← Chapters

စက်မှုလုပ်ငန်း စံနှုန်းများ အတူတကွ သတ်မှတ်ခြင်း (၂)

Vol. 42 Ch. 622

စက်မှုလုပ်ငန်း စံနှုန်းများ အတူတကွ သတ်မှတ်ခြင်း (၂)

Vol. 42 Ch. 622

ဤသည်က ဈေးရောင်သည်နှင့် အတူတူသာပင်။ မကောင်းကြောင်း ပြောနေသော်လည်း မျက်လုံးမှ တမ်းတမ်းဆွဲ ဖြစ်နေပေသည်။ ဤသည်က စေ့စပ်ညှိနှိုူင်းရေး နည်းဗျူဟာပင်။ သောမတ်စ် ထိုအတိုင်း လုပ်နေပေသည်။

သောမတ်စ်က ပြုံးရင်းဖြင့်..

“ဒါဆို ငါမပြောတော့ပါဘူး.. ငါ ဒီကိုမလာခင် အစည်းအဝေးလုပ်ခဲ့တယ်.. ဖိလစ်နဲ့ လေနဲ့မိုးလျှပ်စစ် အတူလက်တွဲပြီး ရေးမှတ်နိုင်တဲ့ DVD သုတေသနလုပ်ပြီး တီထွင်မယ်.. ငါတို့က အချက်အလက်တွေကို DVD အခွေထဲမှာ မှတ်တမ်းတင်ဖို့နဲ့ DVD အတွက် စံချိန်စံညွှန်းတွေ သတ်မှတ်ဖို့ အသေးစား စက်တစ်ခု တီထွင်ကြမယ်..”

ဤသည်မှာ ဖုန်းယွီ မျှော်လင့်ထားသည့် ကိစ္စပင်။ ဖိလစ်သည် အမှန်တကယ် ကြောက်စရာကောင်းသည့် လက်တွဲဖော် ဖြစ်ပေသည်။

“အသေးစိတ် ပြောရအောင်..”

“မင်း ကုမ္ပဏီက တရုတ်မှာ ရလဒ်ကောင်းတွေ ရခဲ့ပေမယ့် ငါတို့နဲ့ ယှဉ်ရင်တော့ နောက်ကျကျန်နေသေးတယ်.. ငါတို့ရဲ့ သုတေသနခန်းတောင် မင်းကုမ္ပဏီထက် အဆပေါင်းအများကြီး ကြီးသေးတဘ်.. မင်းထက်လဲ ငါတို့မှာ သုတေသီတွေနဲ့ ကျွမ်းကျင်သူတွေ ပိုများတယ်.. ဒါကြောင့် သုတေသနပိုင်းကို တာဝန်ယူဖို့ အကြံပြုချင်တယ်.. မင်းကုမ္ပဏီက ဒီနည်းပညာအတွက် ပံ့ပိုးကူညီမှုတွေ သိသိသာသာ လုပ်ထားတယ်.. ဒါကြောင့် စက်မှုလုပ်ငန်း စံနှုန်းတွေ သတ်မှတ်တဲ့အခါ ဖိလစ်-လေနဲ့မိုး စံနှုန်းများဆိုပြီး နာမည်ပေးသင့်တယ်..”

သွားသေလိုက်လေ။ မိမိအား အရူးတစ်ယောက်ကဲ့သို့ ဆက်ဆံနေသည်လော။ ဖိလိ-လေနဲ့မိုး DVD စံနှုန်း ဆိုသည်မှာ ပူးပေါင်းမှုနှင့် ဆင်တူပေသည်။ သို့ရာတွင် နာမည်ကြည့်လိုက်သည်နှင့် ဖိလစ်ကုမ္ပဏီကို နောက်လိုက် တစ်ယောက်အနေဖြင့် ကူညီပေးနေကြောင်း လူအများ တွေးကြပေလိမ့်မည်။ မိမိသည် MPEG-2 နည်းပညာကို ပိုင်ဆိုင်သူဖြစ်သည်။

ယန်-မဲလ်စ် သီအိုရီကဲ့သို့သာပင်။ ယန်ချန်းနင်၏ အမည်မှာ ရှေ့တွင်ရှိ၍ ရိုဘမဲလ်စ် ၏ အမည်သည် နောက်တွင် ဖြစ်သည်။ ထိုအချိန်က ရိုဘမဲလ်စ်သည် သီအိုရီ၏ အမည်ဖြင့် အသိအမှတ်ပြုမှုကို ပိုမိုရရှိခဲ့သော်လည်း သီအိုရီတွင် မည်သူ ပိုမို၍ စွမ်းဆောင်ခဲ့ကြောင်း မည်သူမဆို ပြောနိုင်ပေသည်။ ပိုမိုစွမ်းဆောင်သူ၏ အမည်သည် ရှေ့ဆုံးတွင် ရှိနေမည် မဟုတ်ပေလော။ ကိုယ့်နေရာကိုယ် သိကြလေ။

“မစ္စတာသောမတ်စ်.. တစ်ခုခု နားလည်မှုလွဲနေပြီထင်တယ်.. ဒီ MPEG-2 နည်းပညာကို ကျုပ်တို့ တီထွင်ခဲ့တာလေ.. ကျုပ်တို့က ဒီနည်းပညာရဲ့ ပထမမျိုးဆက်ကိုလဲ မူပိုင်ခွင့် ပိုင်ထားသေးတယ်.. ဒီနည်းပညာက DVD အတွက် အဓိက အချက်လေ.. ဒါပေါ့.. မင်းကုမ္ပဏီက ကျုပ်တို့ထက် သိပ္ပံပညာရှင်နဲ့ သုတေသန ပညာရှင်တွေ ပိုများနိုင်ပါတယ်.. ဒါပေမယ့် ဒီနယ်ပယ်မှာ သူတို့ထက် ပိုကောင်းလို့လား.. သူတို့ အားလုံး နည်းပညာတစ်ခုတည်းကို အာရုံစိုက်ပြီး သုတေသန လုပ်နိုင်လို့လား.. ကျုပ်တို့က မတူဘူး.. ကျုပ်တို့က ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတွေဖြစ်တဲ့အပြင် ဒီ MPEG နည်းပညာကို သုတေသန လုပ်လာကြတာ.. ဒီနယ်ပယ်နဲ့ ပတ်သက်ရင် တခြားဘယ်ကုမ္ပဏီထက်မဆို သာတယ်ဆိုတာ ကျုပ်ပြောရဲတယ်.. ပြီးတော့ ရေးမှတ်နိုင်တဲ့ DVD စက်နဲ့ ပတ်သက်တဲ့ သုတေသနဆိုလဲ ကျုပ်တို့က တခြားကုမ္ပဏီတွေထက် ရှေ့ရောက်နေအုံးမှာပဲ.. ခင်ဗျားတို့အားလုံး ကျုပ်တို့အတွက် လမ်းဖွင့်ပေးထားရမှာ.. ဆန့်ကျင်ဘက် လုပ်ရမှာ မဟုတ်ဘူး..”

“မစ္စတာဖုန်း.. ကျုပ်တို့ ချမှတ်ထားတဲ့ စက်မှုလုပ်ငန်း စံနှုန်းတွေက မင်းကုမ္ပဏီထက် သုံးစွဲသူတွေ အလွယ်လေး လက်ခံနိုင်တယ်ဆိုတာ မမေ့ပါနဲ့.. မင်းကုမ္ပဏီက VCD အတွက် စံနှုန်းတွေ သတ်မှတ်ထားလား.. မင်းတို့အားလုံး VCD ကောင်းကောင်း ရောင်းဖူးတာပဲ.. မင်းတို့အားလုံး VCD အတွက် စက်မှုလုပ်ငန်း စံနှုန်းတွေ သတ်မှတ်ဖို့ အခွင့်အလမ်း ရျိတယ်လေ.. တကယ်လို့ ငါတို့သာ အဲ့VCD ကို တီထွင်ခဲ့တဲ့သူဆို လက်ရှိ VHS (တိတ်ခွေ)စက်တွေ ခေတ်နောက်ကျ ကျန်ခဲ့ပြီ..”

သောမတ်စ် ရေနွေးကြမ်း တစ်ငုံသောက်လိုက်သည်။

ဖိလစ်သည် ဤညှိနှိုင်းမှုအတွက် လိုအပ်ချက် မြင့်မြင့်မားမား သတ်မှတ်မထားချေ။ သောမတ်စ်သည် တရုတ်နိုင်ငံသော ရောက်ရှိလာသောအခါတွင် ပိုမိုမြင့်မားသော စံနှုန်းများကို သတ်မှတ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် လေနှင့်မိုး ကုမ္ပဏီ၏ ယဉ်ကျေးမှုကို ကြည့်ရှုပြီးနောက် သူသည် ကုမ္ပဏီ၏ မူလလိုအပ်ချက်များကိုသာ လိုက်နာရန် ရွေးချယ်ခဲ့သည်။ အလွန်လောဘကြီး၍ မရနိုင်ချေ။

သောမတ်စ်၏ ကနဦးအစီအစဉ်မှာ ဖိလစ်ကို စက်မှုလုပ်ငန်းစံနှုန်းများ သတ်မှတ်ခွင့် ရရန်ဖြစ်သည်။ ကုမ္ပဏီ (၂)ခုစလုံးသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ လုပ်ဆောင်ပြီး ဆက်စပ်နည်းပညာအားလုံး မျှဝေမည် ဖြစ်သည်။ လေနှင့်မိုး လျှပ်စစ်၏ ရှယ်ယာများ သူရနိုင်လျှင် ပိုကောင်းပေလိမ့်မည်။ ဖုန်းယွီနှင့် စကားစမြည်ပြောပြီးနောက်တွင်မူ သူ့ ကုမ္ပဏီ၏ လမ်းညွှန်ချက်များကို လိုက်နာရန်သာ ဆုံးဖြတ်ခဲ့တော့သည်။ ကုမ္ပဏီ (၂)ခုစလုံးသည် စက်မှုလုပ်ငန်းစံနှုန်းများကို အသုံးပြုမည်ဖြစ်သည်။ သို့ရာတွင် ဖိလစ်သည် ရှေ့တွင် ရှိရမည်ပေလိမ့်မည်။

ဖုန်းယွီ ထို ဆုံးဖြတ်ချက်ကို မကျေနပ်ချေ။ ဖိလစ်၏ရှေ့တွင် လေနှင့်မိုး လျှပ်စစ်အမည်ကို ထည့်ချင်နေသည်လော။ မိမိအား နောက်ပြောင်နေသည်လော။ လေနှင့်မိုး လျှပ်စစ်သည် ဖိလစ်ထက် ပိုကြီးသည်ဟု ထိုလူငယ် ထင်နေသည်လော။

“မစ္စတာသောမတ်စ်.. လေနှင့်မိုး လျှပ်စစ်က စက်မှုလုပ်ငန်း စံနှုန်းတွေ သတ်မှတ်ဖို့ မတတ်နိုင်ဘူး ထင်နေတာလား..”

သောမတ်စ် ထိုသို့ခံစားနေရသော်လည်း ဖုန်းယွီကို ဘာမှ ပြန်မဖြေခဲ့ချေ။ သူ့မျက်နှာနှင့် အမူအရာများမှ မည်သည်ကို တွေးနေကြောင့် ပြသနေပေသည်။

“ကျုပ်တို့ လေနှင့်မိုး လျှပ်စစ်က စက်မှုလုပ်ငန်းဆိုင်ရာ စံနှုန်းတွေကို ကိုယ်တိုင်သတ်မှတ်ပြီး အကောင်အထည် ဖော်နိုင်ရန် ဖိလစ်နဲ့ ဘာလို့ ပူးပေါင်းသင့်မှာလဲ.. ဒီ MPEG-2 နည်ပညာကို အိုက်ဝါနဲ့ ငါတို့ ပူးပေါင်း တီထွင်ထားတာ ဆိုတာ မစ္စတာသောမတ်စ် သိထားသင့်တယ်.. ဒါဆိုရင် အိုက်ဝါက ဂျပန်ရဲ့ ဆိုနီနဲ့ အလုပ်တွဲလုပ်ဖို့ ရွေးလိုက်ရင်ရော ဘယ်လိုမြင်လဲ.. အိုက်ဝါက ဆိုနီနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင်‌ေ၇◌ာ စက်မှုလုပ်ငန်းစံနှုန်းတွေ သတ်မှတ်ဖို့ ပိုလွယ်သွားမယ်လို့ မထင်ဘူးလား.. အိုက်ဝါဟာ အရင်ကတည်းက ဆိုနီနဲ့ အချိန်တော်တော်ကြာ အလုပ်လုပ်ဖူးတယ်ဆိုတာ မေ့မထားနဲ့အုံး..”

“စက်မှုလုပ်ငန်း စံချိန်စံညွှန်းသတ်မှတ်ပေးဖို့ အိုက်ဝါကို တောင်းဆိုမယ်ဆိုရင် လေနှင့်မိုး လျှပ်စစ်က ဘယ်လောက် ဆုံးရှုံးမှုတွေ ကြုံရမယ်ဆိုတာ ငါမပြောတော့ပါဘူး.. အိုက်တွက ဆိုနီနဲ့ အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူး.. အိုက်ဝါက ဆိုနီရဲ့ လမ်းလှောက် သီချင်းဖွင့်စက် ဈေးကွက်တွေ လုယူထားပြီး ဈေးကွက်ဝေစု(၇၀)ရာခိုင်နှုန်းနီးပါ ကိုင်ထားတော့ ဆိုနီမှာ အခုဆို (၂၀)ရာခိုင်နှုန်းတောင် မပြည့်တော့ဘူး.. ပြီးတော့ အိုက်ဝါက ဆိုနီရဲ့ CDစက် ဈေးကွက်ဝေစု သိမ်းပိုက်ဖို့ စတောင်နေပြီ.. အိုက်ဝါရဲ့ အကြီးဆုံး ပြိုင်ဖက်က ဆိုနီလေ.. အိုက်ဝါက ဆိုနီနဲ့ အလုပ်တွဲလုပ်ဆို ဘာလို့ ရွေးမှာလဲ..”

သောမတ်စ် အပြုံးဖြင့်ပင် ဖုန်းယွီအား ပြန်မေးလိုက်သည်။ သောမတ်စ်သည် တရုတ်နိုင်ငံသို့ မလာမီ အိမ်စာ အတော်လုပ်ခဲ့ပေသည်။ ဤအချက်အလက်များသည် မည်သည့် လျှို့ဝှက်ချက်မှ မဟုတ်ချေ။ မည်သည့်နေရာ တွင်မဆို သိနိုင်ပေသည်။

အိမ်စာများ လုပ်ခဲ့သည်လော။ သို့ရာတွင် ပိုသိလေလေ ပြောရလွယ်လေလေပင်။

“မင်းပြောတာ မှန်တယ်.. ခင်ဗျားပြောသလိုတွေကြောင့် ဖြစ်တာပဲ.. တကယ်လို့ အိုက်ဝါက ပူးပေါင်းဆောင်ရွက်ဖို့ ဆိုနီဆီသွားပြီး လမ်းလျှောက်သီချင်းဖွင့်စက်နဲ့ CD စက်တွေ ဈေးကွက်ကို ထိန်းချုပ်ဖို့ ကမ်းလှမ်းမယ်ဆို ဆိုနီက အဲ့ကမ်းလှမ်းချက်ကို ငြင်းမယ်ထင်လား..”

သောမတ်စ်၏ မျက်နှာ ပြောင်းလဲသွားသည်။ အမှန်တွင် အိုက်ဝါသည် လမ်းလျှောက်သီချင်းဖွင့်စက်နှင့် CD စက် ဈေးကွက်ဝေစုကို ဆိုနီထံ ပေးရန် ဆန္ဒရှိနေပေသည်။ ဆိုနီသည် ၎င်းတို့နှင့် လက်တွဲမည်မှာ သေချာပေသည်။ သို့ရာတွင် ဤတစ်သက် ဆိုနီနှင့် အိုက်ဝါ လက်တွဲရန် မဖြစ်နိုင်ကြောင်း သောမတ်စ် မသိချေ။

ဟီတာရိုနာကာဂျီမာသည် ဆိုနီ၏ ယာယီဥက္ကဋ္ဌ နော်ရိုအိုဂါကို မီဒီယာများရှေ့တွင် လူသိရှင်ကြား စော်ကား ခဲ့ဖူးသည်။ နော်ရိုအိုဂါသည် အိုက်ဝါနှင့် ပူးပေါင်းဆောင်ရွက်ရန် မည်သည့်အခါတွင်မှ သဘောတူမည် မဟုတ်ချေ။ အခွင့်အရေး ရှိပါက အိုက်ဝါကို ဖြတ်ကျော်သွားမည်သာပင်။ အိုက်ဝါသာ သူ့အကြံအစည်များကို အနှောက်အယှက် မပေးပါက ဆိုနီ၏ ဥက္ကဋ္ဌ ဖြစ်နေပြီဖြစ်သည်။

“မစ္စတာဖုန်း.. အိုက်ဝါက အိုက်ဝါပဲ.. လေနဲ့မိုးလျှပ်စစ် မဟုတ်ဘူးလေ.. အိုက်ဝါက လုပ်ငန်းဆိုင်ရာ စံနှုန်းတွေကို သတ်မှတ်မယ်ဆိုရင် လေနဲ့မိုးလျှပ်စစ်က ဘယ်လိုအကျိုးကျေးတွေ ရမှာတဲ့လဲ.. လေနဲ့မိုး လျှပ်စစ်က အိုက်ဝါနဲ့ ပေါင်းပြီး နည်းပညာတွေ မျှဝေကြောင်း ကျုပ်သိပါတယ်.. ဒါပေမယ့် မင်းက တခြားကုန်အမှတ်တံဆိပ် တစ်ခုကို ကူညီချင်နေတာလား..”

သောမတ်စ်သည် ဖုန်းယွီကို စည်းရုံးနိုင်ရန် အမှတ်တံဆိပ်အား အသုံးချရန် ဆုံးဖြတ်လိုက်သည်။

“အာ.. ခင်ဗျားကို ကျုပ်က လေနဲ့မိုးလျှပ်စစ်ကို တည်ထောင်သူ သက်သက် မဟုတ်ဘူးဆိုတာ ပြောဖို့မေ့သွားတယ်.. ကျုပ်က အိုက်ဝါရဲ့ အဓိကရှယ်ယာရှင်ဆိုလဲ ဟုတ်တယ်လေ.. ကျုပ်အတွက်တော့ ကုမ္ပဏီ (၂)ခုစလုံးက အတူတူပါပဲ.. တကယ်ဆို ကျုပ်က လေနဲ့မိုးထက် အိုက်ဝါမှာ ရှယ်ယာတွေ ပိုများတယ်.. အိုက်ဝါအောက်မှာ တရုတ် ဘာသာနဲ့ အမှတ်တံဆိပ်လေး တစ်ခုရှိတယ်ဆိုတာ သတိထားမိရဲ့လား..”

ဖုန်းယွီ ပြုံး၍ ပြန်ဖြေလိုက်သည်။

ဘာကြီး။ ဖုန်းယွီသည် အိုက်ဝါ၏ အဓိကရှယ်ယာရှင်လော။

ဆိုလိုသည်မှာ ကုမ္ပဏီ(၂)ခုစလုံးသည် ဖုန်းယွီပိုင် အတူတူသာပင်။ ကုမ္ပဏီ (၂)ခုစလုံးသည် ဤမျှ များပြားသော လုပ်ငန်းစီမံချက်များတွင် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး အိုက်ဝါသည် တရုတ်ဈေးကွက်၌ ထိုးဖောက်နိုင်ခဲ့ပေသည်။

ဤသို့ဆိုပါက ဖိလစ်သည် ဤညှိနှိုင်းမှုတွင် မည်သည့် အားသာချက်မှ ရှိတော့မည် မဟုတ်ချေ။

“ဒါဆို ဘယ်လို ပူးပေါင်းချင်လဲ..”

“ရိုးရိုးလေးပါ.. လေနှင့်မိုး လျှပ်စစ်က သုတေသနကို လုပ်မြဲလုပ်ပြီး ဖိလစ်က ကူညီပံ့ပိုးပေးပေါ့.. ကျုပ်တို့က စက်မှုလုပ်ငန်း စံနှုန်းတွေကို အတူတူ သတ်မှတ်ပြီး လေနှင့်မိုး-ဖိလစ် DVD စံနှုန်းများလို့ နာမည်ပေးမယ်.. ဖိနဲ့ တွဲလုပ်နေတဲ့ တခြားကုမ္ပဏီတွေလဲ ရှိမှာပဲလေ.. ဒီစံနှုန်းတွေကို အသိအမှတ်ပြုဖို့ သူတို့ကို အသုံးချလိုက်ပေါ့.. ကျုပ်တို့က ရေးမှတ်နိုင်တဲ့ DVD နည်းပညာ မူပိုင်ခွင့် ပိုင်ဆိုင်ထားမှာ ဖြစ်ပြီး.. ဖိလစ်က ဒီနည်းပညာကို တစ်သက်သာ အသုံးပြုခွင့် တရားဝင်ခွင့်ပြုချက် ခံစားရမယ်.. တစ်ချိန်တည်းမှာပဲ. ကျုပ်တို့က ကျုပ်တို့ရဲ့ MPEG နဲ့ VCD နည်းပညာတွေကို အခမဲ့ သုံးနိုင်အောင် ဖိလစ်ကို ခွင့်ပြုပေးမယ်.. ကျုပ်တို့တွေ ခင်ဗျားတို့နဲ့ ဈေးကွက် ဝေငှ ပေးမှာပေါ့..”

မူပိုင်ခွင့်သည် အခြားသူပိုင်ဆိုင်သော်လည်း ဖိလစ်သည် မူပိုင်ခွင့်ကို အသုံးပြုခွင့်ရမည်ဖြစ်သည်။ ဤသဘောတူညီချက်သည် ဖိလစ်အတွက် အကျိုးမရှိချေ။ သို့ရာတွင် ၎င်းတို့ သဘောမတူပါက ဖိလစ်သည် ဤကစားပွဲမှ ဖယ်ထုတ်ခြင်းခံရမည်ဖြစ်သည်။ မုန့်တစ်ကိုက်စာမျှပင် ဝေစုရတော့မည် မဟုတ်တော့ချေ။

“မစ္စတာဖုန်း.. ငါ ဌာနချုပ်နဲ့ ဆွေးနွေးပြီးမှ မင်းကို အဖြေပြန်ပေးမယ်..”

သောမတ်စ်၏ ဂုဏ်ယူဝံ့ကြွားသည့် အမူအရာများ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ ယခု ဖုန်းယွီ အသာစီး ရနေပေပြီ။

ဖုန်းယွီ သူ့ကို လက်ဆန့်ပေးလိုက်ရင်း..

“ဒါပေါ့ဗျာ.. ခင်ဗျားဆီက သတင်းကောင်း စောင့်နေပါ့မယ်.. မစ္စတာသောမတ်စ် စိတ်မဆိုးဘူးဆိုရင် ဒီညတော့ လေနှင့်မိုး လျှပ်စစ်ရဲ့ ဟိုတယ်မှာ တည်းလိုက်ပါလား..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters