စွမ်းအားမြင့် ဗွီစီဒီ
Vol. 42 Ch. 618
“မန်နေဂျာဖုန်း.. သတင်းကောင်း.. သတင်းကောင်း..”
ဖုန်းယွီ ကိုင်ထားသည့်ဖုန်းကို နားနှင့် ခပ်လှမ်းလှမ်း ထားလိုက်ရသည့်။ မည်သည့်အတွက် ဤမျှအော်နေရသနည်း။
“ဘာဖြစ်လို့လဲ.. ကျင်း.. ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ..”
ဖုန်းယွီ မေးလိုက်တော့သည်။ သူသည်လည်း စပ်စုချင်နေမိသည်။ ကျင်းဝမ်မင်သည် သူ့သုတေသနတွင် တစ်ခုခု အောင်မြင်ခဲ့သည်လော။
“ငါတို့ လှုပ်ရှားပုံရိပ်သိမ်းဆည်းစနစ်(MPEG) အောင်အောင်မြင်မြင်နဲ့ တီထွင်နိုင်သွားပြီ..”
ကျင်းဝမ်မင် စိတ်လှုပ်ရှားစွာ ထအော်လိုက်သည်။
“မင် ဘာပြောတယ်…”
ဖုန်းယွီလည်း အံ့ဩသွားမိသည်။
“မင်း လိုချင်တဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ကုတ်တွေကို သုတေသနလုပ်တယ်.. အသံကိုတောင် အကန့်(၄)ခုထိ ခွဲနိုင်ပြီး ပိုတောင်ရှင်းလင်း ပြတ်သားသွားသေးတယ်.. လှုပ်ရှားမှုပုံရိပ် အရည်အသွေးလဲ ပိုကောင်တယ်.. ပုံဖော်စွမ်းအားလဲ ကမ္ဘာပေါ်မှာ အမြင့်ဆုံးပဲ.. အရေးအကြီးဆုံးအပိုင်းက လှုပ်ရှားပုံရိပ်တွေမှာ ဘာရောင်စုံ အလင်းပြန်မှုမျိုးမှ မပေါ်ဘူး..”
ရောင်စုံအလင်းရောင်များသည် ရုပ်ပုံအရည်အသွေး၏ အမှားဖြစ်ပေသည်။ လှုပ်ရှားမှုပုံရိပ် အစိတ်အပိုင်းများမှာ အရောင်များဖြင့် ရောစပ်ထားပြီး အကန့်သေး မြောက်များစွာ ဖွဲ့စည်းထားခြင်းနှင့် တူပေသည်။
ရောင်စုံ အလင်းရောင်များသည် VCD ပညာရပ်နယ်ပယ်တွင် ရင်ဆိုင်နေရသည့် အရေးအကြီးဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်ပေသည်။ VCD ၏ လှုပ်ရှားမှုပုံရိပ် အရည်အသွေးသည် ကက်ဆက်တိပ်ခွေများထက် ပိုမိုရှင်းလင်းသော်လည်း လှုပ်ရှားမှုပုံရိပ်နှင့် အသံကို ကန့်သတ်ထားကာ နံရံကပ် ရုပ်ပုံများကဲ့သို့ ပေါ်လာမည် ဖြစ်သည်။ သို့အတွက် အသုံးပြုသူများအတွက် အကြိုက်မတွေ့ကြခြင်း ဖြစ်ပေသည်။
တရုတ်နိုင်ငံရှိ ရုပ်ရှင်ရုံငယ်များနှင့် ဗွီဒီယိုပြခန်းများတွင် တုံ့ပြန်မှုများ ရှိနေပေသည်။ VCD ကို အကြိမ်ကြိမ် ဖွင့်ပြီးပါက ရောင်စုံအလင်းကွက်များ ပေါ်လာပေလိမ့်မည်။ VCD ကို အချိန်ကြာကြာဖွင့်လေ ထိုရောင်စုံအလင်းကွက်များ ပို၍ များပြားလာလေ ဖြစ်ပေတော့မည်။
လေနှင့်မိုး လျှပ်စစ်ပစ္စည်းမှ VCD ကို မွမ်မံထားသည့် စက်နှင့် မိတ်ဆက်ပေးခဲ့သည်။ ဤသည်မှာ VCD များကို သန့်ရှင်းစေပြီး စက်မှ အချက်အလက်များကို ပိုမို၍ ကောင်းမွန်စွာဖတ်နိုင်စေရန် သန့်ရှင်းရေး ပြုလုပ်ပေးသည့် အမျိုးအစားတစ်ခု ဖြစ်သည်။ နောက်ပိုင်းတွင် လေနှင့်မိုး သည် အယ်လ်ကာလိုင်း ရောစပ်ကာ ပွတ်တိုက်ထားသည့် ပစ္စည်းများနှင့် ပြုလုပ်ထားသည့် သန့်စင်ဆေးရည်တစ်မျိုး မိတ်ဆက်ပေးထားသည်။ VCD များကို ပြန်လည် သန့်စင်နိုင်ရေး သုံးနိုင်ပေသည်။
ပွတ်တိုက်မှုများမှ ခြစ်ရာအသေးစားများကို ပယ်ပျောက်စေကာ အချက်အလက်ကို ပိုမိုကောင်းမွန်စွာ ဖတ်နိုင်ပေသည်။ သို့ရာတွင် ပွတ်တိုက်မှု ကြီးကြီး ဖြစ်ပါက VCD သည် အလွယ်တကူ ပျက်စီးသွားနိုင်ပေသည်။ ဤသည်ကား ယာယီ ဖြေရှင်းချက် တစ်ခုသာပင်။
အကယ်၍ ရောင်စုံအလင်းကွက်များကို မဖြေရှင်းနိုင်ပါက ဖြစ်ပေါ်လာနိုင်ချေကို လျှော့ချပစ်ရန်သာ လုပ်ရပေမည်။ ဖုန်းယွီသည် သူ့ယခင်ဘဝက အထူးထုတ်VCD များအကြောင်း သတိရမိလိုက်သည်။ ဤနည်းပညာသည် VCD နှင့် DVD နှစ်ခု ကြားခေတ်တွင် ပေါ်ထွန်းခဲ့ခြင်း ဖြစ်သည်။ VCD ကို လူကြိုက်များလာစေပြီး လှုပ်ရှားမှုပုံရိပ်စနစ် နည်းပညာကြောင့်လည်း ဖြစ်ပေသည်။
အစောဆုံးသော VCD သည် MPEG-1 နည်းပညာကို အသုံးပြုထားပြီး လှုပ်ရှားမှုပုံရိပ် အရည်အသေးမှာ ပြတ်သား ရှင်းလင်းမှု မရှိချေ။ အသံပိုင်းဆိုင်ရာတွင်လည်း ရွေးချယ်စရာ အကန့်များ မပါရှိချေ။ ယခု မျိုးဆက် နည်းပညာတွင် ရွေးချယ်စရာ အသံလိုင်းအကန့် (၄)ခု ရှိပေသည်။ ကြည့်ရှုသူများသည် ရုပ်ရှင်၏ အသံအတွက် ရွေးချယ်စရာများ ပိုများလာပေသည်။ ထိုအထဲတွင် ဘာသာစကား (၂)ခု၊ အသံလိုင်းအကန့် (၂)ခု ပါရှိပြီး VCD ဈေးကွက် တိုးမြှင့်နိုင်ပေတော့မည်။
ထို့အပြင် ဤနည်းပညာအသစ်သည် VCD စက်များ၏ လုပ်ဆောင်ချက်များကို တိုးမြှင့်ပေးနိုင်လိမ့်မည်။ VCD တွင် သီချင်းဖွင့်ရန်သာ ရွေးချယ်ခွင့်ရှိပေသည်။ ဤသည်က ကာရာအိုကေ သီဆိုရန် အသင့်တော်ဆုံးပင်။
ယခုVCD သည် လေဆာအချပ်များ၏ အနေအထားကိုလည်း ခြိမ်းခြောက်နိုင်ပေတော့မည်။ ဤနည်းပညာသည် လှုပ်ရှားမှုပုံရိပ်စနစ်ကို ကျရှုံးနိုင်ယုံသာမက လေဆာအချပ် ကျဆင်းမှုကိုလည်း ဖြစ်စေပေသည်။
ဖုန်းယွီသည် လေနှင့်မိုး လျှပ်စစ်နှင့် အိုက်ဝါတို့အား ဤနည်းပညာကို အတူတကွ သုတေသနပြုလုပ်ရန် ပြောထား ပေသည်။ သို့ရာတွင် ထိုနည်းပညာကို ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်လာမည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားချေ။
ဖုန်းယွီ သူ့ယခင်ဘဝက ဆိုနီသည် ထိုနည်းပညာကို တီထွင်ခဲ့သူဖြစ်သည်။ နောက်ပိုင်းတွင် ဆိုနီသည် ဖိလစ်စ်နှင့် နည်းပညာ ဖလှယ်ခဲ့ပြီး ထိုလုပ်ငန်းစဉ် စံနှုန်းများ သတ်မှတ်ခဲ့ပေသည်။
ထုတ်လုပ်ခဲ့သည့် စက်များကိုလည်း စွမ်းအားမြင့် ဗွီစီဒီဟု မခေါ်ဆိုဘဲ DVD ဟု သမုတ်ခဲ့ပေသည်။ ဆိုလိုသည်မှာ စွမ်းအားမြင့် VCD နှင့် DVD သည် တူညီသည့် စက်များ သုံးနိုင်သော်လည်း DVD သည် စွမ်းအားမြင့် VCD ထက် သိုလှောင်နိုင်စွမ်း ပိုပေသည်။
ဖုန်းယွီ ယခင်ဘဝတွင် အချို့သော စက်များသည် VCD ဖွင့်နိုင်ပြီး အချို့မှာ မဖွင့်နိုင်သည်ကို လူများစွာ တွေ့ရှိခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် အချို့စက်များသည် စွမ်းအားမြင့် VCD ကိုဖတ်ကာ၊ အချို့စက်များသည် DVD ဖတ်နိုင်သောကြောင့် ဖြစ်ပေသည်။
ထိုနည်းပညာ၏ နောက်ထပ် အားသာချက် တစ်ခု ရှိနေသေးသည်။ ချပ်ပြားဝိုင်း၏ သိုလှောင်နိုင်စွမ်း တိုးမြှင့်မှုမှာ အဘယ်နည်း။ စွမ်းအားမြင့် VCD ချပ်ပြားသည် ရုပ်ရှင်တစ်ကားလုံး သိမ်းဆည်းနိုင်ပေသည်။ ရုပ်ရှင်ဇာတ်ကား တစ်ကားကို အချပ်(၂)ချပ် ခွဲရန် မလိုအပ်တော့ချေ။ ဤသည်မှာ ရုပ်ရှင်ကြည့်နေစဉ် အချပ်လဲရသည့် ပြဿနာကို သက်သာစေပေလိမ့်မည်။
စွမ်းအားမြင့် VCD (၂)ချပ်သည် ဖျော်ဖြေပွဲတစ်ခုအား မှတ်တမ်းတင်နိုင်ပေသည်။ သို့တည်းမဟုတ် တစ်ချပ်တည်းတွင် သီချင်းဗွီဒီယို (၂၀)ကျော် သိမ်းဆည်းနိုင်ပေလိမ့်မည်။ သုံးဆွဲသူများ သဘောကျနှစ်ခြိုက်မှု တစ်ခုဖြစ်ပြီး တေးဂီတ VCD များ ဝယ်ယူလိုစိတ် ပိုများလာပေလိမ့်မည်။
ဖုန်းယွီသည် မရည်ရွယ်ဘဲ ဆိုနီနှင့် ရင်ဆိုင်ခဲ့မိတော့သည်။ ပထမ အိုက်ဝါ အိပ်ဆောင် သီချင်းဖွင့်စက်သည် ဆိုနီကို အနိုင်ယူပြီး သူတို့၏ အိပ်ဆောင် သီချင်းဖွင့်စက်ရောင်းချမှုမှ ရရှိသည့် အမြတ်အစွန်းများ လျှော့ချခဲ့ပေသည်။ ထို့နောက် အိုက်ဝါသည် CD စက်များ မိတ်ဆက်ခဲ့ပေသည်။ ထိုစက်ဖြင့် ဆိုနီ၏ တေးသီချင်းဖွင့်စက် ဈေးကွက် ဝေစုကို လုယူခဲ့ပေသည်။
ထို့အပြင် နစ်တန်ဒိုသည် ဆိုနီနှင့် ကွဲသွားတော့သည်။ ထို့ကြောင့် ဆိုနီ ဗွီဒီယိုဂိမ်းများ စီးပွားရေး ကျုံ့သွားစေတော့သည်။ ၎င်းတို့၏ ရောင်းအား ပြန်လည်ရရှိရန် ဆိုနီသည် CD ဂိမ်းစက်အတွက် ထုတ်လုပ်ထားသည့် ဗွီဒီယိုဂိမ်းဌာနကို ထူထောင်ရန် ၎င်းတို့၏ ရံပုံငွေများ ခွဲထုတ်ချန်ထားရတော့သည်။ ဤသည်မှာ နစ်တန်ဒို၏ ဂိမ်းလုပ်ငန်း လက်ဝါးကြီးအုပ်မှုကို ပြန်လည် တိုက်ခိုက်ရန်ဖြစ်ပေသည်။
ယခုနှစ်ကုန်တွင် ဆိုနီသည် ဂိမ်းစုဆည်းမှု(PlayStation PS) ပထမမျိုးဆက်ကို မိတ်ဆက်ပေးမည်ဖြစ်ကြောင်း ဖုန်းယွီ သတိရမိသည်။ ထိုသည်မှာ အိတ်ဆောင် သီချင်းဖွင့်စက်များနောက် ဆိုနီ၏ အအောင်မြင်ဆုံး လျှပ်စစ်ပစ္စည်းထုတ်ကုန် တစ်ခုဖြစ်သည်။ အလုံးရေ သန်း(၁၀၀)ရောင်းချခဲ့ရသည်အထိ စံချိန်တင်ခဲ့ပေသည်။
နောက်ပိုင်းတွင် PSP၊ PS2။ PS3 နှင့် PS4 အားလုံး အောင်မြင်ခဲ့ပေသည်။ မော်ဒယ်များအားလုံး ရောင်းအား ကောင်းပေသည်။
ယခုနှစ်သည် ဆိုနီ၏ နည်းပညာပိုင်း အောင်မြင်မှု အကောင်းဆုံး နှစ်ဖြစ်လောက်ပေသည်။ သို့ရာတွင် ယခုဘဝတွင် ဆိုနီအတွက် ကြေကွဲစရာပင်။ ဆိုနည်သည် DVD နည်းပညာ မပိုင်ဆိုင်တော့ချေ။
ဖုန်းယွီသည် ကျန်းဝမ်မင်အား မူပိုင်ခွင့်လျှောက်ထားရေးအတွက် ဖူကွမ်းကျန့်နှင့် ချက်ချင်းဆက်သွယ်ရန် ပြောလိုက်တော့သည်။ ၎င်းတို့သည် သူတို့စက်များ၏ စံချိန်စံညွှန်းများကို ကြေညာပြီး လုပ်ငန်းစံသတ်မှတ်ချက်အဖြစ် ပြုလုပ်ရမည် ဖြစ်သည်။
ထိပ်တန်း ကုမ္ပဏီတစ်ခုသည် စက်မှုလုပ်ငန်းအတွက် စံချိန်စံညွှန်း သတ်မှတ်မည် ဖြစ်ပြီး ဒုတိယအဆင့် သတ်မှတ်ထားသည့် ကုမ္ပဏီသည် သူ့အမှတ်တံဆိပ်ကို ရောင်းချမည်ဟု လူတစ်ယောက်မှ ပြောလာခဲ့သည်။ တတိယ အဆင့် ကုမ္ပဏီသည် သူတို့ထုတ်ကုန်များအား ရောင်းချမည်ဖြစ်ပြီး စတုတ္ထအဆင့် သတ်မှတ်ထားသည့် ကုမ္ပဏီသည် သူတို့၏ အရင်းအမြစ်များ ရောင်းချမည်ဖြစ်သည်။ စက်မှုလုပ်ငန်းအတွက် စံချိန်စံညွှန်းများနှင့် စံသတ်မှတ်ချက်များကို သတ်မှတ်ခြင်းသည် ကုမ္ပဏီအများစုအား ပစ်မှတ်ထားခဲ့ခြင်းပင်။
မူပိုင်ခွင့် တင်ထားသည့် နည်းပညာများသည် အခြားကုမ္ပဏီများမှ ထိုပစ္စည်းကို သူတို့၏ ထုတ်ကုန်အဖြစ် သတ်မှတ် အသုံးပြုခြင်းမှာ တားဆီးနိုင်ပေသည်။ ၎င်းသည် အခြားသူများကို ထိုနည်းပညာဖြင့် အောင်မြင်မှုရရှိခြင်းအား တားဆီးခြင်း မဟုတ်ချေ။ ဆိုနီသည် လေနှင့်မိုးလျှပ်စစ်၏ နည်းပညာများကို ချိုးဖျက်ကာ နည်းပညာအသစ်များ တီထွင်နိုင်ခဲ့သည်။
ဖုန်းယွီ၏ ယခင်ဘဝတွင် ကုမ္ပဏီအများအပြားသည် စက်မှုလုပ်ငန်း စံနှုန်းများအတွက် နှစ်ပေါင်း တော်တော်ကြာ တိုက်ပွဲဝင်ခဲ့ကြသည်။ ကုမ္ပဏီများ၏ ထုတ်ကုန်အားလုံးတွင် တူညီသော နည်းပညာများ ရှိကြပြီး ၎င်းတို့အားလုံးသည် သူ့တို့နည်းပညာများကို စက်မှုလုပ်ငန်း စံအဖြစ် သတ်မှတ်လိုကြသည်။ အဆိုပါ ကုမ္ပဏီများတွင် တိုရှီဘာနှင့် ပိုင်အိုနီးယာ စသည်တို့ ပါဝင်ပေသည်။
နောက်ဆုံးတွင် ကုမ္ပဏီအားလုံး အချင်းချင်း တိုက်ခိုက်နေပါက သူတို့အတွက် ကောင်းမည်မဟုတ်ကြောင်း သဘောပေါက်ခဲ့သည်။ ဩဇာကြီးများသည့် ကုမ္ပဏီ(၂)ခု အချင်းချင်း တိုက်ခိုက်မည်ဆိုပါက အခြားကုမ္ပဏီအချို့မှ အခွင့်အရေးယူ သွားမည်ဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီများအားလုံး ရပ်ဆိုင်သွားတော့သည်။
သို့ရာတွင် နောက်ပိုင်း၌ ကုမ္ပဏီများသည် DVD စက်များအတွက် အချင်းချင်း ပြိုင်ဆိုင်လာကြပြီး DVD ကုတ်ထည့်သွင်းနည်းပညာ များစွာ မိတ်ဆက်ခဲ့ကြသည်။
လက်ရှိဘဝတွင် ထိုလျှပ်စစ်ဘီလူကြီးများ၏ နည်းပညာများသည် ခေတ်နောက်ကျနေပေပြီ။ လေနှင့်မိုး လျှပ်စစ် ကုမ္ပဏီ၏ သုတေသနတွင် အားသာချက်ရှိပေသည်။ ထို့အပြင် အခြားသော ကုမ္ပဏီများ၏ လုပ်ငန်းများကိုလည်း ကွဲပြားစေခဲ့ပေသည်။ လေနှင့်မိုးကဲ့သို့ ကုန်ပစ္စည်းတစ်မျိုးတည်းကို ဖော်ဆောင်ရန် အာရုံမစိုက်ခဲ့ကြချေ။ ဥပမာအားဖြင့် ဆိုတည်သည် တစ်ချိန်တည်းမှာပင် PS ကိုတီထွင်ခဲ့ပေသည်။ တိုရှီဘာနှင့် အခြားကုမ္ပဏီများသည် ဒစ်ဂျစ်တယ် ကပင်မရာများနှင့် ကွန်ပျူတာများကို သုတေသန ပြုလုပ်ခဲ့ကြသည်။ သူတို့ ကြိုစားအားထုတ်မှု အားလုံးကို ထုတ်ကုန်တစ်ခုတည်း၌ အာရုံစိုက်မထားကြချေ။
လေနှင့်မိုး စက်များသည် ကွဲပြားပေသည်။ ဖုန်းယွီက ကွန်ပျူတာလုပ်ငန်းအတွင်း လေနှင့်မိုး ဝင်ရောက်မတိုက်ခိုက် ချင်ချေ။ သူ့တွင် လီနိုဗို၏ ရှယ်ယာများ ရှိနေပေသည်။ ဒစ်ဂျစ်တယ် ကင်မရာဈေးကွက်သည် နောင်တွင် ကြီးမားသည့် ဈေးကွက်ဖြစ်လာမည်ဖြစ်သည်။ သို့ရာတွင် လက်ရှိအချိန်၌ ဖလင်ကင်မရာကို အစားထိုးရန် ကြည်လင်ပြတ်သားမှု မလုံလောက်သေးချေ။ ကြည်လင်ပြတ်သားမှု (၁)MPEG ကျော်မှသာ ဒစ်ဂျစ်တယ် ကင်မရာများကို သုံးစွဲသူများ လက်ခံမည်ဖြစ်သည်။
ဤသည်မှာ ရာစုနှစ်အကုန်မှာသာ ဖြစ်ပေလိမ့်မည်။ ထိုအချိန်၌ လေနှင့်မိုး လျှပ်စစ်သည် အခြားကုမ္ပဏီများနှင့် သူတို့လိုချင်သည့် နည်းပညာများ ဖလှယ်နိုင်ပေလိမ့်မည်။
(၂)ပတ်အကြာတွင် လေနှင့်မိုး လျှပ်စစ်သည် သူတို့၏ သိုလှောင်နိုင်စွမ်း မြင့်မားသည့် မာတီမီဒီယာချပ်ပြား၏ နည်းပညာကို မိတ်ဆက်ရန် ပေကျင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပေသည်။ လေနှင့်မိုးလျှပ်စစ်သည် MPEG-2 နည်းပညာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း သတင်းစာတွင် ရှင်းလင်း ပြောကြားခဲ့သည်။ စွမ်းအားမြင့် VCD ပထမမျိုးဆက်ကို ယခုနှစ်ကုန်တွင် ဈေးကွက်အတွင်း မိတ်ဆက်တော့မည် ဖြစ်ပေသည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)