← Chapters

အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု

Vol. 42 Ch. 624

အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု

Vol. 42 Ch. 624

သောမတ်စ်သည် ပြခန်းအတွင်းရှိ အိမ်သုံးပစ္စည်းများအားလုံးကို အံ့အားသင့်နေပေသည်။ ကျန်းဝေမင်သည် မရယ်မိစေရန် မနည်းထိန်းနေရပေသည်။ ဤပစ္စည်းများမှာ အများအားဖြင့် နမူနာများသာ ဖြစ်သည်။

ဥပမာအားဖြင့် ဘက်စုံသုံး အဝေးထိန်းခလုပ်တွင် ပြဿနာအချို့ ရှိနေသေးသည်။ သတိမထားမိပါက တီဗွီဖွင့်သည့် အခါ VCD စက်ကို ပိတ်သွားနိုင်ပေသည်။ အသုံးမဝင်သေးသည့် ထုတ်ကုန်တစ်ခုဟု ယူဆနိုင်ပေသည်။

ထို့အပြင် သန့်ရှင်းရေးစက်ရုပ်ဖြစ်သည်။ ၎င်းကို ထုတ်လုပ်ရာတွင် ကုန်ကျစရိတ် အလွန်မြင့်မားကာ အစုလိုက် အပြုံလိုက် ထုတ်လုပ်ရန် မဖြစ်နိုင်ပေ။ ထိုအနီအောက်ရောင်ခြည် အာရုံခံကိရိယာသည် လုံလောက်စွာ မထိရောက် သေးချေ။ စက်ရုပ်တွင် အချိန်တိုင်း ကိရိယာ မသတ်မှတ်ထားချေ။ လျှပ်စစ်စွမ်းအား အလွန် ဖြုန်းတီးနေပေသည်။

ရေပူစက်သည် ထုတ်လုပ်ရန် ရိုးရှင်းသော်လည်း အပူပေးစက်ရှိ အပူပေးကိရိယာမှာ အလွန်ဈေးကြီးပေသည်။ အပူချိန်ပြသမေးသည့် LCD မျက်နှာပြင်သည် ရှေ့ပြေးပုံစံတစ်ခုသာ ဖြစ်သည်။

အနီအောက်ရောင်ခြည် အာရုံခံခလုပ်၊ အသံထိန်းချုပ်ခလုပ်၊ အလိုအလျောက် လျှပ်စစ် ရေနွေးအိုး၊ လေသန့်စင်သည့် အင်္ဂါရပ်များ တပ်ဆင်ထားသည့် လေအေးပေးစက် စသည်တို့သည် သောမတ်စ်ကို ထိတ်လန့်စေ တော့သည်။

ဤသည်က လေနှင့်မိုး၏ စွမ်းအားလော။ အဆင့်မြင့်လွန်းပေသည်။ ထိုအကြံအစည်အား ၎င်းတို့ မည်သို့ရလာသနည်း။ အလုပ်ချိန်အတွင်း လက်ဖက်ရည်သောက်ရင်း ပင်ပေါင်ကစားနေသည့် ဝန်ထမ်းများသည် ၎င်းတို့်ကို တီထွင်ခဲ့သည်လော။

“မစ္စတာသောမတ်စ်၊ မင်း ခရီးဆောင်အိတ် ထားခဲ့လိုက်လေ.. ကျုပ်တို့ ညစာ သွားစားကြမယ်လေ.. ကျုပ် မင်းကို ဒေသ စားစရာတွေ မြည်းခိုင်းရအုံးမှာပေါ့..”

“အာ.. ဟုတ်ပြီလေ.. သွားကြရအောင်..”

သောမတ်စ် အခန်းထဲမှ လှမ်းထွက်လာစဉ် အသုံးအဆောင်ပစ္စည်းများကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ဖြစ်နိုင်ပါက အသုံးအဆောင် ပစ္စည်းများတစ်ချို့ကို စမ်းသပ်ရန် ယူသွားချင်နေပေသည်။

သောမတ်စ်အနေဖြင့် ယခုပင် ထိုပစ္စည်းများ အားလုံးကို တစ်စစီ ဖွင့်ကြည့်ချင်နေပေသည်။ ထိုကိရိယာများမှ လှုံ့ဆော်နိုင်မှုများစွာ ရှိမည်ကို သိနေပေသည်။ သို့ရာတွင် ကျန်းဝမ်မင်မှ သူတို့ ထုတ်ကုန်များကို ပြသရန် သတ္တိရှိနေသဖြင့် ဆိုလိုသည်မှာ ထိုပစ္စည်းများ၏ မူပိုင်ခွင့်များ လျှောက်ထားပြီး စက်ပစ္စည်းများ၏ နောက်ကွယ်မှ ဖွဲ့စည်းပုံနှင့် နည်းပညာများကို သူသိမည်ကို မကြောက်ကြောင်း ဆိုလိုခြင်းပင်။

ထိုပစ္စည်းများက သူ့ကို ထိတ်လန့်စေသည်။ ဤသည်က လေနှင့်မိုး ကုမ္ပဏီ၏ အင်အားလော။ ဖိလစ်သည် ထိုကုမ္ပဏီနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သင့်ပြီး နည်းပညာ တစ်ခု သို့တည်းမဟုတ် နှစ်ခုလောက်ဖြင့် ၎င်းတို့ကို ကြေတိုင်းညှိမနေသင့်ချေ။

“မစ္စတာကျန်း.. ကျုပ်ဖုန်းပြောချင်တယ်..”

သောမတ်စ် ပြောလာလေသည်။

“ဟော်လန်ကိုလား.. ကျုပ်နဲ့ လိုက်ခဲ့.. ကျုပ်ရုံးခန်းထဲမှာ ပြည်ပ ဖုန်းပြောလို့ရတယ်..”

ကျန်းဝမ်မင် သောမတ်စ်အား သူ့ရုံးခန်းသို့ ခေါ်သွားလိုက်သည်။ သောမတ်စ်ကို သူ့ရုံးခန်းအတွင်း တစ်ယောက်တည်း ထားခဲ့ကာ တံခါးပိတ်ပေးခဲ့လိုက်သည်။

သောမတ်စ် ဖုန်းပြောတော့မည့် အချိန်တွင် ကျန်းဝမ်မင်၏ စားပွဲခုံပေါ်တွင် စာရွက်စာတမ်း အမြောက်အများ ကျန်နေသည်ကို သတိထားမိလိုက်သည်။ အခြားသူများ၏ စာရွက်စာတမ်းများကို ကြည့်ခြင်းသည် ကျင့်ဝတ်သိက္ခာမဲ့ကြောင်းနှင့် ဥပဒေနှင့်ပင် ဆန့်ကျင်ကြောင်း သူသိသော်လည်း တောင့်မခံနိုင်တော့ချေ။

တရုတ်ဘာသာ၊ တရုတ်ဘာသာ၊ တရုတ်ဘာသာ။ စာရွက်စာတမ်း အများစုမှာ တရုတ်ဘာသာဖြင့် ဖြစ်ပြီး သောမတ်စ် နားမလည်နိုင်ပေ။ နောက်ဆုံးတွင် အင်္ဂလိပ်လို စာတမ်းတစ်စောင့် တွေ့ကာ ဖွင့်ကြည့်၍ ထိန်းလန့်သွားသည်။

ဤသည်မှာ Dell နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအကြောင်း အစီရင်ခံစာဖြစ်သည်။ Dell သည် လေနှင့်မိုး လျှပ်စစ်နှင့် လေနှင့်မိုး အိမ်သုံးပစ္စည်း တို့နှင့် ပူးပေါင်းကာ တရုတ်ဈေးကွက်သို့ ဝင်ရောက်ချင်နေပေသည်။ ၎င်းတို့သည် တရုတ်နိုင်ငံတွင် အာရှဌာနချုပ် တည်ထောင်ပြီး ကျန်အာရှာထိ လုပ်ငန်းများ ချဲ့ထွင်ချင်နေကြသည်။

Dell သည် လျှပ်စစ်လုပ်ငန်းနယ်ပယ်တွင် ခရီးရောက်နေသူ ဖြစ်ပေသည်။ လေနှင့်မိုး လျှပ်စစ်နှင့် လေနှင့်မိုး အိမ်သုံးပစ္စည်းတို့သည် Dell နှင့်သာ ပူးပေါင်းလိုက်ပါက ဖိလစ်သည် ကစားပွဲမှ ထွက်ရပေတော့မည်။

ထို့ကြောင် လေနှင့်မိုးလျှပ်စစ်သည် ဆိုနီအပြင် တခြားသော တွဲဖက်များ ရွေးစရာရှိနေပေသေးသည်။

သောမတ်စ်သည် သူ့ဌာနချုပ်သို့ ချက်ချင်းဖုန်းဆက်ကာ တွေ့ရှိချက်များနှင့် သူတွေ့မြင်ခဲ့သမျှကို ဖိလစ် ဥက္ကဋ္ဌထံ သတင်းပို့လိုက်သည်။ ကုမ္ပဏီကို တတ်နိုင်သမျှ အမြန်ဆုံး အဖြေပေးရန်လည်း ပြောလိုက်ပေသည်။ သူ့ထင်မြင်ချက်မှာ လေနှင့်မိုး လျှပ်စစ်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ ဤကုမ္ပဏီ၏ တီထွင်ဖန်တီးမှုသည် ဖိလစ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ထိုက်တန်ပေသည်။

သောမတ်စ်၏ တင်ပြချက်များကို ကြားသိပြီးနောက် ဖိလစ် လိပ်တန်း စီမံခန့်ခွဲရေးသည် အလွန်စိုးရိမ်သွားကြသည်။ သူတို့သည် သောမတ်စ်ကို တရုတ်ပြည်သို့ ပို့လိုက်သည်မှာ သောမတ်စ်သည် အရည်အချင်းရှိပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ကြောင်း သိနေခြင်းကြောင့်ပင်။ သောမတ်စ်သည်လည်း ဖိလစ်၏ရှယ်ယာများ ပိုင်ဆိုင်ထားပြီး ကုမ္ပဏီကို မည်သည့်အခါတွင်မှ သစ္စာ မဖောက်ချေ။ ယခင်က သောမတ်စ်သည် ညှိနှိုင်းမှုများစွာ အတွက် ဖိလစ်ကိုကိုယ်စားပြုကာ မည်သည့်အမှားအယွင်းမှ မလုပ်ခဲ့ဖူးချေ။

ဤတစ်ကြိမ်တွင်လည်း ဖိလစ်မှ ထိပ်တန်းစီမံခန့်ခွဲသူသည် သောမတ်စ်၏ တင်ပြချက်ကို ယုံကြည်ပြီး ဤကုမ္ပဏီသည် မည်မျှခိုင်မာကြောင်း သိပြီးနောက် လေနှင့်မိုး လျှပ်စစ်နှင့် ရိုးရိုးသားသား ပူးပေါင်းလိုပေသည်။

အဆင့်မြင့်နည်းပညာတစ်ခု သို့တည်းမဟုတ် အဆင့်မြင့်ထုတ်ကုန်တစ်ခုသည် ကုမ္ပဏီအတွက် အမြတ်အစွန်း မည်မျှ ရနိုင်မည်ကို ဖိလစ်သိထားပေသည်။ ဤလေနှင့်မိုး လျှပ်စစ် ကုမ္ပဏီသည် ခေတ်မီနည်းပညာ များစွာကို တီထိုင်နိုင်ခဲ့သည်။ ဤကုမ္ပဏီ၏ အနာဂတ်သည် အကန့်အသတ် မရှိချေ။ အကယ်၍ ဖိလစ်သည် ယခုကဲ့သို့ အလားအလာရှိသည့် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုပါက ထိုကုမ္ပဏီနှင့် လုပ်ငန်းခွင်ဆက်ဆံရေးကို ထူထောင်နိုင်မည်ဖြစ်ပြီး ၎င်းတို့သည် ထိုနည်းပညာများကို မျှဝေနိုင်မည် ဖြစ်သည်။ သူတို့သည် ပြိုင်ဘက်များထက် သာနေပေသည်။

ညစာ စားချိန်တွင် ဖုန်းယွီက သူ့ဧည့်သူကို အရက်မူးအောင်လုပ်ရန် သူ့နည်းဗျူဟာအတိုင်း လုပ်ခဲ့လိုက်သည်။ အချိန် နည်းနည်းကြာတိုင်း သူ့ဖန်ခွက်ကို မြှောက်ပေးနေသည်။ ပုကျို့ သောက်ကြပေသည်။ သို့ရာတွင် ဖုန်းယွီသည် အရက်မသောက်ရန် အကြောင်းပြချက်တစ်ခု သုံးထားပေသည်။ အသီးဖျော်ရည်သာ သောက်နေတော့သည်။

သစ်သီးဖျော်ရည်တစ်ခွက်နှင့် ဖြတ်ကျော်ကာ ကျန်းဝမ်မင်ကို ကြည့်ရသည်မှာ ရှက်စရာ ကောင်းလွန်းနေပေသည်။ သို့ရာတွင် ဖုန်းယွီသည် သောမတ်စ်ကို သစ်သီးဖျော်ရည်ဖြင့် ဆက်လက် ဂျင်းထည့်သည့်အခါ သောမတ်စ်လည်း များများ သောက်ဖြစ်သွားတော့သည်။

ဤသည်တို့မှာ သောမတ်စ်အတွက် ထောင်ချောက်များသာ ဖြစ်ပေသည်။ သောမတ်စ်က စားပွဲပေါ်ရှိ စာရွက်စာတမ်းများအား မကြည့်ဖြစ်ပါက ထောင်ချောက်အတွင်း ကျရောက်မည် မဟုတ်ချေ။ သို့ရာတွင် စာရွက်စာတမ်းများကို ခိုးကြည့်လိုက်မိသဖြင့် ရှုံးနိမ့်သွားရတော့သည်။

တစ်ယောက်ယောက်သည် ထိုစာတမ်းကို သေချာ ဖတ်ကြည့်ပါက အတုမှန်း သိပေလိမ့်မည်။ သို့ရာတွင် သောမတ်စ်သည် သေသေချာချာ ဖတ်ရန် အချိန်မရှိချေ။ သူတစ်ပါး၏ စာရွက်စာတမ်းများကို ရုံးခန်းအတွင်း သေသေချာချာ မဖတ်ရဲချေ။ အကယ်၍ မိသွားပါက ဖိလစ်တွင် ပြဿနာတက်ကာ အလုပ်ထုတ်ခံရနိုင်ပေသည်။

ဖုန်းယွီမှ ထိုထောင်ချောက်သည် လူကြီးလူကောင်းများကို လှည့်စား၍မရဟု ဆိုထားပေသည်။ လူညစ်များ အတွက်သာပင်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ဖိလစ်၏ ထိပ်တန်းစီမံခန့်ခွဲမှုအဖွဲ့သည် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပေသည်။ လေနှင့်မိုးနှင့် ၎င်းတို့ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန်အတွက် သောမတ်စ်ထံ ထပ်မံဆက်သွယ်ချင် နေပေသည်။ အစောပိုင်း ဖုန်းခေါ်ဆိုမှုတွင် သောမတ်စ်က ၎င်းတို့အား ဆုံးဖြတ်ချက် အမြန်ဆုံးချရန် ပြောခဲ့ပေသည်။

သို့ရာတွင် ဖိလစ်၏ ဝန်ထမ်း သောမတ်စ်မှာ တရုတ်တွင် အရက်မူး၍ အိပ်ပျော်နေကြောင်း ဖိလစ်၏ ထိပ်တန်း စီမံခန့်ခွဲရေးကို ပြောလာခဲ့ပေသည်။

နောက်တစ်နေ့တွင် ကျန်းဝမ်မင်က သောမတ်စ်ကို မနက်စောစော နှိုးလိုက်သည်။ သောမတ်စ်မှာမူ အရက်နာ အကျကြီးကျနေပေသည်။ ယမန်နေ့က ပြခန်းသို့ မည်သို့ ပြန်ရောက်လာမှန်းပင် မမှတ်မိတော့ချေ။

သောမတ်စ်မှာမူ တရုတ်များနှင့် မည်သည့်အခါတွင်မှ မရက်မသောက်တော့ကြောင့် ကျိန်ဆိုလိုက်တော့သည်။ ထိုတရုတ်များသည် သူတို့အရက်များကို သူတို့ ကောင်းကောင်း သောက်နိုင်ကြပေသည်။ သူသာ ဘာဖြစ်သွားမှန်းမသိဘဲ ရှုံးသွားပေသည်။ တရုတ်လူမျိုးများသည် ပုကျိုးကို တီထွင်ဖန်တီးခဲ့ကြသူများ ဖြစ်ပြီး သူတို့အရက်များကို ကောင်းကောင်း ထိန်းထားနိုင်သည့် သွေးများ ပြည့်နေပေသည်။

“မစ္စတာသောမတ်စ်.. မနေ့က ညစာစားချိန် ဒီနေ့မနက် ဆုံးဖြတ်ချက်ပြောမယ်ဆို.. ခင်ဗျားကုမ္ပဏီ ဆုံးဖြတ်ချက်က ဘယ်လိုလဲ ကျုပ်သိချင်တယ်.."

ဖုန်းယွီ မေးလိုက်သည်။

“မစ္စတာဖုန်း ကျုပ် ဖုန်းခေါ်လို့ရမလား..”

“ရတာပေါ့..”

နံနက်စာ စားပြီးသည်နှင့် သောမတ်စ်သည် သူ့ဌာနချုပ်ကို ဖုန်းဆက်ကာ မနေ့ညက အရက်မူးနေသဖြင့် ဆူပူကြိမ်းမောင်း ခံရတော့သည်။ စီမံခန့်ခွဲရေးမှူးက သောမတ်စ်အား အသေးစိတ်အချက်အလက် အနည်းငယ် မေးမြန်းသဖြင့် ပြန်ရှင်းပြရသေးသည်။ သောမတ်စ်သည် လေနှင့်မိုး လျှပ်စစ်နှင့် လေနှင့်မိုး အိမ်သုံးပစ္စည်း တို့ကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် အခိုင်အမာ တောင်းဆိုလိုက်သည်။ ဖိလစ်သည် လျှပ်စစ်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများအတွက် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်သည်။

သောမတ်စ်သည် လေနှင့်မိုးသည် အင်အားကြီးမားသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောနိုင်ရေး ဖိအားပေးရန်အတွက် တရုတ်အစိုးရကိုလည်း အသုံးမချနိုင်ကြောင်း သောမတ်စ် ပြောခဲ့သေးသည်။

ဖိလစ်သည် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ သောမတ်စ်၏ အမြင်များကို သဘောတူပြီး လေနှင့်မိုး လျှပ်စစ်နှင့် လေနှင့်မိုး အိမ်သုံးပစ္စည်းများနှင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သည်။ ညှိနှိုင်းမှုအပြီး၌ သောမတ်စ်သည် ပူးပေါင်းဆောင်ရွက်မှု အသေးစိတ် အချက်အလက်များကို ဆက်လက် ဆွေးနွေးရပေအုံးမည်။

ကျန်းဝမ်မင် ရုံးခန်းမှ ထွက်လာခဲ့ပြီးနောက် သောမတ်စ်က ဖုန်းယွီအား ..

“မစ္စတာဖုန်း ငါတို့ ဒါရိုက်တာဘုတ်အဖွဲ့က လေနှင့်မိုး လျှပ်စစ်၊ လေနှင့်မိုး အိမ်သုံးပစ္စည်း နဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တယ်..”

“အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှာလား.. ဘယ်လိုမျိုး ပူးပေါင်းမှာလဲ.. အသေးစိတ် ပြောလို့ရမလား..”

ဖုန်းယွီ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သို့ရာတွင် စိတ်အတွင်း၌တွင်မူ ဒိန်းတလိန်း နတ်ပူးနေပေပြီ။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters