← Chapters

ဖိလစ်မှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခြင်း

Vol. 42 Ch. 619

ဖိလစ်မှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခြင်း

Vol. 42 Ch. 619

လျှပ်စစ် ကုမ္ပဏီကြီးများ မတက်ရောက်သည့်အတွက် သတင်းစာ ရှင်းလင်းပွဲကို အောင်မြင်သည်ဟု မယူဆနိုင်ချေ။ တက်ရောက်လာသူများမှာ ၎င်းတို့၏ ကိုယ်စားလှယ်များ ဖြစ်ပေသည်။ ကုမ္ပဏီအများစုသည် VCD ကို ယခင်က မိတ်ဆက်ပေးခဲ့သော်လည်း လေနှင့်မိုး လျှပ်စစ်သည် ပိုမိုကောင်းမွန်သည့် နည်းပညာတစ်ခု မိတ်ဆက်ပေးရန် မျှော်လင့်မထားကြချေ။

သို့ရာတွင် လေနှင့်မိုး လျှပ်စစ်မှ MPEG-2 နည်းပညာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်ကို ကုမ္ပဏီများ သိလိုက်သည့်အခါ အားလုံး အံ့ဩသွားကြတော့သည်။ VCD ကိုတွေ့ပြီးနောက် ထိုနည်းပညာကို သုတေသန ပြုလုပ်ခဲ့ကြပေသည်။ သူတို့သည် လေနှင့်မိုး VCD နှင့် အိုက်ဝါ VCD ကို ကျော်တက်ရန် ထိုနည်းပညာကို သုံးချင်ခဲ့ကြသည်။ သို့ရာတွင် သူတို့၏ သုတေသန မပြီးသေခင် လေနှင့်မိုး လျှပ်စစ်မှ ထိုနည်းပညာအသစ်ကို မိတ်ဆက်ခဲ့ပေပြီ။

မည်သို့ ဖြစ်နိုင်ပါမည်နည်း။ လေနှင့်မိုးသည် အခြားသော လျှပ်စစ် ကုမ္ပဏီကြီးများနှင့် နှိုင်းယှဉ်ပါက အလွန်သေးငယ်လှပေသည်။ မည်သည့်အတွက် သူတို့သည် မြန်မြန်ဆန်ဆန် ဖန်တီးနိုင်ခဲ့ကြသနည်း။

ကုမ္ပဏီများသည် လေနှင့်မိုး၏ MPEG-2 နည်းပညာကို ၎င်းတို့၏ သုတေသနနှင့် နှိုင်းယှဉ်ခဲ့ပေသည်။ ဆင်တူသယောင် ရှိသော်လည်း သူတို့ သုတေသန မပြီးခင် လေနှင့်မိုးမှ လုပ်ငန်း စံနှုန်းများ သတ်မှတ်ခဲ့ပေပြီ။

သတင်းစာ ရှင်းလင်းပွဲ အပြီး၌ လျှပ်စစ်ကုမ္ပဏီအားလုံး တုံ့ပြန်လာကြသည်။ ဆိုနီသည် ၎င်းတို့သည် ဤနည်းပညာကို တီထွင်ခဲ့ကြောင်း ကြေငြာရန် ညီလာခံတစ်ခု ချက်ချင်း ကျင်းပခဲ့သည်။ သို့ရာတွင် သူတို့သတင်းကို လူထုသို့ မထုတ်ပြန်ခဲ့ချေ။

ဟီတာရို နာကာဂျီမာက သတင်းစာ ရှင်းလင်းပွဲတစ်ခုပြုလုပ်ရန် ချက်ချင်း ပြောခဲ့ပေသည်။ ၎င်းက ဆိုနည်သည် အိုက်ဝါကို မည်သို့ အတုယူမည်ကို သိကြောင်း ပြောဆိုပေသည်။ ဆိုနီသည် အိုက်ဝါ၏ အခြေရာအတိုင်း လိုက်နေပြီး ၎င်းတို့ကို ဘယ်သောအခါတွင်မှ ကျော်မတက်နိုင်ခဲ့ချေ။ ဆိုနီသည် အိုက်ဝါ၏ လမ်းလျှောက် သီချင်းဖွင့်စက်နှင့် VCD စက်များကို ပုံတူကူးခဲ့ပေသည်။ အိုက်ဝါသည် VCD ကို မိတ်ဆက်ပြီးနောက် ဆိုနီသည် ၎င်းတို့ကို တုပချင်နေသေးပေသည်။

ဆိုနီ၏ ထိပ်တန်း စီမံခန့်ခွဲရေးအဖွဲ့ ဒေါသတကြီ ဖြစ်ကြတော့သည်။

မည်သည်ကို တုပလေသနည်း။ မိမိတို့ နည်းပညာအသစ်များနှင့် ပတ်သက်၍ မိမိတို့ ကိုယ်ပိုင် သုတေသန လုပ်ဆောင်နေခြင်းဖြစ်သည်။ မိမိတို့သည်လည်း MPEG နည်းပညာအသစ်များကို ရှာဖွေနေပေသည်။ မိမိတို့ သုတေသနသည် ထပ်နေသော်လည်း အိုက်ဝါအနေဖြင့် သူတို့ကို တုပနေသည်ဟု မစွပ်စွဲနိုင်ချေ။ ဤအချိန်တိုအတွင် တုပရုံြဖင့် ဤနည်းပညာကို မိမိတို့ မည်သို့ တိုးတက်အောင် ပြုလုပ်နိုင်မည်နည်း။

မိမိတို့သည် လမ်းလျှောက်သီချင်းဖွင့်စက်နှင့် VCD စက်များကို တုပထားခြင်းမရှိချေ။ ထို ဟီတာရို နာကာဂျီမာ အရှက်ကင်းလွန်းပေသည်။

လေနှင့်မိုး လျှပ်စစ်သည် MPEG-2 နည်းပညာကို မှတ်ပုံတင်ထားကြောင်း ချက်ချင်း ကြေငြာခဲ့သည်။ ဆိုနီသည် ၎င်းတို့ နည်းပညာများကို တုပရန် မကြိုးစားသင့်ချေ။ မူပိုင်ခွင့်များကို ဖေါက်ဖျက် ကျူးလွန်ရာ ရောက်ပေလိမ့်မည်။

ဆိုနီ၏ ဥက္ကဋ္ဌ နော်ရိုအိုဂါ သည် သုတေသန အကြီးအကဲအား ထိုနေ့တွင် သူ့ရုံးခန်းအတွင်း ကြိမ်းမောင်းပြစ်တင်ခဲ့ကော ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။ ဒေါသထွက်လွန်း၍ ရှေးဟောင်း ပန်းအိုးကိုပင် ရိုက်ခွဲပစ်လိုက်သေးသည်။

နော်ရိုအိုဂါသည် ဆိုနီ၏ သုတေသနဌာနကို လေနှင့်မိုး လျှပ်စစ်၏ နည်းပညာနှင့် ဆန့်ကျင်ဘက်သုတေသနလုပ်ရန် ညွှန်ကြားခဲ့တော့သည်။ လေနှင့်မိုးသည် ၎င်း၏ နည်းပညာများအတွက် အလွှာနှစ်ထပ် ဖွဲ့စည်းပုံကို သုံးထားပေသည်။ ဆန်ကျင်ဘက် ပြုလုပ်မှ ရပေလိမ့်မည်။

ဆိုနီသည် ၎င်းတို့၏ သုတေသနကို စတင်တော့မည် ဆိုပါက တိုရှီဘာမှ ၎င်းတို့သည် အလွှာ(၂)လွှာ နည်းပညာအသစ်ကို မိတ်ဆက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူတို့သည် ဆိုနီထက် သာပေသည်။

နှစ်လွှာ ဖွဲ့စည်းပုံနည်းပညာသည် နောက်ဆုံးပေါ် နည်းပညာဖြစ်သည်။ ဆိုနီသည် အလွှာ(၃)လွှာ တည်ဆောက်သည့် နည်းပညာ တီထွင်ရန် လိုအပ်သည်လော။ ဤသည်မှာ မည်သည်ကို သုံးသနည်း။ ဗွီဒီယိုနှင့် အသံကို (၅)နာရီကြာ သိမ်းဆည်းရန် အခွေချပ်တစ်ခုပေလော။ ဤ အခွေချပ်၏ ရည်ရွယ်ချက်မှာ သီချင်းများနှင့် ဗွီဒီယိုများ သိမ်းဆည်းရန်ဖြစ်သည်။ ထိုသို့ မြင့်မားသည့် သိုလှောင်နိုင်စွမ်း ထားရှိခြင်းမှာ မည်သည့်အတွက် အသုံးပြုရမည်နည်း။ အမှိုက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

သို့ရာတွင် ဆိုနီသည် တိုရှီဘာနှင့် ပူးပေါင်းရန် ချက်ခြင်း စဉ်းစားခဲ့ပေသည်။ ၎င်းတို့သည် ဤနှစ်ထပ်အလွှာနှင့် အခွေချပ် နည်းပညာသည် စက်မှုလုပ်ငန်း စံနှုန်းအဖြစ် အသုံးပြုလိုကြာသည်။ ၎င်းသည် လေနင့်မိုး လျှပ်စစ်ကို တစ်ဖက်သတ် နှစ်ထပ်အလွှာနည်းပညာဖြင့် တုန့်ပြန်မည် ဖြစ်သည်။

ဆိုနီနှင့် တိုရှီဘာတို့သည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး လျှပ်စစ် ကုမ္ပစီများ ဖြစ်သည်။ လေနှင့်မိုး၊ အိုက်ဝါတို့သည် ပိုင်ဆိုင်မှု သတ်မှတ်ချက်များနှင့် မယှဉ်နိုင်ချေ။ အိုက်ဝါ၊ လေနှင့်မိုး တို့သည် ဤနှစ်အနည်းငယ် အတွင်း ကောင်းကောင်း တိုးတက်လာခြင်းဖြစ်သည်။ အိုက်ဝါ၏ ရောင်းအားသည့် ယွမ်(၁၀၀)ဘီုလီယံကျော်ရှိပြီး သူတို့အမြတ်ငွေမှာ ယွမ်(၁၀)ဘီလီယံကျော်ရှိပေသည်။ သို့ရာတွင် ကန်ဒေါ်လာသို့ ပြောင်းလဲသည့်အခါ သူတို့အမြတ်ငွေမှာ ကန်ဒေါ်မလာ သန်း(၁၀၀)ထက် မပိုချေ။ ဆိုနီနှင့် တိုရှီဘာတို့အား မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

အကယ်၍ ဆိုနီနှင့် တိုရှိဘာတို့သည် စက်မှုလုပ်ငန်း စံနှုန်းများ သတ်မှတ်ရန် လက်တွဲဆောင်ရွက်ပါက လေနှင့်မိုး လျှပ်စစ်၏ နည်းပညာကို စက်မှုလုပ်ငန်းမှ လက်ခံခြင်းကို တားဆီးနိုင်မည်ဖြစ်သည်။

ထို့ကြောင့် နာရိုအိုဂါသည် တိုရှီဘာရုံးချုပ်သို့ သွား၍ တိုရှိဘာ၏ ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည်။ မည်မျှ ပေးချေသည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း တိုရှီဘာသည့် ၎င်းတို့နည်းပညာကို ဆိုနီနှင့် မျှဝေရန် သဘောတူခဲ့ပေသည်။

“မန်နေဂျာဖုန်း.. ငါတို့ရဲ့ နည်းပညာစံနှုန်းကို တိုရှီဘာနဲ့ ဆိုနီတို့တွေ အစားထိုးသွားနိုင်တယ်.. သူတို့မှာက အခြေခံအုတ်မြစ် ခိုင်မာတော့ သူတို့ နည်းပညာတွေနဲ့ စက်မှုလုပ်ငန်းစံနှုန်း သတ်မှတ်ဖို့ တော်တော်လွယ်တယ်..”

ကျန်းဝမ်မင် ဖုန်းယွီအား ဖုန်းဆက်အကူအညီတောင်းတော့သည်။

ဤသည်က လက်တွေ့ဖြစ်သည်။ ထိုကုမ္ပဏီ(၂)ခုသည် ယခင်က စက်မှုလုပ်ငန်း စံနှုန်းများစွာကို ချမှတ်ခဲ့ဖူးပြီး လေနှင့်မိုး လျှပ်စစ်သည် ဩဇာလွှမ်းမိုးမှု မရှိချေ။ သူတို့နှင့် ယှဉ်ပြိုင်ရန် နည်းလမ်းမရှိချေ။

ကုမ္ပဏီ(၂)ခုစလုံးသည် ဤလုပ်ငန်းအတွက် စံနှုန်းများ သတ်မှတ်ပြီးသည်နှင့် ၎င်းတို့သည် အနာဂတ်တွင် နည်းပညာ သုတေသန ဦးတည်ချက် ညွှန်ပြလိမ့်မည်။ လေနှင့်မိုး၊ အိုက်ဝါ အတွက် မကောင်းချေ။

DVD ခေတ်သို့ ရောက်သွားသည့်အခါ ထိုကုမ္ပဏီ (၂)ခုသည် အမြတ်အစွန်း များစွာ ရရှိမည်ဖြစ်သည်။ ၎င်းသည်မှာ ဖုန်းယွီ ဖြစ်လိုသော ဆန္ဒမဟုတ်ချေ။

တစ်ခုတည်းသော ဖြေရှင်းချတက်မှာ ထိပ်တန်း သုံးစွဲသူ လျှပ်စစ် ကုမ္ပဏီကြီးနှင့် ပူးပေါင်းရန်ဖြစ်သည်။ ကုမ္ပဏီ အများအပြားသည် လေနှင့်မိုး လျှပ်စစ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ချဉ်းကပ်လာကြသည်။ တစ်ခုမှာ ပိုင်အိုနီးယား လေဆာချပ်ပြား ဈေးကွက်ခေါင်းဆောင်ဖြစ်သည်။ သူတို့သည် ဟီတာရိုနာကာဂျီမာထံသွား၍ အိုက်ဝါ၊ လေနှင့်မိုး လျှပ်စစ်နှင့် လက်တွဲလုပ်ဆောင်ရန် သူ့တို့၏ ရည်ရွယ်ချက်များ ထုတ်ပြခဲ့ကြသည်။ ဆိုနီနှင့် တိုရှီဘာတို့မှ စက်မှုလုပ်ငန်းစံနှုန်းများ သတ်မှတ်ခြင်းကို ရပ်တန့်လိုကြပေသည်။

ပိုင်အိုနီးယားသည် လုပ်ငန်းနယ်ပယ်တွင် နာမည်ကျော်ကြားသူတစ်ခုဖြစ်သည်။ သူတို့နှင့် လက်တွဲလုပ်ဆောင် ရမည်မှာ ကောင်းမွန်သည့် ရွေးချယ်မှု တစ်ခု ဖြစ်ပေသည်။ သို့ရာတွင် ပိုင်အိုနီးယားသည် အလွန်လောဘ ကြီးပေသည်။ MPEG-2 နည်းပညာကို အသုံးပြုရန် ခွင့်ပြုချက် လိုချင်ယုံသာမက VCD နည်းပညာအားလုံး မျှဝေ စေချင်နေပေသည်။ အပြန်အလှန်အားဖြင့် ၎င်းတို့သည် သူတို့၏ လေဆာဓာတ်ပြား နည်းပညာများကို လေဆာလျှပ်စစ် ပစ္စည်းများနှင့် အိုက်ဝါတို့ မျှဝေကြမည် ဖြစ်သည်။

ဖုန်းယွီက ဟီတာရို နာကာဂျီမာကို ငြင်းဆိုရန် ချက်ချင်းပြောလိုက်သည်။ မည်သည့် ဟာသနည်း။ လေဆာချပ်ပြား နည်းပညာသည် မကြာမှီ ခေတ်နောက်ကျပေတော့မည်။ လက်ရှိတွင် ပိုင်အိုနီးယာသည် ၎င်းလေဆာ နည်းပညာကို ရရှိထားသည့် တစ်ခုတည်းသော ကုမ္ပဏီ မဟုတ်ချေ။ ဖလှယ်ပြီးသည်နှင့် ဤနည်းပညာကို မည်သို့ အသုံးပြုရမည်နည်း။ MPEG-2 နည်းပညာကို အခမဲ့ အသုံးပြုခွင့် ရချင်နေသည်လော။

ပိုင်အိုနီးယာ၏ ပံ့ပိုးမှုမရှိဘဲ လေနှင့်မိုး လျှပ်စစ်ပစ္စည်းနှင့် အိုက်ဝါသည် ဆိုနီနှင့် တိုရှီဘာကို ရှုံးနိမ့်သွားခဲ့သည်။ သူတို့သည် စက်မှုလုပ်ငန်း စံနှုန်းများကို လိုက်နာနိုင်မည် မဟုတ်ချေ။

ထိုအချိန်တွင် လျှပ်စစ် ကုမ္ပဏီကြီးတစ်ခုသည် လေနှင့်မိုး လျှပ်စစ်ထံ ချဉ်းကပ်လာတော့သည်။ ထိုကုမ္ပဏီမှာ ဖိလစ် ဖြစ်သည်။

ဖိလစ်သည် သုံးစွဲသူများအတွက် အထင်ကြီးစရာ မုတ်ဆိတ်ရိတ်စက် ဖြစ်သည်။ သို့ရာတွင် ဖိလစ်သည် မီးသီးများကို စတင်ရောင်ချခဲ့သည်။ နောက်ပိုင်းတွင် ရေဒီယိုနည်းပညာတွင် အောင်မြင်မှု ရခဲ့ပေသည်။ ၎င်းတို့သည် ကက်ဆက် အသံဖမ်းစက်ကို မိတ်ဆက်သည့် ပထမဆုံး ကုမ္ပဏီ အနည်းငယ်မှ တစ်ခုဖြစ်ပေသည်။

မှန်ပေ၏။ ဖိလစ်သည် X-ray ပြွန်ဖြင့် နာမည်ကြီးစေခဲ့သည်။ ၎င်းကို ဆေးဘက်ဆိုင်ရာ ပစ္စည်းများတွင် သုံးခဲ့ပြီး ဖိလစ်သည် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်း စက်မှုလုပ်ငန်းတွင် စီးမန်း၏ အဓိက ပြိုင်ဖက်များထဲမှ တစ်ခုဖြစ်သည်။

ဖိလစ်၏ အအောင်မြင်ဆုံး ထုတ်ကုန်မှာ မုတ်ဆိတ်ရိတ်စက်ဖြစ်သည်။ (၁၉၉၄)ခုနှစ် ဒုတိယ(၃)လပတ်မကုန်မီ ဖိလစ်သည် ကမ္ဘာတစ်ဝှမ်းတွင် ရိတ်စက်ပေါင်း သန်း(၂၅၀)ကျော် ရောင်းချခဲ့ရသည်။ အခြားအမှတ်တံဆိပ်များထက် သာလွန်ခဲ့ပေသည်။

ဖိလစ်သည် လေဆာချပ်ပြားနှင့် မျက်စိဖြင့်ဆက်သွယ်ရေးစနစ်ကို တီထွင်သူဖြစ်ကြောင်း လူများစွာ သတိမထားမိ ခဲ့ကြချေ။ ဂီတချစ်သူ တော်တော်များများသည် ပိုလီဂရမ် ဓာတ်ပြားတံဆိပ်ကို ကြားဖူးကြပေလိမ့်မည်။ ထိုပစ္စည်းအား ဖိလစ်မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ်အချက်အလက် ပြွတ်သိပ် သိမ်းဆည်းနိုင်သည့် ချပ်ပြားကိုလည်း ဖိလစ်မှ တီထွင်ခဲ့သည်။ ဖိလစ် သည် ထရန်စစ္စတာများနှင့် ပေါင်းစပ်ထားသည့် ဆာ့ကစ်များနှင့် ချစ်ပ်များကို ကောင်းကောင်း ကျွမ်းကျင်ပေသည်။ ထို့ကြောင် ၎င်းတို့၏ ရုပ်မြင်သံကြားစက်သည် ကမ္ဘာတစ်ဝှမ်းတွင် တွင်ကျယ်စွာ ရေပန်းစားခဲ့ပေသည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဖိလစ်သည် ပြန်လည်ဖွဲ့စည်းမှု တစ်ခု ရှိခဲ့ပေသည်။ ကုမ္ပဏီသည် ပိုမိုကောင်းမွန် လာကာ တိုးတက်မှုရှိရန် လွန်စွာ လွယ်ကူချောမွေ့ခဲ့တော့သည်။

ဖိလစ်သည် လေနှင့်မိုး လျှပ်စစ်မှ VCD ကို မိတ်ဆက်ခဲ့သည်ကို မြင်သည့်အခါ ၎င်းတို့သည် ဤနယ်ပယ်ကို စူးစမ်း လေ့လာခဲ့သည်။ သို့ရာတွင် ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့နှင့် ဆိုနီနှင့် ကျန်ကုမ္ပဏီများကဲ့သို့သာပင်။ သူတို့၏ သုတေသနသည် တစ်ချိန်တည်းတွင် နယ်ပယ်များစွာတွင် သုတေသန ပြုနေပြီး တိုးတက်မှု နှေးကွေးစေသည်။ သူတို့ အရှိန်သည် အိုက်ဝါ၊ လေနှင့်မိုး တို့နှင့် ယှဉ်၍ မရချေ။

ယခု လေနှင့်မိုး လျှပ်စစ်သည် MPEG-2 နည်းပညာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီး မကြာမှီ စွမ်းအားမြင့် VCD ကို မိတ်ဆက်တော့မည် ဖြစ်သည်။ ဖိလစ်သည် ကျစ်လစ်သိပ်သည်းခြင်း နည်းပညာနှင့်ပတ်သက်ပါက ကောင်းမွန်သော နည်းပညာများ ရှိပေသည်။ စက်မှုစံနှုန်းများ သတ်မှတ်ရန် လေနှင့်မိုး လျှပ်စစ်နှင့် ပူးပေါင်းခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ထင်မြင်ယူဆခဲ့ကြသည်။ အတူပူးပေါင်းကာ တိုရှီဘာနှင့် ဆိုနီကို အနိုင်ယူနိုင်ပေလိမ့်မည်။

ထို့ကြောင့် ဖိလစ်၏ ဒုတိယ ဥက္ကဋ္ဌသည် တရုတ်နိုင်ငံသို့ ရောက်ရှိလာတော့သည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters