← Chapters

အခန်း (၄၂၈)

Vol. 29 Ch. 428

အခန်း (၄၂၈)

Vol. 29 Ch. 428

ကျွင်းချောင်ရှောင်းနှင့် တခြားသောသူနှစ်ယောက်တို့သည် AK-47 လက်နက်များကို ကောက်ကိုင်လိုက်သည့် အချိန် မှာတော့ ခေါင်းဆောင်နှင့် သူ၏လူများအားလုံးသည် ဆွံ့အသွားကြ၏။ သူတို့လက်ထဲတွင် မည်သည့်အရာကို ကိုင်ဆောင်ထားကြသနည်း။

ဒူးလေးများလား။ ပုံပန်းသွင်ပြင်များမှာ အလွန်တရာ ထူးခြားလှ၏။

သစ်သားချောင်းများလား၊ သို့မဟုတ် အထူးဖန်တီးထားသော တိုက်ခိုက်ခြင်းလက်နက်တစ်ခုလား။

“ကောင်လေး”

ခေါင်းဆောင် နှာခေါင်းရှုံလိုက်၏။ “မင်းက ဒီတုတ်ကြီးကို ကိုင်ပြီး နိုင်ချင်နေတာလား”

AK-47၏ ပုံပန်းသွင်ပြင်သည် တုတ်တစ်ချောင်းနှင့် ဆင်တူနေ၏။

အမဲရောင်ဝတ်စုံနှင့်ခေါင်းဆောင်သည် လက်ကိုမြှောက်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့်ပြည့်နှက်နေသည်။ အထက်မှ ပေးအပ်ထားသော တာဝန်ကို ပြည့်စုံစေရန်အတွက် ပိုက်ဆံမည်မျှ ကုန်ကုန် ကိစ္စမရှိပေ။

ဝှစ် …

တပည့်လေးဆယ်ကျော်တို့သည် ၎င်းတို့၏ နတ်ဆိုးဒူးလေးအားမြှောက်၍ ပစ်လွှတ်ရန် ပြင်လိုက်သည်။ ၎င်းတို့သည် ၎င်းတို့ခေါင်းဆောင်၏လက် အောက်သို့ကျဆင်းသွားသည်နှင့် ပစ်လွှတ်လိုက်တော့မည်။

“အမှိုက်ကောင်တွေ”

အမဲရောင်ဝတ်စုံနှင့်ခေါင်းဆောင်က အေးစက်စက်ပြောလိုက်သည်။ “ငရဲကိုသွား”

သူသည် လက်ကို အောက်သို့ချ၍ ပစ်ခတ်ဖို့ အမိန့်ပေးရန်ပြင်လိုက်၏။ သူ၏ နောက်လိုက်များအားလုံးသည်လည်း ဒူးလေးဆီမှ မောင်းခလုတ်ကို ဆွဲယူရန် ပြင်ဆင်လိုက်ကြ၏။

“အားလုံးကို သတ်လိုက်တော့”

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် အမိန့်ပေးလိုက်သည်။

ဒက် ဒက် ဒက် ဒက်

ဒက် ဒက် ဒက် ဒက်

ဒက် ဒက် ဒက် ဒက်

AK-47 သုံးလက်၏ ပြောင်းဝဆီမှ အလွန်တရာသေးငယ်လှသော ကျည်ဆံများအပြင် မီးတောက်များကလည်း ထွက်ပေါ်လာ၏။ မတူညီသည့် တည်နေရာသုံးခုဆီမှ ကျည်ဆန်များ အများအပြားသည် အရာအားလုံးအား ပစ်လွှတ်တိုက်ခိုက်တော့သည်။

ဘုန်း ဘုန်း ဘုန်း

အလွန်တရာ မြန်ဆန်သောနှုန်းဖြင့် ရောက်ရှိလာသော ကျည်ဆံများ၏ ဖောက်ထွင်းမှုအားအင်မှာလည်း အလွန် တရာကောင်းမွန်လှ၏။ ထို့ကြောင့် အမဲရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူများ၏ ခန္ဓာကိုယ်ထဲသို့ ကျည်ဆံများ ထွင်းဖောက်သွားတော့သည်။ တချို့သည် ခေါင်းကို ထိမှန်သွားပြီး တချို့မှာ ရင်ဘတ်ကို ထိမှန်သွားကြသည်။ ကျည်ဆံ သုံး၊ လေးခုလောက် တစ်ခါတည်း ထိမှန်သွားသော လူများလည်း ရှိနေ၏။

ဤအတောအတွင်း နတ်ဆိုးလမ်းသွယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ၎င်းတို့၏ နတ်ဆိုးဒူးလေးအား ပစ်လွှတ် လိုက်ကြပြီဖြစ်သည်။ သို့ပေမဲ့ နတ်ဆိုးဒူးလေးများသည် ကျွင်းချောင်ရှောင်းတို့ဆီသို့ ရောက်ရှိမလာဘဲ သူတို့၏ အနီးအနား ပတ်ဝန်းကျင်မှာပဲ ပြန်လည်ကျရောက် ပေါက်ကွဲမှုတွေ ဖြစ်ကုန်ကြသည်။

ဒက် ဒက် ဒက် ဒက် ..။

ဘုန်း ဘုန်း ဘုန်း …။

တောရိုင်းထဲမှာတော့ သေနတ်ပစ်သံနှင့် ပေါက်ကွဲသံများသည် အဆုံးမဲ့ ထွက်ပေါ်လျက်ရှိနေသည်။ ဤနေရာ တစ်ခုလုံးတွင် ဖုန်များ၊ မီးခိုးငွေ့များနှင့် ပြည့်နှက်သွားတော့သည်။ ဒဏ်ရာ ရရှိထားသော သိုင်းကျင့်ကြံသူသည် မြေပေါ်မှာလဲလျောင်းနေ၍ သူ၏ မျက်လုံးအိမ်ထဲမှ မျက်လုံးမှာတော့ ပြုတ်ထွက်လုမတတ် ပင် ဖြစ်လို့နေသည်။

ဖုန်နှင့်အခိုးအငွေ့များသည် သူ၏ အမြင်အာရုံကို ဖုံးလွှမ်းထားပြီး အထဲမှာ မည့်သည့်အရာများ ဖြစ်ပျက်နေသည် ဆိုသည်ကို သူသေချာမသိသော်လည်း ဝံပုလွေသားရဲကို စီးနင်းထားသော သိုင်းကျင့်ကြံသူသုံးယောက် တို့သည် တစ်ဖက်လူ၏ ဒူးလေးကြောင့် ဒဏ်ရာမရဘဲ လုံလုံခြုံခြုံနှင့် ရှိနေသေးသည်ကို သူမြင်နေရ၏။

သို့ပေမဲ့ ထိုသူတို့ကိုင်ဆောင်ထားသည့် ထူးဆန်းသော လက်နက်ဆီမှ မီးတောက်များ ထွက်ပေါ်နေပြီး တစ်ဖက် လူများမှာတော့ အတုံးအရုံးဖြစ်နေသည်ကို သူ ဝိုးတဝါး မြင်နေရ၏။ ဤလက်နက်သည် အလွန်တရာအားကောင်းလွန်းသည်။

ဒက် ဒက် ဒက် ဒက်

ကျွင်းချောင်ရှောင်းသည် ကျည်ဆံကုန်သွားသည့်နောက်မှာတော့ ဒုတိယမြောက်ကျည်ကတ်ကို ထပ်မံဖြည့်သွင်း လိုက်တော့သည်။ ပြီးနောက်သူသည် သူ၏ AK-47 လက်နက်ကို ထပ်မြှောက်ကာ မီးခိုးငွေ့များနှင့် ဖုံးလွှမ်းလျက် ရှိသည့် တည်နေရာထဲသို့ ထပ်မံပစ်သွင်းလိုက်တော့သည်။ သူ၏ အေးစက်စက်လှုပ်ရှားမှုနှင့် ခံစားချက် ကင်းမဲ့ နေသော နှုတ်ခမ်းပါးတို့သည် ငရဲပြည်မှ သေမင်းစေတမန်တစ်ယောက်နှင့်ပင် ထင်မှတ်မှားလောက်၏။

လက်ရှိ ဂိုဏ်းချုပ်ကျွင်း၏ အမူအရာသည် နောက်ခံတေးဂီတသာ ပါဝင်မည်ဆိုပါက အလွန်တရာ ကြည့်ကောင်းလှ သော ရုပ်ရှင်ဇာတ်ကားတစ်ခုကိုပင် ဖြစ်ပေါ်စေလိမ့်မည်။

ကျန့်ရာ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ “ဒီသေနတ်ဆိုတဲ့ဟာက လက်နက်ပုန်းတွေထက် အရမ်းအားကောင်းတာပဲ”

ဒက် ဒက် ဒက် ဒက် …..။

လီချင်းယန်နှင့် ရှောင်ကျီတို့မှာလည်း ကျည်ကုန်အောင် ပစ်ခတ်ပြီးဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သူတို့အား ရပ်တန့်ရန် အမိန့်မပေးသေးသောကြောင့် ကျည်ကတ်ကို ထပ်မံဖြည့်ကာ ပစ်လွှတ်ပြန်သည်။ တခြားသော ကျည်ကတ်တစ်ခု ထပ်မံကုန်ခမ်းပြီးချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သေနတ်ကို မြှောက်ကိုင်၍ E- စီးကရက် ကို အသာရှူရှိုက်၍ မှုတ်ထုတ်လိုက်သည်။

“လုံလောက်ပြီ”

လီချင်းယန်နှင့် ရှောင်ကျီတို့သည် သူတို့၏ သေနတ်ကို ပြန်သိမ်းလိုက်၏။ နှစ်ယောက်လုံးသည် AK-47 ၏ ပစ်ခတ်ခြင်းတွင် ကျွမ်းကျင်နေကြပြီဖြစ်၏။ သို့ပေမဲ့ သူတို့သည် ပစ်ခတ်မှုကို ရပ်တန့်လိုက်ချိန်မှာတော့ လက်တွေ အနည်းငယ်တုန်ခါလျက်ရှိနေ၏။

ဖုန်နှင့်အခိုးအငွေ့များသည် လွင့်ပြယ်သွားတော့သည်။ အားလုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်မှာ နတ်ဆိုး လမ်းသွယ်ဂိုဏ်းမှ ကျင့်ကြံသူလေးဆယ်ကျော်တို့အားလုံးသည် မြေပေါ်တွင် အတုံးအရုံးလဲကျလျက်ရှိပြီး တချို့မှာ ကျည်ထိမှန်၍ တစ်ခါထဲ သေဆုံးသွားကြခြင်းဖြစ်ပြီး တချို့မှာတော့ နတ်ဆိုးဒူးလေး၏ ပေါက်ကွဲချက်ကြောင့် သေဆုံးသွားရခြင်းဖြစ်ပေသည်။

တစ်ဦးတစ်ယောက်တစ်လေမှ အသက်ရှင် မကျန်ရစ်ချေ။ သွေးများသည် တည်နေရာတစ်ခုလုံးကို စီးဆင်းလျက် ရှိပြီး လေထဲမှာတော့ သွေးညှီနံ့များ လှိုင်ထနေ၏။

ဘုတ်

အမဲရောင်ဝတ်စုံနှင့်ခေါင်းဆောင်သည် သွေးအိုင်ထဲမှ အသာထထိုင်လိုက်၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းလျက်ရှိသည်။ မျက်လုံးထဲမှာတော့ ထိတ်လန့်တုန်လှုပ်နေသော အရိပ်အယောင်များ ပြည့်နှက်လျက်ရှိသည်။

မည်သို့သောကံတရားကြောင့်တော့ သေချာမသိပေ။ သူ၏ နောက်လိုက်များအားလုံးသည် အသတ်ခံလိုက်ရသည်။ သို့ပေမဲ့ သူ့မှာတော့ အသက်ရှင်လျက် ကျန်နေသေး၏။

သို့သော်ငြား သူသည် သေဆုံးသွားချင်မိ၏။ အဘယ်ကြောင့် ဆိုသော် အလွန်တရာမြန်ဆန်၍ ကြောက်မက်ဖွယ်ရာကောင်းလှသော ကျည်များသည် သူ၏ အနားမှ ဖြတ်သန်း သွားချိန်မှာတော့ သူသည် ငရဲပြည်ဆယ့်ရှစ်ထပ်သို့ ရောက်ရှိနေသလိုမျိုး ထိတ်လန့်တုန်လှုပ်မှုကို အပြင်းအထန် ခံစားခဲ့ရ၏။ သူ၏ကျင့်ကြံခြင်းသည် သိုင်းဆရာထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းသာဖြစ်သည်။ ဤလက်နက်ဖြင့် ထိမှန်ခံလိုက်ရပါက သူသေချာပေါက် သေဆုံးသွားပေလိမ့်မည်။

ဟာရီကိန်းဝံပုလွေသည် ရှေ့သို့လျှောက်လာ၏။ ကျွင်းချောင်ရှောင်းသည် AK-47 ကို လက်တစ်ဖက်နှင့်မြှောက်၍ ပြောင်းဝအား ခေါင်းဆောင်၏ ဦးခေါင်းပေါ်သို့ တင်လိုက်၏။ ထို့နောက် ပြောလိုက်သည်။ “ဒါကို တုတ်ချောင်းတစ်ချောင်းလို့ ထင်နေသေးလား”

ဤပြောင်းဝသည် ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းကြောင့် အလွန်တရာ ပူလောင်နေပြီဖြစ်သည်။ ထို့ကြောင့် အမဲရောင် ဝတ်စုံနှင့်ခေါင်းဆောင်၏ မျက်နှာသည် ရှုံ့မဲ့သွား၏။ သို့ပေမဲ့ သူ့အနေဖြင့် မလှုပ်ရှားရဲချေ။ အဘယ်ကြောင့်ဆိုသော် AK-47 ၏ အားအင်ကို သူမြင်ခဲ့ပြီးဖြစ်သည်။

“ရောင်း … ရောင်ရင်း”

အမဲရောင်ဝတ်စုံနှင့်ခေါင်းဆောင်သည် သူ၏ ကြောက်လန့်မှုကို ထိန်းချုပ်ကာ တီးတိုးပြောလိုက်၏။ “စကား စကားပြောကြစို့”

“ငရဲပြည်ကိုသွား၊ ပြီးတော့ ယမမင်းနဲ့ပြောလိုက်”

ကျွင်းချောင်ရှောင်းသည် အေးစက်စက်အသံဖြင့် သေနတ်မောင်းခလုတ်အား ဆွဲချလိုက်တော့သည်။ “ဘန်း” ဟူသောအသံနှင့်အတူ တည်နေရာတစ်ခုလုံးတွင် သွေးများပျံ့နှံ့သွားတော့သည်။

ဘုတ်

အမဲရောင်ဝတ်စုံနှင့်ခေါင်းဆောင်သည် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ၏ မျက်လုံးထဲတွင် ရှိသော အသက်ဓာတ် များသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ သူသည် စတွေ့စဉ် အချိန်မှာပင် နောက်လိုက်များအား လက်နက်ပုန်းဖြင့် ပစ်ခတ်ရန် အမိန်ပေးခဲ့သည်။

ထိုအရာသည် ကျွင်းချောင်ရှောင်းအား ဒေါသထွက်စေခဲ့သည် သူနှင့် သူ၏တပည့်များသာ အားနည်းနေမည်ဆိုလျှင် ထိုသူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရမှာဖြစ်၏။

ထို့ကြောင့် ဤကဲ့သို့သော နစ်နာမှုကို ယမမင်းထံတွင် ဖြေရှင်းခွင့်တောင်းရန် ပို့လွှတ်လိုက်ခြင်းပင်ဖြစ်တော့သည်။ အမဲရောင်ဝတ်စုံနှင့်လူသည် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာ (သို့မဟုတ်) တစ်ထောင်ကို ထုတ်ပေးမည် ဆိုလျှင် တောင်မှ အဆုံးသတ်တွင် သေဆုံးရပေလိမ့်မည်။

လီချင်းယန်နှင့် ရှောင်ကျီတို့သည် ဟာရီကိန်းဝံပုလွေပေါ်မှ ခုန်ဆင်းပြီး မိစ္ဆာကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပေါ်ရှိ ပစ္စည်းများကို ရှာဖွေတော့သည်။ ကျွင်းချောင်ရှောင်းသည် ဒဏ်ရာရရှိထားသောသူဆီသို့ လျှောက်သွားပြီး AK-47 ၏ ပြောင်းဝအား မြေပေါ်တွင် ထောက်ကာ ခံစားချက်ကင်းမဲ့စွာဖြင့်‌ ပြောလိုက်၏။

“ခင်ဗျားနောက်ကို လိုက်လာတဲ့လူတွေအားလုံး သတ်ဖြတ်ခံလိုက်ရပြီ … ဒီတော့ ခင်ဗျားခု လုံခြုံသွားပြီ။ ပေးတော့ စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်”

“ရောင်းရင်းလေး”

ဒဏ်ရာရထားသောသူ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်လျက်ရှိသည်။ သူသည် အားပြတ်စွာဖြင့် ပြောလိုက်သည်။ “ကျုပ် … ကျုပ်ဆီမှာ မရှိပါဘူး”

“ခင်ဗျားဆီမှာ မရှိဘူး၊ ဟုတ်လား”

ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်မိသွား၏။

“…”

ဒဏ်ရာရထားသော ကျင့်ကြံသူသည် ငြိမ်သက်သွား၏။ ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်ပြီး သေနတ်ကို ကျည်ဖြည့်လိုက်သည်။ ပြီးနောက် ဒဏ်ရာရထားသော ကျင့်ကြံသူ၏ ဦးခေါင်းအား သေနတ်ဖြင့် ချိန်ရွယ်လိုက်၏။ အေးစက်စက်ပြောလိုက်သည်။ “ခင်ဗျား ကျုပ်ကို လာဆော့နေတာလား၊ ချီးတဲ့မှ၊ စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်ဆိုလို့ ကျုပ်မှာ အဆင့်ငါးမိစ္ဆာဂိုဏ်းတစ်ခုကို ပြဿနာရှာခဲ့ရတယ်။ ခုတော့ မရှိဘူးလို့ ပြောနေပြန်ပြီ၊ ငါ့ရဲ့ဘွဲ့နာမည်က လူစွမ်းကောင်းမလို့ အကြောက်အလန့်ကင်းမဲ့ပြီး ကိုယ့်ဘာကိုယ် လုပ်ချင်သလို လာလုပ်နေတာလား”

ဒဏ်ရာရထားသော ကျင့်ကြံသူသည် ဤတုတ်ချောင်းကဲ့သို့ အရာ၏ အားအင်ကို ကောင်းကောင်းသိ၏။ ထို့ကြောင့် အလောတကြီးပြောလိုက်၏။ “ရှိတယ်၊ ရှိတယ်၊ ကျုပ်ဆီမှာ တစ်ခုရှိပါတယ်”

“ခင်ဗျားကျုပ်ကို လာနောက်နေတာလား”

ဒိုင်း ..…. ။

All Chapters