ဒုတိယအသိအမြင်အဆောင် ကုန်ဆုံးတော့မည့်အချိန်မှာသော သူနှင့် သိုင်းတာအိုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသော ကျင့်ကြံသူများ တော်တော်များပြားခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ သီးခြား တာဝန်မပြည့်စုံသေးချေ။

“တာဝန်ပြည့်စုံဖို့အတွက်ဆိုရင် ဒီမှာရှိတဲ့လူအားလုံးနဲ့ တိုင်ပင်ဆွေးနွေးရမှာလား”

ကျွင်းချောင်ရှောင်း စိတ်ထဲမှ ကြိတ်ကာ စဉ်းစားလိုက်မိ၏။

“ဂိုဏ်းချုပ်ကျွင်း”

ထိုအချိန်မှာတော့ ဘေးတစ်ဖက်တွင် ရပ်တန့်လျက်ရှိသော ရှစ်ကျန်းရွမ်က ပြောလိုက်သည်။ “ကျွန်မဆီမှာလည်း သိုင်းပညာနဲ့ပတ်သတ်တဲ့ ပြဿနာတစ်ခုရှိတယ်၊ တိုင်ပင်ဆွေးနွေးလို့ ရနိုင်မလား”

များပြားလှသောဂိုဏ်းများမှ အကြီးအကဲများသည် မေးမြန်းခဲ့ကြပြီးဖြစ်သည်။ သို့ပေမဲ့ သူမတစ်ယောက်တည်း သာ မမေးမြန်းရသေးခြင်းဖြစ်သည်။

ကျွင်းချောင်ရှောင်း ပြုံးကာပြောလိုက်သည်။ “ခန်းမသခင်ရှစ်နဲ့ ခင်မင်ရင်းနှီးမှုအရဆိုရင် ဆယ်ခါမေးရင်တောင်မှ ကိစ္စမရှိပါဘူး”

“အင်း”

ရှစ်ကျန်းရွမ်၏ မျက်နှာသည် နီရဲသွား၏။

သူမသည် ခင်မင်ရင်းနှီးမှုဆိုသည့် စကားလုံးပေါ်တွင် နားလည်မှုလွဲမှား၍ အဓိပ္ပာယ်ကောက်မှားနေပုံပေါ်သည်။

များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် ခန်းမသခင်ရှစ် ရှက်သွေးလွှမ်းနေသည်ကို မြင်ရချိန်မှာတော့ ကျွင်းချောင်ရှောင်း သူမကို ကူညီ၍ တောင်ထိပ်ပေါ်သို့ ဖေးမကာ တက်လာသည့်မြင်ကွင်းကို ပြန်လည်မြင်ယောင်မိလိုက်၏။

သူတို့၏နှစ်ယောက်ကြားတွင် သာမန်ထက်ပိုသော ဆက်ဆံရေးတစ်ခုရှိနိုင်မည်ဟု အားလုံးက အတိအကျ ခန့်မှန်း မိနေသည်။

ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ ချောမောလှသူဖြစ်ပြီး မြောင်ဟွာခန်းမသခင်မှာတော့ ပြိုင်ဘက် ကင်းလှသော အလှတရားကို ပိုင်ဆိုင်၏။ နှစ်ယောက်စလုံးသည် ဂိုဏ်းချုပ်များဖြစ်ကြပြီး ပါရမီရှင် ကျင့်ကြံသူ များလည်း ဖြစ်နေ၏။ ထို့ကြောင့် ကောင်းကင်ဘုံမှ နတ်ဖက်သည့်စုံတွဲဟု သတ်မှတ်နိုင်သည်။

သို့ပေမဲ့ လောကကြီးမှာ အမှန်တကယ်တော့ ရယ်စရာကောင်းလွန်းလှသည်။ ကျွင်းချောင်ရှောင်းသည် သူ၏ ပြုလုပ်ရမည့် တာဝန်များကြောင့် တစ်ကိုယ်တည်းဖြစ်နေသလို သူကူညီခဲ့သောလူများ၏ စိတ်ကူးထဲမှ သုံးသပ် ချက်များအားလုံးသည်လည်း တကယ်ဖြစ်လာနိုင်သည့် အရာမျိုး မဟုတ်ပေ။

စာဖတ်သူများသည်လည်း ဂိုဏ်းချုပ်ကျွင်းတစ်ယောက် မိန်းမမယူမိဘဲ ယောကျ်ားယူသွားမည်ကို စိုးရိမ်မိမည်ဟု ယုံကြည်မိ၏။

ရှစ်ကျန်းရွှမ်သည် သူမ၏ ပြဿနာဟုဆိုသော အမှုန်အငွေ့ မျက်လုံးအတားအဆီး အစီအရင်ဟူသော စိတ်ဝိညာဉ် ကျင့်ကြံခြင်းနည်းစနစ်အား ထုတ်ဖော်ပြောဆိုလိုက်၏။ တစ်စုံတစ်ယောက် သည် မျက်စိထဲတွင် ဖုန်တွေဝင်၍ ဘာတစ်ခုမှ မမြင်ရသော အချိန်မျိုးတွင် ကျင့်ကြံရသောနည်းစနစ်တစ်မျိုးလည်းဖြစ်သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အတန်ငယ်စဉ်းစားပြီးသည့်အချိန်မှာတော့ ရုတ်တရက် နားလည်သွား၏။

ဤအရာသည် အထူးကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်ပြီး အရာဝတ္ထုအားလုံးကို သေချာမမြင်နိုင်သော သူများသာ အဆုံးစွန်ထိရောက်အောင် ကျင့်ကြံနိုင်စွမ်းရှိသည်။

ကျွင်းချောင်ရှောင်းသည် အသိအမြင်အဆောင်ကို အသုံးပြု၍ ဤနည်းစနစ်အား ကြည့်ရှုမည်ဆိုလျှင်ပင် နားလည်နိုင်သော်လည်း လက်တွေ့ကျင့်ကြံရာတွင်မူ အလွန်တရာ ခက်ခဲလှ၏။

သူ့အနေနှင့် အဆုံးစွန်အထိ နားလည်စေချင်သည်ဆိုလျှင် မိမိ၏ မျက်လုံးအား မိမိဖောက်ထုတ်ပစ်မှ ရပေလိမ့်မည်။ ရှစ်ကျန်းရွမ်သည် မျက်စိရောဂါဖြင့် မွေးဖွားလာခဲ့သည်ဖြစ်၏။ ထို့ကြောင့် ဤနည်းစနစ်ကို ကျင့်ကြံရန်အတွက် လောကတွင် အသင့်တော်ဆုံးလူလည်းဖြစ်သည်။

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းသည် ခဏလောက် ငြိမ်သက်သွားပြီးပြောလိုက်၏။ “ဒီကျင့်ကြံခြင်းနည်းစနစ်က အရမ်းကို နက်နဲပြီး ခန့်မှန်းလို့ မရအောင် အားကောင်းလွန်းတယ်၊ ဒါကို ကျင့်ကြံတဲ့ အချိန်မှာ အလျင်မလိုသင့်ဘူး၊ မဟုတ်ရင် အကုန် ရူးသွပ်သွားကုန်လိမ့်မယ်၊ သေချာသုံးသပ်ပြီးတဲ့နောက်မှာတော့ ကျုပ်ရဲ့အမြင်အရဆိုရင် အရမ်းအဆင့်မြင့်တဲ့အဆင့်ကို နားလည်ချင်ရင် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး တစ်ခု ချင်းဆီကို သေချာဖြေရှင်းမှဖြစ်လိမ့်မယ်”

ရှစ်ကျန်းရွမ်က ပြောလိုက်၏။ “ကျွန်မ အချိန်အကြာကြီး ဒါကို နားလည်အောင် ကြိုးစားနေခဲ့တာ”

ကျွင်းချောင်ရှောင်းက တီးတိုးပြောလိုက်၏။ “စိတ်ကျင့်ကြံခြင်းနည်းစနစ်ဆိုတာက တစ်လှမ်းချင်းစီ သွားရတဲ့ အရာပဲ၊ ဒုတိယအားဖြင့် နှလုံးသားထဲက နှစ်နှစ်ကာကာ ကျင့်ကြံနိုင်ဖို့ လိုအပ်တယ်၊ ခန်းမသခင်ရှစ်က ဒီအချက်နှစ်ချက်ကို ဖမ်းဆုပ်မိဖို့ လိုအပ်နေတာပဲ၊ အနှေးနဲ့ အမြန်ဆိုသလို အဆုံးစွန်သော အခြေအနေအထိ နားလည်လာပါလိမ့်မယ်”

“ကျွန်မ နားလည်ပါပြီ”

ရှစ်ကျန်းရွှမ် သည် တောက်ပစွာပြုံးလိုက်၏။ ထို့နောက်ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းကို ကျေးဇူးတင်ပါတယ်”

အရိုးသားဆုံး ပြောရလျှင် သူမအနေနှင့် တကယ်နားမလည်သေးချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းက ထိုသို့ ပြောနေသည်ဆိုမှတော့ သူမအနေနှင့် စိတ်ထဲမှာ သေသေချာချာ မှတ်သားထားရမည်။ ဤအချက်နှစ်ချက်နှင့် ပတ်သက်၍ နောက်ပိုင်းကျင့်ကြံလျှင် ပိုမို၍ အာရုံစိုက်ကာ ကျင့်ကြံမှဖြစ်တော့မည်။

ဒင်

“သီးခြားတာဝန် ပြည့်စုံပြီ၊ ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ ရရှိသည်”

ဒင်

“ဂိုဏ်းစုဆောင်းမှတ် - ၆၄၆၁ / ၅၀၀၀”

ဒင်

“ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့် ...”

သီးခြားတာဝန်သည် မပြည့်စုံခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ရှစ်ကျန်းရွှမ် နှင့် သိုင်းနည်းစနစ်များ မဆွေးနွေးရသောကြောင့် ဖြစ်နေ၏။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်၏။ “ကျုပ်က အားလုံးကို အကူအညီပေးခဲ့ပြီးပါပြီ၊ ဒီတော့ တပည့်တွေကို ခေါ်ပြီးတော့ ရှုခင်းကြည့်ဖို့အတွက် ထွက်သွားပါတော့မယ်”

သူ့အနေနှင့် ဟွာတောင်တန်း၏ သိုင်းပညာဆွေးနွေးပွဲကို အစကတည်းက ပါဝင်ယှဉ်ပြိုင်ချင်သည်မဟုတ်ပေ။ ယခု တာဝန်ကလည်း ပြီးဆုံးသွားပြီဆိုသောကြောင့် ဤနေရာတွင် တစ်စက္ကန့်တောင်မှ ဆက်၍ မနေချင်ပေ။ ထို့အပြင် တစ်ဖက်လူများအား ဆရာကြီးစတိုင်ဖြင့် ညွှန်ပြပြောဆိုမှုများအား လုပ်ရသည်မှာ အလွန်တရာ ပျင်းစရာ ကောင်းလွန်းလှ၏။

ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းရဲ့သိုင်းပညာက ကျယ်ပြန့်ပြီးတော့ နက်နဲလှတယ်၊ ခင်ဗျားရဲ့ တပည့်တွေကလည်း တော်တော် အားကောင်းကြမှာပဲ၊ ဒါကို သိချင်မိတယ်”

“ဘယ်လိုသိချင်တာလဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

ဂိုဏ်းချုပ်လင်းသည် လက်သီးဆုပ်ကာ ပြောလိုက်၏။ “ကျုပ်ဂိုဏ်းရဲ့ တပည့်တွေနဲ့ ခင်ဗျားဂိုဏ်းက တပည့်တွေက ချစ်ခင်ရင်းနှီးမှုအပြည်နဲ့ လက်ရည်စမ်းပွဲလေး တစ်ပွဲ လောက် လုပ်ကြရအောင်”

ဤအရာသည် ရန်စကာ စိန်ခေါ်ခြင်းတစ်ခု မဟုတ်ပေ။ သံမဏိအရိုးဂိုဏ်း၏တပည့်များသည် ဂိုဏ်းချုပ်ကျွင်း၏ လမ်းညွှန်ပြသမှုအောက်တွင် မည်မျှအားကောင်းသည် ဆိုခြင်းကို သူ သေသေချာချာ သိချင်မိ၏။

“ဒါက...”

ကျွင်းချောင်ရှောင်းသည် တိတိကျကျ ပြောရလျှင် တိုက်ခိုက်ခြင်းများနှင့် အချိန်မဖြုန်းချင်ပေ။ ထို့ကြောင့် ပါးစပ် ဟကာ ငြင်းရန်ပြင်လိုက်၏။ သို့ပေမဲ့ သူပါးစပ်ဟ၍ ငြင်းလိုက်ပြင်လိုက်တုန်းမှာပဲ သတိပေးချက် အသံတစ်ခု ထွက်ပေါ်လာ၏။

ဒင်

“သီးခြားတာဝန် အသက်ဝင်”

“လာပြန်ပြီလား”

သူသည် စနစ်အား ဖွင့်ကြည့်လိုက်ချိန်မှာတော့

“တပည့်များအားခေါ်ယူ၍ ဟွာတောင်တန်း၏ သိုင်းတာအိုဆွေးနွေးပွဲတွင် များပြားလှသည့် ဂိုဏ်းများမှ တပည့်များနှင့် လက်ရည်စမ်းယှဉ်ပြိုင်မှုပြုလုပ်ရန်”

ချီးတဲ့မှ

“ငါက မလုပ်ချင်လေ၊ သူကလုပ်အောင် တမင်ဖန်တီးလေ ဖြစ်နေပြီ”

စနစ်မှ ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ တပည့်တွေခေါ်ပြီး ထွက်သွားလို့ရပါတယ်၊ အများဆုံး အနေနှင့် တာဝန် ကျရှုံးရုံလောက်ပေါ့”

“တော်စမ်း”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။ ထို့နောက် လက်သီးဆုပ်ကာ ပြောလိုက်၏။ “ဒီလိုဆိုမှတော့ အနည်းငယ်လောက် လက်ရည်စမ်းကြတာပေါ့”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံး၏ မျက်လုံးတွင် စိတ်လှုပ်ရှားတက်ကြွမှုများနှင့် တောက်လောင် လာ၏။

ဟွာတောင်တန်း၏ သိုင်းတာအိုဆွေးနွေးပွဲတွင် အဆင့်လေးနှင့် အဆင့်ငါးဂိုဏ်းများမှ ပါဝင်နေ၏။ တပည့် တော်တော်များများသည် အလွန်တရာအားကောင်းလှ၏။ သူတို့အနေနှင့် တိုက်ခိုက်ချင်သည်မှာ သဘာဝပင် ဖြစ်၏။

All Chapters