← Chapters

အခန်း (၄၂၉)

Vol. 29 Ch. 429

အခန်း (၄၂၉)

Vol. 29 Ch. 429

ကျွင်းချောင်ရှောင်းသည် တိုက်ရိုက်ပဲပစ်ချလိုက်၏။ သို့ပေမဲ့ သေနတ်၏ ပြောင်းဝသည် ဒဏ်ရာရထားသော ကျင့်ကြံသူ၏ ဦးခေါင်းဆီမှ ပေါင်ကြားဆီသို့ ရွေ့လျားသွားတော့သည်။ ကျည်ဆန်သည် ခြေထောက်နှစ်ချောင်း ကြားရှိ မြေပြင်အား ထိမှန်သွား၏။ မြေပြင်ပေါ်တွင် လက်သည်းခွံအရွယ် အပေါက်တစ်ခု ဖြစ်ကျန်ခဲ့သည်။

“ရောင်းရင်း”

သူသည် မှုန်ကုတ်စွာဖြင့် ပြောလိုက်သည်။ “ကျုပ်က စိတ်တိုတတ်တယ်၊ ကျုပ်နဲ့လာပြီး မကစားနဲ့”

ပြောနေတုန်းမှာပဲ သူသည် AK-47 အား မြှောက်လိုက်သည်။ ဤအချိန်မှာတော့ သေနတ်ပြောင်းဝသည် ဦးခေါင်း ဆီသို့ ချိန်တွယ်ထားခြင်းမဟုတ်ဘဲ ဒဏ်ရာရထားသော ကျင့်ကြံသူ၏ ပေါင်ကြားဆီသို့ ချိန်တွယ်လိုက်၏။ ဤနေရာသည် အဓိက ချက်ကောင်းနေရာပင်ဖြစ်တော့သည်။

ဂလု …။

ဒဏ်ရာရထားသော ကျင့်ကြံသူသည် တံတွေးမျိုချလိုက်၏။ သူ၏ ကျောရိုးမကြီးတစ်ခုလုံးသည် အေးစက်လျက် ရှိနေသည်။ ထို့အပြင် သူ၏ ပေါင်ကြားနားတွင် တစ်စုံတစ်ခုသည် စိုစွတ်လာ၏။ ပြီးနောက် တုန်ရင်သည့် အသံဖြင့် ပြောလိုက်သည်။ “ရောင်း … ရောင်းရင်း ကျုပ်ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးက သဘာဝစိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးပါ၊ အခြား စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက် များများ နဲ့ တန်ဖိုးချင်း တူညီတယ်”

“သဘာဝ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်သွား၏။ “ထုတ်ပြ၊ ကျုပ်ကြည့်မယ်”

သူ၏ မျိုးဆက် မပျက်သုန်းစေဖို့ ဒဏ်ရာရထားသော ကျင့်ကြံသူသည် သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိညာဉ် ကျောက်တုံးကို အလောတကြီးဖြင့် ထုတ်ယူလိုက်သည်။

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံးအား ကြည့်ရှုလိုက်ချိန်မှာတော့ အထဲတွင် ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် အလွန်တရာသန့်စင်နေသည်ကို မြင်လိုက်ရ၏။ “မဆိုးဘူး၊ ဒါက သဘာဝစိတ်ဝိညာဉ်ကျောက်တုံးပဲ”

ကျွင်းချောင်ရှောင်းက ထိုသူ့ကို သံသယဖြင့် ကြည့်လိုက်မိ၏။ “တစ်ခုတည်းလား”

ဒဏ်ရာရထားသော ကျင့်ကြံသူသည် နာကျင်နေသော မျက်နှာအမူအရာဖြင့်ပြောလိုက်သည်။ “ရောင်းရင်း ကျုပ်လိမ်ရဲမယ်လို့ ထင်နေလို့လား”

ဇွိ

ရုတ်တရက်ဆိုသလိုပဲ ဓားမြှောင်တစ်ခုသည် သူ၏ ပေါင်ထဲသို့ ထိုးစိုက်လာ၏။ သူကြောင်သွား၏။ ပြီးနောက် နာကျင်မှုကို ခံစားလိုက်ချိန်မှာတော့ သူအားရပါးရ အော်ဟစ်လိုက်၏။ “အား”

ဇွပ်

ကျွင်းချောင်ရှောင်းသည် ဓားမြှောင်အား ပြန်၍ ဆွဲယူလိုက်၏။

ရှူး

ခန္ဓာကိုယ်ထဲမှ သွေးတွေသည် ပန်းထွက်လာ၏။ ဒဏ်ရာရထားသော ကျင့်ကြံသူ၏ မျက်နှာသည် ပိုမို၍ ရှုံ့မဲ့လာ တော့သည်။ သူသည် အစောကြီးကတည်းက ဒဏ်ရာရခဲ့ပြီးဖြစ်သည်။ ယခုအချိန်မှာတော့ နောက်ထပ် ကပ်ဘေးကြီး တစ်ခုကို ထပ်မံရင်ဆိုင်နေရသည်။ ကျွင်းချောင်ရှောင်းသည် သွေးတွေပေနေသော ဓားမြှောင်အား အဝတ်နှင့် သုတ်လိုက်သည်။

“ခင်ဗျားက မရိုးသားဘူးလို့ ကျုပ်ထင်တယ်၊ ဒီတော့ ခန္ဓာကိုယ်မှာ နာကျင်မှုတွေ သက်သာအောင်လို့ ကျန်တဲ့ စိတ်ဝိညာဉ်ကျောက်တုံး ၉၉၉ တုံးကိုပေးတော့”

သူ၏မျက်နှာသည် ငရဲပြည်မှ သားသတ်သမား တစ်ယောက်လို ခံစားချက် ကင်းမဲ့နေ၏။ တပည့်များနှင့် အတူတူ နေထိုင်စဉ်တွင် အနည်းငယ် နောက်တီးနောက်တောက်နှင့် နေထိုင်သော သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းဖြစ်သည်ဟုပင် ယုံမှားသံသယဖြစ်စေနိုင်မည့် အသွင်သဏ္ဍာန်မျိုးဖြစ်၏။

“ကျုပ်… ကျုပ်ဆီမှာ ထပ်ပြီးမရှိတော့ဘူး”

ဇွိ

ကျွင်းချောင်ရှောင်းသည် မည်သည့်စကားကိုမှ ပြန်မပြောချေ။ အခြားသော ပေါင်တစ်ဖက်ဆီသို့ ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်သည်။

အား … အား။

ဒဏ်ရာရထားသော ကျင့်ကြံသူသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်တော့၏။ ကျွင်းချောင်ရှောင်းသည် ဓားမြှောင်ကို ပြန်လည်ဆွဲနှုတ်လိုက်ပြီးနောက် ထိုသူ၏ လည်ပင်းပေါ်သို့ ဓားမြှောင်ကို တင်ထားလိုက်၏။

“မရှိဘူးဆိုရင် ခင်ဗျားအသက်ကို ပေးတော့”

ဓားမြှောင်သည် လည်ပင်းအရေပြားနှင့် ထိတွေ့ပြီးသည့်နောက်မှာတော့ လည်ပင်းအရေပြားထဲသို့ အနည်းငယ် စိုက်ဝင်သွား၏။ သွေးများသည် ထိုနေရာမှတဆင့် စီးကျလာလျက်ရှိသည်။

ဒဏ်ရာရထားသော ကျင့်ကြံသူ၏ စိတ်နှလုံးများသည် တုန်ရင်လျက်ရှိနေတော့သည်။ သူ၏ သိစိတ်ပင်လယ်ထဲတွင် သေဆုံးခြင်းဆိုသော အငွေ့ အသက်များသည် စူးနစ်ဝင်ရောက်လာခဲ့ပြီဖြစ်၏။ သူသည် ထပ်မံ၍ မလိမ်ညာရဲတော့ပေ။ သူပြောလိုက်၏။ “ကျုပ်… ကျုပ်ဆီမှာ ရှိပါတယ်”

ကျွင်းချောင်ရှောင်းသည် ဓားမြှောင်ကို ပြန်သိမ်းရင်းပြောလိုက်၏။ “ဒါဆိုရင်ထုတ်ပေး”

ဟူး … ဟူး

ဒဏ်ရာရထားသော ကျင့်ကြံသူသည် အသက်ကို မနည်းရှူလိုက်ရ၏။ အချိန်အတော်ကြာပြီး သည့်နောက်မှာတော့ သွားကို တင်းတင်းစေ့ကာပြောလိုက်၏။

“ကျုပ် တောနက်ထဲမှာ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတစ်ခု ရှာတွေ့ထားတယ်၊ စိတ်ဝိညာဉ်ကျောက်တုံး တွေလည်း တော်တော်များများရှိတယ်၊ အဲကို ခေါ်သွားပေးမယ်”

“တကယ်လား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းထိန်သွား၏။ ထိုသူသည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ပေးလိုက်ကတည်းက သံသယရှိနေခြင်းဖြစ်သည်။ ထင်ထားသည့်အတိုင်းပင် သေချာ ခြောက်လန့်ကြည့်ပြီး သည့်နောက်မှာတော့ တစ်ဖက်လူမှာ ဝန်ခံလာခဲ့ပြီဖြစ်သည်။

“ကျုပ်မမှားဘူးဆိုရင်”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “နတ်ဆိုးလမ်းသွယ်ဂိုဏ်းကလူတွေ လိုက်လာတယ်ဆိုတာ ဒါကြောင့်မို့လား၊ စိတ်ဝိညာဉ်ကျောက်တုံးမိုင်း နေရာကို သိချင်လို့ ခင်ဗျားကို လိုက်ပြီးတော့ဖမ်းနေတာလား”

ဒဏ်ရာရထားသော ကျင့်ကြံသူသည် နာကျင်မှုကို သည်းခံရင်းပြောလိုက်သည်။ “အမှန်ပဲ”

“ချင်းယန်”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ဒီလူရဲ့ ဒဏ်ရာတွေကို ကုသပေးလိုက်၊ မသေစေနဲ့”

“ကောင်းပါပြီ”

လီချင်းယန်သည် မြန်မြန်ပဲ လမ်းလျှောက်ထွက်သွား၏။ ပြီးနောက် ဆေးတစ်ချို့နှင့်ပတ်တီးများကို သိုလှောင် လက်စွပ်ထဲမှ ထုတ်ယူ၍ ဒဏ်ရာအား ဆေးကြောကာ ပတ်တီးစည်းပေး လိုက်တော့၏။

ဤအချိန်တွင်းကို အခွင့်ကောင်းယူ၍ ကျွင်းချောင်ရှောင်းသည် သတ်ဖြတ်ခဲ့သောအလောင်းအား သပ်ရပ်မီးကို အသုံးပြု၍ မီးသြင်္ဂိုလ် လိုက်တော့သည်။ ထို့ပြင် အဆင့်ငါး မိစ္ဆာဂိုဏ်းတစ်ခုမှ လူများဖြစ်သည်မို့ သူသာ သတ်ဖြတ်သည်ကို သိရှိသွားလျှင် ကျိန်းသေပေါက် ပြဿနာ လာရှာပေလိမ့်မည်။ ထို့ကြောင့် အလောင်းများကို ဖျက်ဆီးရန်မှာ အလွန်တရာ အရေး ကြီး၏။

…….…

ကျွင်းချောင်ရှောင်းနှင့်တခြားသူများ ရောက်ရှိနေကြသော တောအုပ်ကြီးသည် နတ်ဆိုးတောအုပ်ဟုလည်း ခေါ်၏။ အတိအကျပြောရမည်ဆိုလျှင် ထိုတောအုပ်သည် နတ်ဆိုးတောင်တန်းကြီးတစ်ခုလုံး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ နတ်ဆိုးတောင်တန်းကြီးသည် အလွန်တရာကြီးမားလှသည့် တောင်တန်းကြီး ဖြစ်ပြီး များပြားလှသော နိုင်ငံများနှင့် ဆက်သွယ်ထားသည်။

ဟွာယန်နိုင်ငံရှိ သားရဲတစ်ထောင် တောင်တန်းကြီးသည် ဤတောင်တန်းကြီး၏ ဆယ်ပုံတစ်ပုံပင်မရှိချေ။ နတ်ဆိုးတောထဲတွင် များပြားပြီးကြမ်းတမ်းလှသည့် နတ်ဆိုးသားရဲများရှိသည်ဆိုသော်လည်း တည်နေရာတစ်ခုလုံးတွင် ရှိနေသည် မဟုတ်ပဲ တည်နေရာငယ်လေး သေးသေးလေးထဲတွင်သာ တည်ရှိနေခြင်းဖြစ်သည်။ တခြားသော တည်နေရာများ သည် အန္တရာယ်မရှိလှပေ။

ထိုသို့ အန္တရာယ်ကြီးလှပါသည်ဆိုသော တည်နေရာသေးလေးထဲတွင် ရောက်ရှိနေသည်မှာ ကျွင်းချောင်ရှောင်းတို့ ပင်ဖြစ်တော့သည်။ သိုင်းစစ်သူကြီးအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော ကြမ်းတမ်းလှသည့် သားရဲများသည် နေရာ အနှံ့တွင် တည်ရှိနေကြပြီး လက်ရှိ ရှိနေသော တည်နေရာမှာတော့ အလွန်တရာ ရှုပ်ထွေးလှသည်။ သိုင်းဘုရင် တစ်ယောက်ဆိုလျှင်တောင်မှ အထဲသို့ဝင်ရောက်သွားပါက လမ်းပျောက်သွားနိုင်၏။

ဒဏ်ရာရထားသောကျင့်ကြံသူက ရမ်ရှန်ဟုခေါ်သည်။ သိုင်းဆရာတစ်ယောက်ဖြစ်ပြီး လွတ်လပ်သော ကျင့်ကြံသူ တစ်ယောက်လည်းဖြစ်သည်။ သူသည်အပေါင်းအဖော်များနှင့်အတူ နတ်ဆိုးတောအုပ်ထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဂူတစ်ခုကို ရှာဖွေတွေ့ရှိသည်။ ပြီးနောက် သူတို့သည် ရဲရဲဝံ့ဝံ့ ဝင်သွားပြီးသည့်နောက်မှာတော့ မည်သူမှ မတွေ့ရှိ ရသေးသော စိတ်ဝိညာဉ်မိုင်းတွင်းအား ရှာဖွေတွေ့ရှိခဲ့၏။

ထို့ကြောင့် ၎င်းတို့သည် အလွန်တရာ စိတ်လှုပ်ရှားမိကြ၏။ သို့ပေမဲ့ စိတ်ဝိညာဉ်ကျောက်တုံးများကို ဒုတိယအကြိမ် လာရောက်သယ်ယူဖို့ ပြင်လိုက်ချိန်မှာတော့ နတ်ဆိုးလမ်းသွယ်ဂိုဏ်းများသူများသည် သူတို့အား ရိပ်မိသွားခဲ့ကြ သည်။ ထို့ကြောင့် သူတို့သည် တောနက်ထဲသို့ ဦးတည်၍ ထွက်ပြေးခဲ့ကြသည်။

အဆုံးသတ်မှာတော့ သိုင်းစစ်သူကြီးအဆင့်နှင့်နှိုင်းယှဉ်၍ ရနိုင်သော သားရဲရိုင်းများနှင့်တွေ့ဆုံ၍ ဆိုးရွားသည့် အခြေအနေကို တွေ့ကြုံခဲ့ရတော့သည်။ နောက်ဆုံးမှာတော့ ရမ်ရှန်တစ်ယောက်တည်းသည်သာ လွတ်မြောက်ခဲ့ရ၏။ သူ၏အဖော် သုံးယောက်မှာ သားရဲများ၏အစာဖြစ်သွားခဲ့တော့၏။

ဤကဲ့သို့ အသက်ရှင်ခြင်းကလည်း ကြီးမားသည့် ကပ်ဘေးကြီးတစ်ခု ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း သူ သေချာ မသိ ခဲ့ချေ။ သူ အန္တာရယ်ဘေးမှာ လွတ်မြောက်ပြီးသည့်နောက်မှာတော့ နတ်ဆိုးလမ်းသွယ်ဂိုဏ်းမှ လူများနှင့် ထပ်မံ တွေ့ဆုံ၍ ပြင်းပြင်းထန်ထန် ထပ်မံ ဒဏ်ရာရရှိခဲ့တော့သည်။

သူသည် တော၏အပြင်ဘက်သို့ ပြေးလာချိန်မှာတော့ ကျွင်းချောင်ရှောင်းတို့နှင့် ဆုံတွေ့ခဲ့ရတော့သည်။ ဘာတွေဖြစ်သည်ကို သိရှိပြီးနောက် ကျန့်ရာသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။

“ခင်ဗျား က တော်တော် ကံမကောင်းတဲ့လူပဲ”

ရမ်ရှန်သည် ရှောင်ကျီ၏နောက်တွင် ထိုင်လိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ပတ်တီးများနှင့် အဖွေးသားဖြစ် သည်။ မျက်နှာပေါ်မှာတော့ အလွန်တရာ နာကျင်သည့်အမူအရာများ ဖြစ်ပေါ်လျက်ရှိတော့သည်။ “သာမန်လူတွေက အပြစ်ကင်းစင်တယ်ဆိုပေမဲ့ ရွှေလက်စွပ်ပိုင်တဲ့သူက အန္တရာယ်ကြီးမားတယ်ဆိုတာ အခုတော့ သိရပြီ”

သူ့အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို မတော်တဆရှာဖွေ မတွေ့ရှိခဲ့ပါက သူနှင့် သူ့အဖော်များသည် ဤကဲ့သို့ အန္တရာယ်ကျရောက်လိမ့်မည် မဟုတ်ချေ။

“သက်ပြင်းချမနေနဲ့”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “မြန်မြန် ရှေ့ကနေလမ်းပြ”

သူသည် တစ်ဖက်လူ၏ ဆိုးဝါးလှသော ဇာတ်ကြောင်းကို နားထောင်ရန် စိတ်မဝင်စားချေ။ သစ်တော၏ အတွင်း ဘက်တွင်ရှိသော စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကိုသာ သူဂရုစိုက်၏။

သို့ပေမဲ့ ကျွင်းရှောင်ချောင်းသည် စိတ်ထဲတွင် သံသယ များရှိနေ၏။ စိတ်ဝိညာဉ်ကျောက်တုံးများတည်ရှိနေခြင်းသည် စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်သည် ဆိုသည့် အချက်ပင် ဖြစ်သည်။ အဘယ်ကြောင့် တခြားသူများက ရှာဖွေမတွေ့ရှိရသနည်း။ အဘယ်ကြောင့် သာမန် လွတ်လပ်သောကျင့်ကြံသူ အနည်းငယ်က အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့ရသနည်း။

သူသည် နတ်ဆိုးတောထဲသို့ ဝင်ရောက်ချိန်တွင် မြူများသည် အလွန်တရာအုံ့ဆိုင်းနေသည်ကို တွေ့မိလိုက်ရ၏။ ဤပတ်ဝန်းကျင် တည်နေရာကြီးသည် သဘာဝမှ ဖုံးကွယ်ပေးထားခြင်းဖြစ်နေပေလိမ့်မည်။

“ရောင်းရင်းလေး”

အထဲသို့ဝင်ပြီးသည့်နောက်မှာတော့ ရမ်ရှန်သည် ပြောလိုက်၏။ “အထဲမှာက အဆင့်ရှစ်၊ အဆင့်ကိုး သိုင်းဆရာတွေနဲ့ နှိုင်းယှဉ်လို့ ရနိုင်တဲ့ သားရဲရိုင်းတွေလည်း ရှိတယ်၊ ကျုပ်တို့ သတိထားမှဖြစ်မယ်”

“မပူနဲ့”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ကျုပ်တို့ဒီမှာရှိနေတယ်ဆိုလို့ စိတ်ဝိညာဉ်သားရဲတွေနဲ့ ကောင်းကောင်းရင်ဆိုင်နိုင်တယ်”

သူအဘယ်ကြောင့် ဤကဲ့သို့ ယုံကြည်ချက်ရှိနေရသနည်းဆိုသော် သူနှင့်အတူ ကျန့်ရာပါလာသောကြောင့်ပင် ဖြစ်သည်။

ထူးဆန်းသည့်လက်နက်ပုန်းများကို ထုတ်သုံးနေသောအဖွဲ့၏ အားအင်များကို ပြန်လည်စဉ်းစားမိချိန် နောက်မှာတော့ ရမ်ရှန်သည် အလွန်တရာ စိတ်သက်သာရာ ရလိုက်သည်။ ထို့ကြောင့် သူ၏ မှတ်ဉာဏ်ထဲတွင် မှတ်သားထားခဲ့သော စိတ်ဝိညာဉ်မိုင်းတွင်းသို့ သွားရာလမ်းကို ရှာဖွေလိုက်တော့၏။

…….....

ဝေါင်း ……

ဝုန်း ……..

နတ်ဆိုးတောအုပ်ထဲမှာတော့ အဆင့်ခြောက် သိုင်းဆရာနှင့် နှိုင်းယှဉ်နိုင်သော ကြမ်းတမ်းလှသည့် သားရဲကြီး တစ်ကောင်သည် တောနက်ထဲမှ ခုန်ထွက်လာတော့သည်။ ရှောင်ကျီသည် ထိုသတ္တဝါကြီးအား လက်သီးချက် တစ်ချက်တည်းနှင့် သတ်ဖြတ်လိုက်သည်။ ပြီးနောက် အရေခွံနှင့် သလင်းအမြူတေများကို ထုတ်ယူလိုက်တော့၏။

ရမ်ရှန်သည် ကြိတ်တာ တုန်လှုပ်မိသွား၏။ ဤလူများသည် အရမ်းအားကောင်းသော လက်နက်ပုန်းတွေ ပိုင်ဆိုင်ရုံတင် မကဘဲ အားအင်အဆင့်မှာလည်း အလွန် အားကောင်းလွန်းလှတယ်။ ထို့ကြောင့် သူသည် ပိုမို၍ ရဲဝံ့လာသည်။

တည်နေရာကို အတည်ပြုပြီးသည့်နောက်မှာတော့ သူသည် မြန်မြန်ပဲ သွားလိုက်၏။ နှစ်နာရီလောက် ကြာပြီးသည့် နောက်မှာတော့ ရမ်ရှန်သည် ကျွင်းချောင်ရှောင်းတို့ကို ဦးဆောင်၍ တောင်တွေ ပြိုနေသည့် တည်နေရာတစ်ခုဆီသို့ ရောက်ရှိသွားတော့သည်။

ထိုတည်နေရာ၏အောက်တွင်တော့ လှိုဏ်ဂူတစ်ခု ရှိလို့နေ၏။

“ဂိုဏ်းချုပ်”

ကျန့်ရာက အသံပို့လွှတ်လိုက်၏။ “ဒီနေရာရဲ့ အရှေ့မှာရှိတဲ့ မြူတွေက အတော့်ကို နက်ရှိုင်းလွန်းတယ်၊ ဒါကြောင့် စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ အာရုံခံလို့ မရဘူး”

ကျွင်းချောင်ရှောင်းသည် ပိုမို၍ သတိထားလိုက်မိ၏။ ပထမဦးဆုံး ဤနေရာသည် စိတ်ဝိညာဉ်စွမ်းအင်နှင့် အာရုံခံလို့မရအောင် ကန့်သတ်ထား၏။ ဒုတိယအားဖြင့် ဤနေရာတစ်ခုလုံး၏ မြေပထဝီသည် အလွန်တရာ ရှုပ်ထွေးလွန်းလှ၏။ ဤနေရာသို့ တစ်စုံတစ်ယောက် ရောက်ရှိပြီး စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းအား ရှာဖွေတွေ့ရှိခဲ့သည်မှာ ကံတရားကြောင့်သာ ဖြစ်လိမ့်မည်။

“ရောင်းရင်းလေး”

ရမ်ရှန်သည် ရှေ့တွင်ရှိသော လှိုဏ်ဂူတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းက အထဲမှာရှိတယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒါဆိုရင် ခင်ဗျားအရင်သွား”

“…”

ရန်ရှန်သည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် သူ၏ ဒဏ်ရာ ရထားသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ လှိုဏ်ဂူအတွင်းသို့ ဝင်သွားတော့သည်။

တခြားသူများသည် အနောက် ခပ်လှမ်းလှမ်းမှ လိုက်ဝင်ကြ၏။ အနောက်မှလိုက်၍ ဝင်သွားချိန်မှာတော့ ထိုသူကို မမြင်ရတော့ချေ။

“ဂိုဏ်းချုပ်”

လီချင်းယန်ပြောလိုက်၏။ “ဒီလူ ထွက်ပြေးသွားပြီ”

ဟမ့်

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ဒီလူ ထွက်ပြေးသွားမယ်ဆိုတာ ငါအစောကြီးကတည်းက သိတယ်”

စနစ်မှ ပြောလိုက်သည်။ “ဒါဆိုရင် ထွက်ပြေးသွားအောင် ဘာလို့ လွတ်ပေးလိုက်တာလဲ”

All Chapters