← Chapters

ဗရုတ်သုက္ခ လီကျယ်ခိုင်

Vol. 42 Ch. 617

ဗရုတ်သုက္ခ လီကျယ်ခိုင်

Vol. 42 Ch. 617

လီကျယ်ကျွီနှင့် လီကျယ်ခိုင်တို့ သူ့ဖခင်မှတ်ချက် ကြားသည့်အခါ ရှက်သွားကြသည်။ သင့်လျော်သည့် ပညာရေး နယ်ပယ်များ ရရှိခဲ့သော်လည်း သူတို့(၂)ယောက်စလုံး ဖုန်းယွီနှင့် နှိုင်းယှဉ်၍ မရသေးချေ။

ဖုန်းယွီ မဟာလူသားလီ၏ ချီးမွမ်းခြင်းခံရသည့်အခါ ငြိမ်သက်သွားသည်။ သူသည် မဟာလူသားလီကို ယခင်ဘဝကနည်းက သဘောကျခဲ့ပေသည်။ သူ့ယခင်ဘဝတွင် မဟာလူသားလီ၏ လုပ်ငန်းများသည် သူ့အသက်ကြီးလာသည်နှင့်အမျှ ပိုအောင်မြင်လာပေသည်။ ဖုန်းယွီသည် မဟာလူသားလီထံမှ သင်ယူနိုင်ပါက သူ့ လုပ်ငန်းများကို ပိုမိုတိုးတက်အောင် လုပ်နိုင်ပေလိမ့်မည်။

“မကြာမီကပဲ တရုတ်ကို သွားဖို့ စိတ်ကူးသေးတယ်.. မစ္စတာသန်း ငါ့ကို ဖိတ်ထားတယ်လေ.. ထိုင်ဟွာကုန်တိုက်လဲ မကြာခင် ဖွင့်မှာဆိုတော့ ဖွင့်ပွဲအခန်းအနားကို တက်မှာပါ..”

ဖခင်သည် သဘောတူလိုက်သည်လော.. လီကျယ်ခိုင် အံ့ဩသွားတော့သည်။ သူ့ဖခင်သည် ဖုန်းယွီ၏ တောင်းဆိုမှုကို မည်သည့်အတွက် သဘောတူသနည်း။ သို့ရာတွင် သူ့ဖခင် ဆက်ပြောသည့် စကားများက ဆုံးဖြတ်ချက်များကို နားလည်သွားတော့သည်။

“မစ္စတာသန်း မင်းအကြောင်းပြောဖူးတယ်.. မင်းက သူတွေ့ဖူးသမျှထဲမှာ, အရည်အချင်းအရှိဆုံး လူငယ်လို့ ပြောတယ်ကွ.. မစ္စတာသန်းက အရည်အချင်းနဲ့ပတ်သက်ရင် တော်တော်ကို မျက်စိကောင်းတဲ့သူလေ.. မစ္စတာသန်းရဲ့ ချီးကျူးမှုကို မင်းရလိုက်တယ်ဆိုတာက မင်းမှာ ထူးခြားမှု တစ်ခု ရှိလို့ပဲ.. မိုက္ခရိုဆော့ဖ်မှာ တတိယမြောက် ရှယ်ယာရှင် ရှိတယ်လို့ ငါကြားတယ်.. အဲဒါ မင်းမို့လား..”

ဖုန်းယွီ အပြုံးဖြင့်ပင် ခေါင်းညိတ်ပြလိုက်ရင်း…

“မှန်တယ်.. အရင်တုန်းက ငွေကြေးဈေးကွက်ကနေ ငွေနည်းနည်းရှာပြီး မိုက္ခရိုဆော့ဖ်ရဲ့ ရှယ်ယာတွေ ရဖို့ အမေရိကန် ဈေးကွက်ထဲမှာ ရင်းနှီးမြုပ်နှံလိုက်တယ်လေ.. မိုက္ခရိုဆော့ဖ်ရဲ့ ရှယ်ယာတွေ ဈေးတက်လာတော့ ကံကောင်းသွားတာပေါ့.. ကျွန်တော့ ရင်းနှီးမြုပ်နှံမှုကလဲ အဆပေါင်းအများကြီး တိုးလာတာပေါ့..”

“မင်းနဲ့ ကျယ်ခိုင် ကောင်းကောင်း တွဲဖက်ညီလောက်ပါတယ်.. အခု ငါ့မှာ သူငယ်ချင်း သိပ်မများဘူး.. ဒါပေမယ့် မင်းနဲ့ ဖူကွမ်းကျန့်တို့လို သူငယ်ချင်းတွေနဲ့တင် လုံလောက်ပါတယ်.. ကျယ်ခိုင် အရွယ်မရောက်သေးပေမယ့် သူ့သူငယ်ချင်းတွေကို ဘယ်တော့မှ ကလိန်ကျမှာမဟုတ်ဘူး.. မင်းအကူအညီလိုရင် သင်နဲ့သွားတွေ့လို့ရတယ်..”

“ဦးလေးလီ ခင်ဗျား အတွေးလွန်နေပြန်ပါပြီ.. ညီနောင်ခိုင်နဲ့ ကျုပ်က သူငယ်ချင်းကောင်းတွေပါ.. အဲ့လိုမှမဟုတ်ရင် သူနဲ့အတူ ရင်းနှီးမြုပ်နှံဖို့ လုပ်မှာမဟုတ်ဘူး..”

ဖုန်းယွီ လီကျယ်ခိုင်၏ ကျော်ကြားမှုကို အသုံးချရန် ဝင်ပူးထားကြောင်းကိုမူ ဖုန်းယွီ ပြောမည် မဟုတ်ချေ။

“ကျယ်ကျွီမှာ တည်ငြိမ်တဲ့ စရိုက်ရှိတယ်.. သူက ကုမ္ပဏီရဲ့ အကျိုးစီးပွားကို ကောင်းကောင်း ကာကွယ်နိုင်ပေမယ့် မတိုးချဲ့နိုင်ဘူး.. သူ ကုမ္ပဏီကို မကြာခင်ကမှ ဝင်လာတာဆိုပေမယ့် ရှယ်ယာရှင်တွေနဲ့ မန်နေဂျာတွေရဲ့ အသိအမှတ်ပြုမှု ရခဲ့တယ်လေ.. ဒါပေမယ့် ကျယ်ခိုင်ကတော့ စိတ်မြန်တယ်ဟေ့.. အရည်အချင်းရှိပေမယ့် မာနကြီးပြီး ဆင်ဆင်ခြင်ခြင် မလုပ်တတ်ဘူး.. လူတော်တော်များများကတော့ ဒီကောင် ငါနဲ့တူတယ်လို့ ပြောကြတာပဲ.. တကယ်တော့ ငါငယ်ငယ်က သူ့ထက်ပိုရက်စက်တယ်ကွ.. နောင် ဒုက္ခရောက်နိုင်တယ်.. အဲ့အချိန်ကျရင် တူလေးဖုန်း သူ့ကို လက်တွဲပေးဖို့ မျှော်လင့်ပါတယ်..”

ဖုန်းယွီသည် ကျောရိုးတစ်လျှောက် တုန်လှုပ်သွား မိသည်။ မဟာလူသားလီ သူ့သားသမီးများကို သူ့ထံအပ်နှံနေကြောင်း မည်သည့်အတွက် ခံစားနေရသနည်း။ ဤသည်မှာ သူ့နောက်ဆုံး စကားများလော။ သို့ရာတွင် သူ၏ ယခုဘဝ၌ မဟာလူသားလီသည် အလွန်ကျန်းမာကာ ဂေါက်ရိုက်နိုင်နေသေးသည်။

ဖုန်းယွီ ဘာပြောရမှန်းမသိဘဲ ငြိမ်နေလိုက်သည်။ တိတ်ဆိတ်ခြင်းမှာ အကောင်းဆုံး အဖြေသာဖြစ်ပေသည်။

“ဒီအဘိုးကြီး ပြောစရာမရှိတော့ဘူး.. အားလုံး အပြင်ထွက်ပြီး ပျော်ပျော်ပါးပါး နေကြပေါ့.. ငါ စာနည်းနည်း ဖတ်ပြီး ခနနေ အိပ်တော့မယ်…”

ဖုန်းယွီအပေါ် မဟာလူသားလီ၏ အကဲဖြတ်ချက်သည် အလွန်မြင့်မားနေပြီး သူ့သားနှစ်ယောက်စလုံးလည်း ဤသို့ မျှော်လင့်မထားချေ။ ဖုန်းယွီသည် မိုက္ခရိုဆောဖ်၏ တတိယ အကြီးဆုံးရှယ်ယာရှင် ဖြစ်ကြောင်း သိရသဖြင့် အံ့ဩသွားကြသည်။ ဤသည်က မိုက္ခရိုဆော့ဖ် ဖြစ်ပေသည်။ (၂၀)ရာစု၏ ထိပ်တန်းကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပေသည်။ ထိုကုမ္ပဏီ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂)ဘီလီယံကျော် တန်ဖိုးရှိပေသည်။

ဖုန်းယွီ ရှယ်ယာမည်မျှပိုင်ဆိုင်ပြီး တန်ဘိုးမည်မျှ ရှိမည်နည်း။

“ညီနောင်.. မင်း ငါတို့နဲ့ မသောက်ချင်ဘူးလား..”

လီကျယ်ခိုင် မေးလိုက်သည်။

“ငါမသောက်တော့ဘူး.. မင်းခယ်မက သောက်ရတာ မကြိုက်ဘူး.. နှစ်ယောက်စလုံး သွားကြပါ.. အာ.. ဟွေ့ဟွေ့ ဘယ်မှာတုန်း.. ဘာလို့ မင်းနဲ့အတူတူ ပြန်ခေါ်မလာတာလဲ..”

လီကျယ်ခိုင် ခန တိတ်ဆိတ်သွားသည်။

“သူ့အကြောင်း ပြောမနေပါနဲ့တော့ကွာ.. ငါတို့ လမ်းခွဲလိုက်ပြီ..”

သေစမ်း။ သခင်လေးလီ ရှန်းဟွေ့ဟွေ့နဲ့ လမ်းခွဲခဲ့သည်လော။ အချိန်စောနေသည် မဟုတ်ပေလော။ ဖုန်းယွီ ယခင်ဘဝက လီကျယ်ခိုင်နှင့် တွဲနေကြောင်း ကောလာဟလများ ပေါ်ထွက်ခဲ့သည် အမျိုးသမီးမှာ နောက် (၂)နှစ်အကြာမှ ပေါ်လာရမည်ဖြစ်ပေသည်။ ထိုနှစ်များအတွင်း သူသည် ရှန်းဟွေ့ဟွေ့နှင့်အတူ ရှိနေသင့်ပေသည်။

လီကျယ်ခိုင်သည် ဖုန်းယွီကို သားနားလှပသည့် ဘားတစ်ခုသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာမှာ အသင်းဝင်များ သီးသန့်ဖြစ်ပေသည်။ ဈေးကြီးသော်လည်း လူစုလူဝေး သိပ်မရှိဘဲ တိတ်ဆိတ်နေပေသည်။

ဖုန်းယွီ ထိုဘားကို ကြိုက်မိသည်။ ဖူကွမ်းကျန့် သူ့ကို ခေါ်သွားသည့် ဘားထက် ပိုကောင်းပေသည်။ ဤဘားသည် ဖုန်းယွီ ယခင်ဝက အဆင့်အတန်းမြင့်နေရာများနှင့် တူပေသည်။ သူ့ယခင်ဘဝက ထိုနေရာများသည် ဟောင်ကောင်ရှိ ဤပုဂ္ဂလိက ကလပ်များကို အတုယူထားခြင်း ဖြစ်ပေလိမ့်မည်။

ဖုန်းယွီနှင့် လီကျယ်ခိုင်တို့သည် ထောင့်တစ်ရာတွင် ထိုင်ပြီး လီကျယ်ခိုင် ဆေးပြင်းလိပ်တစ်လိပ် မီးညှိလိုက်သည်။ ထိုစဉ် ဖုန်းယွီ မေးလိုက်သည်။

“ညီနောင်ခိုင် မင်းရည်းစားနဲ့ ဘာလို့ လမ်းခွဲသွားလိုက်တာလဲ ငါ့ကို ပြောပြစမ်းပါ..”

လီကျယ်ခိုင်၏ အချစ်ရေးသည် ရုပ်မြင်သံကြားမှ ဇာတ်လမ်းများကဲ့သို့ စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှပေသည်။ ဖုန်းယွီသည် ထိုသူဌေးကြီးများသည် သာမန်လူများနှင့် အတူတူပဲလော သိချင်လာသည်။

လီကျယ်ခိုင် ရှက်ပြုံး ပြုံးကာ..

“ငါတို့ အချိန်တော်တော်များများ အတူမနေနိုင်ဘူးလေ.. အလုပ်ရှုတ်နေတော့ သူ့အတွက် အချိန်မရှိတော့ဘူး.. သူလဲ ငါ့ကို မယုံဘူးကွ.. ဒါကြောင့် ငါတို့ လမ်းခွဲလိုက်တာ..”

အလုပ်တွေရှုတ်နေသည်လော။ အချိန်အများစု ခွဲနေရသည်လော။ ဤသည်က မိမိတရားခံဟု ပြောနေသည်လော။ ထိုင်ဟွာကုန်တိုက်မှာ ရင်းနှီးမြုပ်နှံဖို့ မပြောခဲ့ပါက သူ့အချိန်တော်တော်များများကို တရုတ်နိုင်ငံ၌ ကုန်ဆုံးမည် မဟုတ်ချေ။ မိမိသည် ထိုနှစ်ယောက်အား လမ်းခွဲခိုင်းသလို ဖြစ်သွားသည်လော။

သူတို့ လမ်းခွဲခြင်းအတွက် မိမိကို အပြစ်မတင်သင့်ချေ။ အဓိကအကြောင်းအရင်းမှာ ကောင်မလေးက ထိုကောင်ကို မယုံကြည်၍ ဖြစ်ရပေမည်။ ဤသည်က ထိုကောင်၏ အပြစ်သာပင်။ မိမိကိုယ်မိမိ ပြန်ကြည့်ရပေလိမ့်မည်။ မိမိ ဟောင်ကောင်တွင် အနေကြာနေပြီဖြစ်သော်လည်း လီန မည်သည့်အသံမှ မထွက်ခဲ့ချေ။

ထိုကောင်ကို မည်သို့ပြောရမည်နည်း။ ဝမ်းနည်းကြောင်းလော။ ရှေ့ဆက်ရန်လော။

ဖုန်းယွီ ယခင်ဘဝတွင် လီကျယ်ခိုင် ဆက်လျှောက်လာခဲ့ပြီး နေရာအတည်တကျ မရှိသေးချေ။ လီကျယ်ခိုင်မှာ လှပကျက်သရေရှိပြီး သူ့မိသားစု ဂုဏ်ပေါ်လွင်စေမည့် တစ်ယောက်ယောက် ရှာနေခြင်း ဖြစ်နိုင်ပေသည်။ တောက်တဲ့ကဲ့သို့ တယ်ကပ်မနေဘဲ သူ့အလုပ်ကို လက်ခံအားပေးသူ ဖြစ်ရပေလိမ့်မည်။

ထိုမိန်းမမျိုး ဤကမ္ဘာတွင် မရှိလောက်ချေ။

သို့ရာတွင် လီကျယ်ခိုင်မှာ သာမန်ရုပ်ရည်သာ ရှိပေသည်။ ရုပ်ဆိုးသည်ဟုမူ ယူဆ၍မရဘဲ အမြဲယုံကြည်မှု အပြည့်ဖြင့် ကြည့်နေပေသည်။ သူသည် မဟာလူသားလီ၏ သားငယ်ဖြစ်ပြီး ချမ်းသာပေသည်။ သူ့ထံ ချဉ်းကပ်လာမည့် အမျိုးသမီး များစွာရျိလောက်ပေသည်။

ဖုန်းယွီ ခေတ္တစဉ်းစားကာ..

“ညီနောင်ခိုင်.. အခုလုပ်ငန်းခွင်ကြီးနဲ့ မင်းရည်းစားထားတော့မလို့လား..”

ဖုန်းယွီ ယခင်ဘဝတွင် လီကျယ်ခိုင်၏ ရည်းစားများသည် တစ်ကမ္ဘာလုံး၌ ရှိနေပေသည်။ အာရှသားများမှလွဲ၍ သူ့တွင် အိန္ဒိယသွေးနှော ချစ်သူများပင် ရှိနေသေးသည်။ ထိုလီကျယ်ခိုင်သည် ကမ္ဘာတစ်ဝှမ်းမှ အမျိုးသမီးများအား စုစည်းရန် ကြိုးစားနေသည်လောဟုပင် ဖုန်းယွီ တွေးမိသွားပြန်သည်။

လီကျယ်ခိုင် ပျက်လုံးပြူးကာ..

“ငါ့ကိုများ ကွမ်းကျန့်နဲ့ တူတယ်ထင်နေလား.. ဒီကောင် လတိုင်း ရည်းစားတွေ ပြောင်းနေတာ.. ငါက ငါ့ဆက်ဆံရေး အလေးထားပါတယ်ဟ..”

ဖုန်းယွီသည်လည်း မျက်လုံးပြူးကာ..

“ကွမ်းကျန့်ဆိုတဲ့ကောင် လတိုင်း ရီးစားတွေ ပြောင်းတယ်လို့ ပြောတာလား.. မင်း အတည်ကြီး ပြောနေတာလား..”

သေစမ်း။ ဖူကွမ်းကျန့်သည် ပန်းခူးသမား တစ်ယောက်ပင်။

“ဒီဘားက လူတော်တော်များများ ဖူကွမ်းကျန့်ကို သိကြတယ်.. ငါအမှန်တွေ ပြောတာ ဟုတ်မဟုတ် မင်းမေးကြည့်လို့ရတယ်.. သူသာ တရုတ်မှာ အချိန်တော်တော်လေး မကုန်ရင် ဟောင်ကောင်ရဲ့ နံပတ်(၁) ပန်းခူးသူ ဖြစ်နေလောက်တယ်..”

“တကယ်ကြီးလားဟ.. မျိုးဆက်သစ်တွေအကြောင်း အတင်းအဖျင်းပြောနေတယ်ဆိုတာရော မင်းသိရဲ့လား.. ငါ့ကို ပြောစမ်းပါအုံး.. ငါလဲ စပ်စုတတ်တဲ့သူပဲလေ..”

တစ်ယောက်ယောက်အကြောင်း အတင်းပြောသည်ကို နားထောင်ခြင်းက ဖုန်းယွီ၏ ဝါသနာ တစ်ခုပင်။

ဖုန်းယွီ ဝင်ရှုတ်နေသဖြင့် လီကျယ်ခိုင် သူ့လမ်းခွဲမှုကိုပင် မေ့သွားပြီး လီကျယ်ခိုင်သည်လည်း သတင်းမုဆိုး တစ်ယောက် ဖြစ်နိုင်ချေရှိကြောင်း ဖုန်းယွီ သတိထားမိလိုက်သည်။

လီကျယ်ခိုင်သည် အတင်းအဖျင်း မျိုးစုံသိနေပေသည်။ ထိုအတင်းအဖျင်း စကားများကို မည်သည့်နေရာမှ ကြားခဲ့ပေသနည်း။ ထိုကောင်တွင် မိတ်ဆွေ များများမရှိခြင်းမှာ မထူးဆန်းတော့ချေ။ ထိုကောင် တော်တော် စပ်စုလွန်းလှပေသည်။

ကံကောင်းသည်မှာ ဖုန်းယွီသည် လီကျယ်ခိုင်နှင့် ရင်းနှီးသည်မှာ မကြာသေးချေ။ သို့မဟုတ်ပါက သူ့အကြောင်း တခြားသူများကို အတင်းအဖျင်း ပြောနေပေလိမ့်မည်။

လီကျယ်ခိုင် ထရပ်ရင်း သူ့ဝိုင်ခွက်ကို ကိုင်လိုက်သည့်အချိန် ဖုန်းယွီအနေဖြင့် အခြားသော မျိုးဆက်သစ်များ အကြောင်း သိချင်နေဆဲပင်။

“ညီနောင်ဖုန်း မင်းလုပ်စရာရှိရင် အရင်ပြန်နှင့်လိုက်လေ.. ငါ့ကို စောင့်စရာမလိုပါဘူး..”

ထိုစကား ပြောပြီးသည်နှင့် မိန်းမချောလေး တစ်ယောက်ထံ အမြန်လျှောက်သွားတော့သည်။

ဖုန်းယွီ ခေါင်းခါလိုက်တော့သည်။ လီကျယ်ခိုင်သည် ဖူကွမ်းကျန့်အား ပန်းခူးသူအဖြစ် ပြောခဲ့ကာ ယခုမူ သူ့ဇာတိ ပြနေပေပြီလော။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters