← Chapters

အခန်း (၄၂၂)

Vol. 29 Ch. 422

အခန်း (၄၂၂)

Vol. 29 Ch. 422

နတ်စမ်းချောင်းဂိုဏ်းနှင့် တိုက်ပွဲတွင် ပွဲခုနှစ်ဆယ်ကျော်တိတိ အနိုင်ရရှိခဲ့ခြင်းသည် ကျင့်ကြံခြင်းလောက တစ်ခုလုံးသို့ ပျံ့နှံနေပြီဖြစ်သည်။ ဂိုဏ်းချုပ်ကျွင်းသည် သိုင်းပညာအပေါ် နားလည်မှုသည် အလွန်တရာ နက်နဲလှ၏။ စကားလုံးများအနည်းငယ်နှင့်ပင် သူတို့အား ဉာဏ်အလင်းရစေခဲ့သည်။ ထို့ကြောင့် သူလေ့ကျင့်ပေး ထားသော တပည့်များသည် သာမန်ထက်ပိုပေလိမ့်မည်။

အတိတ်တုန်းကဆိုလျှင် များပြားသော ဂိုဏ်းများမှ တပည့်များသည် ၎င်းတို့၏ သိုင်းပညာအရည်အချင်းကို စမ်းသပ်ရန် တစ်ယောက်နှင့်တစ်ယောက် လှည့်ပတ်၍ တိုက်ခိုက်တတ်ရ၏။ ဤတစ်ကြိမ်မှာတော့ ခြားနားသွား ခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ သိုင်းပညာအရည်အချင်းကို သိရှိချင်သည်ဆိုလျှင် သံမဏိအရိုး ဂိုဏ်းတပည့်များနှင့် တိုက်ခိုက်လိုက်ရုံသာ ရှိတော့၏။

တိုက်ဆိုင်စွာနှင့်ပဲ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည်လည်း ဂိုဏ်းအသီးသီးမှ တပည့်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ချင်စိတ်ရှိနေကြ၏။ ပထမဦးဆုံး သူတို့သည် သူတို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်အား စမ်းသပ် ချင်နေကြခြင်းဖြစ်ပြီး ဒုတိယအနေနှင့် ၎င်းတို့သည် နတ်စမ်းချောင်းဂိုဏ်းတပည့်များထက် ပိုမို၍ အားကောင်း သလား ဆိုသည်ကို သိချင်နေမိကြခြင်းဖြစ်သည်။

နောက်ဆုံးမှာတော့ သူတို့သည် စိတ်ပျက်သွားကြရ၏။

ဘန်း …

ကျယ်ဝန်းလှသော ကျောက်စင်မြင့်ပေါ်မှာတော့ ရှောင်ကျီသည် ဟိုက်ချင်ဂိုဏ်း၏ အတွင်းစည်းတပည့်အား တိကျရှင်းလင်းလှသော လက်သီးချက်တစ်ချက်နှင့် အနောက်သို့ လွှင့်စင်သွားအောင် ပြုလုပ်ပြီး အနိုင်ယူခဲ့၏။ စင်မြင့်အောက်မှာတော့ ရှုံးနိမ့်သွားခဲ့သူမှာ ခြောက်ယောက်တိတိ ရှိနှင့်နေပြီးဖြစ်သည်။

“…..”

ဂိုဏ်းချုပ်လင်း ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ ဤသံမဏိအရိုးဂိုဏ်း၏ တပည့်သည် ခုနှစ်ပွဲ ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထူးဆန်းလှသည့် မည်သည့်တိုက်ခိုက်ရေးနည်းစနစ်ကိုမျှ ထုတ်ဖော်အသုံးမပြုခဲ့ပေ။ ၎င်း၏ ခန္ဓာကိုယ်အားအင်သီးသန့်ဖြင့်သာ ဟိုက်ချင်ဂိုဏ်းတပည့်များကို လွှင့်စင်သွားအောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ စွမ်းဆောင်ရည်သည် အလွန်တရာကောင်းလှ၏။

“ချင်းယန်”

ရှောင်ကျီ ပြောလိုက်၏။ “ဟိုက်ချင်ဂိုဏ်းက တပည့်တွေနဲ့ သွားတိုက်ခိုက်ချေ”

“ကောင်းပြီ”

လီချင်းယန်သည် တက်သွား၏။ ရှောင်ကျီမှာ အောက်သို့ဆင်းလာခဲ့သည်။

ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် တပည့်များကို ဆက်လက်လွှတ်ကာ တိုက်ခိုက်လိုက်၏။ အဆုံးသတ်မှာတော့ တပည့်များသည် တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်သွားခဲ့၏။ သူတို့ စင်မြင်ပေါ်တက်သည်နှင့် တစ်ခါတည်း ရှုံးနိမ့်ခဲ့ကြခြင်းပင်ဖြစ်၏။

ဟွာတောင်တန်း၏ လက်ရည်စမ်း တိုက်ပွဲဖြစ်နေခြင်းကြောင့် လီချင်းယန်သည် ၎င်းတို့အား ဖိနှိပ်တိုက်ခိုက် အနိုင်ယူခဲ့သည်ဆိုသော်လည်း တိုက်ခိုက်ချက်မှာ အလွန်တရာ ညင်သာလှ၏။ ရှုံးနိမ့်ခဲ့ကြသော တပည့်များသည် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့ခြင်း မရှိကြချေ။

အချိန်အတော်ကြာပြီး နောက်ထပ် ငါးကြိမ် တိုက်ခိုက်ပြီးသည့် နောက်မှာတော့ အရင်တိုက်ပွဲများအပါအဝင် ဟိုက်ချင်ဂိုဏ်းသည် တပည့်ဆယ့်နှစ်ယောက်ကို တိုက်ခိုက်စေခဲ့ပြီးဖြစ်သည်။ အားလုံး သည် ရှုံးနိမ့်ခဲ့ကြပြီး ဖြစ်၏။

ဟိုက်ချင်ဂိုဏ်းသည် မျက်နှာ နာခဲ့ရပြီးဖြစ်သည်။

သံမဏိအရိုးဂိုဏ်းနှင့် တိုက်ခိုက်ခဲ့သော တပည့်များသည် ကြံ့ကြံ့ ခံနိုင်သည်ဆိုလျှင်ပင် တော်သေး၏။ ယခု အားလုံးသည် အမှောက်သိပ်ခံနေရ၏။ ဤကဲ့သို့ ဖြစ်မည်မှန်းသာ သိလျှင် သူသည် အားလုံး၏ရှေ့တွင် လက်ရည်စမ်းတိုက်ပွဲဟူ၍ လျှာရှည်ကာ ပြောမိလိမ့်မည် မဟုတ်ချေ။

“ဂိုဏ်းချုပ်”

တပည့်တစ်ယောက်က ပြောလိုက်သည်။ “ကျွန်တော် လိုလိုချင်ချင်နဲ့ တိုက်ခိုက်ချင်ပါတယ်”

“သွားလေ”

ခေါင်းဆောင်လင်းက ပြောလိုက်၏။ ဟိုက်ချင်ဂိုဏ်း၏ တပည့်သည် ကျောက်စင်မြင့်ပေါ်သို့ တစ်လှမ်းခြင်း တက်လာချိန်မှာတော့ သိုင်းကျင့်ကြံသူများ အားလုံးဆီမှ ဆူညံ ဆူညံအသံများ ထွက်ရှိလာတော့သည်။

“ကျန့်ရှန်းစစ်... ဒါက သူရဲကောင်းစာရင်းမှာ ပါဝင်တဲ့ အဆင့် ရှစ်ဆယ့်ခုနှစ်ရှိတဲ့ ပါရမီရှင် မဟုတ်လား”

“လွန်ခဲ့တဲ့နှစ်တုန်းက သိုင်းတာအို ဆွေးနွေးပွဲမှာ သူပါဝင်ယှဉ်ပြိုင်ခဲ့သေးတယ်၊ အဲတုန်းက သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က သိုင်းဆရာ အဆင့်ခုနှစ်ပဲရှိတယ်၊ ဒီတိုတောင်းလှတဲ့ တစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာပဲ သူက သိုင်းဆရာ အဆင့်ကိုး အဆင့်ကို ရောက်သွားခဲ့တယ်၊ သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်တဲ့လူ ပီသတယ်။ သူ့ရဲ့ တိုးတက်မှုနှုန်းက တကယ့်ကို မြန်ဆန် လွန်းလှတယ်”

ကျွင်းချောင်ရှောင်းသည် ဟိုက်ချင်ဂိုဏ်း တပည့်ရဲ့ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်နှင့် ကျင့်ကြံခြင်းအဆင့် တို့အား စိတ်မဝင်စားချေ။ အဲဒီအစား သူတွေးလိုက်မိ၏။ “သူရဲကောင်းစာရင်းဆိုတာ ဘာကိုပြောတာလဲ”

စနစ်မှ ပြောလိုက်သည်။

“ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ အသိအမှတ်ပြုခံထားရတဲ့ ပါရမီရှင်တွေကို အဆင့်သုံးဆင့် ခွဲခြားသတ်မှတ် ထားတယ်၊ ကောင်းကင်၊ မြေကြီးနဲ့ လူသားဆိုပြီးတော့ပေါ့၊ ကောင်းကင်က အမြင့်ဆုံးဖြစ်ပြီး လူသားကတော့ အနိမ့်ဆုံးပဲ၊ ငယ်ရွယ်တဲ့ လူငယ်ပညာရှင်တွေက ဒီစာရင်းထဲကို ဝင်နိုင်အောင် ကြိုးစားကြတယ်၊ အဆင့်အနိမ့်ဆုံး လူသားအဆင့်ထဲကို ဝင်ရင်တောင်မှ ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ တကယ့်ကို အထူးချွန်ဆုံး ပါရမီရှင်လို့ သတ်မှတ်ကြတယ်လေ”

“ငါသိပြီ”

ကျွင်းချောင်ရှောင်းမေးလိုက်သည်။ “ငါကော အဲစာရင်းထဲမှာ ပါလား”

စနစ်မှပြောလိုက်သည်။

“လူငယ်တပည့်တွေနဲ့ လွတ်လပ်တဲ့ ကျင့်ကြံသူတွေက ဒီစာရင်းထဲကိုဝင်နိုင်တယ်လေ၊ လက်ခံသူက အသက်နဲ့ လိုအပ်ချက်တွေ ကိုက်ညီတယ်ဆိုပေမဲ့ ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ဖြစ်တာမို့ ဒီစာရင်းထဲမှာ မပါဘူး”

ချီးတဲ့မှ …

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲမိလိုက်၏။ ဤမျှကောင်းမွန်လှသော ပါရမီရှင်စာရင်းထဲတွင် သူမပါဝင်နိုင်ဟုဆိုခြင်းမှာ ကြီးမားလှသော ဆုံးရှုံးမှုပင် ဆိုရမည်။ သူသည် စိတ်အလိုမကျစွာဖြင့် ပြောလိုက်၏။ “ဒါဆိုရင် ပါရမီရှင်ဂိုဏ်းချုပ်စာရင်း ဆိုတာကောရှိလား”

သူရဲကောင်းစာရင်းတွင် မပါဝင်နိုင်ဟု ဆိုမှတော့ ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းချုပ်စာရင်းတွင် ပါဝင်နိုင်စေရန် မျှော်လင့်နေမိ၏။ အတော်ဆုံးသော ဂိုဏ်းချုပ်ဆုကို ရယူ၍ စင်မြင့်ပေါ်သို့တက်ကာ နှုတ်ခွန်းဆက် စကား ပြောကြား ချင်စိတ်ပင် ပေါ်နေမိ၏။ သူဖတ်ဖူးသော ကျင့်ကြံသူတို့စကားဝိုင်း စာစဉ်ထဲမှ သေလမ်းရှာစွန်း ဆိုလျှင် သူတော်စင် မိန့်ခွန်း တစ်လတစ်ခါတောင် ပြောဆိုတတ်သေး၏။

“...”

စနစ်မှပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးထဲမှာ ဂိုဏ်းချုပ်စာရင်းဆိုတာ မရှိဘူး၊ သူရဲကောင်းစာရင်း ဆိုတာပဲရှိတယ်”

“ဒီလိုလား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးသည် လေးနက်သွား၏။

“ဒါဆိုရင် သံမဏိအရိုးဂိုဏ်းက လူကိုလည်း သူရဲကောင်းစာရင်းထဲကို ပါအောင်လုပ်ရမယ်”

“ပါအောင်လုပ်လို့ရလား”

“မင်းက ငါ့ကို မေးရင် ငါဘယ်သူ့ကို သွားပြန်မေးရမလဲ”

စနစ်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော သတင်းအချက်အလက် တချို့ကို စုစည်းရုံသာ တတ်နိုင်၏။ ထိုကဲ့သို့သော အဖွဲ့အစည်းစာရင်းများနှင့်ပတ်သက်၍ သူသေချာမသိချေ။

“ဒါပေမဲ့”

သူသည့် အကျင့်အတိုင်းပဲ လက်ခံသူအား ရင်နာအောင် ဆက်၍ ပြုလုပ်လိုက်သည်။

“သံမဏိအရိုးဂိုဏ်းရဲ့ လက်ရှိအဆင့်နဲ့ အလုံးစုံအားအင်အရဆိုရင် လီချင်းယန်ကို သူရဲကောင်းစာရင်းထဲ ပို့ဖို့ ဆိုတာ သိပ်မဖြစ်နိုင်ဘူးထင်တယ်”

“.......”

ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ ငြိမ်သက်သွားမိ၏။ ပြီးနောက် လက်ကိုယမ်းခါကာ ပြောလိုက်သည်။

“ရှင်းချန်... ဟိုက်ချင်ဂိုဏ်းတပည့်နဲ့ သွားပြီးတော့ တိုက်ခိုက်”

ရီရှင်းချန်သည် ရှေ့သို့လှမ်းတက်သွား၏။ လီချင်းယန်နှင့် နေရာလဲပြီးသည့်နောက်မှာတော့ သူသည် ကျန့်ရှန်းစစ်ကို အထင်အမြင်သေးစွာဖြင့်ပြောလိုက်သည်။ “အဆင့်ရှစ်ဆယ့်ကိုး ဟုတ်လား၊ တကယ့်ညံ့တဲ့အကောင်ပဲ”

“…”

များပြားလှသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ရင်သွား ကြ၏။

သူရဲကောင်းစာရင်းတွင် ပါဝင်နိုင်သော သိုင်းပညာရှင်တစ်ယောက်ဆိုသည်မှာ အလွန်တရာ ပါရမီထူးလှသူ ဖြစ်၏။ ဤသံမဏိအရိုးဂိုဏ်းတပည့်မှာတော့ အမှိုက်ဟုပင် ခေါ်ဝေါ်သုံးစွဲလျက် ရှိနေသည်။

အလွန်တရာ မောက်မာလွန်းလှချေသည်။

သို့ပေမဲ့ အရင်ဘဝတုန်းက ရီချင်းရှန်သည် အသက်နှစ်ဆယ် မပြည့်ခဲ့ ခင်မှာပင် ကောင်းကင်အဆင့်၏ ထိပ်ဆုံးနှစ်ဆယ်အတွင်း ပါဝင်ခဲ့သူဖြစ်ကြောင်း သူတို့သိခဲ့လျှင် မောက်မာသည်ဟု သတ်မှတ်ကြလိမ့်မည် မဟုတ်ချေ။

သူသည် အသက်အရွယ်ကြောင့် ကောင်းကင်စာရင်းဆီမှ ထုတ်ပယ်ခံရပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်း မြေတိုက်တစ်ခုလုံး၏ သိုင်းအင်ပါယာတစ်ယောက်ဖြစ်လာခဲ့သည်။ သို့ပေမဲ့ သည်အရာသည်ကား ရီချင်းရှန်၏ အရင်ဘဝနှင့်ပတ်သက်၍ အကြီးအကျယ်ဆုံး နောင်တတရားလည်းဖြစ်နေ၏။

သူ့အနေနှင့် အလုံးစုံကြိုးစားခဲ့သည် တောင်မှ ကောင်းကင်စာရင်း၏ ထိပ်ဆုံးနေရာကို မရောက်ရှိခဲ့ပေ။ ယခု အားလုံးက သူရဲကောင်းစာရင်း ဆိုသည်ကို ပြောချိန်မှာတော့ သူသည် ပြန်လည်၍ သတိရမိသွား၏။ သူ့အရင်ဘဝမှ ရှိခဲ့သော နောင်တတရား၊ ဤဘဝတွင် ထိုအရာကို ပြန်လည်ပြင်ဆင်ရမည်။

“ငါ ရီချင်းရှန်က ကျိန်းသေပေါက် သူရဲကောင်းစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရောက်ရမယ်”

ဝှစ် … ဝှစ်

ချက်ချင်းဆိုသလိုပဲ ညအင်ပါယာ၏ ခန္ဓာကိုယ်မှာ အလွန်တရာအားကောင်းလှသော အော်ရာများ ထွက်ပေါ်လာ သည်။

အမှိုက်ဟု ခေါ်ခံလိုက်ရသော ကျန်ရှန်းစစ်သည် အလွန်တရာ ဒေါသထွက်သွားမိ၏။ သူ၏ မျက်လုံးဆီမှ ဒေါသတရားများအားလုံးသည် မီးကဲ့သို့ တောက်လောင်လာသည်။ ဤလူငယ်သည် အမှန်တကယ်ပင် အားကောင်းလွန်းလှ၏။

ရီချင်းရှန်သည် သူ၏ ခေါင်းကိုမော့ကာဖြင့် ခပ်တည်တည်ဖြင့် ကြည့်လိုက်သည်။ “အချိန်မဖြုန်းနေနဲ့၊ လာခဲ့ တိုက်စရာရှိတာ တိုက်တော့”

ကျန့်ရှန်းစစ်သည် ချက်ချင်းဆိုသလို သူ၏ သိုင်းဆရာ ကျင့်ကြံခြင်းအဆင့်အား ထုတ်ဖော်ပြီး လှုပ်ရှားမှု နည်းစနစ် ကိုထုတ်သုံးကာ ရှေ့သို့လှမ်းတက်လာတော့သည်။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအင် များအားလုံးသည် နေကိုထိုးဖောက်သွားတော့မည့် သက်တန့်ရောင်စဉ်အလင်းတန်းများကဲ့သို့ပင် ရှေ့သို့ ထိုးတက် သွား၏။

ဘန်း

ရီချင်းရှန်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းတက်ကာ အလွန်တရာအားကောင်းလှသော လက်သီးနှင့် ထိုးလွှတ် လိုက်တော့သည်။ အလင်းတန်းသည် ချက်ချင်းဆိုသလိုပဲ တည်နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ ပြီးနောက် သူသည် တိမ်ခြေလှမ်းနည်းစနစ်ကို အသုံးပြု၍ သာမန်အကျဆုံး တိုက်ခိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

သိုင်းပညာလား

သူ့တွင် ဝှက်ဖဲပေါင်းများစွာရှိနေ၏။ ထို့ကြောင့် သိုင်းနည်းစနစ် နှစ်ခုမှ သုံးခုကို ချက်ချင်းလှည့်ပြောင်းသုံးနိုင်ဖို့ အတွက် သူ့တွင်ပြဿနာ မရှိချေ။

သူသည် အရိုးရှင်းဆုံးသော အနီးကပ်တိုက်ခိုက်ခြင်းကို အသုံးပြု၍ တိုက်ခိုက် လျက်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် စမ်းသပ်မှုမျှော်စင်ရှိ အချိန်အတိုင်းအတာအတစ်ခုအတွင်း လေ့ကျင့်ခဲ့ရသော သူ၏အားအင်အဆင့်ကို စမ်းသပ်ချင်နေ၏။

တိုက်ရိုက်တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ချိန်မှာတော့ ကျန့်ရှန်းစစ်သည် ရှောင်တိမ်းရုံသာ တတ်နိုင်တော့၏။ ထိပ်တိုက်ရင်ဆိုင်ရန် မတတ်နိုင်တော့ချေ။ ဤသံမဏိအရိုးဂိုဏ်းတပည့်၏ အားအင်သည် အလွန်တရာ အားကောင်းလှ၏။ ထိမှန်လိုက်မည်ဆိုလျှင် ကျိန်းသေပေါက် ကြီးကြီးကျယ်ကျယ် ဒဏ်ရာရရှိသွားနိုင်၏။

အသင်္ချေ စိတ်ဝိညာဉ်လက်ချောင်း။

ကျန့်ရှန်းစစ်သည် သူ၏ ကိုယ်ဟန်ကို ချက်ချင်းပြောင်းလိုက်ပြီး လက်ချောင်းများဆီမှ အလင်းတန်းကို စုစည်း၍ များပြားလှသည့် တည်နေရာထောင့်များဆီမှ ပြိုင်ဘက်၏ ဟာကွက်များကို အလစ်တိုက်ခိုက်ရန် ပြင်ဆင်လိုက် သည်။

ကံဆိုးစွာဖြင့် တစ်ဖက်သူသည် သူ့ထက်ပို၍ အားကောင်းလျက်ရှိနေသည်။ သူမည်မျှကောင်းမွန်သည့် တိုက်ခိုက်ရေးနည်းစနစ်များကို ထုတ်ဖော်သည်ဖြစ်စေ ရီချင်းရှန်၏ ဘယ်၊ ညာ လက်သီးများသည် ထိုတိုက်ခိုက် သည့်နည်းစနစ်အား တစ်ခုပြီးတစ်ခု ချိုးဖျက်သွားသည်။

အကြီးအကဲများ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ရင်နေကြ၏။ ဤသံမဏိအရိုးဂိုဏ်းတပည့်၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းဆရာအဆင့်ခုနှစ်မျှသာဖြစ်သော်လည်း တိုက်ခိုက်ရာတွင် အဆင့်ကိုး သိုင်းဆရာ၏ ရှေ့တွင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်လျက်ရှိနေ၏။ အလွန်တရာပင် အဆင်ခြင်မဲ့၍ ကြမ်းတမ်းလှချေ၏။

ဘုန်း

ရီရှင်းချန်သည် ကျန့်ရှန်းစစ်၏ စိတ်ဝိညာဉ်တိုက်ခိုက်ရေးနည်းစနစ်များအား ချက်ချင်းပင် ချိုးဖျက်လိုက်၏။ ပြီးတော့ တစ်ဖက်လူ၏ အားနည်းချက်ကို အခွင့်အရေးယူရင်း သူ၏ ညာဘက်လက်သီးသည် ဓားကဲ့သို့ ပုံသဏ္ဍာန် ပြောင်းသွားကာ ချက်ချင်းဆိုသလိုပဲ များပြားလှသည့် လခြမ်းဓားကွက်များကို ထုတ်ဖော်တိုက်ခိုက်တော့သည်။

ဘုန်း ..ဘုန်း ..ဘုန်း..။

ကျောက်စင်မြင့်ကြီးပေါ်တွင် ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများသည် တည်နေရာ တစ်ခုလုံးသို့ ပျံ့နှံ့နေလေတော့၏။

All Chapters