← Chapters

စက်မှုလုပ်ငန်း စံနှုန်းများ အတူတကွ သတ်မှတ်ခြင်း (၁)

Vol. 42 Ch. 621

စက်မှုလုပ်ငန်း စံနှုန်းများ အတူတကွ သတ်မှတ်ခြင်း (၁)

Vol. 42 Ch. 621

“ဖိလစ်က ကျုပ်တို့ လေနှင့်မိုးလျှပ်စစ်၊ အိုက်ဝါလျှပ်စစ်နဲ့ ပူးပေါင်းပြီး DVD (Digital Versatile Disc) အတွက် စက်မှုလုပ်ငန်း စံနှုန်းတွေ သတ်မှတ်ပြီး ကျုပ်တို့တွေ ကမ္ဘာကြီးကို ပြောင်းလဲ ကြတာပေါ့..”

ဖုန်းယွီ စပြောလိုက်သည်။

“ကျုပ်ခရီးစဉ် ရည်ရွယ်ချက်ကို မစ္စတာဖုန်း သိနေမှတော့ ပူးပေါင်းဆောင်ရွက်မှု စည်းမျဉ်းတွေ ဆွေးနွေးကြမလား..”

သောမတ်စ် စိတ်အားထက်သန်စွာ မေးလိုက်သည်။

“ဒါပေါ့ဗျာ.. ဖိလစ်က ဘာလိုချင်လဲ.. စိတ်ထဲရှိတဲ့အတိုင်း ပြောလို့ရပါတယ်.. အော်.. ကျုပ်တို့မှာလည်း စည်းကမ်းတွေတော့ ရှိတာပေါ့..”

ဖုန်းယွီ သောမတ်စ်အား သူ့အခြေအနေများ မပြောခင် ဖိလစ်လိုချင်သည်များကို အရင်ကြားချင်နေပေသည်။

“ပထမမျိုးဆက် ဒါမှမဟုတ် ဒုတိယမျိုးဆက် MPEG နည်းပညာကို ငါတို့ အရမ်းစိတ်ဝင်စားတယ်.. ကျုပ်တို့ လိုချင်တာ ဒါတွေပါပဲ.. ငါတို့မှာ လေဆာချပ်ပြားနဲ့ သိပ်သည်းသိုလှောင်ချပ်ပြားအတွက် အဆင့်မြင့်နည်းပညာ တွေရှိတယ်.. မင်းရဲ့ CVD ကသုံးတဲ့ သိပ်သည်းတည့်သွင်းတဲ့ နည်းပညာတောင် ငါတို့တွေ တီထွင်ပြီး မူပိုင်ခွင့် ရထားတယ်..”

“ကျုပ်တို့က နည်းပညာအသစ်တွေ သုံးနေတာ.. ဒီဟာက ခင်ဗျားတို့ မူပိုင်ခွင့်တင်ထားတဲ့ နည်းပညာမဟုတ်သလို ချိုးဖောက်ထားတာလဲ မရှိပါဘူး..”

ကျန်းဝမ်မင်း ကြားဖြတ်ဝင်ပြောလိုက်သည်။

“ကျုပ်ကို အထင်လွဲနေတာလား.. ခင်ဗျားတို့ကို မူပိုင်ခွင့် ချိုးဖောက်တယ်လို့ ပြောတာမဟုတ်ပါဘူး.. သိပ်သီးချပ်ပြား နည်းပညာက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာပါ.. လတိုင်းနီးပါးကို နည်းပညာတွေ ပြောင်းလဲလာနေပြီ.. ဒါပေမယ့် တီထွင်သူတွေအနေနဲ့ ငါတို့မှာ အကောင်းဆုံး နည်းပညာတွေ ရှိတယ်.. ပူးပေါင်း ဖြစ်မယ်ဆိုရင် သိပ်သည်းချပ်ပြားကို ရှေးရိုး ကက်ဆက်တိပ်ခွေတွေ နေရာမှာ အစားထိုးတာတောင် လုပ်နိုင်အုံးမယ်.. ဒါ ကျုပ်တို့ နှစ်ဖက်စလုံးအတွက် အောင်ပွဲတွေရမယ့် အနေအထားပေါ့..”

သောမတ်စ် ပြန်ရှင်းပြလိုက်သည်။

“လက်ရှိ ကျုပ်တို့ VCD ဆိုရင် ဗွီဒီယိုဈေးကွက်ဝေစုရဲ့ (၂၀)ရာခိုင်နှုန်း သိမ်းပိုက်ထားတဲ့အပြင် တိုးလာနေတုန်းပဲ.. တရုတ်နိုင်ငံမှာ ကျုပ်တို့ရဲ့ VCD က ကက်ဆက်ဗွီဒီယိုဈေးကွက်ကို (၆၀)ရာခိုင်နှုန်းကျော် ပိုင်ထားတယ်.. အမေရိကန်မှာ ဈေးကွက်ဝေစု (၃၀)ရာခိုင်နှုန်းကျော် ပိုင်ထားတယ်.. ခင်ဗျားကုမ္ပဏီရဲ့ အကူအညီမပါရင်တောင် သိပ်သည်းချပ်ပြားတွေ (၃)နှစ်ကနေ (၅)နှစ်အတွင်း ကက်ဆက်တိပ်ခွေတွေကို အစားထိုးနိုင်မယ်ဆိုတာ ကျုပ်တို့ ယုံထားတယ်..”

မိမိတို့မှာ လူမိုက်များလော။ သူ့အကူအညီဖြင့် လုပ်ငန်းစဉ် အရှိန်အဟုန် အနည်းငယ် တိုးမြှင့်နိုင်သော်လည်း မိမိတို့ ရရှိမည့် အမြတ်အစွန်းများ ပေးရမည့် အချက်ရှိနေသေးသည်။ သူ့အကူအညီမပါလျှင်ပင် မိမိတို့မှာ အောင်မြင်နေဆဲဖြစ်ပြီး အမြတ်အစွန်း အားလုံး ရနိုင်ပေသည်။ လေနှင့်မိုး လျှပ်စစ်အတွက် နည်းလမ်း (၂)ခုစလုံး အလုပ်ဖြစ်ပေလိမ့်မည်။ သို့ရာတွင် သောမတ်စ်အတွက် လေနှင့်မိုး လျှပ်စစ်သည် လမ်းမှားနေသလော။

VCD တီထွင်ခဲ့ပါက သောမတ်စ်၏ စကားများ မမှားပေ။ သို့ရာတွင် သိပ်မကြာမှီ VCD ကို သုံးစွဲသူများ လက်ခံလာပြီး အချိန်နှင့်အမျှ အမြတ်အစွန်းများ ရိပ်သိမ်းရတော့မည် အချိန်အခါ ဖြစ်သည်။ ထို အကျိုးကျေးဇူးများကို (၂)နှစ်စော ခြင်းနှင့် (၂)နောက်ကျခြင်း အကြားတွင် ကွာခြားမှုမရှိချေ။

“ဒီကိစ္စက တစ်ရက်စောပြီးရင် တစ်ရက်စောပြီး အမြတ်ရမှာပဲ.. ဈေးကွက်ကို သိမ်းပိုက်ဖို့က ပိုအရေးကြီးတယ်လို့ မထင်ဘူးလား..”

သောမတ်စ် မေးလိုက်သည်။

“ကျုပ်တို့တွေ ဒီနည်းပညာကို အစကနေ တီထွင်ဖို့ လပိုင်းလောက် အချိန်ယူရပြီးတော့ ကမ္ဘာပေါ်က ကျန်တဲ့ အဖွဲ့တွေ (၂)နှစ်လောက် အချိန်ယူလိုက်ရတယ်.. ကျုပ်တို့က အခုကိုပဲ ဈေးကွက်ကို သိမ်းပိုက်ထားပြီးသာလေ..”

ဖုန်းယွီ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ သောမတ်စ် မည်သို့မှ ပြန်မဖြေနိုင်ဘဲ..

“ကောင်းပြီလေ.. တခြားကိစ္စပြောမယ်.. မင်းတို့အားလုံး ဒစ်ဂျစ်တယ်စွယ်စုံသုံးအခွေကို တီထွင်ခဲ့တာက ဒီထုတ်ကုန်နဲ့ ဂိမ်းသမားတွေကို ရောင်းချဖို့ပဲမဟုတ်ဘူးလား.. အဲ့နေရာမှာ ဂိမ်းသမားတွေအတွက် နည်းပညာက အရမ်းအရေးကြီးတယ်.. အားလုံးကလဲ အဲ့လက်မှာ တိုးတက်မှုတွေ စနေပြီလို့ ယုံထားကြတယ်.. ဒါပေမယ့် ဆိုနီနဲ့ တိုရှီဘာတို့ထက် ဝှက်စာနည်းပညာတီထွင်တဲ့နေရာမှာ ပိုမြန်မယ်လို့ ယုံကြည်မှုရှိလား..”

ဝှက်စာနည်းပညာမှာ ဖုန်းယွီ လိုချင်နေသည့်ကိစ္စဖြစ်သည်။ အကယ်၍ ဂိမ်းသမားများသည် ချပ်ပြား အခွေ (CD.VCD.DVD)များ ကိုသာ ဖတ်နိုင်ပြီး ဝှက်စာမဖတ်နိုင်ပါက ချပ်ပြားအခွေများ အသုံးပြုမှု ကန့်သတ်ထားသိလို ဖြစ်သွားပေလိမ့်မည်။ ကွန်ပျူတာတစ်လုံးတွင် ရေးသွင်းစက်တစ်ခု တပ်ဆင်ထားပြီး သံလိုက်မှတ်ဉာဏ်ပြား (Floppy disk)ကို အစားထိုးနိုင်ပေသည်။ ဤသည်မှနေ၍ အမြတ်အစွန်း များပြားစွာ ရနိုင်ပေလိမ့်မည်။

အကယ်၍ လီနိုဗိုသည် သူ့ကွန်ပျူတာများတွင် ဤနည်းပညာကို ထိထိရောက်ရောက် အသုံးချနိုင်ပါက လီနိုဗို၏ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြတ်ဆန်လာမည်ဖြစ်သည်။ ထိပ်တန်း ကွန်ပျူတာ ထုတ်လုပ်သူပင် ဖြစ်လာနိုင်ပေသည်။

ထို့အပြင် လေနှင့်မိုးလျှပ်စစ်နှင့် အိုက်ဝါ လျှပ်စစ်တို့သည်လည်း ဤနည်းပညာ လိုအပ်ပေသည်။ သို့မဟုတ်ပါက VCD အခွေကိုသာထုတ်လုပ်နိုင်ပြီး သို့တည်းမဟုတ် သူတို့ ထုတ်လုပ်သည့် DVD သည် အခြားကုမ္ပဏီများ၏ စက်များတွင် တွဲဖက်သုံးနိုင်မည် မဟုတ်ချေ။ ဤသည်က DVD စက်များ မိတ်ဆက်ခြင်းကို အဟန့်အတား ဖြစ်စေလိမ့်မည်။

နောက်ဆုံး၌ DVD သည် VCD နေရာတွင် အစားထိုးမည်ဖြစ်သည်။ ဤသည်က အသေအချာပင်။ အကယ်၍ စက်မှုလုပ်ငန်း စံနှုန်းများသည် လေနှင့်မိုး လျှပ်စစ်မှ သတ်မှတ်ထားသည့် VCD နှင့်တူပါက နိုင်ငံတကာ လျှပ်စစ်လုပ်ငန်းတွင် လေနှင့်မျိုး လျှပ်စစ်၏ အဆင့်အတန်း မြင့်တက်လာမည်ဖြစ်သည်။ အမြတ်အစွန်းများ သိသိသာသာ များလာပေလိမ့်မည်။

“ငါတို့နဲ့ မင်း ပူးပေါင်းခဲ့ရင် တိုရှီဘာနဲ့ ဆိုနီတို့ထက် တိုးတက်မှုအမြန်နှုန်း ပိုမြန်မယ်ဆိုတာ ခင်ဗျား ဘယ်လို သက်သေပြနိုင်မလဲ.. ပြီးတော့ ပိုင်အိုနီးယား၊ ဝေါလက်ပက်ကာ တို့တွေလဲ ဒီနည်းပညာကို သုတေသန လုပ်နေကြတယ်လေ..”

ဖုန်းယွီ မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါတို့က ဖိလစ် ဖြစ်နေလို့ပဲ.. ငါတို့က ဝှက်စာနည်းပညာ တီထွင်ခဲ့တဲ့ ပထမဆုံးသူလေ.. ငါတို့မှာ အကောင်းဆုံး အခြေခံ အုတ်မြစ်တွေ ရှိတယ်..”

သောမတ်စ် ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ.. မင်းတို့အားလုံး ဒီနည်းပညာမှာ အကောင်းဆုံး ဆိုပေမယ့် MPEG နည်းပညာတွေကို မင်းတို့ထက် ဘာလို့ ပိုပြီးမြန်မြန်ဆန်ဆန် တီထွင်နိုင်တာလဲ.. တခြားကုမ္ပဏီတွေနဲ့လဲ ပူးပေါင်း ဆောင်ရွက်လို့လဲရတယ်လေ.. ရလဒ်ကတော့ အတူတူပါပဲ..”

ဖုန်းယွီ ပြန်ဖြေလိုက်သည်။

ဖိလစ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ကုမ္ပဏီဟု ပြောနေပေသည်။ ဖိလစ်အမှန်တကယ် ကောင်းပါက VCD ကို အဘယ့်ကြောင့် မတီထွင်ခဲ့သနည်း။ လောဘတကြီးဖြင့် အာသာငမ်းငမ်း ဖြစ်နေခြင်းပင်။

“မန်နေဂျာဖုန်း.. ဈေးကွက်အခြေအနေ သုံးသပ်ကြည့်ရအောင်.. မင်းတို့ နောက်ဆုံးနည်းပညာ ကြေညာပြီးတော့ တိုရှီဘာနဲ့ ဆိုနီတို့တွေ စက်မှုလုပ်ငန်းအတွက် အခြေခံစံနှုန်းတွေကို ချက်ချင်း မိတ်ဆက်လာတယ်.. ပိုင်အိုနီးယာကလဲ ဒီနည်းပညာကို စလေ့လာခဲ့တာပဲ.. ဝေါလက်ပက်ကာလဲ ဒီနည်းပညာကို သုတေသန လုပ်မယ်လို့ ကြေညာထားတယ်.. ပြောချင်တာက ဒီလူသုံး လျှပ်စစ် ကုမ္ပဏီကြီး (၄)ခုက ဈေးကွက်ထဲ ဝင်လာကြတာပဲ.. ငါတို့ကတော့ အဲ့အထဲမှာ မပါဘူး.. လူသုံး လျှပ်စစ်လုပ်ငန်းမှာ လေနှင့်မိုး လျှပ်စစ်က ဘယ်နေရာမှာ ရှိနေလဲဆိုတာ သိချင်မိတယ်.. မင်းကုမ္ပဏီရဲ့ အဆင့်အတန်း ဘယ်နေရာမှာ ရှိမလဲ..”

ဤသည်မှာ ဖုန်းယွီမျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။ အကယ်၍ မိမိတို့သည် ပထမ နေရာတွင် ရှိနေပါက အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုမည်လော။

“စက်မှုလုပ်ငန်း တစ်ခုလုံးနဲ့ နှိုင်းယှဉ်ရင် ငါတို့အဆင့်အတန်းက မမြင့်ပါဘူး.. ဒါပေမယ့် VCD စက်တွေနဲ့ ပတ်သက်လာရင်တော့ ငါတို့နည်းပညာက ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေထဲက တစ်ခုပဲ.. VCD ကိုပဲကြည့်လေ.. ဒါလူသုံး လျှပ်စစ်လုပ်ငန်း ပြောင်းလဲစေတဲ့ ထုတ်ကုန်တစ်ခုပဲ.. ကျုပ်တို့ မကြာခင်ပဲ စွမ်းအားမြှင့် VCD မိတ်ဆက် ပေးတော့မှာ.. DVD စက်တွေ မိတ်ဆက်တဲ့အချိန်ကျရင်တော့ ထိပ်တန်း လူသုံး လျှပ်စစ် ကုမ္ပဏီတစ်ခု ဖြစ်လာမှာပဲ..”

“အချိန်ပေါ့.. မစ္စတာဖုန်း.. အချိန်ဆိုတာ အရေးကြီးတဲ့ ကဏ္ဍမှာ ရှိတယ်ဆိုတာ သတိပေးပါရစေ.. မင်းရဲ့ စွမ်းအားမြင့် VCD တွေ မိတ်ဆက်တဲ့အချိန် တခြားကုမ္ပဏီတွေက DVD မိတ်ဆက်လာရင်ရော.. မင်းခွေမှာ အရည်အသွေးမြင့် ဗွီဒီယို မိနစ်(၁၀၀)သိမ်းနိုင်တယ်.. ကျန်ကုမ္ပဏီက ဗွီဒီယို မိနစ်(၂၀၀)သိမ်းနိုင်တာ မိတ်ဆက်မယ်ဆိုရင် ဘယ်လိုလဲ.. ရုပ်ရှင်တွေကို သိမ်းဖို့အတွက်ပဲ ဒါတွေ သုံးတာလေ.. သုံးစွဲသူတွေအတွက် နောက်ထပ် ရေပန်းစားစရာ ရွေးချယ်မှု တစ်ခုရှိတယ်လေ.. ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေပေါ့.. မင်းအခွေမှာ အပိုင်း (၂)ပိုင်းကနေ (၃)ပိုင်းအထိ သိမ်းနိုင်ပေမယ့် တခြားကုမ္ပဏီတွေက (၁၀)ပိုင်လောက်ထိ သိမ်းနိုင်နေပြီ.. ပြဿနာကြီး တစ်ခု ဖြစ်လာလိမ့်မယ်..”

“ကျုပ်တို့က အိုက်ဝါနဲ့ လက်တွဲလုပ်နေတယ်ဆိုတာ မမေ့နဲ့အုံး..”

“အိုက်ဝါက ကုမ္ပဏီကောင်း တစ်ခုပါ.. ဒါပေမယ့် သူတို့ စွမ်းအားက လမ်းလျှောက် သီချင်းဖွင့်စက် လုပ်ငန်းမှာပဲလေ.. သူတို့ရဲ့ CD နည်းပညာက ဆိုနီနဲ့ တခြားကုမ္ပဏီတွေထက် သာမှာ မဟုတ်ဘူး.. အိုက်ဝါက သီချင်းဖွင့်စက်ကောင်း တစ်ခုဆိုပြီး သူ့ဂုဏ်သတင်း အသုံးချရုံပဲလေ.. ဗွီဒီယိုနဲ့ ပတ်သက်ရင် အိုက်ဝါက လူသစ် တစ်ယောက်လိုပါပဲ.. ဗွီဒီယိုစက်တွေအတွက် လူသိမများတဲ့အပြင် သူတို့နည်းပညာက သိပ်မထူးခြားပါဘူး.. ငါတို့ ဖိလစ်နဲ့ နှိုင်းယှဉ်လို့ မရဘူး..”

အိုက်ဝါကို ထိုအခြေအနေအထိ မည်သို့နိမ့်ချနိုင်သနည်း။ ဟီတာရိုနာကာဂျီမာ ထိုအကြောင်း သိပါက ဆာမူရိုင်းဓား ပင်ယူလာပေလိမ့်မည်။ ဗိုက်ပင် ပွင့်သွားနိုင်လောက်သည့် အခြေအနေပင်။

ဖုန်းယွီ မျက်မှောင်ကြုတ်ကာ ရပ်လိုက်သည်။

“မစ္စတာသောမတ်စ်.. စကားများများ ပြောလေလေ ချင်ဗျား ကျုပ်တို့နဲ့ ပူးပေါင်းချင်နေပုံ ပေါက်လေလေပဲ.. ခင်ဗျား တောင်းဆိုချင်တာတွေ ကျုပ်ကို ပြောပြပါအုံး..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters