အခန်း (၄၃၂)
Vol. 29 Ch. 432
မြွေများသည် အလွန်တရာ ကြောက်မက်ဖို့ ကောင်း၏။ အထူးသဖြင့် အရေအတွက် များပြားလှသော မြွေအုပ်လိုက်ကြီး ဖြစ်သည်။
ဤသို့သော အရာကို မြင်ရသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။
ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသောသူများသည် မြွေအုပ်ကြီး၏ အလယ်သို့ ရောက်ရှိနေသည်။ သေးငယ်သော မြွေများသည် အရေအတွက် များပြားစွာ တည်ရှိနေသည်သာမက ကြီးမားသော မြွေကြီးများသည်လည်း ပါဝင်လျက်ရှိ၏။
လေထဲတွင်တော့ ညှီစို့စို့ အနံ့များနှင့် ပြည့်နှက်လျက်ရှိသည်။ အသက်ရှုရသည်ကို မသတီသလို ဖြစ်မိနေသည်။
မြွေကြောက်လန့်သည့် လူများသာ ဤနေရာတွင် ရှိနေမည်ဆိုပါက ကျိန်းသေပေါက် မေ့မျောသွားပေလိမ့်မည်။
ဟူး ဟူး။
မျက်လုံးများမြွေတစ်ထောင်ကျော်တို့သည် သူတို့၏ လျှာများကို ထုတ်၍ ရှေ့သို့ တိုးလာကြတော့သည်။
ဤမြွေလေးများသည်မှာ ကြောက်မက်ဖွယ်ရာ မကောင်းပေ။ ထို့အပြင် စတုတ္ထအဆင့် သားရဲများသာ ဖြစ်၏။
ကြာက်မက်ဖွယ်ရာ ကောင်းသည်မှာ ကြီးမားလှသော မြွေဘုရင်မျာ.းဖြစ်ပြီး သိုင်းဆရာ ထိပ်ဆုံးအဆင့်နှင့်ပင် နှိင်းယှဉ်၍ ရနိုင်၏။
ရွှီ … ရွှီ
လှိုဏ်ဂူများ၏ ဝင်ပေါက်ဝဆီမှ များပြားလှသော မြွေများသည် တစ်အုပ်ပြီးတစ်အုပ် ရောက်ရှိလာတော့သည်။
"ဂိုဏ်းချုပ်"
လီချင်းယန်သည် တည်ငြိမ်စွာ ပြောလိုက်သည်။ "ကြည့်ရတာတော့ ပြဿနာပဲ"
သူတို့အနေနှင့် တစ်ဒါဇင်ချီ သို့မဟုတ် ရာနှင့်ချီ သတ်ဖြတ်နိုင်သည်။
သို့ပေမဲ့ မြွေများသည် ထောင်ချီပြီး အလွန်တရာ များပြားလှကာ သောင်းဂဏန်းနားပင် ကပ်လျက်ရှိ၏။ ထို့အပြင် လှိုဏ်ခေါင်းထဲတွင် မည်မျှများပြားစွာ ထပ်မံရှိနေအုံးမည်နည်း ဆိုသည် မည်သူမှ မသိနိုင်ချေ။
ပို၍ အရေးကြီးတာ ရှိသေး၏။ မြွေများသည် အဆိပ်များ ရှိနေခြင်းပင် ဖြစ်သည်။
ရွှီ ရွှီ။
မျက်လုံးများဘုရင် မြွေဘုရင်သည် အော်ဟစ်လိုက်ကြ၏။
၎င်း၏နောက်တွင် ရှိသော မျက်လုံးများမြွေထောင်ကျော်တို့သည် သူတို့၏ သေးငယ်လှသော ခန္ဓာကိုယ်များနှင့် ရှေ့သို့ တိုးလာကြတော့သည်။
တည်နေရာမျိုးစုံဆီမှ များပြားလှသော မြွေများသည် လှိုင်းများကဲ့သို့ ရောက်ရှိလာသည်ကို စိတ်ကူးကြည့်လိုက်လျှင်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို သိရှိပြီးဖြစ်ပေလိမ့်မည်။
မျက်လုံးများမြွေများသည် အဆင်ခြင်မဲ့စွာဖြင့် ရှေ့သို့ တိုးမလာကြပေ။ ၎င်းတို့သည် ဦးခေါင်းများကို မော့ကာဖြင့် ပါးစပ်ကိုဟ၍ ၎င်းတို့၏ ချွန်ထွက်လှသော အစွယ်များကို ထုတ်ဖော်လာကြသည်။
အနံ့အသက်မှာ ပိုမို၍ ဆိုးရွားလာတော့သည်။
ကျွင်းချောင်ရှောင်းသည် နှာခေါင်းကို ပိတ်ကာ စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ "ဒီကောင်တွေ ငါတို့ကို သတ်ချင်နေတာလား"
မဟုတ်ပေ။ အဆိပ်များကို စုစည်းနေခြင်းသာဖြစ်သည်။
မျက်လုံးများမြွေများ၏ ချွန်ထွက်သော အစွယ်များသည် အစိမ်းရင့်ရင့်အရောင် ရှိသည်။ ထိုအစွယ်ထဲတွင် ပြင်းထန်လှသော အဆိပ်များ ရှိနေသည်မှာ သေချာ၏။
"ဂိုဏ်းချုပ်"
လီချင်းယန် ပြောလိုက်သည်။ "ဒီကောင်တွေက အဆိပ်ပြင်းတွေပဲ"
ဝှစ် ဝှစ်။
ထိုအချိန်မှာတော့ မျက်လုံးများမြွေများသည် မြှားများကဲ့သို့ ခန္ဓာကိုယ်နှင့် ရှေ့သို့ ပစ်ဝင်လာကြသည်။ ၎င်းတို့၏ ပါးစပ်ကြီးများသည် ဟထားလျက်ရှိပြီး အစွယ်နှင့် ကိုက်ဖြတ်ရန်လည်း တစ်ခါတည်း ကြိုးစားလိုက်ကြသည်။
ဝှစ်။
လီးချင်းယန်နှင့် ရှောင်ကျီတို့သည် အအေးဓားများကို ယမ်းခါပြီး ဓားအလင်းတန်းများ တည်နေရာထဲသို့ လွှမ်းခြုံသွားအောင် ပြုလုပ်လိုက်၏။
ရွှီ … ရွှီ။
မျက်လုံးများမြွေများသည် တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ခံလိုက်ရသည်။
သို့ပေမဲ့ ၎င်းတို့၏ ခန္ဓာကိုယ်များသည် နှစ်ပိုင်းပြတ်သွားသည်ဆိုသော် အစိမ်းရင့်ရောင်သွေးများသည် တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အလွန်တရာ ပြင်းထန်လှသော ချွဲပြစ်မှုနှင့် မြေပြင်ပေါ်တွင် အငွေ့များ ထွက်ပေါ်လာ၏။
ဤအရာသည် အလွန်တရာ ပြင်းထန်လှသော အဆိပ်ပြင်းများဖြစ်တော့သည်။
"အားလုံးပဲ သတိထားကြ"
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ပြောလိုက်၏။ "အဲဒီအဆိပ်တွေနဲ့ ခန္ဓာကိုယ်ကို မထိစေနဲ့။"
ပြောပြီးသည့်နောက် သူသည် လက်ကောက်ဝတ်ကို ယမ်းခါလိုက်တော့သည်။
ဓားအလင်းတန်းများသည် ဖြစ်တည်လာပြီး မျက်လုံးများမြွေများအား သတ်ဖြတ်ပြီးဖြစ်သည်။ အဆိပ်သွေးများသည် မိုးကဲ့သို့ပင် အောက်သို့ ကျဆင်းလာတော့၏။
ရွှီ … ရွှီ
များပြားလှသည့် မျက်လုံးများမြွေများသည် သေဆုံးရမည်ကို မကြောက်ရွံ့သည့် သားကောင်များကဲ့သို့ပင် ရှေ့သို့ တိုးလာကြတော့သည်။
ရီရှင်းချန်သည် မည်သို့မှ မနေနိုင်တော့ပေ။
ရှေ့သို့ လှမ်းတက်ပြီး သူ၏ လက်သည် အအေးဓားပေါ် ရောက်သွားသည်။ သူ၏ မျက်လုံးများသည် အေးစက်နေသည်။
ချလွမ်။
ဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီးသည့်နောက် ဓားအလင်းတန်းများ ထွက်ပေါ်လာတော့သည်။
ရွှီ …. ရွှီ။
ချက်ချင်းဆိုသလိုပဲ ရီရှင်းချန်သည် လင်းကျန်ဓားသိုင်းအား ထုတ်သုံးလိုက်ပြီး လှိုဏ်ဂူထဲတွင်တော့ ဓားအလင်းငါးဆယ်ကျော်တို့သည် ဖြတ်ပြေးသွား၏။
မျက်လုံးများ မြွေတစ်ရာကျော်တို့သည် အပိုင်းပိုင်း ခုတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး သွေးများသည်လည်း နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
ဘုန်း ဘုန်း ဘုန်း။
တစ်ချိန်တည်းမှာပဲ ရီရှင်းချန်၏ ဓားချီငါးဆယ်ကျော်တို့သည် ကျောက်နံရံကြီးကို ထိမှန်ပြီး ပိုင်းဖြတ်ကုန်၏။
ရွှီ … ရွှီ … ရွှီ
ပျက်စီးသွားသော တည်နေရာကြီး၏ နောက်မှာတော့ များပြားလှသော မျက်လုံးများမြွေများ ထပ်မံ ပေါ်ပေါက်လာတော့သည်။
ထိုအထဲတွင် မျက်လုံးများမြွေဘုရင်များလည်း ပါဝင်နေသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် တစ်သောင်းနည်းပါးခန့်ပင် ရှိလောက်၏။
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။ "အများကြီးပါလား"
ဘုန်း ဘုန်း
တစ်ခြားသော တည်နေရာမှာတော့ ကျိုးဟုန်သည် လင်းကျန်ဓားသိုင်းကို အသုံးပြုပြီး ဝင်ရောက်လာသော မျက်လုံးများမြွေများအား သတ်ဖြတ်လျက်ရှိသည်။ နေရာမှာ ထိခိုက်ပြိုကျမှုများ ဖြစ်ပေါ်နေသည်။
မြွေတစ်သောင်းကျော် ထပ်မံပေါ်ပေါက်လာပြန်သည်။
လူတစ်ရာလောက် နေထိုင်၍ ရသော တည်နေရာကြီးသည် လက်ရှိအခြေအနေမှာတော့ နံရံနှစ်ခု ပြိုကျပြီးသည့်နောက် ပိုမို ကျယ်ဝန်းလာ၏။
ဝင်ပေါက်နှစ်ခုလုံးတွင် များပြားလှသော မျက်လုံးများမြွေ ဘုရင်များ တည်ရှိလို့နေသည်။
တည်နေရာသည် ကျယ်ဝန်းလာသည် ဆိုသော်လည်း မျက်လုံးများမြွေများ ပိုမို များပြားသောကြောင့် ပိုမို ကျဉ်းမြောင်းသွားသည် ဟု ဆိုရမည်။
အလွန်အရာ စိတ်တိုစရာလည်း ကောင်းပြီး ရွံ့ရှာစရာလည်း ကောင်းလှသည်။
စနစ်မှ ပြောလိုက်၏။ "၉၆၃၂၁ ကောင်"
ဤကဲ့သို့ မြွေအရေအတွက်ကို တိကျစွာ ရေတွက်နိုင်သည်မှာ အံ့အားသင့်စရာ ကောင်းလှသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စနစ်၏ ကျွမ်းကျင်မှုကို ချီးကျူးရန် စိတ်ကောင်းမဝင်သေးချေ။ သူ၏ နှုတ်ခမ်းများသည် တုန်ရင်နေ၏။
မြွေတစ်သောင်း နှစ်သောင်းလောက်သာ ရှိမည်ဆိုလျှင် သူနှင့် သူ၏ တပည့်များသည် ရင်ဆိုင်၍ ရနိုင်သေးသည်။
သို့ပေမဲ့ ယခု လက်ရှိအချိန်မှာတော့ မြွေများ၏ အရေအတွက်သည် တစ်သိန်းနီးပါးခန့်ပင် ကပ်နေ၏။
ထို့ကြောင့် သတ်ဖြတ်ဖို့ မပြောနှင့် တစ်ချက်ကြည့်လိုက်သည်ဆိုသည်နှင့် ဒူးတုန်လောက်သည်။
ကျုပ်တို့၏ မောက်မာလှသော ရီရှင်းချန်မှာတော့ သူ၏ ရှေ့ရှိ မြွေအုပ်ကြီးကို ကြည့်၍ နှုတ်ခမ်းများမှာ တစ်စက်စက် တုန်နေ၏။
အရိုးသားဆုံးပြောရမည်ဆိုလျှင် မြွေများသည် အရေအတွက် များပြားသည်ဆိုရင်တောင် ရင်ဆိုင်စရာ နည်းလမ်းများရှိ၏။ ဥပမာအားဖြင့် ကောင်းကင်နီဓားကွက် နှင့် သက်တန့်ရောင်စဉ် နည်းစနစ်ကို ထုတ်သုံးလိုက်ရုံသာ ဖြစ်သည်။ သို့ပေမဲ့ လက်ရှိတွင် သူတို့သည် လှိုဏ်ဂူထဲတွင် တည်ရှိနေကြခြင်း ဖြစ်သည်။
အားကောင်းလှသော သိုင်းနည်းစနစ်များကို ထုတ်ဖော်အသုံးပြုနိုင်သည်ဆိုသော်လည်း တည်နေရာတစ်ခုလုံး ပြိုလဲသွားပြီး စိတ်ဝိညာဉ်ကျောက်တုံးမိုင်းကိုပင် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်သွားနိုင်၏။
"ဂိုဏ်းချုပ်"
လီချင်းယန် ပြောလိုက်၏။ "ဘယ်လို ဆက်လုပ်ကြမလဲ"
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်သွား၏။ "တစ်ခြားနည်းလမ်း မရှိဘူးဆိုရင် သိုင်းနည်းစနစ်တွေကို သုံးပြီး အားလုံးကို တိုက်ရမှာပဲ"
သူသည် စိတ်ဝိညာဉ်ကျောက်တုံးမိုင်း ဖျက်ဆီးခံရမည်ကို ဂရုမစိုက်နိုင်တော့ချေ။
အဘယ့်ကြောင့်ဆိုသော် လက်ရှိအခြေအနေသည် အသက်ရှင်ရန် အရေးကြီးဆုံးအခြေအနေကို ရောက်ရှိနေသောကြောင့် ဖြစ်သည်။
ဒင်
“သီးခြားတာဝန် အသက်ဝင်သည်။”
မျက်လုံးများမြွေများနှင့် သက်ဆိုင်သော တာဝန်တစ်ခု ဖြစ်နိုင်၏။
ထင်မှတ်ထားသင့်အတိုင်းပင် စနစ်အား ဖွင့်ကြည့်လိုက်ချိန်မှာပဲ တာဝန်သည် စိတ်ဝိညာဉ်မိုင်းတွင်း မပျက်ဆီးစေဘဲ မျက်လုံးများမြွေ အားလုံးကို သတ်ဖြတ်ပစ်ရန်။
“အချိန် အတိုင်းအတာ - ၁၁၉/၁၂၀စက္ကန့်
အချိန်အကန့်အသတ် တာဝန်။ အထူးတာဝန်။”
"ချီးတဲ့မှ"
တာဝန်ကို မြင်ရသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ကျိန်ဆဲလိုက်မိသည်။
လက်ရှိတွင် သူသည် တစ်ခြားနည်းလမ်းများကို စဉ်းစားနေသည်။ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းကို ဖျက်ဆီးပြီး မျက်လုံးများမြွေများကို သတ်ဖြတ်ပစ်ရန် စဉ်းစားနေခြင်းပင် ဖြစ်၏။
အဆုံးသတ်မှာတော့ စနစ်သည် စိတ်ဝိညာဉ် မိုင်းတွင်းကို မဖျက်ဆီးဘဲ မြွေများကို ၁၂၀ စက္ကန့်အတွင်းတွင် သတ်ဖြတ်ပစ်ရန် တာဝန်ပေးလိုက်သည်။
ဝှစ် … ဆွစ်။
တစ်ခြားတစ်ဖက်မှာတော့ ရီရှင်းချန်သည် ကောင်းကင်နီဓားကွက်ကို ထုတ်၍ သုံးရန် ပြင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းရည်များသည် မီးဓာတ် သဘာဝကဲ့သို့ ကျွမ်းလောင်လာ၏။
ဤသည်မှာ အစသာရှိသေးသည်။ အဆုံးစွန်ထိ ထုတ်ဖော်အသုံးပြုလိုက်မည်ဆိုလျှင် အလွန်တရာ အားကောင်းသော တိုက်ခိုက်ချက် ဖြစ်ပေါ်လာမှာ သေချာသည်။ ထိုအချိန်မှာတော့ လှိုဏ်ဂူတစ်ခုလုံးသည် ပျက်ဆီးသွားပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ပြောလိုက်သည်။ "အဲတိုက်ကွက်ကို မသုံးနဲ့။ ရှေ့ကနေ ဖယ်..."
ရီရှင်းချန်သည် မီးတောက်များအား ပြန်လည်၍ သိမ်းဆည်းလိုက်တော့သည်။
ဟူး ဝူး
ဤအခိုက်အတန့်မှာတော့ မျက်လုံးများ မြွေတစ်ထောင်ကျော်တို့သည် ရှေ့သို့ လှမ်းတက်လာသည်။ သူတို့၏ အစွယ်များသည် အဆိပ်များနှင့် ပြည့်နက်လျက်ရှိ၏။
အကြောက်အလန့်ကင်းစွာနှင့် ရှေ့သို့ တိုးတက်လာသည်ဖြစ်သောကြောင့် သူတို့သည် ခုခံရန် ခက်ခဲနေကြတော့၏။
ရီရှင်းချန် ၊ ရှောင်ကျီနှင့် ကျိုးဟုန်တို့အားလုံးသည် ဂိုဏ်းချုပ်ကို ဝိုင်းပတ်၍ ကာကွယ်ပေးထားကြသည်။
သူတို့သည် အဆင့်မြင့်တိုက်ကွက်နှင့် နည်းစနစ်များကို အသုံးမပြုသောကြောင့် များပြားလှသည့် မျက်လုံးများမြွေများနှင့် ရင်ဆိုင်ရချိန်မှာတော့ စိတ်ထဲတွင် အနိုင်ရရှိမည်ဆိုသော ယုံကြည်ချက် မရှိတော့ပေ။
"ရှေ့ကနေဖယ်"
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ "ဒီမှာ အစစ်အမှန် စွမ်းရည်ကို ထုတ်ပြီး သုံးရတော့မယ်။"
ပြောပြီးသည့်နောက် သူသည် ဘယ်ဘက်လက်ကို မြှောက်လိုက်၏။
သိုလှောင်လက်စွပ်ထဲတွင်တော့ အိတ်ကပ်တစ်ခု၏အရွယ်အစားသာ ရှိသော အရုပ်ဓားလေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့သည်။ ဤအရာသည် စည်းဓားမော့ ပင် ဖြစ်တော့သည်။
စိတ်ဝိညာဉ်ကျောက်တုံးမိုင်းကို မဖျက်ဆီးဘဲ မျက်လုံးများမြွေများကို နှစ်မိနစ်အတွင်း ရှင်းလင်းပစ်ရမည့် တာဝန်။
တာဝန်ကို ထမ်းဆောင်ရာတွင် ကျွင်းချောင်ရှောင်းသည် အကြီးမားဆုံး ဝှက်ဖဲကို ထုတ်သုံးရပေလိမ့်မည်။
လီချင်းယန်နှင့် တစ်ခြားသော သူများသည်လည်း သေမင်းတောင်ကြားထဲ၌ ဂိုဏ်းချုပ် ဤဓားမော့ကို ထုတ်သုံးတာ မြင်ဖူးခဲ့ကြသည်။ ထို့ကြောင့် မည်မျှ အားကောင်းသည်ကိုလည်း သိရှိကြ၏။
ထို့ကြောင့် ချက်ချင်းပဲ ဤဓားမော့အား ထုတ်သုံး၍ ရရှိအောင် တည်နေရာဖန်တီးပေးလိုက်သည်။
တည်နေရာ မည်မျှထိ ရွေ့ပေးရမည်နည်း။
ဟုတ်ပေသည်။ မီတာလေးဆယ် နီးပါး ရွေ့ပေးရပေလိမ့်မည်။
ရွှီ … ရွှီ ….. ရွှီ။
ထိုအချိန်မှာတော့ မျက်လုံးများမြွေ သောင်းဂဏာန်း နီးပါးတို့သည် ရှေ့သို့ ဖြည်းဖြည်းချင်းတက်လာကြ၏။
ရွှီ …။
သိုလှောင်လက်စွပ်ထဲတွင်ရှိသော စည်းအဆောင်သည် ချိုးဖြတ်သွားခဲ့တော့၏။
စည်းဓားမော့တွင် ရှိသော စည်းသည် ချက်ချင်းပဲ ဖယ်ရှားလိုက်ပြီး ကျွင်းချောင်ရှောင်း၏ ညာဘက်လက်သည် ဓားမော့ကို ကိုင်ပြီး ခန္ဓာကိုယ်အား အသာကွေးညွှတ်လိုက်တော့သည်။
ချလွမ်
စည်းဓားမော့ လှုပ်ရှားသွားပြီးနောက် လှိုဏ်ဂူထဲတွင် အလင်းတန်းများ ပြည့်နက်သွား၏။
လီချင်းယန်နှင့် တစ်ခြားသူများ အားလုံးတို့သည် ဤဓားမော့၏ အော်ရာကို ခုခံရန် ခက်ခဲနေကြသည် ။ အလောတကြီးပဲ သူတို့၏ လက်များကို မြှောက်၍ မျက်လုံးများအား ကွယ်လိုက်ကြသည်။
အလွန်တရာ ပြင်းထန်လှသော အော်ရာများသည် သူတို့၏ စိတ်များကို တုန်ခါသွား၏။
ဂိုဏ်းချုပ်သည် အလွန်တရာ ကြမ်းတမ်းလှသည်။ အားလုံး၏ အမြင်၌ စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ ပြောင်းလဲသွားလေသည်။