← Chapters

မဟာလူသားလီ သဘောကျနေပေသည်

Vol. 42 Ch. 616

မဟာလူသားလီ သဘောကျနေပေသည်

Vol. 42 Ch. 616

“ငါ့အဖေကို ဖွင့်ပွဲမှာ လာစေချင်တာလား..”

လီကျယ်ခိုင် ဂြိုလ်သားတစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေပေသည်။ လီကျယ်ခိုင် သူ့အဖေ ဖွင့်ပွဲအခမ်းအနားများတွင် တက်ရောက်မှုကို တစ်သက်လုံ မမြင်ခဲ့ဖူးချေ။

“ဘာဖြစ်လို့လဲ.. သူလဲ ဒီထိုင်ဟွာ ကုန်တိုက် ရှယ်ယာတွေ ပိုင်ထားတယ်လေ.. ဖွင့်ပွဲအခမ်းအနားကို မလာသင့်ဘူးလား..”

ဖုန်းယွီ ပြုံး၍ မေးလိုက်တော့သည်။

“သူ့ကို ဖိတ်ဖို့က အရမ်းခက်တယ်.. ငါ့အဖေက ဒီလိုပွဲမျိုး မတက်ချင်ဘူး.. မီးရောင်တွေအောက်က ရှောင်နေတာတောင် နှစ်တော်တော်ကြာပြီ.. အဲ့လိုကိစ္စတွေဆိုရင် ငါ့အစ်ကိုနဲ့ သူ့လက်ထောက် ကိုပဲလွှဲထားတာ..”

“မင်း သူ့ကို မမေးရသေးဘူးလေ.. သူမသွားချင်ဘူးလို့ ဘယ်လိုလုပ် သိမှာလဲ.. ဘယ်နိုင်ငံ သွားရမယ်ဆိုတာ မမေ့နဲ့အုံး..”

လီကျယ်ခိုင် မျက်မှောင်ကြုတ်လိုက်သည်။ ဘယ်နိုင်ငံသို့ သွားရမည်နည်း။ မှန်ပေ၏။ တရုတ်နိုင်ငံ ပေကျင်းသို့ သွားရောက်မည် ဖြစ်သည်။

“အိမ်ပြန်ရောက်ရင် မေးကြည့်လိုက်မယ်.. ဒါမေမယ့် အရမ်းကြီး မျှော်လင့်မထားတာ ကောင်းပါတယ်..”

လီကျယ်ခိုင်သည်လည်း သူ့ဖခင်အား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်စေချင်ပေသည်။ ဤသည်ကို သူ့ဖခင်၏ ပံ့ပိုးမှု တစ်ခုဖြစ်ပေလိမ့်မည်။ သို့ရာတွင် သူ့ကုမ္ပဏီဖြစ်သည့် ငြိမ်းချမ်းရေးရာစုနှစ်အဖွဲ့ ဖွင့်ပွဲအတွက်ပင် ပေါ်မလာချေ။ ထိုင်ဟွာကုန်တိုက် ဖွင့်ပွဲသို့ တက်ရောက်ပါမည်လော။

ထိုညနေပိုင်း၌ လီကျယ်ခိုင် ညစာစားရန် အိမ်သို့ ပြန်လာခဲ့သည်။ ညစာစားနေစဉ်တွင် စကားပြောရန် ကြိုးစားသော်လည်း ဒုတိယအကြိမ် အတွေးရပ်လိုက်သည်။

မဟာလူသားလီသည် ဖြည်းညှင်းစွာစားရင်း လီကျယ်ခိုင် သူ့ကို တစ်ခုခု ပြောချင်ကြောင်း သိနေပေသည်။ ညစာ စားပြီးသည်နှင့် လီကျယ်ခိုင်အား..

“မင်း ငါ့ကို ပြောစရာရှိရင် စာကြည့်ခန်းလိုက်ခဲ့..”

“အဖေ.. ထိုင်ဟွာ ကုန်တိုက်ကို ဇူလိုင်လကုန် ဒါမှမဟုတ် ဩဂုတ်လ အစပိုင်းမှာ ဖွင့်နိုင်လောက်တယ်.. ဖုန်းယွီက ဖွင့်ပွဲအခမ်းအနားကို ရှယ်ယာရှင် အားလုံး ဖိတ်ချင်နေတယ်.. အဖေ့ကို ဖိတ်ဖို့ ပြောလာတယ်..”

“ဒီလိုပွဲမျိုးတွေ မတက်ချင်ဘူးဆိုတာ သူ့ကို မပြောလိုက်ဘူးလား..”

မဟာလူသားလီ သူ့သားကို ကြည့်လိုက်သည်။

“ကျွန်တော် ပြောတာပဲ.. ဒါပေမယ့် ပေကျင်းမှာ လုပ်မှာဆိုတော့ အဖေစိတ်ဝင်စားနိုင်တယ်လို့ သူပြောတယ်..”

မဟာလူသားလီ မျက်လုံးများ တောက်ပလာခဲ့သည်။ ပေကျင်းတွင်လော။ ထိုဖုန်းယွီသည် စိတ်ဝင်စားစရာ ကောင်းသော တွဲဖက် တစ်ယောက် ဖြစ်ပေသည်။

“မနက်ဖြန် ဖုန်းယွီကို ညစာစားဖို့ ဖိတ်လိုက်.. ငါသူနဲ့ မတွေ့ရသေးဘူး..”

မဟာလူသားလီ ရုတ်တရက် ပြောလိုက်သည်။

လီကျယ်ခိုင် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့အဖေသည် ဖုန်းယွီကို ညစာစားရန် အိမ်သို့ ဖိတ်ခေါ်ခဲ့သည်။ သူ့ဖခင် အိမ်သို့ ထမင်းစားမဖိတ်သည်မှာ နှစ်များပင် ကြာာခဲ့လေပြီ။

“ဟုတ်ကဲ့.. မနက်ဖြန် လာဖို့ ပြောလိုက်မယ်..”

********

“မင်းအဖေ ငါ့ကို ညစာစားဖို့ ဖိတ်တာလား.. အေးပါ.. ငါရောက်အောင်လာခဲ့မယ်..”

မဟာလူသားလီ၏ ဖိတ်ခေါ်မှုကြောင့် ဖုန်းယွီ မအံ့ဩခဲ့ချေ။ သူ့ကို ဖူရုံချီ ယခင်က ဖိတ်ကြားခဲ့ဖူးပြီး မဟာလူသားလီ ဤသည်ကို သတိထားသင့်ပေသည်။ ဖုန်းယွီ ယခင်ဘဝ၌ မဟာလူသားလီသည် သတင်းများကို ကြည့်ရှုကာ ကမ္ဘာတစ်ဝှမ်းမှ သတင်းစာများ ဖတ်မည်ဟု ကြာဖူးခဲ့ပေသည်။ တရုတ်၊ ဂျပန်၊ အမေရိကန် သတင်းစာများ ဖတ်ဖူးပေလိမ့်မည်။ မဟာလူသားလီသည် သူ၏ ချမ်းသာကြွယ်ဝမှု အစစ်အမှန် ခန့်မှန်းချက်တစ်ခု ဖြစ်နိုင်ပေသည်။

အံ့ဖွယ်ကောင်းသည့် လူငယ်တစ်ဦးအကြောင်း မည်သူ မသိချင်ယောင်ဆောင်နေသနည်း။ မဟာလူသားလီ သည်လည်း လူသားဖြစ်ပေသည်။ သူ့အကြောင်း သိချင်နေလောက်သည်။

ဖုန်းယွီသည် လီမိသားစု၏အိမ်သို့ ညနေ(၆)နာရီခွဲတွင် အတိအကျ အရောက်လာလေသည်။ မဟာလူသားလီသည် နံနက်(၆)နာရီတွင် အိမ်ရာမှထကာ ညနေ(၆)နာရီတွင် အလုပ်ဆင်းတတ်ကြောင်း သတင်းစာ ဆောင်းပါးတစ်ပုဒ်ကို သတိရမိလိုက်သည်။ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် သူ၏ အလေ့အကျင့်တစ်ခုလည်း ဖြစ်ပေသည်။ ညနေ(၆)နာရီတွင် အလုပ်ပြီးသည့်အတွက် ညနေ(၆)နာရီခွဲ ၌အချိန်မှန်မှ ဖြစ်ပေလိမ့်မည်။

ဖုန်းယွီသည် ထုံးစံအတိုင်း ဝိုင်ပုလင်း ယူလာခဲ့ပေသည်။ မဟာလူသားလီသည် ဂေါက်ရိုက်ခြင်းကို နှစ်သက်ပြီး အမှန်တကယ်လည်း ကျွမ်းကျင်ပေသည်။ သို့ရာတွင် ဖုန်းယွီ ဂေါက်သီးအကြောင်း ဘာမှမသိသကဲ့သို့ ဂေါက်ကလပ်များအား မည်သည့်နေရာတွင် ဝယ်ရမည်မှန်းပင် မသိခဲ့ချေ။ ဝိုင်သည်သာ အဆင်ပြေဆုံး ဖြစ်ပေသည်။

လီကျယ်ခိုင်သည် ဖုန်းယွီကို ကိုယ်တိုင်ကိုယ်ကျ တံခါးဖွင့်ပေးခဲ့ပြီး သူ့အစ်ကိုဖြစ်သူ လီကျယ်ကျစ်သည်လည်း ကြိုဆိုရန် အသင့်ရှိနေပေသည်။ မဟာလူသားလီသည် လမ်းမလျှောက်ဘဲ ဆိုဖာ ထိုင်ခုံပေါ်တွင် ထိုင်နေပေသည်။

ဖုန်းယွီ အခန်းထဲဝင်သွားစဉ် မဟာလူသားလီ မတ်တပ်ရပ်လာပြီး..

“တူလေးဖုန်း.. လာ.. လာ.. စကားစမြည်ပြောကြတာပေါ့.. ညစာလဲ သိပ်မကြာခင် အသင့်ဖြစ်တော့မှာပါ..”

တူ ဖြစ်ပြန်ပြီလော.. ဟောင်ကောင်သားများသည် သူတပါးကို တူလေးဟု ပြောရသည်ကို မည်သည့်အတွက် ကြိုက်ကြသနည်း။ သို့ရာတွင် ဖုန်းယွီသည် လီကျယ်ခိုင်နှင့် သူ့ဆက်ဆံရေးအကြောင်း စဉ်းစားမိလိုက်သည်။ ထိုနည်းလမ်းက မမှားချေ။ ဖုန်းယွီနှင့် လီကျယ်ခိုင်တို့သည် ညီအစ်ကိုများကဲ့သို့ ရင်းနှီးကြသည်။

“ဦးလေးလီ.. ကျုပ် ညီနောင်ခိုင်နဲ့ သိတာကြာပြီ.. ဒါပေမယ့် ဦးလေးဆီ လာမလည်နိုင်ခဲ့ဘူးလေ.. ဦးလေး စိတ်မဆိုးဖို့ပဲ မျှော်လင့်ပါတယ်..”

“ဟား.. ဟား.. ဟား.. ငါကိုယ်တိုင်က မင်းကို နောက်ကျပြီး ဖိတ်မိတာပါ.. တူလေးဖုန်းက တကယ်ကို အရည်အချင်း ရှိလို့ ငါအစောကြီးကတည်းက ဖိတ်သင့်တာကွ..”

မဟာလူသားလီသည် သူ့အကြောင်း ပေါ်လာသည့် ကောလာဟလများနှင့် မတူဘဲ အလွန်ဖော်ရွေပေသည်။ မှန်ပေ၏။ ဖုန်းယွီ၏ အဆင့်အတန်း တစ်ခုခု ရှိနိုင်ပေသည်။ မဟာလူသားလီသည် ဖုန်းယွီကို အလွန်မြင့်မားသည့် နေရာတစ်ခု ယူထားပေသည်။ သူသည် ဖုန်းယွီကို သူနှင့်တန်းတူ တစ်ယောက်အဖြစ်ပင် သတ်မှတ်နိုင်ပေသည်။

အားလုံး ပျော်စရာ စကားလုံးများသာ ပြောကြရင်း စားဖိုမှူးမှ ညစာအသင့်ဖြစ်ကြောင်း အကြောင်းကြားလာပေသည်။

ညစာ စားနေစဉ် မဟာလူသားလီသည် ဖုန်းယွီနှင့် စကားစမြည်ပြောပြီး ထမင်းစား စားပွဲပေါ်တွင် အရှေ့မြောက်ပိုင်းမှ ဟင်းလျာများစွာ ရှိနေသည်ကို ဖုန်းယွီ သတိပြုမိလိုက်သည်။ ဤသည်တို့မှာ သူ့အတွက် အထူချက်ပြုတ်ထားခြင်းပင်။

ညစာ စားပြီးနောက် မဟာလူသားလီသည် ဖုန်းယွီကို လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်ခဲ့သည်။ မဟာလူသားလီသည် သူနှင့် စီးပွားရေးစကား ပြောချင်ကြောင်း ဖုန်းယွီ သိပေသည်။

ဟောင်ကောင် သူဌေးကြီးများဖြစ်စေ၊ တရုတ်သူဌေးကြီးများဖြစ်စေ အားလုံးတိတ်ဆိတ်သည့်နေရာများတွင် စီးပွားရေးစကားပြောခြင်းကို နှစ်သက်ကြသည်။ ဟောင်ကောင်သားများသည် စာကြည့်ခန်းများကို နှစ်သက်ကြပေသည်။ စာကြည့်ခန်းရှိ စာအုပ်အများစုမှာ အလှဆင်ရန်အတွက် ဖြစ်ကောင်း ဖြစ်နိုင်ပြီး သူဌေးကြီးအများစုသည် ထိုစာအုပ်များကို တစ်ခါမျှပင် မထိဖူးကြချေ။ ထို့အပြင် ဟောင်ကောင်ရှိ သူဌေးအများစုသည် ကြီးမားသည့် အိမ်ကြီးများတွင် နေထိုင်ကြပြီး အကူအညီပေးသူ အများအပြားရှိပေသည်။

ဖုန်းယွီ ယခင်ဘဝက မဟာလူသားလီသည် သတိကြီးသူ တစ်ယောက်ဖြစ်ကြောင်း ကြားသိထားပေသည်။ သူသည် သူ့ကိုယ်ကူညီနေသည့်တိုင် အခြားလူကို မြန်မြန် မယုံတတ်ချေ။ အဘယ့်ကြောင့်နည်းဟူမူ သူ့နှုတ်ထွက်စကားများ ပျံ့နှံ့သွားပါက အချို့သော အခွင့်အရေးများ ဆုံးရှုံးသွားနိုင်ပေသည်။

ထို့ကြောင့် မဟာလူသားလီသည် ဧည့်ခန်းနှင့် ထမင်းစားခန်းတွင် အသေးအဖွဲကိစ္စများသာ ဧည့်သည်များနှင့် ဆွေးနွေးလေ့ရှိပေသည်။ အရေးကြီး ကိစ္စရပ်အတွက်မူ စာကြည့်ခန်းအတွင်း၌သာ ပြောလေ့ရှိသည်။ စာကြည့်ခန်း တံခါးမိတ်လိုက်သည်နှင့် အပြင်ဘက်ရှိ မည်သူမှ ကြားနိုင်တော့မည်မဟုတ်ချေ။

ဖုန်းယွီ စာကြည့်ခန်းအတွင်း ဝင်သွားသည့်အခါ လှည့်ပတ်ကြည့်လိုက်မိသည်။ စားပွဲပေါ်၌ ဝတ္ထုစာအုပ် တစ်အုပ်ရှိကြောင့် သတိပြုမိလိုက်သည်။ မဟာလူသားလီ ညတိုင်း စားဖတ်တတ်သည့် အလေ့အကျင့်ရှိကြောင်း သူကြားဖူးထားပေသည်။ စင်ပေါ်ရှိ စာအုပ်အားလုံးကို ဖတ်ဖူးပေလိမ့်မည်။

“မင်း ဘာလိုချင်လဲ..”

လီကျယ်ခိုင် မေးလိုက်သည်။

“လက်ဖက်စိမ်းပဲ လုပ်ပေးကွာ..”

အိမ်အကူတစ်ယောက် ရေနွေးကြမ်းခွက်ယူလာကာ ထားခဲ့ပြီး အခန်းတံခါးပိတ်၍ ထွက်သွားတော့သည်။

“တူလေးဖုန်း.. မင်းငါ့ကို ထိုင်ဟွာ ကုန်တိုက်ဖွင့်ပွဲ တက်ဖို့ ဖိတ်တယ်လို့ ကျယ်ခိုင်ပြောတယ်ကွ..”

“ဟုတ်ပါတယ်.. ဖွင့်ပွဲအတွက် လှုံ့ဆော်မှု တစ်ခု ဖန်တီးပြီး CCTV မှာ သတင်းတင်နိုင်အောင်လို့ပါ… အဲ့နည်းနဲ့ဆို ထိုင်ဟွာကုန်တိုက်ကို အချိန်တိုအတွင်း လူသိများနှုန်း တိုးသွားလိမ့်မယ်..”

“CCTV က ဖွင့်ပွဲသတင်းဆိုတာ ငါရှိနေလို့ပါပဲ.. ငါက အစုရှယ်ယာရှင် အသေးစားပဲဆိုတော့ ဖွင့်ပွဲအခမ်းအနား တက်စရာ မလိုလောက်ပါဘူး..”

မဟာလူသားလီ ရွှတ်နောက်နောက်ဖြင့် ပြန်မေးလိုက်သည်။ ဖွင့်ပွဲအခမ်းအနားသို့ သူတက်ရောက်မှာသာလျှင် သတင်းတစ်ခု ဖြစ်မည်ဖြစ်ကြောင်း သူသိနေပေသည်။

“ဦးလေးလီလဲ သိပ်မကြာခင် တရုတ်ကို အလည်အပတ်သွားဖို့ အစီအစဉ် ရှိလောက်တယ်မို့လား… ဟောင်ကောင် ပြန်လည်ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး တရုတ်ထိပ်တန်း ခေါင်းဆောင်တွေနဲ့ စကားမပြောချင်ဘူးလား.. အဲလိုမှ မဟုတ်လဲ တရုတ်နိုင်ငံက အပြောင်းအလဲတွေကို မြင်ပြီး တရုတ်နိုင်ငံမှာ ဦးလေးရဲ့ ကုမ္ပဏီ ရင်းနှီးမြုပ်နှံမှုတွေ ငွေပိုရအောင် မကူညီချင်ဘူးလား….”

ဖုန်းယွီ ပြန်မေးလိုက်သည်။

လက်ရှိ မဟာလူသားလီ၏ ရင်းနှီးမြုပ်နှံမှုများမှာ ဟောင်ကောင်တွင် အဓိကဖြစ်ပြီး တရုတ်၌ ဒုတိယဖြစ်သည်။ ကနေဒါရှိ ရင်းနှီးမြုပ်နှံမှုများသည် တတိယအဆင့်သာရှိ၏။ တရုတ်နိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲများရှိပါက ၎င်း၏ စီးပွားရေးလုပ်ငန်းများ ထိခိုက်ပေလိမ့်မည်။

“အဲ့ကိစ္စ ငါက ဘာလို့ စိုးရိမ်ရမှာတုန်း..”

“ဘာလို့လဲဆိုတော့ ဦးလေးက တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မျှော်လင့်ပြီး နောင်နှစ်(၂၀)လောက်ဆို တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အလျင်အမြန်တိုးတက်လာမယ်လို့ ယုံကြည်နေလို့ပါ.. ပြီးတော့ ဦးလေးရဲ့ အဓိက ရင်းနှီးမြုပ်နှံမှုတွေလဲ တရုတ်မှာ ရှိလောက်တယ်မို့လား..”

လီကျယ်ခိုင်သည်လည်း သူ့ဖခင်သည် တရုတ်နိုင်ငံ၏ တိုးတက်မှုအပေါ် အကောင်းမြင်ကြောင်း သိပေသည်။ သို့ရာတွင် ဖုန်းယွီ ထိုအကြောင်း မည်သို့ သိသွားသနည်း။ ထို့အပြင် ဖုန်းယွီ ပြောလိုက်သည်ကို သူ့အဖေ တွေးနေပုံပင်။ တရုတ်နိုင်ငံ၏ စီးပွားရေးသည် လာမည်နှစ်(၂၀)အတွင်း ကမ္ဘာပေါ်၌ အလျင်မြန်ဆုံး ကြီးထွားလာမည့် စီးပွားရေးနိုင်ငံ ဖြစ်လာမည်ဟု နှစ်ယောက်စလုံး ခံစားမိခဲ့ကြသည်။

မဟာလူသားလီသည် ဖုန်းယွီကို ခက်ခက်ခဲခဲကြည့်ရင်း မောဟိုက်လာပေသည်။

“ဒါကို မင်းခန့်မှန်းနိုင်တယ်ပေါ့လေ.. ဒီတစ်ချက်တည်းနဲ့တင် ငါ့သား(၂)ယောက် မင်းကို ယှဉ်မရတော့ဘူး..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters