သောမတ်စ်၏ အံ့ဩမှု
Vol. 42 Ch. 620
ဤသည်မှာ အရေးကြီးကိစ္စဖြစ်ပြီး ကျန်းဝမ်မင် ဆုံးဖြတ်ချက် မချနိုင်ချေ။ ဖုန်းယွီအား ချက်ချင်း ဖုန်းဆက်ကာ လှမ်းမေးလိုက်တော့သည်။
ဖိလစ်မှ ပူးပေါင်းဆောင်ရွက်လိုကြောင့် ဖုန်းယွီသိသည့်အခါ အံ့ဩတုန်လှုပ်သွားသည်။ ဖိလစ်နှင့် ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက တိုရှီဘာနှင့် ဆိုနီတို့ကို ကြောက်စရာ မလိုတော့ချေ။ စက်မှုလုပ်ငန်း စံချိန်စံညွှန်း သတ်မှတ်ရာတွင် ၎င်းတို့သည် တိုရှီဘာနှင့် ဆိုနီထက် ပို၍ပင် မြန်ဆန်နိုင်ပေသေးသည်။
ဖုန်းယွီသည် တရုတ်နိုင်ငံသို့ ချက်ခြင်း ပြန်လာကာ အိုက်ဝါလျှပ်စစ် ရုံးချုပ်တွင် ဖိလိ ဒု-ဥက္ကဋ္ဌ သောမတ်စ်ကို စောင့်ဆိုင်းခဲ့သည်။
သောမတ်စ်သည် တရုတ်သို့ ရောက်လာပြီး အဆောက်အအုံများကို မြင်လိုက်ရသည်။ ဟော်လန် နိုင်ငံနှင့် ကြီးကြီးမမားမား ခြားနားချက်တစ်ခုရှိပြီး တရုတ်နိုင်ငံ၏ မြို့တော် ဖြစ်နေဆဲပင်။ တရုတ်စီးပွားရေး မကောင်းသေးချေ။
သို့ရာတွင် MPEG နည်းပညာများနှင့် VCD ပထမနှင့် ဒုတိယမျိုးဆက်ကို ဖွံ့ဖြိုးတိုးတက်စေရန် ကမ္ဘာကြီး၏ ဤတတိယနိုင်ငံသည် အထင်ကြီးစရာ ဖြစ်နေသည်။ တရုတ်များ အလွန်တီထွင် ဖန်တီးကြပေသည်။
သောမတ်စ်သည် ဤပူးပေါင်းဆောင်ရွက်မှုအတွက် ယုံကြည်မှု ရှိခဲ့ပေသည်။ အခြေအနေကောင်းများ ပေးရန် မလိုအပ်ကြောင်းနှင့် တစ်ဖက်အဖွဲ့မှ ဤပူးပေါင်းဆောင်ရွက်မှုကို သဘောတူလိမ့်မည်ဟု ယုံကြည်ပေသည်။ ပထမ အချက်မှာ တရုတ်စီးပွားရေး မကောင်းချေ။ လေနှင့်မိုး လျှပ်စစ်သည် ကုမ္ပဏီကြီး မဟုတ်ချေ။ သူသာ လေနှင့်မိုး လျှပ်စစ်ကို ငွေအနည်းငယ်ပေးမည် ဆိုပါက သူတို့ သေချာပေါက် သဘောတူပေလိမ့်မည်။ ငွေကြေးပြဿနာကို မဖြေရှင်းနိုင်လျှင်ပင် တိုရှီဘာနှင့် ဆိုနီတို့ကြောင့် လေနှင့်မိုး လျှပ်စစ်ပစ္စည်းများ စွန့်စားရ ပေလိမ့်အုံးမည်။ ညှိနှိုင်းမှုမှာ သူ့အတွက် ချောမွေ့ပေလိမ့်မည်။
တရုတ်များသည် ဖက်စပ်လုပ်ကိုင်ရသည်ကို သဘောကျကြသည်။ ဖိလစ်သည် တရုတ်နိုင်ငံတွင် ဖက်စပ်စက်ရုံများစွာ တည်ထောင်ခဲ့သည်။ ဖိလစ်သည် ဤပူးပေါင်း ဆောင်ရွက်မှုမှ တဆင့် လေနှင့်မိုး လျှပ်စစ်ကို ဝယ်ယူရန်ပင် အခွင့်အရေး ရှိနိုင်ပေလိမ့်မည်။
သောမတ်စ်သည် လေနှင့်မိုး လျှပ်စစ်ရှိရာ ဟယ်ဖေးမြို့သို့ ရောက်သည့်အခါ ပို၍ပင် ယုံကြည်မှု ရှိလာခဲ့သည်။ ဆင်ရဲသည့် ကျေးလက်ဒေသမြို့ ဖြစ်နေပေသည်။
သောမတ်စ်သည် လေဆိပ်မှ ဆင်းသည့်အခါ ဖိလစ် ဟုရေးထားသည့် ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။ သူ့ကို ကြိုဆိုမည့် လေနှင့်မိုးလျှပ်စစ်မှ ဝန်ထမ်းများ ဖြစ်လောက်ပေသည်။ တရုတ်နိုင်ငံရှိ ဖိလစ် ဝန်ထမ်းများနှင့်အတူ သောမတ်စ်သည် ဂုဏ်ယူစွာ လျှောက်လှမ်းခဲ့ပေသည်။
လေနှင့်မိုး လျှပ်စစ် အသုံးပြုသည့် ကားသည် သူမျှော်လင့်ထားသည်ထက် များစွာကောင်းမွန်နေပေသည်။ ၎င်းသည် ဥရောပ အမှတ်တံဆိပ် ဇိမ်ခံကား အမျိုးအစား မဟုတ်သော်လည်း အပြင်ပိုင်း အပြင်အဆင်ကို ကောင်းကောင်း ဒီဇိုင်းထုတ်ထားကာ အတွင်းခန်း ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိသည့် ကားဖြစ်သည်။ သူ့ကုမ္ပဏီမှ ပေးထားသည့် မာစီးဒီး ဗင်ထက်ပင် ပိုကောင်းနေသေးသည်။
ဤကား ဈေးကြီးလောက်ပေသည်။ ဂျပန် သို့တည်းမဟုတ် အမေရိကန်ထုတ် ကားလော။ ဤကားသည် ဂျပန်ကား ဖြစ်ရပေလိမ့်မည်။
“သူ ဒီကိုရောက်နေပြီ.. အခု အထဲမှာ စောင့်နေတယ်..”
ကျန်းဝမ်မင် အင်္ဂလိပ်လိုပင် ပြန်ဖြေလိုက်သည်။ အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်နေသဖြင့် သူ့ကုမ္ပဏီနှင့် အပြန်အလှန်ဆက်ဆံရန် နိုင်ငံရပ်ခြားသို့ ပို့ရသည့် အကြောင်းအရင်းပင်။
ကျန်းဝမ်မင်သည် မန်နေဂျာဖုန်းမှ သူ့ကို လေဆိပ်တွင် မကြိုသဖြင့် သောမတ်စ် အနည်းငယ် စိတ်မကြည်ကြောင်း ပြောနိုင်ပေသည်။ သူ့အား ကြိုဆိုရန် ဝန်ထမ်းတစ်ယောက်သာ စေလွှတ်ခဲ့သည်။ ဌာနချုပ်တွင်လည်း ကြိုဆိုရန်အတွက် ဖုန်းယွီအောက်သို့ပင် မဆင်းခဲ့ချေ။ သောမတ်စ်က သူ့ကို ထိုတရုတ်များ မလေးစားကြောင်း ခံစားနေရသည်။
အဆောက်အဦးထဲသို့ ရောက်သွားသည့်အခါ သောမတ်စ် ထိတ်လန့်သွားတော့သည်။ ဤ အဆောက်အအုံ၏ အပြင်ပိုင်းသည် ပုံမှန်ဖြစ်သော်လည်း အတွင်းပိုင်းကို ကောင်းမွန်စွာ ပြင်ဆင်ထားပေသည်။
တောင်အတု၊ စမ်းချောင်းများ၊ စီးဆင်းနေသည် ရေများနှင့် ရွှေငါးများပင်။ အားလုံးကို သဘာဝကျသော အသွင်အပြင် ဖန်တီးရန် သုံးထားပေသည်။ ဤသည်မှာ သောမတ်စ် မျှော်လင့်ထားသကဲ့သို့ မဟုတ်ချေ။ လေနှင့်မိုး လျှပ်စစ် ရုံးချုပ်ကို လည်ပတ်သင့်ကြောင်း ထင်မြင်သွားတော့သည်။ အနည်းဆုံး ခေတ်ဟောင်းပုံစံ မြင်ရမည်ဟု ထင်ထားခြင်းပင်။ တရုတ်များအားလုံး ရှေးရိုးဆန်သည်ဟု လူများ ပြောတတ်ကြသည် မဟုတ်ပေလော။ ဤကုမ္ပဏီမှာ မည်သည့်အတွက် ထူးခြားနေသနည်း။ ဧည့်ခန်း အလှဆင်ထားသည်ကို မြင်လိုက်ရသည့်အခါ သူ့စိတ်ခံစားချက်များ အနည်းငယ် ပိုကောင်းလာပေသည်။
ဖုန်းယွီ ကြောင်လိမ်လှေကား ထိပ်တွင်ရပ်နေရင်း အံ့ဩနေသည့် သောမတ်စ်ကို မြင်လိုက်ရသည်။ မာနကြီးကြောင်း လည်း ခံစားမိပေသည်။ မိမိစက်ရုံနှင့် ရုံးခန်းအသစ်အားလုံးတွင် ဤဥယျာဉ်ပုံစံ ဒီဇိုင်းများ ရှိပေသည်။ အံ့ဩစရာလော။
“မစ္စတာသောမတ်စ်.. ဒါ ငါတို့ လေနှင့်မိုး ထိပ်တန်းရှယ်ယာရှင် ဖုန်းယွီပါ.. မန်နေဂျာဖုန်း.. ဒါ ကိုယ်စားလှယ်တော် ဖိလစ်ရဲ့ ဒု-ဥက္ကဋ္ဌ မစ္စတာ သောမတ်စ်ပေါ့…”
“မစ္စတာသောမတ်စ် တွေ့ရတာ ဝမ်းသာပါတယ်.. ကျုပ်ကတော့ လေနှင့်မိုးကို ကိုယ်စားပြုပါတယ်…”
ဖုန်းယွီ အမေရိကန် လေယူလေသိမ်းဖြင့် အင်္ဂလိပ်လိုသာ ပြောလိုက်သည်။ သောမတ်စ်သည် လေနှင့်မိုး လျှပ်စစ်၏ အဓိကရှယ်ယာရှင်ကို လူငယ်တစ်ယောက်အဖြစ် မြင်လိုက်ရသည့်အတွက် အံ့အားသင့်ခဲ့ရပြန်သည်။ ထိုလုပ်ငန်းကို သူ့မိသားစုထံမှ အမွေဆက်ခံခဲ့ရသည်လော။ အင်္ဂလိပ်စကား ကောင်းကောင်း ပြောတတ်နေပေသည်။ သူသည် အမေရိကန်မှလော။ ဤသည်မှာ မကောင်းချေ။
“တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာဖုန်း.. ငါဒီကိုလာရတာ ဂုဏ်ယူမိပါတယ်..”
နှစ်ယောက်သား အလာပ သလာပစကားပြောရင်း လျှောက်သွားလိုက်ကြသည်။ သောမတ်စ်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာသည်။ မည်သို့ဖြစ်သနည်း။ ရုံးခန်း လွှဲမှားနေသည်လော။ ထိုလူများ ဘာလုပ်နေသနည်း။ လက်ဖက်ရည်သောက်သူသောက်၊ စာဖတ်သူဖတ်ပြီး အချို့မှာ ရုပ်ရှင်ကြည့်နေကြပေသည်။
“မစ္စတာဖုန်း ဒါ မင်းရုံးခန်းလား..”
“ဟုတ်ပါတယ်.. ကျုပ်တို့ရုံးက လူသားဆန်တယ်လို့ မထင်ဘူးလား.. ဒီနေရာက ဝန်ထမ်းတွေ အပမ်းဖြေဖို့ နေရာပါ.. ရေချိုးခန်းနဲ့ အနားယူဖို့ နေရာတွေလဲရှိတယ်.. ဒီနေရာမှာ (၂၄)နာရီ ကော်ဖီဆိုင်လဲရှိတယ်.. ဟိုတစ်ဖက်မှာ လေ့ကျင့်ခန်းလုပ်ဖို့ နေရာရှိတယ်.. ခင်ဗျားစိတ်ဝင်စားပင် ပင်ပေါင် ရိုက်လို့လဲ ရပါတယ်..”
ဖုန်းယွီ ပြုံး၍ ရှင်းပြလိုက်သည်။
အပန်းဖြေရန်နေရာ၊ လေ့ကျင့်ခန်း၊ ကော်ဖီဆိုင်၊ ရေချိုးခန်း၊ အနားယူရန် နေရာများ။ ဤသည်မှာ လုပ်ငန်းခွင်တစ်ခု ပေလော။
ထိုသူ၏ ဦးနှောက် တစ်ခုခု မှားနေသည်လော။ ဤသည်မှာ မည်သို့ ရုံးခန်းဖြစ်နိုင်မည်နည်း။ ဤနေရာသို့ ရောက်နေသူတိုင်း အလုပ်မလုပ်ကြချေ။ ဝန်ထမ်းများ အနားယူရင်း ဘဝ ပျော်ရွှင်နိုင်ရင်း လုပ်အားခ ရနေကြသည်လော။
သောမတ်စ်အတွက်မူ ဤကုမ္ပဏီသည် စည်းကမ်းမရှိသော်လည်း ထိုလူများသည် MPEG-2 နည်းပညာကို တီထွင်ခဲ့သူများပင်။
“မစ္စတာ သောမတ်စ် ဘာဖြစ်လို့လဲ.. ဘယ်သူမှ အလုပ်မလုပ်ဘဲ ဝန်ထမ်းတွေအားလုံး အနားယူနေတယ်လို့ ထင်နေလို့လား.. ကျုပ်တို့ ကုမ္ပဏီက သူတို့ စွမ်းဆောင်ရည်တွေကြောင့် ဝန်ဆောင်မှုပေးထားတာပါ.. အလုပ် များများပြီးလေ လစာများလေလေပေါ့.. တစ်ဖက်မှာ ဝန်ထမ်းတွေ တာဝန်ပြီး မဆောင်ရွက်နိုင်ရင် သူတို့လစာ နည်းတဲ့အပြင် အလုပ်ထုတ်ခံရမှာပဲ.. သုတေသနနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုက အချိန်ပေါ်မှာ မူမတည်ဘူးလေ.. လှုံဆော်မှုနဲ့ ဖန်တီးမှုတွေ လိုတယ်.. သူတို့ကို အပမ်းဖြေခွင့်ပေးထားတာက တီထွင်ဖန်တီးနိုင်စွမ်း ပိုတိုးစေတယ်လေ.. သူတို့ထဲက အများစုဆို တစ်ရက်မှာ (၁၂)နာရီကျော် အလုပ် လုပ်ကြတယ်.. တစ်ချို့ဆို (၁၆)နာရီလောက်တောင် အလုပ်လုပ်ကြတာ.. ဒါ သူတို့ရသင့် ရထိုက်တဲ့ ဆုလဒ်တွေပေါ့.. ကျုပ်တို့ လေနှင့်မိုး လျှပ်စ်က ဝန်ထမ်းအားလုံးကို မိသားစုဝင်တွေလိုပဲ ဆက်ဆံပါတယ်..”
ဟိုစဉ်အချိန် ဖုန်းယွီ ဤသည်ကို အကြံပြုစဉ်က ဖူကွမ်းကျန့်နှင့် ကျန်းဝေမင်တို့က ဖုန်းယွီ နောက်ပြောင်နေသည်ဟု ထင်ခဲ့ကြသည်။ သို့ရာတွင် ဖုန်းယွီမှ ကုမ္ပဏီကို ဤပုံစံပြုလုပ်ရန် ပြောခဲ့ပေသည်။ အလုပ်တွင် ရေသာခိုသူများကို ထုတ်လိုက်ပြီးနောက် ကျန်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်တက်လာသည်။ ထို့အပြင် ဝန်ထမ်းများသည်လည်း ကုမ္ပဏီအတွင်း ဆက်ဆံရေး ပိုမို ကောင်းမွန်လာကြသည်။
အခြားသော ကုမ္ပဏီအချို့သည် လေနှင့်မိုး လျှပ်စစ် ဝန်ထမ်းများကို လစာပိုပေးကာ စည်းရုံး ကြိုးစားကြသည်။ သို့ရာတွင် ဝန်ထမ်းတစ်ယောက်မှ မသွားကြချေ။ ဤနေရာတွင် သူဌေးများသည် သူတို့အပေါ် ကောင်းမွန်စွာ ဆက်ဆံကာ သူတို့အလုပ်များ သက်တောင့်သက်သာ ရှိပေသည်။ အလုပ်ပိုမိုကြိုးစားပါက လစာ ပိုကောင်းလာမည်ပင်။ ထို့အပြင် ဝန်ထမ်းများ ကျန်းမာရေးသည်လည်း ယခင်ထက် ပိုကောင်းလာသည်ကို သတိထားမိကြသည်။
ထိုနေရာကို ကျော်ဖြတ်ပြီးနောက် အစည်းအဝေးခန်းထဲ ဝင်လိုက်ကြသည်။ သောမတ်စ်မှာ ဤကုမ္ပဏီအတွက် ပဟေဠိ ဖြစ်နေဆဲပင်။ မည်သည့်အတွက် ဤကုမ္ပဏီသည် အခြားကုမ္ပဏီများနှင့် ကွာခြားနေသနည်း။ ဤနည်းအတိုင်း လုပ်နေသည့် အမေရိကန်ရှိ ဆော့ဖ်ဝဲ ကုမ္ပဏီတစ်ချို့ရှိကြောင်း သူကြားဖူးထားပေသည်။
ဤ အပြင်အဆင်ပုံစံသည် ဥရောပတွင် အလွန်ရှားပါးပေသည်။ သောမတ်စ်အနေဖြင့် ဤပုံစံကို တရုတ်တွင် တွေ့မြင်ရရန် မျှော်လင့်မထားချေ။ တရုတ်ပြည်၏ မြို့ကြီးတစ်မြို့တွင်ပင် မဟုတ်ချေ။ ဤလေနှင့်မိုး လျှပ်စစ်သည် အလွန်ကွဲပြားပြီး ထိုလူငယ် မရိုးရှင်းလှချေ။
အစည်းအဝေးခန်းအား အေးချမ်းသည့် အရောင်ဖြင့် ခြယ်သထားပေသည်။ အခန်း၏ ပြုပြင်မွမ်းမံမှုများနှင့် အပြင်အဆင်များသည် စိတ်ပျော့ပြောင်းစေပေသည်။ ဤအခန်းတွင် စေ့စပ်ညှိနှိုင်းခြင်းသည် သူငယ်ချင်းများ အကြား စကားစမြည်ပြောသကဲ့သို့ပင် ခံစားရသည်။ သောမတ်စ်သည် ဤခံစားချက်ကို အသုံးမချသော်လည်း ဤပတ်ဝန်းကျင်ကို နှစ်သက်ကြောင်း ဝန်ခံရတော့သည်။
“မစ္စတာ သောမတ်စ် ဒီလက်ဖက်ရည် မြည်းကြည့်ပါအုံး.. မင်းကြိုက်မှာ သေချာပါတယ်..”
ဖုန်းယွီ လီဟဟ၏ ရေနွေးကြမ်း တစ်ပုလင်းယူလာရန် တစ်ယောက်ကို ပြောလိုက်သည်။
“ဒီအရသာ တော်တော်ထူးခြားတာပဲ.. လက်ဖက်ရည်သောက်ရတာ မကြိုက်ပေမယ့် ဒိကိုတော့ အရမ်းကြိုက်တယ်.. တရုတ်နိုင်ငံက တကယ့်ကို အံ့ဩစရာကောင်းတဲ့ နေရာတစ်ခုပဲ.. ဒီမှာနေရတာ တော်တော် ကံကောင်းတာပဲ..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)